သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြိုင်ဘက်အသစ်ဖြစ်လာနိုင်တဲ့ ‘‘ကာမာ လာဟာရစ်”ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဘာသာပြန်ဆောင်းပါး)
2555
ဂျန်ဇက် (NP News) - ဩဂုတ် ၁
အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနီးကပ်လာချိန်မှာ သမ္မတလောင်း တွေနဲ့ပတ်သက်ပြီး အလှုပ်အခတ်များစွာ ဖြစ်လာနေပါတယ်။ အထူးသဖြင့် အာဏာရ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ လောင်း ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး သက်ရောက်မှုများစွာဖြစ်နေရာ အမေရိကန်သမ္မတဖြစ်သလို ဒီမိုကရက် တစ်ပါ တီရဲ့သမ္မတ လောင်းအဖြစ် ရွေးချယ်ခံရတဲ့ ဂျိုးဘိုင်ဒန်ကို သမ္မတ လောင်းစာရင်းကဖယ်ရှားဖို့ တောင်းဆိုမှုတွေမြင့်တက်ခဲ့ပါတယ်။
ဇွန်လအတွင်းကျင်းပခဲ့တဲ့ ဒီမိုက ရက်တစ်ပါတီရဲ့ သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ ပြိုင်ဘက်ပါတီဖြစ်တဲ့ ရီပတ်ဘလီကန် ပါတီရဲ့သမ္မတ လောင်းဒေါ်နယ်ထရမ့်တို့ စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ ဂျိုးဘိုင်ဒန်ရဲ့ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ မေးခွန်းထုတ်စရာ၊ ဝေဖန်စရာများစွာ ဖြစ်လာခဲ့ပြီး သမ္မတလောင်းစာရင်းက ဖယ်ရှားဖို့ ဒီမိုကရက်တစ်ပါတီအားပေးသူတွေ၊ အမတ်တွေနဲ့ ပါတီကိုငွေကြေးထောက်ခံသူတွေ ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုဝေဖန်သံတွေမြင့်တက် နေချိန်မှာပဲအသက် ၈၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင် ဒန်ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း စာရင်းက နုတ်ထွက်သွားခဲ့ပြီးသူနေရာမှာအစားထိုးဖို့ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ကို ထောက်ခံပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်သူ ကာမာလာဟာရစ်ဟာ လက်ရှိအချိန်မှာအမေရိကန် သမ္မတရွေး ကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ အလားအလာကောင်းနေ တယ်လို့ဆိုပါတယ်။ ကာမာလာဟာရစ်ဟာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ပါတီအတွင်းရှိ တခြားကိုယ်စားလှယ်တွေနဲ့ ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေပေမယ့် အနိုင်ရဖို့များတယ်လို့ ထင်ကြေး ပေးမှုတွေလည်း ရှိနေပါတယ်။ ကာမာလာဟာရစ်ဟာ အိန္ဒိယသွေးနှော သူတစ်ဦးဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ပထမဆုံး အမျိုးသမီးရှေ့နေ ချုပ်ဖြစ်ခဲ့သလို အမေရိကန်အထက်လွှတ်တော်မှာကိုယ်စားလှယ်အဖြစ် တာဝန်ယူခွင့်ရတဲ့အိန္ဒိယသွေးပါတဲ့ အမတ်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ကာမာလာဟာရစ်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ဒုတိယသမ္မတအဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်ခဲ့သလို အမေရိကန် ဒုတိယသမ္မတအဖြစ် တာဝန်ယူခွင့်ရတဲ့ ပထမဆုံး လူမည်းအမျိုးသမီးလည်းဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ တော့အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီး သမ္မတအဖြစ် ရွေးကောက်ခံရဖို့ အလားအလာကောင်းတွေ ရှိတယ်လို့လည်း ဆိုနေကြပါတယ်။ ကာမာလာ ဟာရစ်ကို ၁၉၆၄ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Oakland အရပ်ဒေသမှာမွေးဖွားခဲ့ပြီး မိခင်ဖြစ်သူဟာ အိန္ဒိယတောင်ပိုင်းမှာနေထိုင်တဲ့ အိန္ဒိယအမျိုးသမီး တစ်ဦးဖြစ်ကာ ၁၉၅၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက တော့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ စီးပွားရေးပညာရပ် တွေကိုလေ့လာဆည်းပူးဖို့ ဂျမေကာနိုင်ငံကနေ အမေရိကန် နိုင်ငံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဟာရစ်ဟာ ၁၉၈၂ခုနှစ်မှာ ဟိုဝက်ဒ် တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး နိုင်ငံရေး သိပ်ပ္ပံ၊ စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီးနောက် ကယ်လီဖိုးနီးယား ပြည်နယ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို ထပ်မံသင်ယူခဲ့ပါတယ်။ ဟာရစ်ဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး နောက်ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်ရုံးမှာရှေနေ့အဖြစ် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အစိုးရရှေ့နေအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ယူလုပ်ကိုင်ခဲ့ကာ ကယ်လီဖိုးနီး ယားပြည်နယ် ရှေ့နေချုပ်အပြင် ဆန်ဖရန်စစ္စကို ပြည်နယ်ရှေ့နေ ချုပ်တာဝန်တွေကို ထမ်းဆောင် ခွင့်ရရှိခဲ့သူဖြစ် ပါတယ်။ ၎င်းဟာ ၂၀၁၁ ခုနှစ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ရှေ့နေချုပ်အဖြစ် ရွေးချယ်ခံရပြီး ပြည်နယ်သမိုင်း တစ်လျှောက်မှာ ပထမဆုံး အာရှ-အမေရိကန်ဖွား လူမည်းအမျိုးသမီးအဖြစ် ရွေးကောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ကာမာလာ ဟာရစ်ဟာ ရှေ့နေချုပ်အဖြစ်တာဝန်ယူပြီးနောက် ၂၀၁၅ခုနှစ်မှာ အမေရိကန်နိုင်ငံရေးလောကကို ထပ်မံ ဝင်ရောက်လာခဲ့ပြီး အမေရိကန်အထက်လွှတ် တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းခဲ့ရာ ဒီမိုကရက် တစ်ပါတီရဲ့သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရက်အိုဘားမားနဲ့ ဂျိုးဘိုင်ဒန်တို့က မဲဆွယ်ပေးခဲ့ပါတယ်။ ဟာရစ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့အထက်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပြီးနောက် ပြည် နယ်အတွင်း ပထမဆုံးလူမည်းအမျိုးသမီး အမတ်တစ်ဦးအဖြစ် ပထဆုံးရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ကာမာလာဟာရစ် အထက်လွှတ်တော် အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက် ဒီမိုကရက်တစ် ပါတီနဲ့အတူ အမေရိကန် နိုင်ငံရေးလောကမှာ ထဲထဲဝင်ဝင် ကျင်လည်လှုပ်ရှားခဲ့ရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့မှာအမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။ ကာမာလာ ဟာရစ် ကို ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ သမ္မတဂျိုးဘိုင်ဒန်ရဲ့အား ပေးထောက်ခံမှုတွေကို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်အပြင် ဇနီးဖြစ်သူ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့လည်း အားပေးထောက်ခံ့ထားပါတယ်။ ကာမာလာဟာရစ်ဟာ နိုဝင်ဘာလအတွင်းကျင်းပမယ့် အမေရိကန်သမ္မ တရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရမယ်ဆိုရင် အမေရိ ကန်နိုင်ငံသမိုင်းမှာ အာရှ-အမေရိကန်ဖွား ပထမဆုံး သမ္မတဖြစ်လာမှာဖြစ်တဲ့အပြင် အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာဖွယ်ရှိနေပါတယ်။
ကာမာလာဟာရစ်အနေနဲ့ လက်ရှိအချိန်မှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့အ လားအလာ အကောင်းဆုံးဖြစ်ပေမယ့် ရီပတ်ဘလီ ကန်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံထား ရသလို သမ္မတဟောင်း တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ယူနိုင်စွမ်းရှိမှာလားဆိုတဲ့အချက်ကလည်း စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒေါ်နယ်ထရမ့်နဲ့ ကာမာလာဟာရစ်ကြား နှိုင်းယှဉ်မယ်ဆိုရင် အတွေ့ကြုံ၊ ရင်ကျင့်မှုပိုင်းတွေနဲ့ လုပ်နိုင်စွမ်းအပိုင်းတွေမှာ ဒေါ်နယ်ထရမ့်က ကာမာ လာဟာရစ်ထက် သာလွန်နေတယ်လို့ဆိုနိုင်ပါတယ်။ ကာမာလာ ဟာရစ်ဟာ ဒေါ်နယ်ထရမ့်ကိုအနိုင်ရပြီး အမေရိကန်နိုင်ငံသမိုင်းမှာ ပထမဆုံးအမျိုးသမီး တစ်ဦးအဖြစ်ရွေးချယ်ခံရ မယ်ဆိုရင်လည်း ယူကရိန်း စစ်ပွဲ၊ အမေရိကန်နိုင်ငံစီးပွားရေးတိုးတက်ဖို့၊ ကိုယ် ဝန်ဖျက်ချမှုနဲ့ ရွှေ့ပြောင်းသွားလာသူ များပြဿနာ တွေကိုအောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ စိန်ခေါ် မှုတွေကိုထပ်မံရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
၎င်းဟာ ရှေ့နေဘဝမှာအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူရချိန်မှာ စိန်ခေါ်မှုတွေ ဘယ်လို ပုံစံမျိုး ရင်ဆိုင်မလဲဆိုတဲ့ အချက်နဲ့ အဓိက အားနည်းချက်ဟာ ပြည်သူတွေရဲ့ရှင်သန် နေထိုင်မှုဘဝတွေကိုလက်ရှိထက် ပိုမိုကောင်းမွန်အောင် ဘယ်လိုမျိုးလုပ်ဆောင်ပေးမလဲဆိုတဲ့ ကတိစကားတွေကို ခိုင်မာပြတ်သားစွာပြောဆို နိုင်ခြင်းမရှိ သေးဘူးလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတလောင်း အဖြစ်က နုတ်ထွက်သွား ခဲ့ပြီးနောက် ၂၄နာရီအတွင်းမှာပဲ ဒုတိယ သမ္မတကာမာလာဟာရစ်ကို အမေရိကန်သမ္မတ လောင်းအဖြစ်ပါဝင် ယှဉ်ပြိုင်ဖို့ တောင်းဆိုထောက်ခံမှုတွေ မြင့်တက်လာခဲ့ပြီး မဲဆွယ်စည်းရုံးရေးအတွက် ကုန်ကျမယ့် ရန်ပုံငွေထည့်ဝင်မှု ပိုင်းမှာလည်း တစ်ရက်အတွင်း ပေါင် ၆၂ သန်းကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံအတွင်းရှိ ဒီမိုကရက် တစ်ပါတီ အားပေးထောက်ခံသူတွေဟာ ကာမာလာ ဟာရစ်အပေါ် အပြည့်အဝထောက်ခံကြောင်း ပြသခဲ့ ပါတယ်။ ဂျိုးဘိုင်ဒန် သမ္မတလောင်းအဖြစ်က နုတ်ထွက်ခဲ့ပြီးနောက် ကမ္ဘာကျော်အေပီသတင်းဌာန ဟာ ဒီမိုကရက်တစ်ပါတီအတွင်း ကာမာလာဟာရစ်ကို ထောက်ခံမှု ရှိမရှိ စစ်တမ်းကောက်ယူခဲ့ရာ အမေရိကန်နိုင်ငံရှိ ပြည်နယ်ပေါင်း ၅၀မှ အမတ်အများစုက ကာမာလာဟာရစ်ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတ လောင်းအဖြစ် ရွေးချယ်မယ့် အစီအစဉ်ကို အားပေး ထောက်ခံကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံအတွင်းရှိ ပြည်သူတွေနဲ့ ဒီမိုကရက်တစ် ပါတီအမတ်တွေကြားမှာ ရေပန်းစား နေတဲ့ ကာမာ လာဟာရစ်ဟာ ဒီမိုရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ခံရပြီး နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတအဖြစ် ဆက်လက် တာဝန်ယူခွင့်ရအောင် စွမ်းဆောင်နိုင်မလား ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
zawgyi version
သမၼတေလာင္း ေဒၚနယ္ထရမ့္ရဲ႕ ၿပိဳင္ဘက္အသစ္ျဖစ္လာႏိုင္တဲ့ ‘‘ကာမာ လာဟာရစ္”ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁
အေမရိကန္ႏိုင္ငံမွာ ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲနီးကပ္လာခ်ိန္မွာ သမၼတေလာင္း ေတြနဲ႔ပတ္သက္ၿပီး အလႈပ္အခတ္မ်ားစြာ ျဖစ္လာေနပါတယ္။ အထူးသျဖင့္ အာဏာရ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတ ေလာင္း ေ႐ြးခ်ယ္မႈေတြနဲ႔ပတ္သက္ၿပီး သက္ေရာက္မႈမ်ားစြာျဖစ္ေနရာ အေမရိကန္သမၼတျဖစ္သလို ဒီမိုကရက္ တစ္ပါ တီရဲ႕သမၼတ ေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ ဂ်ိဳးဘိုင္ဒန္ကို သမၼတ ေလာင္းစာရင္းကဖယ္ရွားဖို႔ ေတာင္းဆိုမႈေတြျမင့္ တက္ခဲ့ပါတယ္။
ဇြန္လအတြင္းက်င္းပခဲ့တဲ့ ဒီမိုက ရက္တစ္ပါတီရဲ႕ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္နဲ႔ ၿပိဳင္ဘက္ပါတီျဖစ္တဲ့ ရီပတ္ဘလီကန္ ပါတီရဲ႕သမၼတ ေလာင္းေဒၚနယ္ထရမ့္တို႔ စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ရာ ဂ်ိဳးဘိုင္ဒန္ရဲ႕က်န္းမာေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြဟာ ေမးခြန္းထုတ္စရာ၊ ေဝဖန္စရာမ်ားစြာ ျဖစ္လာခဲ့ၿပီး သမၼတေလာင္းစာရင္းက ဖယ္ရွားဖို႔ ဒီမိုကရက္တစ္ပါတီအားေပးသူေတြ၊ အမတ္ေတြနဲ႔ ပါတီကိုေငြေၾကးေထာက္ခံသူေတြ ဝိုင္းဝန္းေတာင္းဆိုခဲ့ပါတယ္။ အဲဒီေတာင္းဆိုေဝဖန္သံေတြျမင့္တက္ ေနခ်ိန္မွာပဲအသက္ ၈၁ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂ်ိဳးဘိုင္ ဒန္ဟာ ႏိုဝင္ဘာ ၅ ရက္ေန႔မွာက်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္မယ့္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း စာရင္းက ႏုတ္ထြက္သြားခဲ့ၿပီးသူေနရာမွာအစားထိုးဖို႔ ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္ကို ေထာက္ခံေပးခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံရဲ႕ ဒုတိယသမၼတျဖစ္သူ ကာမာလာဟာရစ္ဟာ လက္ရွိအခ်ိန္မွာအေမရိကန္ သမၼတေ႐ြး ေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ခြင့္ရဖို႔ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ အလားအလာေကာင္းေန တယ္လို႔ဆိုပါတယ္။ ကာမာလာဟာရစ္ဟာ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရဖို႔ ပါတီအတြင္းရွိ တျခားကိုယ္စားလွယ္ေတြနဲ႔ ထပ္မံယွဥ္ၿပိဳင္ရဖြယ္ရွိေနေပမယ့္ အႏိုင္ရဖို႔မ်ားတယ္လို႔ ထင္ေၾကး ေပးမႈေတြလည္း ရွိေနပါတယ္။ ကာမာလာဟာရစ္ဟာ အိႏၵိယေသြးေႏွာ သူတစ္ဦးျဖစ္ၿပီး ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ပထမဆုံး အမ်ိဳးသမီးေရွ႕ေန ခ်ဳပ္ျဖစ္ခဲ့သလို အေမရိကန္အထက္လႊတ္ေတာ္မွာကိုယ္စားလွယ္အျဖစ္ တာဝန္ယူခြင့္ရတဲ့အိႏၵိယေသြးပါတဲ့ အမတ္တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ ဒါ့ျပင္ ကာမာလာဟာရစ္ဟာ အေမရိကန္ႏိုင္ငံသမိုင္းမွာ ဒုတိယသမၼတအျဖစ္ တာဝန္ယူခြင့္ရတဲ့ ပထမဆုံးအမ်ိဳးသမီးျဖစ္ခဲ့သလို အေမရိကန္ ဒုတိယသမၼတအျဖစ္ တာဝန္ယူခြင့္ရတဲ့ ပထမဆုံး လူမည္းအမ်ိဳးသမီးလည္းျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ ေတာ့အေမရိကန္ႏိုင္ငံသမိုင္းမွာ ပထမဆုံးအမ်ိဳးသမီး သမၼတအျဖစ္ ေ႐ြးေကာက္ခံရဖို႔ အလားအလာေကာင္းေတြ ရွိတယ္လို႔လည္း ဆိုေနၾကပါတယ္။ ကာမာလာ ဟာရစ္ကို ၁၉၆၄ ခုႏွစ္က ကယ္လီဖိုးနီးယားျပည္နယ္ Oakland အရပ္ေဒသမွာေမြးဖြားခဲ့ၿပီး မိခင္ျဖစ္သူဟာ အိႏၵိယေတာင္ပိုင္းမွာေနထိုင္တဲ့ အိႏၵိယအမ်ိဳးသမီး တစ္ဦးျဖစ္ကာ ၁၉၅၀ ျပည့္ႏွစ္မွာ အေမရိကန္ႏိုင္ငံကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ ဖခင္ျဖစ္သူက ေတာ့ ကယ္လီဖိုးနီးယားတကၠသိုလ္မွာ စီးပြားေရးပညာရပ္ ေတြကိုေလ့လာဆည္းပူးဖို႔ ဂ်ေမကာႏိုင္ငံကေန အေမရိကန္ ႏိုင္ငံကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။ ဟာရစ္ဟာ ၁၉၈၂ခုႏွစ္မွာ ဟိုဝက္ဒ္ တကၠသိုလ္ကို တက္ေရာက္ခဲ့ၿပီး ႏိုင္ငံေရး သိပ္ပၸံ၊ စီးပြားေရးဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ ကယ္လီဖိုးနီးယား ျပည္နယ္တကၠသိုလ္မွာ ဥပေဒဘာသာရပ္ကို ထပ္မံသင္ယူခဲ့ပါတယ္။ ဟာရစ္ဟာ ဥပေဒဘြဲ႕ရရွိခဲ့ၿပီး ေနာက္ကယ္လီဖိုးနီးယားျပည္နယ္ေရွ႕ေနခ်ဳပ္႐ုံးမွာေရွေန႔အျဖစ္ အလုပ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး အစိုးရေရွ႕ေနအျဖစ္ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ တာဝန္ယူလုပ္ကိုင္ခဲ့ကာ ကယ္လီဖိုးနီး ယားျပည္နယ္ ေရွ႕ေနခ်ဳပ္အျပင္ ဆန္ဖရန္စစၥကို ျပည္နယ္ေရွ႕ေန ခ်ဳပ္တာဝန္ေတြကို ထမ္းေဆာင္ ခြင့္ရရွိခဲ့သူျဖစ္ ပါတယ္။ ၎ဟာ ၂၀၁၁ ခုႏွစ္မွာ ကယ္လီဖိုးနီးယား ျပည္နယ္ရဲ႕ေရွ႕ေနခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ျပည္နယ္သမိုင္း တစ္ေလွ်ာက္မွာ ပထမဆုံး အာရွ-အေမရိကန္ဖြား လူမည္းအမ်ိဳးသမီးအျဖစ္ ေ႐ြးေကာက္ခံခဲ့ရတာလည္းျဖစ္ပါတယ္။ ကာမာလာ ဟာရစ္ဟာ ေရွ႕ေနခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ ၂၀၁၅ခုႏွစ္မွာ အေမရိကန္ႏိုင္ငံေရးေလာကကို ထပ္မံ ဝင္ေရာက္လာခဲ့ၿပီး အေမရိကန္အထက္လႊတ္ ေတာ္ကိုယ္စားလွယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းခဲ့ရာ ဒီမိုကရက္ တစ္ပါတီရဲ႕သမၼတေဟာင္းတစ္ဦးျဖစ္တဲ့ ဘားရက္အိုဘားမားနဲ႔ ဂ်ိဳးဘိုင္ဒန္တို႔က မဲဆြယ္ေပးခဲ့ပါတယ္။ ဟာရစ္ဟာ ကယ္လီဖိုးနီးယား ျပည္နယ္ရဲ႕အထက္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာအတြက္ ယွဥ္ၿပိဳင္ခဲ့ရာမွာ အႏိုင္ရခဲ့ၿပီးေနာက္ ျပည္ နယ္အတြင္း ပထမဆုံးလူမည္းအမ်ိဳးသမီး အမတ္တစ္ဦးအျဖစ္ ပထဆုံးေ႐ြးခ်ယ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။ ကာမာလာဟာရစ္ အထက္လႊတ္ေတာ္ အမတ္အျဖစ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ဒီမိုကရက္တစ္ ပါတီနဲ႔အတူ အေမရိကန္ ႏိုင္ငံေရးေလာကမွာ ထဲထဲဝင္ဝင္ က်င္လည္လႈပ္ရွားခဲ့ရာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၂၀ရက္ေန႔မွာအေမရိကန္ႏိုင္ငံရဲ႕ ဒုတိယသမၼတ အျဖစ္ ထပ္မံေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ကာမာလာ ဟာရစ္ ကို ဒီမိုကရက္တစ္ပါတီ ကိုယ္စားျပဳၿပီး သမၼတ ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္ဖို႔ သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အား ေပးေထာက္ခံမႈေတြကို အေမရိကန္သမၼတေဟာင္း ဘီလ္ကလင္တန္အျပင္ ဇနီးျဖစ္သူ အေမရိကန္ႏိုင္ငံ ျခားေရးဝန္ႀကီးေဟာင္း ဟီလာရီကလင္တန္တို႔လည္း အားေပးေထာက္ခံ့ထားပါတယ္။ ကာမာလာဟာရစ္ဟာ ႏိုဝင္ဘာလအတြင္းက်င္းပမယ့္ အေမရိကန္သမၼ တေ႐ြးေကာက္ပြဲမွာ ထပ္မံအႏိုင္ရမယ္ဆိုရင္ အေမရိ ကန္ႏိုင္ငံသမိုင္းမွာ အာရွ-အေမရိကန္ဖြား ပထမဆုံး သမၼတျဖစ္လာမွာျဖစ္တဲ့အျပင္ အေမရိကန္ႏိုင္ငံရဲ႕ ပထမဆုံးအမ်ိဳးသမီးသမၼတ ျဖစ္လာဖြယ္ရွိေနပါတယ္။
ကာမာလာဟာရစ္အေနနဲ႔ လက္ရွိအခ်ိန္မွာ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းျဖစ္လာဖို႔အ လားအလာ အေကာင္းဆုံးျဖစ္ေပမယ့္ ရီပတ္ဘလီ ကန္ပါတီရဲ႕သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံထား ရသလို သမၼတေဟာင္း တစ္ဦးျဖစ္တဲ့ ေဒၚနယ္ထရမ့္ကို အႏိုင္ယူႏိုင္စြမ္းရွိမွာလားဆိုတဲ့အခ်က္ကလည္း စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ ဘာေၾကာင့္လဲ ဆိုရင္ ေဒၚနယ္ထရမ့္နဲ႔ ကာမာလာဟာရစ္ၾကား ႏႈိင္းယွဥ္မယ္ဆိုရင္ အေတြ႕ႀကဳံ၊ ရင္က်င့္မႈပိုင္းေတြနဲ႔ လုပ္ႏိုင္စြမ္းအပိုင္းေတြမွာ ေဒၚနယ္ထရမ့္က ကာမာ လာဟာရစ္ထက္ သာလြန္ေနတယ္လို႔ဆိုႏိုင္ပါတယ္။ ကာမာလာ ဟာရစ္ဟာ ေဒၚနယ္ထရမ့္ကိုအႏိုင္ရၿပီး အေမရိကန္ႏိုင္ငံသမိုင္းမွာ ပထမဆုံးအမ်ိဳးသမီး တစ္ဦးအျဖစ္ေ႐ြးခ်ယ္ခံရ မယ္ဆိုရင္လည္း ယူကရိန္း စစ္ပြဲ၊ အေမရိကန္ႏိုင္ငံစီးပြားေရးတိုးတက္ဖို႔၊ ကိုယ္ ဝန္ဖ်က္ခ်မႈနဲ႔ ေ႐ႊ႕ေျပာင္းသြားလာသူ မ်ားျပႆနာ ေတြကိုေအာင္ျမင္စြာ ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ စိန္ေခၚ မႈေတြကိုထပ္မံရင္ဆိုင္ရဖြယ္ရွိေနပါတယ္။
၎ဟာ ေရွ႕ေနဘဝမွာေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ေပမယ့္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူရခ်ိန္မွာ စိန္ေခၚမႈေတြ ဘယ္လို ပုံစံမ်ိဳး ရင္ဆိုင္မလဲဆိုတဲ့ အခ်က္နဲ႔ အဓိက အားနည္းခ်က္ဟာ ျပည္သူေတြရဲ႕ရွင္သန္ ေနထိုင္မႈဘဝေတြကိုလက္ရွိထက္ ပိုမိုေကာင္းမြန္ေအာင္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ေပးမလဲဆိုတဲ့ ကတိစကားေတြကို ခိုင္မာျပတ္သားစြာေျပာဆို ႏိုင္ျခင္းမရွိ ေသးဘူးလို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ သမၼတေလာင္း အျဖစ္က ႏုတ္ထြက္သြား ခဲ့ၿပီးေနာက္ ၂၄နာရီအတြင္းမွာပဲ ဒုတိယ သမၼတကာမာလာဟာရစ္ကို အေမရိကန္သမၼတ ေလာင္းအျဖစ္ပါဝင္ ယွဥ္ၿပိဳင္ဖို႔ ေတာင္းဆိုေထာက္ခံမႈေတြ ျမင့္တက္လာခဲ့ၿပီး မဲဆြယ္စည္း႐ုံးေရးအတြက္ ကုန္က်မယ့္ ရန္ပုံေငြထည့္ဝင္မႈ ပိုင္းမွာလည္း တစ္ရက္အတြင္း ေပါင္ ၆၂ သန္းေက်ာ္ ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ အေမရိကန္ႏိုင္ငံအတြင္းရွိ ဒီမိုကရက္ တစ္ပါတီ အားေပးေထာက္ခံသူေတြဟာ ကာမာလာ ဟာရစ္အေပၚ အျပည့္အဝေထာက္ခံေၾကာင္း ျပသခဲ့ ပါတယ္။ ဂ်ိဳးဘိုင္ဒန္ သမၼတေလာင္းအျဖစ္က ႏုတ္ထြက္ခဲ့ၿပီးေနာက္ ကမာၻေက်ာ္ေအပီသတင္းဌာန ဟာ ဒီမိုကရက္တစ္ပါတီအတြင္း ကာမာလာဟာရစ္ကို ေထာက္ခံမႈ ရွိမရွိ စစ္တမ္းေကာက္ယူခဲ့ရာ အေမရိကန္ႏိုင္ငံရွိ ျပည္နယ္ေပါင္း ၅၀မွ အမတ္အမ်ားစုက ကာမာလာဟာရစ္ကို ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတ ေလာင္းအျဖစ္ ေ႐ြးခ်ယ္မယ့္ အစီအစဥ္ကို အားေပး ေထာက္ခံေၾကာင္း သိရပါတယ္။
အေမရိကန္ႏိုင္ငံအတြင္းရွိ ျပည္သူေတြနဲ႔ ဒီမိုကရက္တစ္ ပါတီအမတ္ေတြၾကားမွာ ေရပန္းစား ေနတဲ့ ကာမာ လာဟာရစ္ဟာ ဒီမိုရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ တရားဝင္ေ႐ြးခ်ယ္ခံရၿပီး ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတအျဖစ္ ဆက္လက္ တာဝန္ယူခြင့္ရေအာင္ စြမ္းေဆာင္ႏိုင္မလား ဆိုတာ စိတ္ဝင္တစားေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။