ဆောက်လုပ်ရေး သံဈေးနှုန်း(၃)ဆနီးပါးမြင့်တက်လာပြီး ဈေးကွက်အတွင်း ပါမစ်ရောင်းစားမှုများရှိနေ
1621
ယွန်း (NP News) - ဇူလိုင် ၃၁
(၃)နှစ်တာကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သံဈေးနှုန်း(၃)ဆ နီးပါးမြင့်တက်လာပြီး ဈေးကွက်အတွင်း ပါမစ်ရောင်းစားမှုများလည်းရှိနေ ကြောင်း NP News က ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် သံတစ်တန်ဈေးနှုန်းသည် ငွေကျပ် (၁၃) သိန်းနီးပါးခန့်သာရှိခဲ့ပြီး နောက်ပိုင်းကာလများတွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများလည်း ဈေးမြင့်တက်ခဲ့ရာ လက်ရှိတွင် ဈေးကွက်အတွင်း၌ သံတစ်တန်လျှင် ငွေကျပ် (၃၄)သိန်းအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။
"(၂၀၂၁)တုန်းက သံတစ်တန်က (၁၂) သိန်း၊ (၁၃)သိန်းလောက်ကနေ ဒေါ်လာဈေးတက်လာတဲ့ နောက်ပိုင်း အခုဆိုရင် (၃၃) သိန်း၊ (၃၄) သိန်းဆိုတဲ့ အခြေအနေတစ်ခုအထိကို ဖြစ်လာတယ်။ ဈေးက ဒီသုံးနှစ်အတွင်းမှာတက်လာတာကတော့ သုံးဆလောက်ဖြစ်သွားတယ်။ ဒေါ်လာဈေးပြန်ကျရင်လည်း သံဈေးကို ပြန်မချပေးဘူး။ ပါမစ်မရဘူးဆိုပြီးတော့ နေကြတယ်။ တကယ်တော့ သူတို့ကုမ္ပဏီရဲ့ဆိပ်ကမ်းက ဂိုဒေါင်တွေမှာရောက်နေတဲ့သံတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကို ချပြီးမရောင်းဘူး။ အခု ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းပေးဖို့အတွက် ခက်ခဲလာတယ်"ဟု လုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ပါမစ်အခက်အခဲကြောင့် သံမရရှိသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ထိန်း၍ဆောင်ရွက် နေရပြီး ရပ်နားလိုက်ရသည့်လုပ်ငန်းရှင်များလည်း ရှိနေကြောင်း သိရသည်။ သို့သော် ဈေးကွက်အတွင်း၌ သံတစ်တန်အတွက် ပါမစ်ကို ငွေကျပ် (၃)သိန်းဖြင့် ပါမစ်ရောင်းစားမှုများလည်းရှိနေကြောင်း အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
"နောက်တစ်ခုက ဈေးကွက်ထဲမှာ သံတစ်တန် ပါမစ်ကို (၃)သိန်း၊ (၃) သိန်းခွဲနဲ့ ရောင်းစားနေတာတွေလည်း ထွက်လာတယ်။ သံရောင်းတဲ့သူတွေကသာ ပါမစ်မရဘူးဆိုပေမယ့် ဈေးကွက်ထဲမှာတော့ သံပါ မစ်တွေရောင်းချတာတွေရှိနေတယ်။ ပါမစ်ဈေးက တစ်တန်ကို (၃) သိန်း၊ (၃) သိန်းခွဲလောက်ပေါက်တယ်"ဟု ၎င်းကဆိုသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် အဆောက်အအုံတစ်လုံးဆောက်လုပ်နိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များတွက်ချက်ထားသည့် သံလိုအပ်ချက် အတိုင်း ပါမစ်ကို လွတ်လပ်စွာသွင်းခွင့်ပေးသင့်ကြောင်း လုပ်ငန်းရှင်များက အကြံပြုပြောထားသည်။
"သံကုန်သည်တွေအနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် တကယ်လိုအပ်တဲ့နေရာ တွေကို ထိထိရောက်ရောက်ရောင်းချပေးနိုင်ခြင်းမ ရှိဘူးဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် နိုင်ငံတော်အနေနဲ့ တကယ်ဆောက်နေတဲ့ ကုမ္ပဏီ တွေမှာ အဆောက်အအုံတစ်လုံးမှာ သံဘယ်လောက် ကုန်မယ်ဆိုတာရှိပြီးသားတွေကို လွတ်လွတ်လပ်လပ် ပါမစ်နဲ့သွင်းခွင့်ပေးသင့်တယ်လို့ထင်တယ်။ အဲဒီ တော့မှ သံကုန်သည်တွေလည်း ဈေးကို မကိုင်ထားရဲ ဘဲနဲ့ ပစ္စည်းကို မရောင်းဘဲထိန်းထားတာထက်စာရင် ရောင်းချလာလိမ့်မယ်လို့ထင်တယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။
ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ ဈေးမြင့်တက်မှုအပြင် ပါမစ်အခက်အခဲကြောင့် ၂၀၂၁ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်း (၄၀)ရာခိုင်နှုန်းနီးပါး လုပ် ငန်းဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ထံမှသိရသည်။
လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် တည် ဆောက်နေသည့် အဆောက်အအုံများရှိနေသော် လည်း ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားလိုက်ရ သည့်အတွက် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ထိခိုက်လျက်ရှိသည်။
zawgyi version
ေဆာက္လုပ္ေရး သံေဈးႏႈန္း(၃)ဆနီးပါးျမင့္တက္လာၿပီး ေဈးကြက္အတြင္း ပါမစ္ေရာင္းစားမႈမ်ားရွိေန
ယြန္း (NP News) - ဇူလိုင္ ၃၁
(၃)ႏွစ္တာကာလအတြင္း ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံေဈးႏႈန္း(၃)ဆ နီးပါးျမင့္တက္လာၿပီး ေဈးကြက္အတြင္း ပါမစ္ေရာင္းစားမႈမ်ားလည္းရွိေန ေၾကာင္း NP News က ျပည္တြင္းရွိ လုပ္ငန္းရွင္အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္တြင္ သံတစ္တန္ေဈးႏႈန္းသည္ ေငြက်ပ္ (၁၃) သိန္းနီးပါးခန႔္သာရွိခဲ့ၿပီး ေနာက္ပိုင္းကာလမ်ားတြင္ ေဒၚလာေဈးျမင့္တက္မႈေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားလည္း ေဈးျမင့္တက္ခဲ့ရာ လက္ရွိတြင္ ေဈးကြက္အတြင္း၌ သံတစ္တန္လွ်င္ ေငြက်ပ္ (၃၄)သိန္းအထိ ေဈးျမင့္တက္ေနေၾကာင္း သိရသည္။
"(၂၀၂၁)တုန္းက သံတစ္တန္က (၁၂) သိန္း၊ (၁၃)သိန္းေလာက္ကေန ေဒၚလာေဈးတက္လာတဲ့ ေနာက္ပိုင္း အခုဆိုရင္ (၃၃) သိန္း၊ (၃၄) သိန္းဆိုတဲ့ အေျခအေနတစ္ခုအထိကို ျဖစ္လာတယ္။ ေဈးက ဒီသုံးႏွစ္အတြင္းမွာတက္လာတာကေတာ့ သုံးဆေလာက္ျဖစ္သြားတယ္။ ေဒၚလာေဈးျပန္က်ရင္လည္း သံေဈးကို ျပန္မခ်ေပးဘူး။ ပါမစ္မရဘူးဆိုၿပီးေတာ့ ေနၾကတယ္။ တကယ္ေတာ့ သူတို႔ကုမၸဏီရဲ႕ဆိပ္ကမ္းက ဂိုေဒါင္ေတြမွာေရာက္ေနတဲ့သံေတြအမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ေဈးကြက္ထဲကို ခ်ၿပီးမေရာင္းဘူး။ အခု ေဆာက္လုပ္ေရးကုမၸဏီေတြရဲ႕ အလုပ္အကိုင္ အခြင့္အလမ္းေပးဖို႔အတြက္ ခက္ခဲလာတယ္"ဟု လုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။
ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ပါမစ္အခက္အခဲေၾကာင့္ သံမရရွိသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ထိန္း၍ေဆာင္႐ြက္ ေနရၿပီး ရပ္နားလိုက္ရသည့္လုပ္ငန္းရွင္မ်ားလည္း ရွိေနေၾကာင္း သိရသည္။ သို႔ေသာ္ ေဈးကြက္အတြင္း၌ သံတစ္တန္အတြက္ ပါမစ္ကို ေငြက်ပ္ (၃)သိန္းျဖင့္ ပါမစ္ေရာင္းစားမႈမ်ားလည္းရွိေနေၾကာင္း အထက္ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
"ေနာက္တစ္ခုက ေဈးကြက္ထဲမွာ သံတစ္တန္ ပါမစ္ကို (၃)သိန္း၊ (၃) သိန္းခြဲနဲ႔ ေရာင္းစားေနတာေတြလည္း ထြက္လာတယ္။ သံေရာင္းတဲ့သူေတြကသာ ပါမစ္မရဘူးဆိုေပမယ့္ ေဈးကြက္ထဲမွာေတာ့ သံပါ မစ္ေတြေရာင္းခ်တာေတြရွိေနတယ္။ ပါမစ္ေဈးက တစ္တန္ကို (၃) သိန္း၊ (၃) သိန္းခြဲေလာက္ေပါက္တယ္"ဟု ၎ကဆိုသည္။
ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ျပည္သူမ်ားအလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိႏိုင္ေရးအတြက္ အေဆာက္အအုံတစ္လုံးေဆာက္လုပ္ႏိုင္ရန္ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားတြက္ခ်က္ထားသည့္ သံလိုအပ္ခ်က္ အတိုင္း ပါမစ္ကို လြတ္လပ္စြာသြင္းခြင့္ေပးသင့္ေၾကာင္း လုပ္ငန္းရွင္မ်ားက အႀကံျပဳေျပာထားသည္။
"သံကုန္သည္ေတြအေနနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြအတြက္ တကယ္လိုအပ္တဲ့ေနရာ ေတြကို ထိထိေရာက္ေရာက္ေရာင္းခ်ေပးႏိုင္ျခင္းမ ရွိဘူးဆိုရင္ အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ ႏိုင္ငံေတာ္အေနနဲ႔ တကယ္ေဆာက္ေနတဲ့ ကုမၸဏီ ေတြမွာ အေဆာက္အအုံတစ္လုံးမွာ သံဘယ္ေလာက္ ကုန္မယ္ဆိုတာရွိၿပီးသားေတြကို လြတ္လြတ္လပ္လပ္ ပါမစ္နဲ႔သြင္းခြင့္ေပးသင့္တယ္လို႔ထင္တယ္။ အဲဒီ ေတာ့မွ သံကုန္သည္ေတြလည္း ေဈးကို မကိုင္ထားရဲ ဘဲနဲ႔ ပစၥည္းကို မေရာင္းဘဲထိန္းထားတာထက္စာရင္ ေရာင္းခ်လာလိမ့္မယ္လို႔ထင္တယ္"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ထားသည္။
ျပည္တြင္း၌ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း မ်ား ေဈးျမင့္တက္မႈအျပင္ ပါမစ္အခက္အခဲေၾကာင့္ ၂၀၂၁ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္အထိ ေဆာက္လုပ္ေရးလုပ္ငန္း (၄၀)ရာခိုင္ႏႈန္းနီးပါး လုပ္ ငန္းဆက္လက္လည္ပတ္ႏိုင္ျခင္းမရွိေတာ့ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အခ်ိဳ႕ထံမွသိရသည္။
လက္ရွိ၌ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ တည္ ေဆာက္ေနသည့္ အေဆာက္အအုံမ်ားရွိေနေသာ္ လည္း ေဆာက္လုပ္ေရးလုပ္ငန္းအခ်ိဳ႕ ရပ္နားလိုက္ရ သည့္အတြက္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ားကိုပါ ထိခိုက္လ်က္ရွိသည္။