အိုလံပစ်ရွှေတံဆိပ်ဆုရှင် တင်းနစ်အားကစားမယ် ဆီရီနာဝီလီယံ ပါရီ Peninsula Paris စားသောက်ဆိုင်မှာ နေရာမရခဲ့ခြင်းအတွက် ဟိုတယ်မှ ပြန်တောင်းပန်ရ

 922

ရောင်နီ (NP News) - သြဂုတ် ၈

လေးကြိမ်တိုင်တိုင် အိုလံပစ်ရွှေတံဆိပ်ဆု ရရှိထားသူ တင်းနစ်အားကစားမယ် ဆီရီနာရဝီလီယံဟာ သူမရဲ့မိသားစု နဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Peninsula Paris ခေါင်မိုးထပ်စားသောက်ဆိုင်မှာ ညစာသုံးဆောင်ဖို့ သွားရောက်ခဲ့ပေမယ့် ဆိုင်ဘက်က စားပွဲနေရာပြည့်နေတယ်လို့ဆိုကာ ငြင်းဆိုခဲ့တဲ့အတွက် သူမက ဆိုရှယ်မီဒီယာမှာ post တင်ခဲ့ပါ တယ်။

ဆီရီနာရာ ဝီလီယံ တင်ခဲ့တဲ့ ဆိုရှယ်မီဒီယာ post ဟာ ကြည့်ရှုသူ ၅ သန်းထိ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ပိုင်း တနင်္လာနေ့ (သြဂုတ် ၅ ရက်) မှာတော့ စားသောက်ဆိုင်က အမှန်တကယ် ဘိုကင်တွေနဲ့ပြည့်နေခဲ့တာကြောင့် တောင်းပန်ကြောင်း၊ နောက်တစ်ခေါက်အတွက် ကြိုဆိုနေမယ့်အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

လေးကြိမ်တိုင်တိုင် အိုလံပစ်ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ ဝီလီယံဟာ ပါရီမြို့မှာ ပြုလုပ်တဲ့ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ အရေးပါတဲ့ celebrity တစ်ယောက် ဖြစ်သလို အိုလံပစ်မီးရှူးတိုင်ကိုင်ဆောင်ရတဲ့ အားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Zawgyi Version;
အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ တင္းနစ္အားကစားမယ္ ဆီရီနာဝီလီယံ ပါရီ Peninsula Paris စားေသာက္ဆိုင္မွာ ေနရာမရခဲ့ျခင္းအတြက္ ဟိုတယ္မွ ျပန္ေတာင္းပန္ရ
ေရာင္နီ (NP News) - ၾသဂုတ္ ၈

ေလးႀကိမ္တိုင္တိုင္ အိုလံပစ္ေ႐ႊတံဆိပ္ဆု ရရွိထားသူ တင္းနစ္အားကစားမယ္ ဆီရီနာရဝီလီယံဟာ သူမရဲ႕မိသားစု နဲ႔ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕ရွိ Peninsula Paris ေခါင္မိုးထပ္စားေသာက္ဆိုင္မွာ ညစာသုံးေဆာင္ဖို႔ သြားေရာက္ခဲ့ေပမယ့္ ဆိုင္ဘက္က စားပြဲေနရာျပည့္ေနတယ္လို႔ဆိုကာ ျငင္းဆိုခဲ့တဲ့အတြက္ သူမက ဆိုရွယ္မီဒီယာမွာ post တင္ခဲ့ပါ တယ္။

ဆီရီနာရာ ဝီလီယံ တင္ခဲ့တဲ့ ဆိုရွယ္မီဒီယာ post ဟာ ၾကည့္ရႈသူ ၅ သန္းထိ ရွိခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေနာက္ပိုင္း တနလၤာေန႔ (ၾသဂုတ္ ၅ ရက္) မွာေတာ့ စားေသာက္ဆိုင္က အမွန္တကယ္ ဘိုကင္ေတြနဲ႔ျပည့္ေနခဲ့တာေၾကာင့္ ေတာင္းပန္ေၾကာင္း၊ ေနာက္တစ္ေခါက္အတြက္ ႀကိဳဆိုေနမယ့္အေၾကာင္း ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ေလးႀကိမ္တိုင္တိုင္ အိုလံပစ္ေ႐ႊတံဆိပ္ဆု ရရွိခဲ့တဲ့ ဝီလီယံဟာ ပါရီၿမိဳ႕မွာ ျပဳလုပ္တဲ့ အားကစားၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားမွာ အေရးပါတဲ့ celebrity တစ္ေယာက္ ျဖစ္သလို အိုလံပစ္မီးရႉးတိုင္ကိုင္ေဆာင္ရတဲ့ အားကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.