မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေ

 1409

စော (NP News) - ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် မြဝတီ-ဘားအံလမ်းပေါ်ရှိ နောင်ခွီးတံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်နေသည့်အတွက် ယာဉ်သွားလာမှုခက်ခဲနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂၅ ရက်)၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောင်ခွီးတံတားသည် ဘားအံ - ထီလုံ - သရက်တော - နဘူး - ထို့ကော်ကိုး - မြဝတီသွားလမ်းတွင် တည်ရှိခြင်းဖြစ်သည်။

“အဲဒီတံတားက တစ်နေရာမှာ ရေတိုက်စားပြီးတော့ ပြိုကျသွားတာပါ။ လက်ရှိကတော့ သွားလာလို့မရတော့ဘူး။ သစ်သားနည်းနည်းထိုးထားပြီးတော့ လမ်းသွားလို့ရတယ်။ ကားနဲ့ဆိုင်ကယ်တော့မရဘူး။ မနေ့နဲ့ ဒီနေ့ နှစ်ရက် ရေကြီးတာပါ။ မနေ့က ညတုန်းက ဖြစ်မယ်ထင်တယ်။ မနက်ကျမှ သိရတာ”ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ)အထက်သို့ (၁)ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေကာ အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း (၁)ပေခွဲခန့် မြင့်တက်လာနိုင်သော ကြောင့် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလကယနေ့ (ဇူလိုင်လ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ‌ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ)အထက်သို့ (၄) ပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေကာ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း (၁)ပေခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဘားအံမြို့နယ် နှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျမဝတီ-ဘားအံလမ္းေပၚရွိ ေနာင္ခြီးတံတား ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္စီးမႈျဖစ္ေပၚေနသည့္အတြက္ ယာဥ္သြားလာမႈခက္ခဲေန

ေစာ (NP News) - ဇူလိုင္ ၂၅

ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္တြင္ ျမဝတီ-ဘားအံလမ္းေပၚရွိ ေနာင္ခြီးတံတား ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္စီးမႈျဖစ္ေပၚေနသည့္အတြက္ ယာဥ္သြားလာမႈခက္ခဲေနေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၂၅ ရက္)၊ နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေနာင္ခြီးတံတားသည္ ဘားအံ - ထီလုံ - သရက္ေတာ - နဘူး - ထို႔ေကာ္ကိုး - ျမဝတီသြားလမ္းတြင္ တည္ရွိျခင္းျဖစ္သည္။

“အဲဒီတံတားက တစ္ေနရာမွာ ေရတိုက္စားၿပီးေတာ့ ၿပိဳက်သြားတာပါ။ လက္ရွိကေတာ့ သြားလာလို႔မရေတာ့ဘူး။ သစ္သားနည္းနည္းထိုးထားၿပီးေတာ့ လမ္းသြားလို႔ရတယ္။ ကားနဲ႔ဆိုင္ကယ္ေတာ့မရဘူး။ မေန႔နဲ႔ ဒီေန႔ ႏွစ္ရက္ ေရႀကီးတာပါ။ မေန႔က ညတုန္းက ျဖစ္မယ္ထင္တယ္။ မနက္က်မွ သိရတာ”ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

သံလြင္ျမစ္ေရသည္ ဘားအံၿမိဳ႕၏ စိုးရိမ္ေရမွတ္ ၂၄ ဒသမ ၆၁ ေပ (၇၅၀ စင္တီမီတာ)အထက္သို႔ (၁)ေပေက်ာ္ခန႔္ ေက်ာ္လြန္ေရာက္ရွိေနကာ အဆိုပါျမစ္ေရသည္ လာမည့္ တစ္ရက္အတြင္း (၁)ေပခြဲခန႔္ ျမင့္တက္လာႏိုင္ေသာ ေၾကာင့္ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလကယေန႔ (ဇူလိုင္လ ၂၅ ရက္)တြင္ ထုတ္ျပန္ထားသည္။

ထို႔ျပင္ ‌ေ႐ႊက်င္ျမစ္ေရသည္ ေ႐ႊက်င္ၿမိဳ႕၏ စိုးရိမ္ေရမွတ္ ၂၂ ဒသမ ၉၇ ေပ (၇၀၀ စင္တီမီတာ)အထက္သို႔ (၄) ေပခြဲေက်ာ္ခန႔္ ေက်ာ္လြန္ေရာက္ရွိေနကာ အဆိုပါျမစ္ေရသည္ လာမည့္တစ္ရက္အတြင္း (၁)ေပခန႔္ က်ဆင္းလာႏိုင္ေသာ္လည္း စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဘားအံၿမိဳ႕နယ္ ႏွင့္ ေ႐ႊက်င္ၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ေျမနိမ့္ပိုင္း ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.