ဗြိတိန်မှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေက ပြည်တွင်းစစ်ဖြစ်လာဖွယ်ရှိနေတယ်လို့ အီလွန်မတ်ပြော

 3923

ဂျန်ဇက် (NP News) - ဩဂုတ် ၅

ဗြိတိန်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေက ပြည်တွင်းစစ်အသွင် ကူးပြောင်းသွားမယ့် အန္တရယ်မျိုးဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရှိ မြို့အများအပြားမှာ ရွှေ့ပြောင်းသွားလာသူတွေ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး ရွှေ့ပြောင်းသွားလာသူတွေကိုလက်ခံကြိုဆိုလိုတဲ့အုပ်စုနဲ့ ဆန့်ကျင်သူအုပ်စုတွေ ရှိနေကြောင်းသိရပါတယ်။ အဆိုပါဆန္ဒပြပွဲများအတွင်း ဓါးနဲ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ကလေးငယ်သုံးဦး သေဆုံးခဲ့သလို လူအများပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ Axel Rudakubana ဆိုသူက ဓါးနဲ့တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံသားတွေဟာ ဆန္ဒပြပွဲတွေအတွင်း ရွှေ့ပြောင်းသွား လာသူတွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ အစ္စလာမ်ကို ဆန့်ကျင်တဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့သလို ဆန္ဒပြပွဲမှာပါဝင်သူအချို့က ဈေးဆိုင်တွေ၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းတာတွေရှိနေခဲ့ပါတယ်။

အီလွန်မတ်က "ဗြိတိန်မှာဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေဟာ ပြည်တွင်းစစ်ဖြစ်လာနိုင်တဲ့အခြေနေမျိုးရှိနေတယ်"လို့ ပြောပါတယ်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ကူပါးက လမ်းတွေမှာအကြမ်းဖက်မှုတွေ ကျူးလွန်သူတွေဟာ ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်ပေးရမှာဖြစ်သလို ပြင်းထန်တဲ့အပြစ်ပေးမှုတွေရင်ဆိုင်ရမယ်လို့ပြောပါတယ်။ ဗြိတိန်အစိုးရကတော့ လမ်းတွေမှာ ဘေးကင်းလုံခြုံမှုတွေဖြစ်လာစေဖို့ လိုအပ်တဲ့အစီမံတွေ ချမှတ်နိုင်အောင် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ချထားမယ်လို့ ပြောပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးကတော့ အဲဒီဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ ရုရှားနိုင်ငံ ပါဝင်နေကြောင်း ပြောပါတယ်။

zawgyi version
ၿဗိတိန္မွာျဖစ္ပြားတဲ့ ဆႏၵျပပြဲေတြက ျပည္တြင္းစစ္ျဖစ္လာဖြယ္ရွိေနတယ္လို႔ အီလြန္မတ္ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅

ၿဗိတိန္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ ဆႏၵျပပြဲေတြက ျပည္တြင္းစစ္အသြင္ ကူးေျပာင္းသြားမယ့္ အႏၲရယ္မ်ိဳးျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ကထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ၿဗိတိန္ႏိုင္ငံရွိ ၿမိဳ႕အမ်ားအျပားမွာ ေ႐ႊ႕ေျပာင္းသြားလာသူေတြ ဆန႔္က်င္ေရးဆႏၵျပပြဲေတြျဖစ္ပြားေနၿပီး ေ႐ႊ႕ေျပာင္းသြားလာသူေတြကိုလက္ခံႀကိဳဆိုလိုတဲ့အုပ္စုနဲ႔ ဆန႔္က်င္သူအုပ္စုေတြ ရွိေနေၾကာင္းသိရပါတယ္။ အဆိုပါဆႏၵျပပြဲမ်ားအတြင္း ဓါးနဲ႔တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ရာ ကေလးငယ္သုံးဦး ေသဆုံးခဲ့သလို လူအမ်ားျပား ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္ရွိ Axel Rudakubana ဆိုသူက ဓါးနဲ႔တိုက္ခိုက္ခဲ့ျခင္းမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ ၿဗိတိန္ႏိုင္ငံသားေတြဟာ ဆႏၵျပပြဲေတြအတြင္း ေ႐ႊ႕ေျပာင္းသြား လာသူေတြကို ဆန႔္က်င္တဲ့ ေႂကြးေၾကာ္သံေတြ၊ အစၥလာမ္ကို ဆန႔္က်င္တဲ့ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ခဲ့သလို ဆႏၵျပပြဲမွာပါဝင္သူအခ်ိဳ႕က ေဈးဆိုင္ေတြ၊ အေဆာက္အအုံေတြကို မီးရႈိ႕ဖ်က္ဆီးဖို႔ ႀကိဳးပမ္းတာေတြရွိေနခဲ့ပါတယ္။

အီလြန္မတ္က "ၿဗိတိန္မွာျဖစ္ပြားတဲ့ ဆႏၵျပပြဲေတြဟာ ျပည္တြင္းစစ္ျဖစ္လာႏိုင္တဲ့အေျခေနမ်ိဳးရွိေနတယ္"လို႔ ေျပာပါတယ္။ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး ကူပါးက လမ္းေတြမွာအၾကမ္းဖက္မႈေတြ က်ဴးလြန္သူေတြဟာ ႀကီးမားတဲ့ေပးဆပ္မႈေတြ ျပန္ေပးရမွာျဖစ္သလို ျပင္းထန္တဲ့အျပစ္ေပးမႈေတြရင္ဆိုင္ရမယ္လို႔ေျပာပါတယ္။ ၿဗိတိန္အစိုးရကေတာ့ လမ္းေတြမွာ ေဘးကင္းလုံၿခဳံမႈေတြျဖစ္လာေစဖို႔ လိုအပ္တဲ့အစီမံေတြ ခ်မွတ္ႏိုင္ေအာင္ ရဲတပ္ဖြဲ႕ဝင္ေတြ ျပန္လည္ခ်ထားမယ္လို႔ ေျပာပါတယ္။ ၿဗိတိန္ေထာက္လွမ္းေရးအဖြဲ႕ အႀကီးအကဲေဟာင္းတစ္ဦးကေတာ့ အဲဒီဆႏၵျပပြဲေတြရဲ႕ေနာက္ကြယ္မွာ ႐ုရွားႏိုင္ငံ ပါဝင္ေနေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.