ရာသီဥတုအခြေနေကောင်းမွန်ချိန်မှ ပျောက်ဆုံးနေသည့်မြန်မာသင်္ဘောသား ၉ ဦးကို အရှိန်မြင့် ပိုမိုရှာဖွေနိုင်မည်ဟု ထိုင်ဝမ်အာဏာပိုင်များ ထုတ်ဖော်ပြောဆို

 6225

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

ထိုင်ဝမ်ကျွန်း တောင်ပိုင်းကမ်းရိုးတန်းတွင် နစ်မြှုပ်သွားသော ကုန်စည်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသား သင်္ဘောသားများကို ရာသီဥတုကောင်းမွန်ချိန်မှ အရှိန်မြင့် ဆက်လက်ရှာဖွေရဖွယ်ရှိနေကြောင်း ထိုင်ဝမ် မီးသတ်ဌာနအကြီးအကဲ Hsiao Huan-chang က ထုတ်ဖော်ပြောလိုက်သည်။

တိုင်ဖွန်း Gaemi သည် ဇူလိုင် ၂၄ ရက်က ထိုင်ဝမ်ကျွန်းသို့ ဦးတည်တိုက်ခတ်လာခဲ့ပြီးနောက် မကြာမီ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကမ်းရိုးတန်းတွင် တန်ဇေးနီးယားအလံလွှင့်ထူထားသည့်သင်္ဘောတစ်စီးနစ်မြှုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါသင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားသင်္ဘောသားများ လိုက်ပါခဲ့ပြီး မြန်မာသင်္ဘောသား ၉ ဦးသည် အသက်ကယ် အင်္ကျီများ ဝယ်ဆင်ကာ ကုန်စည်သင်္ဘောကို စွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် မီးသတ်ဌာနအကြီးအကဲ က ပြောသည်။

လက်ရှိအချိန်တွင် မြန်မာသင်္ဘောသား ၉ ဦးစလုံးပျောက်ဆုံးနေကြောင်း၊ တိုင်ဖွန်းမုန်တိုင်းကြောင့် ရာသီဥတု အခြေအနေဆိုးရွားမှုများကြောင့် မြန်မာသင်္ဘောသားများကို ရှာဖွေကယ်တင်ရန် အခက်ခဲရှိနေခဲ့ကြောင်း၊ ၎င်းက ပြောသည်။ ထိုင်ဝမ်မီးသတ်ဌာနအကြီးအကဲက "မြန်မာသင်္ဘောသားတွေဟာ အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး ပင်လယ်ထဲကို ခုန်ဆင်းခဲ့တယ်။ မြန်မာသင်္ဘောသားတွေ ခုန်ဆင်းခဲ့တဲ့နေရာနားရှိ ထိုင်ဝမ်ကုန်စည်သင်္ဘောတွေ ကိုလည်း အဆက်သွယ်လုပ်ပြီး ကူညီကယ်ဆယ်ပေးဖို့ အကြောင်းကြားထားတယ်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းပြင်းထန်နေတဲ့အတွက် ရှာဖွေတာတွေလုပ်ဖို့ အဆင်မပြေဘူး၊ ရာသီဥတုပြန်လည် ကောင်းမွန်မယ်ဆိုရင် ကျွန်တော်တို့ဟာ သင်္ဘောနစ်မြှုပ်တဲ့နေရာနဲ့ မြန်မာသင်္ဘောသားတွေခုန်ဆင်းခဲ့တဲ့ ရေပြင်ဝန်းကျင်ကို သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး အရှိန်မြင့်ရှာဖွေသွားမယ်။ လက်ရှိအချိန်မှာတော့ ရှာဖွေကယ်ဆယ်ဖို့ မဖြစ်နိုင်သေးဘူး" ဟု ဇူလိုင်လ ၂၄ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့သည်။

Zawgyi Version;
ရာသီဥတုအေျခေနေကာင္းမြန္ခ်ိန္မွ ေပ်ာက္ဆုံးေနသည့္ျမန္မာသေဘၤာသား ၉ ဦးကို အရွိန္ျမင့္ ပိုမိုရွာေဖြႏိုင္မည္ဟု ထိုင္ဝမ္အာဏာပိုင္မ်ား ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

ထိုင္ဝမ္ကြၽန္း ေတာင္ပိုင္းကမ္း႐ိုးတန္းတြင္ နစ္ျမႇဳပ္သြားေသာ ကုန္စည္သေဘၤာေပၚမွ ေပ်ာက္ဆုံးေနသည့္ ျမန္မာႏိုင္ငံသား သေဘၤာသားမ်ားကို ရာသီဥတုေကာင္းမြန္ခ်ိန္မွ အရွိန္ျမင့္ ဆက္လက္ရွာေဖြရဖြယ္ရွိေနေၾကာင္း ထိုင္ဝမ္ မီးသတ္ဌာနအႀကီးအကဲ Hsiao Huan-chang က ထုတ္ေဖာ္ေျပာလိုက္သည္။

တိုင္ဖြန္း Gaemi သည္ ဇူလိုင္ ၂၄ ရက္က ထိုင္ဝမ္ကြၽန္းသို႔ ဦးတည္တိုက္ခတ္လာခဲ့ၿပီးေနာက္ မၾကာမီ ထိုင္ဝမ္ကြၽန္း ေတာင္ပိုင္းကမ္း႐ိုးတန္းတြင္ တန္ေဇးနီးယားအလံလႊင့္ထူထားသည့္သေဘၤာတစ္စီးနစ္ျမႇဳပ္ခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။ အဆိုပါသေဘၤာေပၚတြင္ ျမန္မာႏိုင္ငံသားသေဘၤာသားမ်ား လိုက္ပါခဲ့ၿပီး ျမန္မာသေဘၤာသား ၉ ဦးသည္ အသက္ကယ္ အက်ႌမ်ား ဝယ္ဆင္ကာ ကုန္စည္သေဘၤာကို စြန႔္ခြာ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္ဝမ္ မီးသတ္ဌာနအႀကီးအကဲ က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာသေဘၤာသား ၉ ဦးစလုံးေပ်ာက္ဆုံးေနေၾကာင္း၊ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ရာသီဥတု အေျခအေနဆိုး႐ြားမႈမ်ားေၾကာင့္ ျမန္မာသေဘၤာသားမ်ားကို ရွာေဖြကယ္တင္ရန္ အခက္ခဲရွိေနခဲ့ေၾကာင္း၊ ၎က ေျပာသည္။ ထိုင္ဝမ္မီးသတ္ဌာနအႀကီးအကဲက "ျမန္မာသေဘၤာသားေတြဟာ အသက္ကယ္အက်ႌေတြ ဝတ္ဆင္ၿပီး ပင္လယ္ထဲကို ခုန္ဆင္းခဲ့တယ္။ ျမန္မာသေဘၤာသားေတြ ခုန္ဆင္းခဲ့တဲ့ေနရာနားရွိ ထိုင္ဝမ္ကုန္စည္သေဘၤာေတြ ကိုလည္း အဆက္သြယ္လုပ္ၿပီး ကူညီကယ္ဆယ္ေပးဖို႔ အေၾကာင္းၾကားထားတယ္။

မုန္တိုင္းေၾကာင့္ ေလတိုက္ႏႈန္းျပင္းထန္ေနတဲ့အတြက္ ရွာေဖြတာေတြလုပ္ဖို႔ အဆင္မေျပဘူး၊ ရာသီဥတုျပန္လည္ ေကာင္းမြန္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ဟာ သေဘၤာနစ္ျမႇဳပ္တဲ့ေနရာနဲ႔ ျမန္မာသေဘၤာသားေတြခုန္ဆင္းခဲ့တဲ့ ေရျပင္ဝန္းက်င္ကို သေဘၤာေတြ၊ ရဟတ္ယာဥ္ေတြ ေစလႊတ္ၿပီး အရွိန္ျမင့္ရွာေဖြသြားမယ္။ လက္ရွိအခ်ိန္မွာေတာ့ ရွာေဖြကယ္ဆယ္ဖို႔ မျဖစ္ႏိုင္ေသးဘူး" ဟု ဇူလိုင္လ ၂၄ ရက္တြင္ ျပဳလုပ္ခဲ့ေသာ သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.