နယ်မြေသိမ်းပိုက်မှုများပြုလုပ်နေသည့် အင်အားစုများအနေဖြင့် နယ်မြေကို ကြာရှည်ထိန်းသိမ်းထားနိုင်မည်လားဟု မေးခွန်းထုတ်
9542
သန့်ဇင် (NP News) - ဇူလိုင် ၃ဝ
နယ်မြေသိမ်းပိုက်မှုများပြုလုပ်နေသည့် အင်အားစုများအနေဖြင့် နယ်မြေကိုကြာရှည်ထိန်းသိမ်းထားနိုင်မည်လားဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက မေးခွန်းထုတ်ပြောကြားသည်။
ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရား လမ်းရှိ ORCHID Hotel တွင် ဇူလိုင်လ (၂၁) ရက် မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးအခြေအနေများကြောင့် လက်ရှိ ပြည် တွင်းမငြိမ်သက်မှုအခြေအနေနှင့် ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးများ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ သူတို့တည်ရှိဖို့အတွက် သူတို့လိုချင်တဲ့အရာ တွေအတွက် လက်နက်ကိုင်သူပုန်အဖွဲ့လို့ပဲ ကျွန် တော်တို့ကပြောရမှာပဲ။ အဲဒီလိုအဖွဲ့တွေကလည်း တစ်ချိန်တည်းမှာ နေရာတွေလိုက်ကုပ်ပြီးယူလာ တယ်။ စစ်ရေးသုံးသပ်မယ်ဆိုရင် စစ်ပွဲထဲမှာတိုက်စစ် ဆင်တဲ့လူနဲ့ ခံစစ်ဆင်တဲ့လူက အနည်းဆုံး(၃)ဆ(၁)ဆကွာတယ်။ ခံစစ်ဆင်တဲ့လူထက် တိုက်စစ်ဆင်တဲ့ လူက (၃)ဆပိုပြီးများတယ်။ အဲဒီတော့ ခံစစ်ကို ကောင်းကောင်းလုပ်နိုင်ရင် ထိုးစစ်ဆင်တဲ့လူက နေရာတွေထိန်းတာ များလာတာနဲ့အမျှ သူရဲ့ထောက် ပို့လမ်းကြောင်းတွေရှည်လာတာနဲ့အမျှ စစ်ကို ဆက် ဆွဲပြီးမတိုက်နိုင်တော့ဘူး။ ထိန်းထားတဲ့ သိမ်းထားတဲ့ မြေတွေပေါ့။ ခေတ္တသိမ်းထားတဲ့မြေတွေမှာ ကြာရှည် ထိန်းနိုင်မလား ဆိုတဲ့မေးခွန်းက အများကြီးရှိတယ်။ အဲဒါက တစ်လ၊ နှစ်လလောက်နဲ့က သိပ်မသိသာပေ မယ့် လပေါင်းများစွာကြာလာတဲ့အခါမှာ စပြီးပြဿနာ ကကြားရမယ်” ဟု ဦးသိန်းထွန်းဦးကဆိုသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုက် ပွဲများဖော်ဆောင်၍ နယ်မြေများရရှိလာပါက တရား ဝင် အစိုးရမဟုတ်သောကြောင့် အခက်အခဲများစွာဖြစ် ပေါ်နိုင်ကြောင်း ၎င်းကဆိုသည်။
“နိုင်ငံရဲ့တရားဝင်တည်ဆဲအစိုးရနဲ့ အစိုးရကို ပုန်ကန်နေတဲ့ Rebellion Groupတွေပေါ့။ သူတို့ ကြားက အကြီးမားဆုံးကွာခြားချက်က တစ်ခုရှိတယ်။ အဲဒါကတော့ States actor နဲ့ Non States actor ပေါ့။ ဘယ်သူပဲတက်တက် ဘယ်သူပဲ အုပ်ချုပ်အုပ် ချုပ် တည်ဆဲအစိုးရရဲ့ လုံခြုံရေး၊ ကာကွယ်ရေးပိုင်း ကတော့ ပူးတွဲထမ်းဆောင်နေတဲ့အဖွဲ့သည် States actor တွေဖြစ်တယ်။ တစ်ဖက်အဖွဲ့သည် Non States actor ဖြစ်တယ်။ သူတို့က နိုင်ငံလို့ အတည်ပြု လို့မရတဲ့အရာတွေ။ တစ်ခါတလေမှာ တချို့က ဘယ် လိုအထင်မှားတတ်ကြလဲဆိုတော့ တိုင်းရင်းသားအ ရေး၊ ဘာအရေး ညာအရေးနဲ့ အုပ်ပြီးတော့ ဒီတိုင်းပြည်ထဲ ကလူတွေကပုန်ကန်နေလို့ States ကို ကိုယ်စားပြုလား ဆိုတော့ ကိုယ်စားမပြုဘူး။ သူတို့က အဲဒီနယ်မြေကို ခဏရချင်ရသွားမယ်။ ကျန်တဲ့နိုင်ငံက အစိုးရတွေက သူတို့နဲ့ တိုက်ရိုက်အလုပ်လုပ်ကြမှာလား။ သူတို့ကို အသိ အမှတ်ပြုမှာလား သူတို့နဲ့ပူးပေါင်းပြီး ဒီနယ်မြေတွေမှာ ဝင်လာပြီး စီးပွားရေးလုပ်ကြမှာလားပေါ့။ ဒါကတော့ နံပါတ်တစ်အချက် နိုင်ငံခြားအထောက်အပံ့ပေါ့။ နောက်တစ်ခုကတော့ သူတို့ကိုယ်တိုင်ကော ဒီနိုင်ငံ ကိုပုန်ကန်ပြီးယူထားတဲ့လူတွေက အုပ်ချုပ်ရေးစီးပွား ရေး၊ လူမှုရေး ကျန်တဲ့အများကြီး လမ်းတံတားကိစ္စတွေ စာသင်ကျောင်း စတာတွေလုပ်နိုင်မှာလား။ အဲဒီအ ချက်တွေကိုက နယ်မြေဘယ်လောက် ကျယ်ကျယ် ပြန့်ပြန့်ရသွားပြီဖြစ်စေ အစိုးရတစ်ရပ်ကဲ့သို့ ပြုမူဆောင် ရွက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့် Non States actor ဟာStates acto နဲ့ ရေရှည်ပြိုင်ရရင်တော့ ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူး။ အဓိကကွာ ခြားချက်က အဲဒါပါပဲ။ သူတို့ယူထားတဲ့နယ်မြေတွေဟာ သူတို့ကိုယ်တိုင်ထူထောင်ပြီးတော့ တစ်ထီး တစ်နန်း နေနိုင်ဖို့ထက် အချိန်ကြာလာလေလေ ပိုပြီးတော့ပျက် စီးဖို့လမ်းစကိုသွားပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် နိုင်ငံအတွင်း တိုက်ပွဲများဖော်ဆောင်နေ သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တပ်မတော်၏နည်းဗျူဟာပိုင်းအရ အင်အားသုံးစွဲမှု များအပေါ် အင်အားလျော့နည်းနေသည်ဟု ယူဆ၍ စိတ်ခွန်အားယူကာ နယ်မြေသိမ်းပိုက်ခြင်းများကို ရှေ့တိုးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
“လောလောဆယ်ဆယ် တပ်မတော်က သုံးနေ တဲ့ နည်းဗျူဟာပိုင်းအရ အင်အားနဲ့ပတ်သက်လို့လျှော့ ပေါ့ပြီး သုံးထားတာတွေရှိတယ်။ ပြင်းပြင်းထန်ထန် သုံးနေတာမဟုတ်ဘဲနဲ့ အကန့်အသတ်နဲ့လုပ်နေတာ ဆိုတော့ အဲဒီအပိုင်းကို တစ်ဖက်က ဘာထင်သလဲ ဆိုတော့ တပ်မတော်က မတိုက်နိုင်တော့ဘူး။ ငါတို့ကို မနိုင်တော့ဘူး။ သူတို့အဲဒီလိုအားနည်းနေတာဆိုတော့ ငါတို့ဖိတိုက်မယ်ဆိုပြီး ရှေ့ကိုတိုးလာတယ်။ ပြောရ ရင်တော့ သူတို့ဘက်က Motivation ကို အဲဒီအပေါ်မှာယူနေကြတာများတယ်။ တော်တော်များများ သောပြည်သူတွေဘက်ကလည်း အဲဒီလိုပဲ တပ်ကမ နိုင်တော့ဘူးလား။ တိုင်းပြည်ဘာဖြစ်သွားနိုင်လဲ ဒါမျိုး ပေါ့။ အပေါ်မှာပြောခဲ့သလိုပေါ့ သူတို့သည် နယ်မြေ တွေရကောင်းရသွားမယ်။ အဲဒီမြေတွေမှာ အုပ်ချုပ် ရေး၊ လူမှုရေး၊ စီးပွားရေးကောင်းကောင်းမလုပ်နိုင်တဲ့အခါမှာ အားနည်းသွားမယ်” ဟု ၎င်းကဆိုသည်။
zawgyi version
နယ္ေျမသိမ္းပိုက္မႈမ်ားျပဳလုပ္ေနသည့္ အင္အားစုမ်ားအေနျဖင့္ နယ္ေျမကို ၾကာရွည္ထိန္းသိမ္းထားႏိုင္မည္လားဟု ေမးခြန္းထုတ္
သန႔္ဇင္ (NP News) - ဇူလိုင္ ၃ဝ
နယ္ေျမသိမ္းပိုက္မႈမ်ားျပဳလုပ္ေနသည့္ အင္အားစုမ်ားအေနျဖင့္ နယ္ေျမကိုၾကာရွည္ထိန္းသိမ္းထားႏိုင္မည္လားဟု ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေမးခြန္းထုတ္ေျပာၾကားသည္။
ဗိုလ္တေထာင္ၿမိဳ႕နယ္ ဗိုလ္တေထာင္ဘုရား လမ္းရွိ ORCHID Hotel တြင္ ဇူလိုင္လ (၂၁) ရက္ မြန္းလြဲပိုင္းကက်င္းပျပဳလုပ္ခဲ့ေသာ ႏိုင္ငံေရး၊ စီးပြား ေရး၊ လူမႈေရးအေျခအေနမ်ားေၾကာင့္ လက္ရွိ ျပည္ တြင္းမၿငိမ္သက္မႈအေျခအေနႏွင့္ ေ႐ြးေကာက္ပြဲ၏ အက်ိဳးေက်းဇူးမ်ား ေဆြးေႏြးပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ သူတို႔တည္ရွိဖို႔အတြက္ သူတို႔လိုခ်င္တဲ့အရာ ေတြအတြက္ လက္နက္ကိုင္သူပုန္အဖြဲ႕လို႔ပဲ ကြၽန္ ေတာ္တို႔ကေျပာရမွာပဲ။ အဲဒီလိုအဖြဲ႕ေတြကလည္း တစ္ခ်ိန္တည္းမွာ ေနရာေတြလိုက္ကုပ္ၿပီးယူလာ တယ္။ စစ္ေရးသုံးသပ္မယ္ဆိုရင္ စစ္ပြဲထဲမွာတိုက္စစ္ ဆင္တဲ့လူနဲ႔ ခံစစ္ဆင္တဲ့လူက အနည္းဆုံး(၃)ဆ(၁)ဆကြာတယ္။ ခံစစ္ဆင္တဲ့လူထက္ တိုက္စစ္ဆင္တဲ့ လူက (၃)ဆပိုၿပီးမ်ားတယ္။ အဲဒီေတာ့ ခံစစ္ကို ေကာင္းေကာင္းလုပ္ႏိုင္ရင္ ထိုးစစ္ဆင္တဲ့လူက ေနရာေတြထိန္းတာ မ်ားလာတာနဲ႔အမွ် သူရဲ႕ေထာက္ ပို႔လမ္းေၾကာင္းေတြရွည္လာတာနဲ႔အမွ် စစ္ကို ဆက္ ဆြဲၿပီးမတိုက္ႏိုင္ေတာ့ဘူး။ ထိန္းထားတဲ့ သိမ္းထားတဲ့ ေျမေတြေပါ့။ ေခတၱသိမ္းထားတဲ့ေျမေတြမွာ ၾကာရွည္ ထိန္းႏိုင္မလား ဆိုတဲ့ေမးခြန္းက အမ်ားႀကီးရွိတယ္။ အဲဒါက တစ္လ၊ ႏွစ္လေလာက္နဲ႔က သိပ္မသိသာေပ မယ့္ လေပါင္းမ်ားစြာၾကာလာတဲ့အခါမွာ စၿပီးျပႆနာ ကၾကားရမယ္” ဟု ဦးသိန္းထြန္းဦးကဆိုသည္။
လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ တိုက္ ပြဲမ်ားေဖာ္ေဆာင္၍ နယ္ေျမမ်ားရရွိလာပါက တရား ဝင္ အစိုးရမဟုတ္ေသာေၾကာင့္ အခက္အခဲမ်ားစြာျဖစ္ ေပၚႏိုင္ေၾကာင္း ၎ကဆိုသည္။
“ႏိုင္ငံရဲ႕တရားဝင္တည္ဆဲအစိုးရနဲ႔ အစိုးရကို ပုန္ကန္ေနတဲ့ Rebellion Groupေတြေပါ့။ သူတို႔ ၾကားက အႀကီးမားဆုံးကြာျခားခ်က္က တစ္ခုရွိတယ္။ အဲဒါကေတာ့ States actor နဲ႔ Non States actor ေပါ့။ ဘယ္သူပဲတက္တက္ ဘယ္သူပဲ အုပ္ခ်ဳပ္အုပ္ ခ်ဳပ္ တည္ဆဲအစိုးရရဲ႕ လုံၿခဳံေရး၊ ကာကြယ္ေရးပိုင္း ကေတာ့ ပူးတြဲထမ္းေဆာင္ေနတဲ့အဖြဲ႕သည္ States actor ေတြျဖစ္တယ္။ တစ္ဖက္အဖြဲ႕သည္ Non States actor ျဖစ္တယ္။ သူတို႔က ႏိုင္ငံလို႔ အတည္ျပဳ လို႔မရတဲ့အရာေတြ။ တစ္ခါတေလမွာ တခ်ိဳ႕က ဘယ္ လိုအထင္မွားတတ္ၾကလဲဆိုေတာ့ တိုင္းရင္းသားအ ေရး၊ ဘာအေရး ညာအေရးနဲ႔ အုပ္ၿပီးေတာ့ ဒီတိုင္းျပည္ထဲ ကလူေတြကပုန္ကန္ေနလို႔ States ကို ကိုယ္စားျပဳလား ဆိုေတာ့ ကိုယ္စားမျပဳဘူး။ သူတို႔က အဲဒီနယ္ေျမကို ခဏရခ်င္ရသြားမယ္။ က်န္တဲ့ႏိုင္ငံက အစိုးရေတြက သူတို႔နဲ႔ တိုက္႐ိုက္အလုပ္လုပ္ၾကမွာလား။ သူတို႔ကို အသိ အမွတ္ျပဳမွာလား သူတို႔နဲ႔ပူးေပါင္းၿပီး ဒီနယ္ေျမေတြမွာ ဝင္လာၿပီး စီးပြားေရးလုပ္ၾကမွာလားေပါ့။ ဒါကေတာ့ နံပါတ္တစ္အခ်က္ ႏိုင္ငံျခားအေထာက္အပံ့ေပါ့။ ေနာက္တစ္ခုကေတာ့ သူတို႔ကိုယ္တိုင္ေကာ ဒီႏိုင္ငံ ကိုပုန္ကန္ၿပီးယူထားတဲ့လူေတြက အုပ္ခ်ဳပ္ေရးစီးပြား ေရး၊ လူမႈေရး က်န္တဲ့အမ်ားႀကီး လမ္းတံတားကိစၥေတြ စာသင္ေက်ာင္း စတာေတြလုပ္ႏိုင္မွာလား။ အဲဒီအ ခ်က္ေတြကိုက နယ္ေျမဘယ္ေလာက္ က်ယ္က်ယ္ ျပန႔္ျပန႔္ရသြားၿပီျဖစ္ေစ အစိုးရတစ္ရပ္ကဲ့သို႔ ျပဳမူေဆာင္ ႐ြက္ႏိုင္ျခင္းမရွိတဲ့အတြက္ေၾကာင့္ Non States actor ဟာStates acto နဲ႔ ေရရွည္ၿပိဳင္ရရင္ေတာ့ ဘယ္လိုမွ ႏိုင္စရာအေၾကာင္းမရွိဘူး။ အဓိကကြာ ျခားခ်က္က အဲဒါပါပဲ။ သူတို႔ယူထားတဲ့နယ္ေျမေတြဟာ သူတို႔ကိုယ္တိုင္ထူေထာင္ၿပီးေတာ့ တစ္ထီး တစ္နန္း ေနႏိုင္ဖို႔ထက္ အခ်ိန္ၾကာလာေလေလ ပိုၿပီးေတာ့ပ်က္ စီးဖို႔လမ္းစကိုသြားပါလိမ့္မယ္”ဟု ၎ကဆိုသည္။
ထို႔ျပင္ ႏိုင္ငံအတြင္း တိုက္ပြဲမ်ားေဖာ္ေဆာင္ေန သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ တပ္မေတာ္၏နည္းဗ်ဴဟာပိုင္းအရ အင္အားသုံးစြဲမႈ မ်ားအေပၚ အင္အားေလ်ာ့နည္းေနသည္ဟု ယူဆ၍ စိတ္ခြန္အားယူကာ နယ္ေျမသိမ္းပိုက္ျခင္းမ်ားကို ေရွ႕တိုးလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ၎က သုံးသပ္ေျပာဆိုထားသည္။
“ေလာေလာဆယ္ဆယ္ တပ္မေတာ္က သုံးေန တဲ့ နည္းဗ်ဴဟာပိုင္းအရ အင္အားနဲ႔ပတ္သက္လို႔ေလွ်ာ့ ေပါ့ၿပီး သုံးထားတာေတြရွိတယ္။ ျပင္းျပင္းထန္ထန္ သုံးေနတာမဟုတ္ဘဲနဲ႔ အကန႔္အသတ္နဲ႔လုပ္ေနတာ ဆိုေတာ့ အဲဒီအပိုင္းကို တစ္ဖက္က ဘာထင္သလဲ ဆိုေတာ့ တပ္မေတာ္က မတိုက္ႏိုင္ေတာ့ဘူး။ ငါတို႔ကို မႏိုင္ေတာ့ဘူး။ သူတို႔အဲဒီလိုအားနည္းေနတာဆိုေတာ့ ငါတို႔ဖိတိုက္မယ္ဆိုၿပီး ေရွ႕ကိုတိုးလာတယ္။ ေျပာရ ရင္ေတာ့ သူတို႔ဘက္က Motivation ကို အဲဒီအေပၚမွာယူေနၾကတာမ်ားတယ္။ ေတာ္ေတာ္မ်ားမ်ား ေသာျပည္သူေတြဘက္ကလည္း အဲဒီလိုပဲ တပ္ကမ ႏိုင္ေတာ့ဘူးလား။ တိုင္းျပည္ဘာျဖစ္သြားႏိုင္လဲ ဒါမ်ိဳး ေပါ့။ အေပၚမွာေျပာခဲ့သလိုေပါ့ သူတို႔သည္ နယ္ေျမ ေတြရေကာင္းရသြားမယ္။ အဲဒီေျမေတြမွာ အုပ္ခ်ဳပ္ ေရး၊ လူမႈေရး၊ စီးပြားေရးေကာင္းေကာင္းမလုပ္ႏိုင္တဲ့အခါမွာ အားနည္းသြားမယ္” ဟု ၎ကဆိုသည္။