BTS အဖွဲ့ဝင် ဂျီမင်ရဲ့တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ် ဗြိတိန်ရဲ့ Official Album Chart မှာ ranking အမြင့်ဆုံး ရရှိ
471
ရောင်နီ (NP News) - ဇူလိုင် ၂၈
တောင်ကိုရီးယားအမျိုးသား K POP အဖွဲ့ BTS ရဲ့အဖွဲ့ဝင် ဂျီမင်ရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်သစ် "MUSE" ဟာ ဗြိတိန်ရဲ့ Official Album Chart မှာ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ပါတယ်။
ဂျီမင်ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်သစ်ဟာ အမြင့်ဆုံးအဆင့်ကို ရရှိထားကြောင်း ဇူလိုင်လ ၂၆ ရက်မှာ ဇယားအရ သိရပါတယ်။ MUSE အယ်လ်ဘမ်ထဲက ဂျီမင်ရဲ့သီချင်းသစ် "Who” ကတော့ Official Singles Chart မှာ နံပါတ် ၄ နေရာရောက်ရှိခဲ့ပြီး ရက်သတ္တပတ်ရဲ့ Ranking အမြင့်ဆုံး သီချင်းသစ်တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ သီချင်းဟာ ယခုသီတင်းပတ်အတွင်းမှာပဲ Official Singles Sales Chart နဲ့ Official Singles Downloads Chart နှစ်ခုစလုံးမှာ နံပါတ် ၁ နေရာကို ရရှိခဲ့ပါတယ်။
ဂျီမင်ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ "MUSE”ဟာလည်း Official Album Chart မှာ နံပါတ် ၅၆ နေရာ ရောက်ရှိခဲ့ပြီး ဒါဟာ ဂျီမင်ရဲ့ပထမဆုံးတစ်ကိုယ်တော်အနုပညာရှင်တစ်ဦးအဖြစ် ဗြိတိန် Album Chart မှာ ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံးနေရာ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
Zawgyi Version;
BTS အဖြဲ႕ဝင္ ဂ်ီမင္ရဲ႕တစ္ကိုယ္ေတာ္သီခ်င္းအယ္လ္ဘမ္ ၿဗိတိန္ရဲ႕ Official Album Chart မွာ ranking အျမင့္ဆုံး ရရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
ေတာင္ကိုရီးယားအမ်ိဳးသား K POP အဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ ဂ်ီမင္ရဲ႕တစ္ကိုယ္ေတာ္ အယ္လ္ဘမ္သစ္ "MUSE" ဟာ ၿဗိတိန္ရဲ႕ Official Album Chart မွာ အျမင့္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ပါတယ္။
ဂ်ီမင္ရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္သစ္ဟာ အျမင့္ဆုံးအဆင့္ကို ရရွိထားေၾကာင္း ဇူလိုင္လ ၂၆ ရက္မွာ ဇယားအရ သိရပါတယ္။ MUSE အယ္လ္ဘမ္ထဲက ဂ်ီမင္ရဲ႕သီခ်င္းသစ္ "Who” ကေတာ့ Official Singles Chart မွာ နံပါတ္ ၄ ေနရာေရာက္ရွိခဲ့ၿပီး ရက္သတၱပတ္ရဲ႕ Ranking အျမင့္ဆုံး သီခ်င္းသစ္တစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီ သီခ်င္းဟာ ယခုသီတင္းပတ္အတြင္းမွာပဲ Official Singles Sales Chart နဲ႔ Official Singles Downloads Chart ႏွစ္ခုစလုံးမွာ နံပါတ္ ၁ ေနရာကို ရရွိခဲ့ပါတယ္။
ဂ်ီမင္ရဲ႕ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္တဲ့ "MUSE”ဟာလည္း Official Album Chart မွာ နံပါတ္ ၅၆ ေနရာ ေရာက္ရွိခဲ့ၿပီး ဒါဟာ ဂ်ီမင္ရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္အႏုပညာရွင္တစ္ဦးအျဖစ္ ၿဗိတိန္ Album Chart မွာ ပထမဆုံးအႀကိမ္ အဆင့္အျမင့္ဆုံးေနရာ ေရာက္ရွိခဲ့ျခင္းျဖစ္ပါတယ္။