နိုင်ငံခြားငွေကြေးကစားနေသူများ နှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေသူ (၉၃)ဦးကို စိစစ်အရေးယူနေဟု ဗဟိုဘဏ်ဆို

 2419

ယွန်း(NP News) - ဩဂုတ် ၇

နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီ လုပ်ငန်း‌ဆောင်ရွက်နေသူ(၉၃)ဦးကို စိစစ်အရေးယူနေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဩဂုတ်လ ပထမပတ်အတွင်း အသိပေးထုတ်ပြန်သည်။

ဗဟိုဘဏ်အနေဖြင့် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင် ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြီးခဲ့သည့် မေလ(၂၄)ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါအသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည့်နေ့မှစ၍ ဇွန်လ (၄)ရက်နေ့အထိ နိုင်ငံခြားငွေ ကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၃၉)ဦးတို့ကို စိစစ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်ထားကြောင်း ဗဟိုဘဏ်မှ ပြီးခဲ့သည့်လပိုင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်(၉၃)ဦးကိုလည်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု ပေးသည့်အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များကို ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့ကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စိစစ်အရေးယူလျက်ရှိကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ဆိုထားသည်။ “ အခုက ငွေကစားပြီး‌‌တော့ အကျိုးအမြတ်ရှာတာက များနေတယ်။ အဲဒီတော့ ဗဟိုဘဏ်က တားဆီးမှု တစ်ခုလုပ်လိုက်တာလို့ပြောရမယ်။ ဒီအချိန်မှာ အခွင့်အရေးယူပြီးလုပ်တဲ့သူတွေရှိနေလို့ ဈေးတွေက မဖြစ်သင့်တဲ့ဈေး၊ မှန်းမရတဲ့ဈေးတွေ ဖြစ်နေကြတာ။ ဒီလို မျိုး ငွေကစားနေမယ်ဆိုရင်‌တော့ ဆိုးသထက် ဆိုးမှာ‌ပေါ့။ အဲဒါကြောင့်လည်း ပိတ်သင့်တဲ့ဟာတွေ ပိတ်၊ ထိန်းသိမ်းသင့်တဲ့ဟာတွေကို ထိန်းရတာပေါ့။ ဒါပေမဲ့ တစ်ခုတည်းနဲ့တော့ ဘာတွေအပြောင်းအလဲ ဖြစ်သွားမယ်ဆိုတာတော့ ပြောရ တာ မလွယ်ဘူး။ အလုံးစုံ ဘက်စုံလုပ်မှ တိုင်းပြည်ကတည်ငြိမ်မှာ ဒီတစ်ခုတည်းနဲ့က နှာဆေးချောင်းဆိုး လို့ ဆေးနည်းနည်း လောက်တိုက်လိုက်တဲ့ သဘောပဲရှိတယ်။ ထူးထူးခြား ခြားတော့မဟုတ်ဘူး။ ဒါပေမဲ့ ငွေကစားတဲ့သူအတွက်ကတော့ ငွေကစားရတာ နည်းနည်းလေးခက်သွားမယ်လို့ ထင်တယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။

အလားတူ ဗဟိုဘဏ်ကထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းခဲ့ရာ (၂၀၂၃) ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့မှ (၂၀၂၄) ခုနှစ်၊ မတ်လ (၁၁) ရက် အထိ Money Changer (၁၉၃)ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် (၂၆) ရက်နေ့တွင် Reliance Ville Co., Ltd အားလိုင်စင်ထပ်မံရုပ် သိမ်းခဲ့သဖြင့် ဩဂုတ်လ ၁ ရက်နေ့အထိ စုစုပေါင်း Money Changer (၁၉၄)ခုကိုလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင် ရုပ်သိမ်းထားခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ႏိုင္ငံျခားေငြေၾကးကစားေနသူမ်ား ႏွင့္ ဟြန္ဒီလုပ္ငန္း ေဆာင္႐ြက္ေနသူ (၉၃)ဦးကို စိစစ္အေရးယူေနဟု ဗဟိုဘဏ္ဆို
ယြန္း(NP News) - ဩဂုတ္ ၇

ႏိုင္ငံျခားေငြေၾကးကစားေနသူမ်ားႏွင့္ ဟြန္ဒီ လုပ္ငန္း‌ေဆာင္႐ြက္ေနသူ(၉၃)ဦးကို စိစစ္အေရးယူေနေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကဩဂုတ္လ ပထမပတ္အတြင္း အသိေပးထုတ္ျပန္သည္။

ဗဟိုဘဏ္အေနျဖင့္ တရားမဝင္ ဒီဂ်စ္တယ္ေငြေၾကးမ်ား ေရာင္းဝယ္လဲလွယ္ျခင္း၊ ႏိုင္ငံျခားေငြေၾကးကစားေနသူမ်ားႏွင့္ ဟြန္ဒီလုပ္ငန္းေဆာင္ ႐ြက္ေနသူမ်ားကို တရားဝင္လိုင္စင္မရွိဘဲ ေဆာင္႐ြက္ေနသည့္အတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒ ႏွင့္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း ၿပီးခဲ့သည့္ ေမလ(၂၄)ရက္ေန႔က အသိေပးထုတ္ျပန္ခဲ့သည္။

အဆိုပါအသိေပးေၾကညာခ်က္ ထုတ္ျပန္ခဲ့သည့္ေန႔မွစ၍ ဇြန္လ (၄)ရက္ေန႔အထိ ႏိုင္ငံျခားေငြ ေၾကးကစားေနသူမ်ားႏွင့္ ဟြန္ဒီလုပ္ငန္း ေဆာင္႐ြက္လ်က္ရွိသည့္ လူပုဂၢိဳလ္(၃၉)ဦးတို႔ကို စိစစ္ေဖာ္ထုတ္၍ အေရးယူေဆာင္႐ြက္ထားေၾကာင္း ဗဟိုဘဏ္မွ ၿပီးခဲ့သည့္လပိုင္းက ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ ဗဟိုဘဏ္အေနျဖင့္ လူပုဂၢိဳလ္(၉၃)ဦးကိုလည္း စိစစ္ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး တရားမဝင္လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ျခင္းမျပဳႏိုင္ေစရန္ ဘဏ္မ်ားႏွင့္ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္မႈ ေပးသည့္အဖြဲ႕အစည္းမ်ားတြင္ ဖြင့္လွစ္ထားရွိသည့္ ၎တို႔၏ ဘဏ္ေငြစာရင္းမ်ားႏွင့္ Pay Account မ်ားကို ယာယီဆိုင္းငံ့ျခင္းမ်ား ေဆာင္႐ြက္ထားေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

၎တို႔ကို တရားဥပေဒစိုးမိုးေရးအဖြဲ႕အစည္းမ်ားက စိစစ္အေရးယူလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ေတာ္ဗဟိုဘဏ္က ဆိုထားသည္။ “ အခုက ေငြကစားၿပီး‌‌ေတာ့ အက်ိဳးအျမတ္ရွာတာက မ်ားေနတယ္။ အဲဒီေတာ့ ဗဟိုဘဏ္က တားဆီးမႈ တစ္ခုလုပ္လိုက္တာလို႔ေျပာရမယ္။ ဒီအခ်ိန္မွာ အခြင့္အေရးယူၿပီးလုပ္တဲ့သူေတြရွိေနလို႔ ေဈးေတြက မျဖစ္သင့္တဲ့ေဈး၊ မွန္းမရတဲ့ေဈးေတြ ျဖစ္ေနၾကတာ။ ဒီလို မ်ိဳး ေငြကစားေနမယ္ဆိုရင္‌ေတာ့ ဆိုးသထက္ ဆိုးမွာ‌ေပါ့။ အဲဒါေၾကာင့္လည္း ပိတ္သင့္တဲ့ဟာေတြ ပိတ္၊ ထိန္းသိမ္းသင့္တဲ့ဟာေတြကို ထိန္းရတာေပါ့။ ဒါေပမဲ့ တစ္ခုတည္းနဲ႔ေတာ့ ဘာေတြအေျပာင္းအလဲ ျဖစ္သြားမယ္ဆိုတာေတာ့ ေျပာရ တာ မလြယ္ဘူး။ အလုံးစုံ ဘက္စုံလုပ္မွ တိုင္းျပည္ကတည္ၿငိမ္မွာ ဒီတစ္ခုတည္းနဲ႔က ႏွာေဆးေခ်ာင္းဆိုး လို႔ ေဆးနည္းနည္း ေလာက္တိုက္လိုက္တဲ့ သေဘာပဲရွိတယ္။ ထူးထူးျခား ျခားေတာ့မဟုတ္ဘူး။ ဒါေပမဲ့ ေငြကစားတဲ့သူအတြက္ကေတာ့ ေငြကစားရတာ နည္းနည္းေလးခက္သြားမယ္လို႔ ထင္တယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။

အလားတူ ဗဟိုဘဏ္ကထုတ္ျပန္ထားေသာ စည္းမ်ဥ္း၊ စည္းကမ္းႏွင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာမႈမရွိသည့္ Money Changer မ်ားကို လုပ္ငန္း လုပ္ကိုင္ခြင့္ လိုင္စင္မ်ား ႐ုပ္သိမ္းခဲ့ရာ (၂၀၂၃) ခုႏွစ္ ဇန္နဝါရီ (၃) ရက္ေန႔မွ (၂၀၂၄) ခုႏွစ္၊ မတ္လ (၁၁) ရက္ အထိ Money Changer (၁၉၃)ခုကို လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ ႐ုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇူလိုင္ (၂၆) ရက္ေန႔တြင္ Reliance Ville Co., Ltd အားလိုင္စင္ထပ္မံ႐ုပ္ သိမ္းခဲ့သျဖင့္ ဩဂုတ္လ ၁ ရက္ေန႔အထိ စုစုေပါင္း Money Changer (၁၉၄)ခုကိုလုပ္ငန္းလုပ္ကိုင္ ခြင့္လိုင္စင္ ႐ုပ္သိမ္းထားခဲ့ေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.