တရုတ် လောဘတကြီး သြဇာနယ်မြေချဲ့ထွင်လာခြင်းကို အမေရိကန် တားဆီးနေ

 3411

Htay Oung (NP News) - ဩဂုတ် ၂

တောင်တရုတ်ပင်လယ်တစ်ခွင်လုံးနီးပါးနဲ့ ကျွန်းများ၊ သန္တာကျောက်တန်းများကို သူပိုင်ဆိုင်တယ်လို့ ပေကျင်း ရဲ့ ကြေညာချက်ဟာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း ၂၀၁၆-ခုနှစ်မှာ ICJ က ဆုံး ဖြတ်ခဲ့ပြီးပါပြီ၊ ဒါပေမယ့် တရုတ်ဟာ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မထီမဲ့မြင်လုပ်ပြီး အဲ့ဒီရေပြင်မှာ ကျွန်းတုများ ဖန်တီးခြင်း၊ လေယာဉ်ပြေးလမ်းနဲ့ အခြေချ အဆောက်အဦးများ တည်ဆောက်နေတဲ့အပြင် အနီး အနားနိုင်ငံတို့ရဲ့ ရေပြင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ကင်းလှည့်ခြင်းများကို ပုံမှန်လိုလို လုပ်ဆောင် လာပါတယ်။ ဒါ့အပြင် တရုတ်ဟာ ထိုင်ဝမ်ကျွန်းတစ်ဝှိုက် သူ့ရဲ့ရန်လိုအနိုင်ကျင့်မှုကို အရှိန်မြှင့်တင်ခြင်းအားဖြင့် ဂျပန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်လာတယ်လို့ “ယူရိုအေးရှား တိုင်းမ်”ဇူလိုင်လ ၂၉ ရက်က ရေးသားပါတယ်။

တောင်တရုတ်ပင်လယ်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၇ ထရီလီယံတန်ဖိုးရှိ နိုင်ငံတကာ ရေကြောင်းကုန်စည်များ ဖြတ်သန်းရာ ရေပြင်ဖြစ်ပါတယ်။ အဲ့ဒီ ပမာဏဟာ တစ်ကမ္ဘာလုံး ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ သုံးပုံတစ်ပုံ ရှိနေပါတယ်။ ငါးဖမ်းဆီးခြင်း၊ ပင်လယ်ကြမ်းပြင်မှ ရေနံနဲ့ အဖိုးတန်သတ္တု သယံ ဇာများ တူးဖော်နိုင်ခြေအလားအလာများဟာ မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်ရေလမ်းကြောင်းနဲ့ အတူ တည်ရှိနေပါတယ်။

တောင်တရုတ်ပင်လယ်မှာ သူတို့အပိုင်ဖြစ်ကြောင်း ပေကျင်းက မျဉ်းတို ၉-လိုင်းနဲ့ ဖော်ပြထားခြင်းဟာ ဘရူ နိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ အထူးသီးသန့်စီးပွားရေးဇုန် ရေပြင်များ ပါဝင်နေပါတယ်။ ဒီကိစ္စကို ဖိလစ်ပိုင်နိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားတဲ့အတွက် တရုတ်ရဲ့ လုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ဆုံးဖြတ်ပြီး ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့ပါတယ်။

တရုတ်ဟာ ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဂရုမစိုက်ပဲ ၂၀၂၃-ခုနှစ်မှာ“ မျဉ်းတို ၁၀-လိုင်း ” အဖြစ် ပြင်ဆင်ပြီး ထိုင် ဝမ်ကျွန်းရဲ့ အရှေ့ဘက် ပင်လယ်ရေပြင်ကိုပါ သူတို့ပိုင်ဆိုင်ကြောင်း တိုးချဲ့ထည့်သွင်းပြန်ပါတယ်။ ကျယ်ပြန့် လှတဲ့ အဲ့ဒီ ပင်လယ်ရေပြင်ဧရိယာကြီးမှာ သူတို့တည်ရှိကြောင်း ပြသဖို့အတွက် စစ်သင်္ဘောများ၊ ကမ်းခြေစောင့် သင်္ဘောများနဲ့ ကင်းလှည့်မှုများကို တိုးမြှင့်နေပါတယ်။ဒီလုပ်ရပ်ဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်သ လို ဖြစ်လာပါတယ်။

မကြာသေးမီက တရုတ်ပြည်မကြီးနဲ့ သိပ်မဝေးတဲ့ ဂျပန်နိုင်ငံ ကာဒီနာ လေတပ်စခန်းမှာ အမေရိကန်လေတပ် (USAF) က စွမ်းရည်မြင့် ပဉ္စမ မျိုးဆက် “အက်ဖ်-၂၂ ရက်ပ်တာ” တိုက်လေယာဉ်များကို တပ်စွဲလာကြောင်း တွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဝါရှင်တန်ဟာ သူ့ရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး ဒေသတွင်း မဟာ မိတ် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ နီးကပ်စွာ လုပ်ဆောင်လျက်ရှိပါတယ်။

ဒီနေရာမှာ အရေးကြီးအချက်တစ်ခု အနေနဲ့ အမေရိကန်လိုလားတဲ့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ဖိ လစ် ပိုင်အစိုးရဟာ စစ်အခြေစိုက်စခန်း အသစ်များဖန်တီးဖို့အတွက် ဝါရှင်တန်နဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်ရာ မှာ ဦးဆောင်နိုင်ငံဖြစ်လာပါတယ်။ တရုတ်နဲ့ အမေရိကန် မဟာမိတ်အုပ်စုရဲ့ အပြန်အလှန် ရန်စောင်မှုဟာ မျက်မှောက်ကမ္ဘာကြီးရဲ့ ပါဝါချိန်ခွင် လျှာအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာ သိရှိထားသင့်တဲ့ အချိန် ရောက်လာပြီလို့ ပြောရပါလိမ့်မယ်။

ပေကျင်းရဲ့ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည်ရာမှာ အခြားနိုင်ငံများက သူတို့ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) ဖြစ်တယ်လို့ ပြောဆိုထားတဲ့ ရေပြင်အတွင်း ကျူးကျော်ဝင်ရောက်ခြင်းဟာ ပုံမှန်လိုလိုဖြစ်လာပါတယ်။ ဒါတင်မက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းခြေစောင့်သင်္ဘောကြီးကိုပါ ထည့်သွင်းအသုံးပြုလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံတဲ့ ထိပ်တိုက်တွေ့နေရပါတယ်။

သူတို့ရဲ့ ကိုလိုနီဟောင်းဖြစ်တဲ့ ဖိလစ်ပိုင်မှာ ဒုတိယကမ္ဘာစစ်အပြီးတည်းက စစ်အခြေစိုက်စခန်းများ ထူထောင် ထားတဲ့ အမေရိကန်ဟာ ၁၉၄၆-ခုနှစ် လွတ်လပ်ရေးပေးလိုက်ရပြီးနောက်ပိုင်း အာဏာရှင်မားကို့စ်လက်ထက် အထိ ဆက်လက်တပ်စွဲခွင့် ရရှိခဲ့ပါတယ်။ ၁၉၉၁- ၁၉၉၂ တွင် ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်က အမေရိကန်စစ်စ ခန်းများ တည်ရှိခွင့်ကို ပယ်ချလိုက်တဲ့အတွက် ဆူးဘစ်ရေတပ်စခန်းနဲ့ ကလပ်လေတပ်စခန်းတို့ကို မနီလာထံ လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။

ယခင် ဖိလစ်ပိုင်အစိုးရများနဲ့ သမ္မတ ရိုဒရီရို ဒူတာတေးတို့ရဲ့ တရုတ်ပြည်မကြီးကြီးကို ချိုချိုသာသာ လိုက် လျောဆက်ဆံရေး မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ၁၉၉၉ နဲ့ ၂၀၁၄ ခုနှစ်များမှာ ဝါရှင်တန်နဲ့ သဘောတူ စာ ချုပ်သစ်များချုပ်ဆိုပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့များကို လှုပ်ရှားခွင့် ပြုခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် မှာ အမေရိကန် စစ်အခြေစိုက်စခန်းများအတွက် နေရာငါးခုထားရှိရန် သဘောတူညီခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နောက်ထပ် လေးခုအထိ ထပ်မံတိုးချဲ့ထားပါတယ်။

အမေရိကန်ရဲ့ “အင်ဒိုပစိဖိတ်ဒေသ စစ်ဆင်ရေးကွပ်ကဲမှု” ဟာ ပင်တာဂွန်သမိုင်းမှာ ရှေးအကျဆုံးနဲ့ အကြီး မားဆုံး စစ်ဌာနချုပ် တစ်ခုဖြစ်ပါတယ် အမေရိကန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှ အိန္ဒိယနိုင်ငံအထိနဲ့ အာတိတ်သမုဒ္ဒရာမှ အတ္တလန်တိတ်သမုဒ္ဒရာအထိ ကြီးမားကျယ်ပြန့်တဲ့ ဧရိယာကို လွှမ်းခြုံထားပါတယ်။ ကွပ် ကဲမှုဌာနချုပ်က ပစိဖိတ်သမုဒ္ဒရာ ဟာဝိုင်ယီကျွန်းမှာတည်ရှိပြီး ကြည်း၊ မရိန်း၊ ရေတပ်နှင့် လေတပ်ယူနစ်များ အပြင် ဂျပန်နဲ့ ကိုရီးယားနိုင်ငံများမှာ ဖြန့်ချထားတဲ့ တပ်များလည်း ပါဝင်ပါတယ်။ ကွပ်ကဲမှုမှာ အထူးစစ်ဆင် ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အဖွဲ့များလည်း ထည့်သွင်း ဖွဲ့စည်းထားပါတယ်။ အမေရိကန် ပစိဖိတ်စစ်ရေယာဉ်အုပ်စု စစ်သင်္ဘောအစီး ၂၀၀ ခန့်ရှိပြီး ကမ်းတက်စစ်ဆင်နိုင်တဲ့ မရိန်းတပ်သား ၈၆,၀၀၀ ရှိပါတယ်။ လေတပ်မတော်မှာ လေယာဉ်အစင်းရေ ၄၂၀ ရှိပြီး ကွပ်ကဲမှု တစ်ခုလုံးမှာ အမှုထမ်း ၁၀၆,၀၀၀ ၊ အထူးစစ်ဆင်ရေး ဝန်ထမ်း ၁၂၀၀ နီးပါးရှိပါတယ်။

အလာစကာဒေသဟာ အာရှတိုက်အရှေ့ဖျားနဲ့ မြောက်အမေရိကတိုက်ဆုံရာမှာ တည်ရှိပြီး အမေရိကန်နိုင်ငံနဲ့ တစ်ဆက်စပ်တည်း မဟုတ်တဲ့ နယ်မြေဖြစ်ပါတယ်။ အလာစကာမှာ အမေရိကန်စစ်တပ်ရဲ့ ပစိဖိတ်အ နောက် မြောက်ပိုင်း စစ်ဆင်ရေးများကို ပံ့ပိုးရန်အတွက် ရေဒါများ၊ ဒုံးကျည်စနစ်စခန်းများနဲ့ လေတပ် စခန်းများရှိပါ တယ်။ အဲ့ဒီတပ်တွေကို ရုရှားနိုင်ငံအနီး အလျုးရှင်း ကျွန်းများအထိ ဖြန့်ချထားပါတယ်။

ထိုင်ဝမ်ကျွန်းမှ မိုင်ပေါင်း ၁၇၀၀ ခန့်ဝေးကွာတဲ့ ပစိဖိတ် သမုဒ္ဒရာ ဂူအမ် ရေတပ်အခြေစိုက်စခန်းဟာ အရွယ်အ စားကြီးမားပြီး ရေစူးများတဲ့ သင်္ဘောများ ဆိုက်ကပ်ထားနိုင်တဲ့ ဆိပ်ကမ်းကြီး တစ်ခုပါဝင်ပြီး အမေရိကန်ရဲ့ မ ဟာဗျူဟာမြောက် ရေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်ပါတယ်။ အန်ဒါဆန် လေတပ်အခြေစိုက်စခန်းဟာ တန် ချိန်များစွာ သယ်ဆောင်နိုင်တဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များကို ဝန်ဆောင်မှုပေးနိုင်ပါတယ်။၂၀၁၇-ခုနှစ် မြောက်ကိုရီးယားက ဂူအမ်ကို ခြိမ်းခြောက်လာတဲ့အခါ ကျွန်းမှာရှိတဲ့ စစ်သင်္ဘောများက စစ်ရေးအရ ထိထိ ရောက်ရောက် တုံ့ပြန်အင်အားပြသနိုင်ခဲ့ပါတယ်။ ဂူအမ်မှာရှိတဲ့ အခြေစိုက်စခန်းတွေဟာ နိုင်ငံရပ်ခြားတိုက် လေယာဉ်များအတွက် လေ့ကျင့်ရေးအပါအဝင် ဒေသတွင်းရှိ တိုက်ခိုက်ရေးတပ်အမျိုးမျိုးတို့ကို လက်ခံပြီး စစ်ဆင်ရေးများကို ပံ့ပိုးပေးနေပါတယ်။

ရေတပ်အခြေစိုက်စခန်းမှာ သင်္ဘောပြုပြင်ရေး အဆောက်အအုံများ၊ ရေငုပ်သင်္ဘောတပ်ခွဲ၊ ကမ်းခြေစောင့်တပ် နဲ့ ရေတပ်အထူးစစ်ဆင်ရေးယူနစ်တို့လည်း တည်ရှိပါတယ်။ အမေရိကန်ရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ်၊ အမှတ် ၇ ရေတပ်မတော်နဲ့ စစ်ယူနစ်အတော်များများတို့ရဲ့ အခြေစိုက်စခန်းဖြစ်ပါတယ်။ ရေငုပ်သင်္ဘောများ ပါဝင်တဲ့ အမှတ် ၇ ရေတပ်မတော်ဟာ ရေငုပ်သင်္ဘောများ ခြံရံလိုက်ပါတဲ့ လေယာဉ်တင်သင်္ဘောများနဲ့ အချိန်ရာသီ မရွေး ကင်းလှည့်သွားလာနေပါတယ်။

ဒိုင်ယေဂိုဂါးစီးယားကျွန်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယနိုင်ငံရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။ အိန္ဒိယ နိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ် ဗြိတိသျှပိုင်ဖြစ်ခဲ့ပေမယ့် မောရေးသျှနိုင်ငံကလည်း သူတို့အပိုင် ဖြစ် တယ်လို့ ဆိုနေပါတယ်။ ဒါပေမယ့် ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်က အသိအမှတ်မပြုပဲ အိန္ဒိယသမုဒ္ဒရာ အီ ကွေတာတောင်ဘက် ပင်လယ်ရပ်ခြား ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ ဒိုင်ယေဂိုဂါးစီးယား သန္တာကျွန်း ခွေများအနက် အကြီးဆုံးဖြစ်တဲ့ ချာဂိုကျွန်းမှာ ဗြိတိန်စစ်အခြေစိုက်စခန်းတည်ရှိပြီး ပစိဖိတ်သမုဒ္ဒရာ ဂူအမ် ကျွန်းမှ အမေရိကန်တာဝေးပျံ ဗုံးကြဲလေယာဉ်များ တက်ဆင်းပြုလုပ်နိုင်စစ်ဆင်ရေး ပံ့ပိုးနိုင်ပါတယ်။

အကျဉ်းချုပ်ပြောရရင် အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ရဲ့ ရန်လိုမှုကို တန်ပြန်ရန်အတွက် အ မေရိကန်အနေနဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့မှာ စစ်အင်အားအခိုင်မာ ထားရှိနိုင်ပြီလို့ ဆိုရပါလိမ် မယ်။ ၂၀၂၂- ခုနှစ် ထိုင်ဝမ်မူဝါဒအက်ဥပဒေအရ ကျွန်းနိုင်ငံကို လုံခြုံရေးအကူအညီပေးထားပြီး "နေတိုး မဟုတ်သော အဓိကမဟာမိတ်" အဖြစ် အမေရိကန် စစ်ရေးအကြံပေးတွေရှိနေပါတယ်။

ဒါပေမဲ့ မဟာဗျူဟာမြောက် စစ်ပြင်ဆင်ရာမှာ အရပ်မျက်နှာ တစ်ခုတည်းကို ရွေးချယ်ခြင်းဟာ မိုက်မဲရာ ကျပါလိမ့်မယ်။ တရုတ်ရဲ့ နောက်ဖေးပေါက် အိန္ဒိယသမုဒ္ဒရာမှာ လုံခြုံရေး တင်းကျပ်ဖို့အတွက် နယူဒဒေလီကို QUAD စာချုပ်အဖွဲ့မှာထည့်သွင်းပြီး အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ဟန့်တားဖို့အတွက် နေတိုးမဟာမိတ် အဖွဲ့တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

(Eurosia Times., 29 July 2024,” Impossible For China To Dominate — U.S. Tightens Screws In Indo-Pacific To Check PLA, Fortify Allies & Military Bases.” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
တ႐ုတ္ ေလာဘတႀကီး ၾသဇာနယ္ေျမခ်ဲ႕ထြင္လာျခင္းကို အေမရိကန္ တားဆီးေန
Htay Oung (NP News) - ဩဂုတ္ ၂

ေတာင္တ႐ုတ္ပင္လယ္တစ္ခြင္လုံးနီးပါးနဲ႔ ကြၽန္းမ်ား၊ သႏၲာေက်ာက္တန္းမ်ားကို သူပိုင္ဆိုင္တယ္လို႔ ေပက်င္း ရဲ႕ ေၾကညာခ်က္ဟာ အျပည္ျပည္ဆိုင္ရာ တရားဥပေဒနဲ႔ ညီၫြတ္ျခင္း မရွိေၾကာင္း ၂၀၁၆-ခုႏွစ္မွာ ICJ က ဆုံး ျဖတ္ခဲ့ၿပီးပါၿပီ၊ ဒါေပမယ့္ တ႐ုတ္ဟာ ႏိုင္ငံတကာတရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို မထီမဲ့ျမင္လုပ္ၿပီး အဲ့ဒီေရျပင္မွာ ကြၽန္းတုမ်ား ဖန္တီးျခင္း၊ ေလယာဥ္ေျပးလမ္းနဲ႔ အေျခခ် အေဆာက္အဦးမ်ား တည္ေဆာက္ေနတဲ့အျပင္ အနီး အနားႏိုင္ငံတို႔ရဲ႕ ေရျပင္ပိုင္နက္အတြင္း က်ဴးေက်ာ္ဝင္ေရာက္ၿပီး ကင္းလွည့္ျခင္းမ်ားကို ပုံမွန္လိုလို လုပ္ေဆာင္ လာပါတယ္။ ဒါ့အျပင္ တ႐ုတ္ဟာ ထိုင္ဝမ္ကြၽန္းတစ္ဝႈိက္ သူ႔ရဲ႕ရန္လိုအႏိုင္က်င့္မႈကို အရွိန္ျမႇင့္တင္ျခင္းအားျဖင့္ ဂ်ပန္ႏိုင္ငံရဲ႕ အမ်ိဳးသားလုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္လာတယ္လို႔ “ယူ႐ိုေအးရွား တိုင္းမ္”ဇူလိုင္လ ၂၉ ရက္က ေရးသားပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ဟာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၃ ဒႆမ ၃၇ ထရီလီယံတန္ဖိုးရွိ ႏိုင္ငံတကာ ေရေၾကာင္းကုန္စည္မ်ား ျဖတ္သန္းရာ ေရျပင္ျဖစ္ပါတယ္။ အဲ့ဒီ ပမာဏဟာ တစ္ကမာၻလုံး ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈရဲ႕ သုံးပုံတစ္ပုံ ရွိေနပါတယ္။ ငါးဖမ္းဆီးျခင္း၊ ပင္လယ္ၾကမ္းျပင္မွ ေရနံနဲ႔ အဖိုးတန္သတၱဳ သယံ ဇာမ်ား တူးေဖာ္ႏိုင္ေျခအလားအလာမ်ားဟာ မဟာဗ်ဴဟာအရ အေရးပါတဲ့ ပင္လယ္ေရလမ္းေၾကာင္းနဲ႔ အတူ တည္ရွိေနပါတယ္။

ေတာင္တ႐ုတ္ပင္လယ္မွာ သူတို႔အပိုင္ျဖစ္ေၾကာင္း ေပက်င္းက မ်ဥ္းတို ၉-လိုင္းနဲ႔ ေဖာ္ျပထားျခင္းဟာ ဘ႐ူ ႏိုင္း၊ မေလးရွား၊ ထိုင္ဝမ္နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ရဲ႕ အထူးသီးသန႔္စီးပြားေရးဇုန္ ေရျပင္မ်ား ပါဝင္ေနပါတယ္။ ဒီကိစၥကို ဖိလစ္ပိုင္ႏိုင္ငံက အျပည္ျပည္ဆိုင္ရာ တရား႐ုံးမွာ တိုင္ၾကားတဲ့အတြက္ တ႐ုတ္ရဲ႕ လုပ္ရပ္ဟာ အျပည္ျပည္ဆိုင္ရာ ဥပေဒနဲ႔ ဆန႔္က်င္ေနေၾကာင္း ဆုံးျဖတ္ၿပီး ဖိလစ္ပိုင္ကို အႏိုင္ေပးခဲ့ပါတယ္။

တ႐ုတ္ဟာ ICJ ရဲ႕ ဆုံးျဖတ္ခ်က္ကို ဂ႐ုမစိုက္ပဲ ၂၀၂၃-ခုႏွစ္မွာ“ မ်ဥ္းတို ၁၀-လိုင္း ” အျဖစ္ ျပင္ဆင္ၿပီး ထိုင္ ဝမ္ကြၽန္းရဲ႕ အေရွ႕ဘက္ ပင္လယ္ေရျပင္ကိုပါ သူတို႔ပိုင္ဆိုင္ေၾကာင္း တိုးခ်ဲ႕ထည့္သြင္းျပန္ပါတယ္။ က်ယ္ျပန႔္ လွတဲ့ အဲ့ဒီ ပင္လယ္ေရျပင္ဧရိယာႀကီးမွာ သူတို႔တည္ရွိေၾကာင္း ျပသဖို႔အတြက္ စစ္သေဘၤာမ်ား၊ ကမ္းေျခေစာင့္ သေဘၤာမ်ားနဲ႔ ကင္းလွည့္မႈမ်ားကို တိုးျမႇင့္ေနပါတယ္။ဒီလုပ္ရပ္ဟာ ဂ်ပန္ႏိုင္ငံရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္သ လို ျဖစ္လာပါတယ္။

မၾကာေသးမီက တ႐ုတ္ျပည္မႀကီးနဲ႔ သိပ္မေဝးတဲ့ ဂ်ပန္ႏိုင္ငံ ကာဒီနာ ေလတပ္စခန္းမွာ အေမရိကန္ေလတပ္ (USAF) က စြမ္းရည္ျမင့္ ပၪၥမ မ်ိဳးဆက္ “အက္ဖ္-၂၂ ရက္ပ္တာ” တိုက္ေလယာဥ္မ်ားကို တပ္စြဲလာေၾကာင္း ေတြ႕ရပါတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ဝါရွင္တန္ဟာ သူ႔ရဲ႕ စစ္ေရးစြမ္းရည္ကို ျမႇင့္တင္ၿပီး ေဒသတြင္း မဟာ မိတ္ ေတာင္ကိုရီးယား၊ ဂ်ပန္တို႔နဲ႔ နီးကပ္စြာ လုပ္ေဆာင္လ်က္ရွိပါတယ္။

ဒီေနရာမွာ အေရးႀကီးအခ်က္တစ္ခု အေနနဲ႔ အေမရိကန္လိုလားတဲ့ သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာရဲ႕ ဖိ လစ္ ပိုင္အစိုးရဟာ စစ္အေျခစိုက္စခန္း အသစ္မ်ားဖန္တီးဖို႔အတြက္ ဝါရွင္တန္နဲ႔ အနီးကပ္ပူးေပါင္း ေဆာင္႐ြက္ရာ မွာ ဦးေဆာင္ႏိုင္ငံျဖစ္လာပါတယ္။ တ႐ုတ္နဲ႔ အေမရိကန္ မဟာမိတ္အုပ္စုရဲ႕ အျပန္အလွန္ ရန္ေစာင္မႈဟာ မ်က္ေမွာက္ကမာၻႀကီးရဲ႕ ပါဝါခ်ိန္ခြင္ လွ်ာအေပၚ ဘယ္လိုသက္ေရာက္ေနသလဲဆိုတာ သိရွိထားသင့္တဲ့ အခ်ိန္ ေရာက္လာၿပီလို႔ ေျပာရပါလိမ့္မယ္။

ေပက်င္းရဲ႕ ေတာင္တ႐ုတ္ပင္လယ္အတြင္း ကင္းလွည္ရာမွာ အျခားႏိုင္ငံမ်ားက သူတို႔ရဲ႕ သီးသန႔္စီးပြားေရးဇုန္ (EEZ) ျဖစ္တယ္လို႔ ေျပာဆိုထားတဲ့ ေရျပင္အတြင္း က်ဴးေက်ာ္ဝင္ေရာက္ျခင္းဟာ ပုံမွန္လိုလိုျဖစ္လာပါတယ္။ ဒါတင္မက တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ရဲ႕ ကမာၻ႔အႀကီးဆုံး ကမ္းေျခေစာင့္သေဘၤာႀကီးကိုပါ ထည့္သြင္းအသုံးျပဳလာတဲ့အတြက္ ဖိလစ္ပိုင္ႏိုင္ငံတဲ့ ထိပ္တိုက္ေတြ႕ေနရပါတယ္။

သူတို႔ရဲ႕ ကိုလိုနီေဟာင္းျဖစ္တဲ့ ဖိလစ္ပိုင္မွာ ဒုတိယကမာၻစစ္အၿပီးတည္းက စစ္အေျခစိုက္စခန္းမ်ား ထူေထာင္ ထားတဲ့ အေမရိကန္ဟာ ၁၉၄၆-ခုႏွစ္ လြတ္လပ္ေရးေပးလိုက္ရၿပီးေနာက္ပိုင္း အာဏာရွင္မားကို႔စ္လက္ထက္ အထိ ဆက္လက္တပ္စြဲခြင့္ ရရွိခဲ့ပါတယ္။ ၁၉၉၁- ၁၉၉၂ တြင္ ဖိလစ္ပိုင္ဆီးနိတ္လႊတ္ေတာ္က အေမရိကန္စစ္စ ခန္းမ်ား တည္ရွိခြင့္ကို ပယ္ခ်လိုက္တဲ့အတြက္ ဆူးဘစ္ေရတပ္စခန္းနဲ႔ ကလပ္ေလတပ္စခန္းတို႔ကို မနီလာထံ လႊဲေျပာင္း ေပးအပ္ခဲ့ရပါတယ္။

ယခင္ ဖိလစ္ပိုင္အစိုးရမ်ားနဲ႔ သမၼတ ႐ိုဒရီ႐ို ဒူတာေတးတို႔ရဲ႕ တ႐ုတ္ျပည္မႀကီးႀကီးကို ခ်ိဳခ်ိဳသာသာ လိုက္ ေလ်ာဆက္ဆံေရး မေအာင္မျမင္ျဖစ္ခဲ့ရၿပီးေနာက္ ၁၉၉၉ နဲ႔ ၂၀၁၄ ခုႏွစ္မ်ားမွာ ဝါရွင္တန္နဲ႔ သေဘာတူ စာ ခ်ဳပ္သစ္မ်ားခ်ဳပ္ဆိုၿပီး ဖိလစ္ပိုင္ႏိုင္ငံအတြင္း အေမရိကန္တပ္ဖြဲ႕မ်ားကို လႈပ္ရွားခြင့္ ျပဳခဲ့ပါတယ္။ ၂ဝ၁၅ ခုႏွစ္ မွာ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ားအတြက္ ေနရာငါးခုထားရွိရန္ သေဘာတူညီခဲ့ၿပီး ၂၀၂၃ ခုႏွစ္မွာ ေနာက္ထပ္ ေလးခုအထိ ထပ္မံတိုးခ်ဲ႕ထားပါတယ္။

အေမရိကန္ရဲ႕ “အင္ဒိုပစိဖိတ္ေဒသ စစ္ဆင္ေရးကြပ္ကဲမႈ” ဟာ ပင္တာဂြန္သမိုင္းမွာ ေရွးအက်ဆုံးနဲ႔ အႀကီး မားဆုံး စစ္ဌာနခ်ဳပ္ တစ္ခုျဖစ္ပါတယ္ အေမရိကန္ႏိုင္ငံရဲ႕ အေနာက္ဘက္ကမ္း႐ိုးတန္းမွ အိႏၵိယႏိုင္ငံအထိနဲ႔ အာတိတ္သမုဒၵရာမွ အတၱလန္တိတ္သမုဒၵရာအထိ ႀကီးမားက်ယ္ျပန႔္တဲ့ ဧရိယာကို လႊမ္းၿခဳံထားပါတယ္။ ကြပ္ ကဲမႈဌာနခ်ဳပ္က ပစိဖိတ္သမုဒၵရာ ဟာဝိုင္ယီကြၽန္းမွာတည္ရွိၿပီး ၾကည္း၊ မရိန္း၊ ေရတပ္ႏွင့္ ေလတပ္ယူနစ္မ်ား အျပင္ ဂ်ပန္နဲ႔ ကိုရီးယားႏိုင္ငံမ်ားမွာ ျဖန႔္ခ်ထားတဲ့ တပ္မ်ားလည္း ပါဝင္ပါတယ္။ ကြပ္ကဲမႈမွာ အထူးစစ္ဆင္ ေရးနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈအတြက္ အဖြဲ႕မ်ားလည္း ထည့္သြင္း ဖြဲ႕စည္းထားပါတယ္။ အေမရိကန္ ပစိဖိတ္စစ္ေရယာဥ္အုပ္စု စစ္သေဘၤာအစီး ၂၀၀ ခန႔္ရွိၿပီး ကမ္းတက္စစ္ဆင္ႏိုင္တဲ့ မရိန္းတပ္သား ၈၆,၀၀၀ ရွိပါတယ္။ ေလတပ္မေတာ္မွာ ေလယာဥ္အစင္းေရ ၄၂၀ ရွိၿပီး ကြပ္ကဲမႈ တစ္ခုလုံးမွာ အမႈထမ္း ၁၀၆,၀၀၀ ၊ အထူးစစ္ဆင္ေရး ဝန္ထမ္း ၁၂၀၀ နီးပါးရွိပါတယ္။

အလာစကာေဒသဟာ အာရွတိုက္အေရွ႕ဖ်ားနဲ႔ ေျမာက္အေမရိကတိုက္ဆုံရာမွာ တည္ရွိၿပီး အေမရိကန္ႏိုင္ငံနဲ႔ တစ္ဆက္စပ္တည္း မဟုတ္တဲ့ နယ္ေျမျဖစ္ပါတယ္။ အလာစကာမွာ အေမရိကန္စစ္တပ္ရဲ႕ ပစိဖိတ္အ ေနာက္ ေျမာက္ပိုင္း စစ္ဆင္ေရးမ်ားကို ပံ့ပိုးရန္အတြက္ ေရဒါမ်ား၊ ဒုံးက်ည္စနစ္စခန္းမ်ားနဲ႔ ေလတပ္ စခန္းမ်ားရွိပါ တယ္။ အဲ့ဒီတပ္ေတြကို ႐ုရွားႏိုင္ငံအနီး အလ်ဳးရွင္း ကြၽန္းမ်ားအထိ ျဖန႔္ခ်ထားပါတယ္။

ထိုင္ဝမ္ကြၽန္းမွ မိုင္ေပါင္း ၁၇၀၀ ခန႔္ေဝးကြာတဲ့ ပစိဖိတ္ သမုဒၵရာ ဂူအမ္ ေရတပ္အေျခစိုက္စခန္းဟာ အ႐ြယ္အ စားႀကီးမားၿပီး ေရစူးမ်ားတဲ့ သေဘၤာမ်ား ဆိုက္ကပ္ထားႏိုင္တဲ့ ဆိပ္ကမ္းႀကီး တစ္ခုပါဝင္ၿပီး အေမရိကန္ရဲ႕ မ ဟာဗ်ဴဟာေျမာက္ ေရတပ္အေျခစိုက္စခန္းတစ္ခုျဖစ္ပါတယ္။ အန္ဒါဆန္ ေလတပ္အေျခစိုက္စခန္းဟာ တန္ ခ်ိန္မ်ားစြာ သယ္ေဆာင္ႏိုင္တဲ့ ဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္မ်ားကို ဝန္ေဆာင္မႈေပးႏိုင္ပါတယ္။၂၀၁၇-ခုႏွစ္ ေျမာက္ကိုရီးယားက ဂူအမ္ကို ၿခိမ္းေျခာက္လာတဲ့အခါ ကြၽန္းမွာရွိတဲ့ စစ္သေဘၤာမ်ားက စစ္ေရးအရ ထိထိ ေရာက္ေရာက္ တုံ႔ျပန္အင္အားျပသႏိုင္ခဲ့ပါတယ္။ ဂူအမ္မွာရွိတဲ့ အေျခစိုက္စခန္းေတြဟာ ႏိုင္ငံရပ္ျခားတိုက္ ေလယာဥ္မ်ားအတြက္ ေလ့က်င့္ေရးအပါအဝင္ ေဒသတြင္းရွိ တိုက္ခိုက္ေရးတပ္အမ်ိဳးမ်ိဳးတို႔ကို လက္ခံၿပီး စစ္ဆင္ေရးမ်ားကို ပံ့ပိုးေပးေနပါတယ္။

ေရတပ္အေျခစိုက္စခန္းမွာ သေဘၤာျပဳျပင္ေရး အေဆာက္အအုံမ်ား၊ ေရငုပ္သေဘၤာတပ္ခြဲ၊ ကမ္းေျခေစာင့္တပ္ နဲ႔ ေရတပ္အထူးစစ္ဆင္ေရးယူနစ္တို႔လည္း တည္ရွိပါတယ္။ အေမရိကန္ရဲ႕ ပစိဖိတ္ေဒသစစ္ဌာနခ်ဳပ္၊ အမွတ္ ၇ ေရတပ္မေတာ္နဲ႔ စစ္ယူနစ္အေတာ္မ်ားမ်ားတို႔ရဲ႕ အေျခစိုက္စခန္းျဖစ္ပါတယ္။ ေရငုပ္သေဘၤာမ်ား ပါဝင္တဲ့ အမွတ္ ၇ ေရတပ္မေတာ္ဟာ ေရငုပ္သေဘၤာမ်ား ၿခံရံလိုက္ပါတဲ့ ေလယာဥ္တင္သေဘၤာမ်ားနဲ႔ အခ်ိန္ရာသီ မေ႐ြး ကင္းလွည့္သြားလာေနပါတယ္။

ဒိုင္ေယဂိုဂါးစီးယားကြၽန္းဟာ အိႏၵိယသမုဒၵရာအတြင္း အိႏၵိယႏိုင္ငံရဲ႕ ေတာင္ဘက္မွာ တည္ရွိပါတယ္။ အိႏၵိယ ႏိုင္ငံ ကိုလိုနီလက္ေအာက္ က်ေရာက္စဥ္ ၿဗိတိသွ်ပိုင္ျဖစ္ခဲ့ေပမယ့္ ေမာေရးသွ်ႏိုင္ငံကလည္း သူတို႔အပိုင္ ျဖစ္ တယ္လို႔ ဆိုေနပါတယ္။ ဒါေပမယ့္ ICJ ရဲ႕ ဆုံးျဖတ္ခ်က္ကို ၿဗိတိန္က အသိအမွတ္မျပဳပဲ အိႏၵိယသမုဒၵရာ အီ ေကြတာေတာင္ဘက္ ပင္လယ္ရပ္ျခား ပိုင္နက္အျဖစ္ သတ္မွတ္ထားပါတယ္။ ဒိုင္ေယဂိုဂါးစီးယား သႏၲာကြၽန္း ေခြမ်ားအနက္ အႀကီးဆုံးျဖစ္တဲ့ ခ်ာဂိုကြၽန္းမွာ ၿဗိတိန္စစ္အေျခစိုက္စခန္းတည္ရွိၿပီး ပစိဖိတ္သမုဒၵရာ ဂူအမ္ ကြၽန္းမွ အေမရိကန္တာေဝးပ်ံ ဗုံးႀကဲေလယာဥ္မ်ား တက္ဆင္းျပဳလုပ္ႏိုင္စစ္ဆင္ေရး ပံ့ပိုးႏိုင္ပါတယ္။

အက်ဥ္းခ်ဳပ္ေျပာရရင္ အေရွ႕နဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္တို႔ရဲ႕ ရန္လိုမႈကို တန္ျပန္ရန္အတြက္ အ ေမရိကန္အေနနဲ႔ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ ဖိလစ္ပိုင္တို႔မွာ စစ္အင္အားအခိုင္မာ ထားရွိႏိုင္ၿပီလို႔ ဆိုရပါလိမ္ မယ္။ ၂၀၂၂- ခုႏွစ္ ထိုင္ဝမ္မူဝါဒအက္ဥပေဒအရ ကြၽန္းႏိုင္ငံကို လုံၿခဳံေရးအကူအညီေပးထားၿပီး "ေနတိုး မဟုတ္ေသာ အဓိကမဟာမိတ္" အျဖစ္ အေမရိကန္ စစ္ေရးအႀကံေပးေတြရွိေနပါတယ္။

ဒါေပမဲ့ မဟာဗ်ဴဟာေျမာက္ စစ္ျပင္ဆင္ရာမွာ အရပ္မ်က္ႏွာ တစ္ခုတည္းကို ေ႐ြးခ်ယ္ျခင္းဟာ မိုက္မဲရာ က်ပါလိမ့္မယ္။ တ႐ုတ္ရဲ႕ ေနာက္ေဖးေပါက္ အိႏၵိယသမုဒၵရာမွာ လုံၿခဳံေရး တင္းက်ပ္ဖို႔အတြက္ နယူဒေဒလီကို QUAD စာခ်ဳပ္အဖြဲ႕မွာထည့္သြင္းၿပီး အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ကို ဟန႔္တားဖို႔အတြက္ ေနတိုးမဟာမိတ္ အဖြဲ႕ေတြနဲ႔ စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ေနပါတယ္။

(Eurosia Times., 29 July 2024,” Impossible For China To Dominate — U.S. Tightens Screws In Indo-Pacific To Check PLA, Fortify Allies & Military Bases.” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.