ရှမ်းမြောက်၌ နိုင်ငံတော်အလံများ တလွင့်လွင့်မလူတော့ပါ (ဆောင်းပါး)

 4545

မျိုုးမင်း(မကျည်းလဟာ) (NP News) - ဩဂုတ် ၁ဝ

'ဒီနိုင်ငံရဲ့သမိုင်းကို မင်နဲ့ရေးခဲ့တာမဟုတ်ဘူး။ ခင်ဗျားတို့ ကျုပ်တို့ ဘိုးဘေးတွေရဲ့ သွေးတွေနဲ့ ရေးခဲ့ကြရတာ။ ခင်ဗျားတို့ ကျုပ်တို့ လက်ထက်ကျမှ သေးနဲ့ရေးတဲ့သမိုင်း ဖြစ်သွားရတော့မှာလား'

သတိပြုမိကြမည်ထင်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ၌ နိုင်ငံ တော်အလံများ ဖြုတ်ချခံနေရ၏။ နိုင်ငံတော်အလံသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ အထိမ်းအမှတ်သရုပ်ဖြစ်သည်။ နိုင်ငံတော်အလံ တလူလူလွင့် နေသည့်နေရာတိုင်းသည် နိုင်ငံတော်၏ အချုပ်အခြာ တည်ရှိရာဖြစ်ပြီး နိုင်ငံတွင်း၌မွေးဖွားသော မည်သူမဆို နိုင်ငံတော်အလံရှိသည့်နေရာတွင်ခြေစုံရပ်၍ 'ဒါဟာ ကျုပ်တို့မွေးဖွားရာဇာတိမြေ'ဟု လည်ပင်းအကြောများ ပြိုင်းပြိုင်းထသည်အထိ နိုင်ငံတော်သီချင်းများသီဆိုရင်း လိုအပ်ပါက အသက်ပေးသင့်လျှင် ပေးရမည်ဖြစ်သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုင်ငံတော်အလံများ မရှိတော့ပြီ။

ကိုးကန့်သူပုန်၊ ပလောင်သူပုန်နှင့် ရခိုင်သူပုန်တို့ သည် (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ချင်းရွှေဟော်မှတစ်ဆင့် မြို့ရွာနယ်မြေ အသီးသီးကို (၂၀၂၃) ခုနှစ် အောက်တိုဘာ(၂၇)ရက်၌ ရုတ်တရက်ထိုးစစ်ဆင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။ သူပုန်ဟု ခေါ်ဆိုရခြင်းကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်လို ၏။ နိုင်ငံသားအချင်းချင်းကြားဖြစ်ပွားလေ့ရှိသော နိုင်ငံရေးအရတောင်းဆိုရမည့်ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှင်းရမည်ဖြစ်ပြီး လက်နက် စွဲကိုင်ပုန်ကန်ပါက ပုန်ကန်သူ သူပုန်အဖြစ်သာ သတ်မှတ်ရလေ့ရှိသည်။ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အာဏာရအစိုးရများက လမ်းပိတ်ထားခြင်းမရှိခဲ့ပေ။ မြောက်ပိုင်းမဟာမိတ်ဟု ၎င်းတို့ကိုယ်၎င်းတို့ သတ်မှတ်ခဲ့သော သူပုန်သုံးဖွဲ့သည် FPNCC ဟု ခေါ်ဆိုသော လက်နက်ကိုင်(၇)ဖွဲ့ထဲမှ သုံးဖွဲ့ဖြစ်ပြီး ၎င်းတို့ ၏ ခေါင်းကိုင်ဖခင်မှာ UWSA ခေါ် 'ဝ' တပ်ဖွဲ့ဖြစ်သည်။ ရှမ်းမြောက်ထိုးစစ်များတွင် အဆိုပါ(၇)ဖွဲ့ လုံး၏ ကြိုတင်သိရှိခြင်း၊ သဘောထားမှတ်ချက်များ ထားရှိခြင်းမပါဝင်ဘဲ မည်သို့မှ စတင်ကြမည်မဟုတ်ပေ။ FPNCC(၇)ဖွဲ့သည် တရုတ်နိုင်ငံ၏ ကျော ထောက်နောက်ခံ အဆက်အသွယ်ကောင်းများရှိထားသည့်အပြင် တရုတ်အစိုးရ သဘောမတူသော မည်သည့်အလုပ်ကိုမျှ လုပ်ရဲခြင်းလည်း မရှိကြပေ။ သက်သေဥပမာများအဖြစ် တရုတ်နှင့် ယခင်ရော ယခုပါ အစည်အဝေးအများအပြားက အကြိမ်ကြိမ်ပြခဲ့ ပြီးဖြစ်၏။ (၁၀၂၇)ကျူးကျော်စစ်သည် တရုတ်ကျော ထောက်နောက်ခံ(၇)ဖွဲ့ထံမှစတင်ခဲ့သော စစ်ဆင်ရေး ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဟုတ်မဟုတ်ကိုမူ အသိသာဆုံးသက်သေများက ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။ (၁၀၂၇) ပထမအကြိမ် ကျူး ကျော်စစ်အတွင်း မြို့ပေါင်း(၁၀)မြို့ထက်မနည်းသော ကိုးကန့်ဒေသနှင့် ပလောင်ဒေသတို့ကို နိုင်ငံတော်ကလက်လွှတ်လိုက်ရသည်။ လက်လွှတ်လိုက်ရသောမြို့များတွင် မြောက်ပိုင်းသူပုန်များက နိုင်ငံ တော်အလံကို လွှင့်ထူထားခြင်းရှိပါသလော (လုံးဝမရှိခဲ့ပါ)။ သို့ဆိုလျှင် နိုင်ငံတော်ဆိုသော စကားလုံးနှင့် အနှစ်သာရကို မြောက်ပိုင်းသူပုန်အဖွဲ့က လျစ်လျုရှုထားနိုင်ရခြင်းအကြောင်းအရင်းနောက်ခံမှာ မည်သူ့အတွက်ကြောင့်နည်း။ မြောက်ပိုင်းသူပုန်အဖွဲ့၏ပူးပေါင်းထုတ်ပြန်သောစာများတွင် နိုင်ငံတော်မှ ခွဲထွက်မည်မဟုတ်ဆိုသောစကားလုံးများ ပါဝင်ခဲ့သည်။ သို့သော် နိုင်ငံတော်အလံကို လွှင့်ထူရန်မူကား မည်သူ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်မသိ။ နိုင်ငံ ရေးအရ စစ်အာဏာရှင် သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်ထုတ်နေသည်ဟု ကြွေးကြော်သံများသည် မှန်ကန်သည်ဟု ယူဆရမည်လား။ သို့ဆိုလျှင် 'နိုင်ငံတော်အလံသည် စစ်အာဏာရှင်ဖြစ် ပါသလား၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်အလံ ဖြစ်နေပါသလား'ဟု မေးရမည်ပင်။ နိုင်ငံတော်အလံကိုလွှင့်ထူခြင်းထက် ကိုးကန့်ဒေသတွင် MNDAA အလံကိုသာ လွှင့်ထူထားသကဲ့သို့ TNLA ကလည်း ပလောင်ဒေသတွင်၎င်းတို့ အလံကိုသာ လွှင့်ထူထားလေသည်။ AA နှင့် KIA တို့သည်လည်း ဖော်ဆောင်ခဲ့သောတိုက်ပွဲများတွင် နိုင်ငံတော်အလံကိုလွှင့်ထူးမည့်အစား ၎င်းတို့အလံကိုသာ တလူလူလွှင့်ခဲ့ကြသည်။ ပို၍ဆိုးသည်ကား ခွေးတစ် ကောင်ကို နိုင်ငံတော်အလံ ပတ်ပေးထားခြင်းပင်။ ဆိုလိုသည်မှာ နိုင်ငံတော် အလံသည် ခွေးတစ်ကောင်ထံတွင်သာ တည်ရှိရမည်လော။ ခွေးတစ်ကောင်ကို နိုင်ငံတော်အလံပတ်ပေးထားခြင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာကို စော်ကားခြင်း သို့မဟုတ် နိုင်ငံတော်ကို မထီမဲ့မြင်ပြုခြင်းမဟုတ်လျှင် မည် သည့်အရာနည်း။ ထိုလုပ်ရပ်ကို တရုတ် ကျောထောက်နောက်ခံ FPNCC အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြ သည်။ မြန်မာလူထုသည် နာရမည့်နေရာတွင် မနာနိုင်တော့သည်အထိ မောဟများဖုံးလွှမ်း၍ အတ္တအမုန်းတ ရားများ မှားယွင်းစွာထားရှိနေတော့သည်။ ထိုအချက်သည် တရုတ်ကျောထောက်နောက်ခံ FPNCC အဖွဲ့ဝင်များအတွက် အခွင့်အရေးကောင်းဖြစ်လာ သည်ဟုဆိုနိုင်သည်။ (၂၀၂၁) နိုင်ငံရေးအခင်းအ ကျင်းသည် ရှမ်းမြောက်လက်နက်ကိုင်သူပုန်များအတွက် မဟာအခွင့်အရေးဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် မက်ခဲ့သော ခွဲထွက်ရေးအိပ်မက်ကို ဗမာသူပုန်များ၏လက်ဖြင့်ဆေးခြယ်ခွင့်ရခဲ့၏။ (၁၀၂၇) ကျူးကျော်စစ် မစတင်မီက ၎င်းတို့ တိုင်ပင်ခဲ့ကြမည်သေချာသည်။ ခေတ်အဆက်ဆက် ၎င်းတို့ တိုက်၍မနိုင်ခဲ့သော နိုင်ငံ့တပ်မတော်ကို အငှားလက်ဖြင့် ဓားထိုးရန်ပင်။ ၎င်းတို့ငှားမည့်လက်မှာ အညာဒေသမှ အညာသား ဗမာများပင်ဖြစ်၏။ တစ်ချက်ခုတ်လျှင် သုံးချက်မက ပြတ်မည်လည်းဖြစ်သည်။ ဗမာဗဟိုပြု စစ်အာဏာ ရှင်တော်လှန်ရေးခေါင်းစဉ်အောက်မှ လူငယ်များက လက်နက်၊ စစ်ပညာနှင့် အကူအညီများ လိုနေသည်။ ဗမာ ဗဟိုပြုလူငယ်များသည် မင်းတို့ကိုယ်၎င်းတို့ ခေတ်သစ်ဗိုလ်ချုပ်အောင်ဆန်းများဟု ထင်ကြ၏။ စစ်အာဏာရှင်တိုက်ထုတ်ရေးအတွက် တိုင်းရင်းသား ခေါင်းစဉ်အောက်မှ သူပုန်များနှင့်ပူးပေါင်းကြမည်။ ထို့နောက် စစ်အာဏာရှင်ကို တိုက်ထုတ်မည်။ ပြီး လျှင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်များကို ပြန် လည်ရှင်းလင်းမည်ဟု တွေးဆထားကြသည်။ ၎င်းတို့ ကဲ့သို့ပင် FPNCC အဖွဲ့များကလည်း ဗမာဗဟိုပြု လူငယ်များကို စစ်ပညာသင်ပေးပြီး လက်နက်တပ်ဆင်ပေးကာ စစ်အာဏာရှင်တိုက်ထုတ်ရေး ခေါင်းစဉ် ဖြင့် နယ်မြေများစိုးမိုးရန်ကြံစည်ထားကြသည်။ နယ်မြေများမရလျှင်ပင် ဗမာဗဟိုပြု လူငယ်အင်အားစု ပြိုကွဲမည်။ ထိုအချက်သည်ပင် ၎င်းတို့အတွက် ထိသွားစေသော ငှက်တစ်ကောင်ဖြစ်သည်။ နယ်မြေရရေးသည် ဒုတိယငှက်တစ်ကောင်ဖြစ်ပြီး တပ်မ တော်အင်အား ချည့်နဲ့သွားခြင်းက တတိယမြောက် ထိသွားသော ငှက်တစ်ကောင်ဖြစ်လာသည်။ ထို့အတွက် ခဲတစ်လုံးသာ FPNCC အင်အားစုတို့က လိုအပ်ခဲ့သည်။ ခေတ်သစ်ဗိုလ်ချုပ်အောင်ဆန်းများဟုအထင်ရှိခဲ့သော လူငယ်များသည်လည်း ရှမ်းမြောက်ဒေသတွင် ၎င်းတို့၏အသက်များကို မည် သည့်အတွက် ပေးခဲ့ရမှန်း သေချာစွာမသိကြပေ။ အဆိုးဆုံးမှာ ၎င်းတို့ပေးခဲ့ရသော အသက်များ သို့မဟုတ် ၎င်းတို့၏အလောင်းများပေါ်၌ နိုင်ငံတော် အလံအစား သူပုန်အလံများကသာ တလွင့်လွင့်လူ နေခြင်းပင်။ အချို့သော အောင်ဆန်းအတုများသည် သူပုန်တို့ကပေးသောရိက္ခာကို မစားရမနေနိုင်ဖြစ် လာသည်။ ထိုရိက္ခာခြောက်များသည် စိတ်ခွန်အား တက်ကြွစေပြီး ပင်ပန်းနွမ်းနယ်မှုမရှိဘဲ စွဲလမ်းမှုကို သာဖြစ်စေသည်။ မစားရလျှင်ကား ညှိုးငယ်ပိန်ချုံး၍ စိတ်ဂယောင်ချောက်ချားဖြစ်စေသည်။ ထိုအချိန်တွင် အောင်ဆန်းအိပ်မက်များ မရှိတော့ပေ။ (၁၀၂၇) ၏ ဒုတိယပိုင်းသည်ကား ရုပ်လုံးပို၍ပေါ်လာသည်။ MNDAA ၏ ထုတ်ပြန်ချက်တစ်ခု၌ တရုတ်အကျိုး စီးပွားကို ဦးတည်ရှေးရှုထားသည်။ ထိုအချက်ကို တရုတ်နိုင်ငံဘက်ကလည်း ပြတ်ပြတ်သားသား ငြင်း ဆိုခြင်းမရှိ။ လားရှိုးမြို့နှင့် ရှမ်းမြောက်တစ်ခွင်၌ တရုတ်နိုင်ငံသားများကိုသာ ကယ်ထုတ်ရမည်၊ တရုတ်လုပ်ငန်းများကို မထိရ၊ တရုတ်နိုင်ငံသား ဒဏ်ရာရသူများကို ရှာဖွေကုသပေးရမည် စသဖြင့် တရုတ်နိုင်ငံသားများ၏အကျိုးစီးပွားကိုသာ MNDAA တို့ အသည်းအသန်ထုတ်ပြန်ပေးနေရ သည်။ မြန်မာနိုင်ငံသား၏ အသက်သည်ကား ၎င်းတို့ ၏ခေါင်းထဲ၌ ရှိပုံမရ။ ရှမ်းမြောက်၌ သေဆုံးသွားရသော ဗမာဗဟိုပြု အညာသားလူငယ်များအတွက် ဝမ်းနည်းပေးခြင်း တစ်ခုမှ မရှိခဲ့ပေ။ ဗမာများ သေကို သေပေးရမည်ဟု မှတ်ယူထားပုံရသည်။ မြောက်ပိုင်းသုံးဖွဲ့၏ကြေညာချက်များတွင်လည်း ဗမာဗဟိုပြုလူ ငယ်များ၏ အသက်ပေးရမှုများကို တခုတ်တရအသိ အမှတ်ပြုခြင်းမရှိသကဲ့သို့ စစ်ဆင်ရေးများတွင် ဗမာဗဟိုပြုလူငယ်များ လုံးဝပါဝင်ခြင်း မရှိသယောင် ပြုမူပြနေသည်။ ထို့အတွက် ဗမာသူပုန်များသည် ခေါင်းစဉ်တပ်၍ သေပိုင်ခွင့်မရှိ၊ ဖြတ်လျှောက်အဆင့် ဖြင့်သာ မီးထိုးမှန်ထိုးကြေးဖြင့် အသက်ဆက်ရသည့် အနေအထားဖြစ်သွားသည်။ ဗမာသူပုန်ခေါင်းဆောင် များကလည်း ထိုအချက်ကို အံကြိတ်ခံနေခြင်းလော သို့မဟုတ် ကိုယ်ကျိုးစီးပွားအတ္တကြောင့် မသိကျိုး ကျွန်ပြုနေခြင်းလော မသေချာတော့ပေ။ သေချာသည်မှာ မြို့သိမ်းတိုက်ပွဲများ၌ ဗမာဗဟိုပြုလူငယ်များ၏ကိုယ်စားပြုအလံလည်း တပ်ဆင်လွှင့်ထူခွင့် ကောင်းမွန်စွာ မရရှိခဲ့ခြင်းပင်။ မဟာမိတ်များဟု ကင်ပွန်းတပ်ထားသူချင်းပင်လျှင် အမည်တံဆိပ်တပ် ပိုင်ခွင့်၊ အလံလွှင့်ထူတိုက်ပွဲဝင်ပိုင်ခွင့်မရှိလျှင် နိုင်ငံ တော်အလံကို ဦးထိပ်ပန်ဆင်ရေးဆိုသည်မှာ ခရစ်ယာန်နှင့်အစ္စလာမ် ပြဒါးတစ်လမ်း သံတစ်လမ်းသကဲ့သို့ ဖြစ်လာသည်။ FPNCC အဖွဲ့များသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုလားသည်ဟုပြောကြသည်။ မြန်မာနိုင်ငံ၏အစိတ်အပိုင်းများသာဖြစ်သည်ဟု နှုတ်အားဖြင့်ပြောကြသည်။ ကိုယ်အမူအရာနှင့် စိတ်အာရုံတို့တွင်မူ မြန်မာစာကို မစားတတ်ကြတော့ပေ။ မြန်မာမဆန်ချင်ကြတော့ပေ။ အစည်းအဝေးများကိုလည်း မြန်မာပြည်တွင် မလုပ်လိုကြတော့ပေ။ သုံးစွဲသောငွေကြေးများကိုလည်း အထင်ကြီးမှု သီးခြားဖြစ်လာသည်။ နိုင်ငံတော်သီ ချင်းသည်လည်း နားခါးလာပုံရသည်။ နိုင်ငံတော်အလံသည်လည်း ကြယ်နှင့်အနီရောင်မဟုတ်သဖြင့် ဦးညွှတ်ချင်ပုံမရကြတော့ပေ။ မြောက်ပိုင်း(၇)ဖွဲ့ထဲ တွင် UWSA က လူရည်အလည်ဆုံးဖြစ်ပြီး မည် သည့်အချိန်တွင်မဆို နိုင်ငံတော်အလံကို အလယ် ကောင်၌ထား၍ ဦးညွှတ်ပေးကြသည်။ သို့သော် ကိစ္စ ပြီးသည်နှင့် လုပ်ချင်ရာလုပ်ကြတော့သည်။ တစ်နည်း အားဖြင့် မြန်မာနိုင်ငံထဲမှ မြောက်ကိုရီးယားအသေးစား ဖြစ်မှန်းမသိ ဖြစ်လာသည်။ ၎င်းတို့နယ်ထဲသို့ နိုင်ငံ သားမှတ်ပုံတင်ကိုင်ထားသူတိုင်း လွတ်လပ်စွာ ဝင်ခွင့် မရတော့ပေ။ ၎င်းတို့ဒေသမှ မည်သည့်ပုဂ္ဂိုလ်မဆို ပြည်မသို့ ဥဒဟိုသွားလာနိုင်သော်လည်း ၎င်းတို့ ဒေသတွင်းသို့ ဝင်ရောက်ခွင့်ရရေးသည် တရုတ်ပြည် ရောက်နေသကဲ့သို့ဖြစ်လာသည်။ သို့သော် တရုတ် မှတ်ပုံတင်ကိုင်ထားပါက မြန်မာတစ်ဦးထက်ပို၍ အာဏာရှိလာပြန်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံသားတိုင်း နိုင်ငံတွင်း၌လွတ်လပ်စွာသွားလာခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား၏။ သို့သော် UWSA (ဝ) ဒေသတွင်းကား မရ။ သို့ဆိုလျှင် UWSA နယ်မြေသည် နိုင်ငံတော်အတွင်း၌ မတည် ရှိခြင်းကြောင့်လော။ NDAA ၊ MNDAA နှင့် TNLA ကလည်း အလားတူလုပ်ဆောင်လာသည်။ မကြာခင်တွင် မြောက်ပိုင်း(၇)ဖွဲ့လုံးက အလားတူ လုပ်လာမည်မှာ သေချာသည်။ တစ်နည်းအားဖြင့် ထို(၇)ဖွဲ့၏ အတွေးစိတ်ကူးထဲတွင် နိုင်ငံတော်မရှိခဲ့ သည်မှာ ကြာပြီဖြစ်၏။ နိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသား ဟူသော အသိစိတ်မျိုးရှိခဲ့ပါက ယခင်ကတည်းကပင် နယ်မြေများအတွင်းသို့ နိုင်ငံသားများ လွတ်လပ်စွာ သွားခွင့်ပြုရမည်ဖြစ်သည်။ မည်မျှပင် တိုက်ခိုက် နေရစေကာမူ နိုင်ငံတော်အလံကိုသာ ဦးထိပ်ပန်ဆင် ရမည်ဖြစ်သည်။ နိုင်ငံတော်သီချင်းကိုသာ သီဆိုရမည် ဖြစ်သည်။ နိုင်ငံသားအချင်းချင်းသာ စကားပြောရမည် ဖြစ်သည်။ ကြားခံနိုင်ငံတစ်ခုခု၏အလိုအတိုင်း လိုက် နာလုပ်ဆောင်ရမည်မဟုတ်။ သို့သော်လည်း နယ်မြေ များကိုကန့်သတ်ခဲ့ကြသည်။ ဗမာ မလာရ၊ ဗမာမှန် လျှင်ဖမ်းဆီးရမည်ဟု လုပ်ခဲ့ကြသည်။ နိုင်ငံတော်အ လံကို ခွေးကိုပတ်ပေးခဲ့ကြသည်။ နိုင်ငံတော်အလံကို မီးရှို့ကြသည်။ ခြေဖြင့်နင်းခဲ့ကြသည်။ နိုင်ငံတော် သီချင်းအစား တိုင်းရင်းသားစကား မဟုတ်သော နိုင် ငံခြားစကားများကိုသာပြောခဲ့ကြသည်။ နိုင်ငံသား အချင်းချင်း စကားပြောကြရမည့်အစား ကြားခံနိုင်ငံ တစ်ခုခုတွင်သာ ကြားခံနိုင်ငံ၏အမိန့်အတိုင်း စကား ပြောခဲ့ကြသည်။ အခြားသော သိသာထင်ရှားသည့်အချက်အလက်များစွာက ကြီးမားသောနိုင်ငံတော် သစ္စာဖောက်မှုကိုညွှန်းဆိုနေခဲ့သည်။ လားရှိုးတိုက် ပွဲများအပြီးတွင် နိုင်ငံတော်အလံသည် မြေခခဲ့ရသည်။ ကောက်ယူစိုက်ထူပေးမည့် တပ်မတော်သားများ လည်း ထိုမြေ၌မရှိကြတော့ပြီ။ ရှမ်းမြောက်ဒေသသည် နိုင်ငံတော်အလံ မြေခခဲ့ရာဒေသ သို့မဟုတ် နိုင်ငံ တော်အချုပ်အခြာအာဏာ မရှိတော့ရာဒေသအဖြစ် လက်ရှိခေါင်းဆောင်များလက်ထက်၌ သမိုင်းတွင် လာနိုင်သည်။ အကယ်၍ ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပါက လက်ရှိတပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များထံတွင်သာ တာဝန်ရှိတော့မည်ဖြစ်သည်။ နိုင်ငံ၏သမိုင်းသည် ဘောလ်ပင်ဖြင့် ရေးထိုးထားခဲ့ကြခြင်းမဟုတ်ပေ။ ခေတ်အဆက်ဆက်သော ဘိုးဘေးဘီဘင်များ၏ အသက်သွေးချွေးများဖြင့် ရင်းနှီးတည်ဆောက်ရေးထိုးခဲ့ကြရခြင်းဖြစ်၏။ ကျွနု်ပ်တို့ခေတ်ရောက်သည့် အချိန်၌ သေး(ကြောက်သဖြင့် သေးထွက်ကျခြင်း) ဖြင့်ရေးထိုးကြလျှင်ဖြင့် ရှက်ဖွယ်လိလိသာဖြစ်တော့ သည်။ မြန်မာတို့၏ သတ္တိသွေးသည်ကား အရောင်ပြောင်းခဲ့ကြလေပြီလားဟု မေးရမလိုပင်။

ရှမ်းမြောက်၌ နိုင်ငံတော်အလံများ တလွင့်လွင့်မလူ တော့ပါ။
ရှမ်းမြောက်၌ နိုင်ငံတော်အလံများ ဖြုတ်ချခံခဲ့ရပါပြီ။
ရှမ်းမြောက်၌ နိုင်ငံတော်အလံများ ဖယ်ရှားခံခဲ့ရပါပြီ။

zawgyi version
zawgyi version
ရွမ္းေျမာက္၌ ႏိုင္ငံေတာ္အလံမ်ား တလြင့္လြင့္မလူေတာ့ပါ (ေဆာင္းပါး)
မ်ိဳုးမင္း(မက်ည္းလဟာ) (NP News) - ဩဂုတ္ ၁ဝ

'ဒီႏိုင္ငံရဲ႕သမိုင္းကို မင္နဲ႔ေရးခဲ့တာမဟုတ္ဘူး။ ခင္ဗ်ားတို႔ က်ဳပ္တို႔ ဘိုးေဘးေတြရဲ႕ ေသြးေတြနဲ႔ ေရးခဲ့ၾကရတာ။ ခင္ဗ်ားတို႔ က်ဳပ္တို႔ လက္ထက္က်မွ ေသးနဲ႔ေရးတဲ့သမိုင္း ျဖစ္သြားရေတာ့မွာလား'

သတိျပဳမိၾကမည္ထင္သည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတိုက္ပြဲမ်ား၌ ႏိုင္ငံ ေတာ္အလံမ်ား ျဖဳတ္ခ်ခံေနရ၏။ ႏိုင္ငံေတာ္အလံသည္ ႏိုင္ငံတစ္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ အထိမ္းအမွတ္သ႐ုပ္ျဖစ္သည္။ ႏိုင္ငံေတာ္အလံ တလူလူလြင့္ ေနသည့္ေနရာတိုင္းသည္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ တည္ရွိရာျဖစ္ၿပီး ႏိုင္ငံတြင္း၌ေမြးဖြားေသာ မည္သူမဆို ႏိုင္ငံေတာ္အလံရွိသည့္ေနရာတြင္ေျခစုံရပ္၍ 'ဒါဟာ က်ဳပ္တို႔ေမြးဖြားရာဇာတိေျမ'ဟု လည္ပင္းအေၾကာမ်ား ၿပိဳင္းၿပိဳင္းထသည္အထိ ႏိုင္ငံေတာ္သီခ်င္းမ်ားသီဆိုရင္း လိုအပ္ပါက အသက္ေပးသင့္လွ်င္ ေပးရမည္ျဖစ္သည္။ သို႔ေသာ္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ႏိုင္ငံေတာ္အလံမ်ား မရွိေတာ့ၿပီ။

ကိုးကန႔္သူပုန္၊ ပေလာင္သူပုန္ႏွင့္ ရခိုင္သူပုန္တို႔ သည္ (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ခ်င္းေ႐ႊေဟာ္မွတစ္ဆင့္ ၿမိဳ႕႐ြာနယ္ေျမ အသီးသီးကို (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာ(၂၇)ရက္၌ ႐ုတ္တရက္ထိုးစစ္ဆင္ က်ဴးေက်ာ္တိုက္ခိုက္ခဲ့သည္။ သူပုန္ဟု ေခၚဆိုရျခင္းကို ႐ိုးရွင္းစြာ အဓိပၸာယ္ဖြင့္လို ၏။ ႏိုင္ငံသားအခ်င္းခ်င္းၾကားျဖစ္ပြားေလ့ရွိေသာ ႏိုင္ငံေရးအရေတာင္းဆိုရမည့္ျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္သာေျဖရွင္းရမည္ျဖစ္ၿပီး လက္နက္ စြဲကိုင္ပုန္ကန္ပါက ပုန္ကန္သူ သူပုန္အျဖစ္သာ သတ္မွတ္ရေလ့ရွိသည္။ ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းရန္ အာဏာရအစိုးရမ်ားက လမ္းပိတ္ထားျခင္းမရွိခဲ့ေပ။ ေျမာက္ပိုင္းမဟာမိတ္ဟု ၄င္းတို႔ကိုယ္၄င္းတို႔ သတ္မွတ္ခဲ့ေသာ သူပုန္သုံးဖြဲ႕သည္ FPNCC ဟု ေခၚဆိုေသာ လက္နက္ကိုင္(၇)ဖြဲ႕ထဲမွ သုံးဖြဲ႕ျဖစ္ၿပီး ၄င္းတို႔ ၏ ေခါင္းကိုင္ဖခင္မွာ UWSA ေခၚ 'ဝ' တပ္ဖြဲ႕ျဖစ္သည္။ ရွမ္းေျမာက္ထိုးစစ္မ်ားတြင္ အဆိုပါ(၇)ဖြဲ႕ လုံး၏ ႀကိဳတင္သိရွိျခင္း၊ သေဘာထားမွတ္ခ်က္မ်ား ထားရွိျခင္းမပါဝင္ဘဲ မည္သို႔မွ စတင္ၾကမည္မဟုတ္ေပ။ FPNCC(၇)ဖြဲ႕သည္ တ႐ုတ္ႏိုင္ငံ၏ ေက်ာ ေထာက္ေနာက္ခံ အဆက္အသြယ္ေကာင္းမ်ားရွိထားသည့္အျပင္ တ႐ုတ္အစိုးရ သေဘာမတူေသာ မည္သည့္အလုပ္ကိုမွ် လုပ္ရဲျခင္းလည္း မရွိၾကေပ။ သက္ေသဥပမာမ်ားအျဖစ္ တ႐ုတ္ႏွင့္ ယခင္ေရာ ယခုပါ အစည္အေဝးအမ်ားအျပားက အႀကိမ္ႀကိမ္ျပခဲ့ ၿပီးျဖစ္၏။ (၁၀၂၇)က်ဴးေက်ာ္စစ္သည္ တ႐ုတ္ေက်ာ ေထာက္ေနာက္ခံ(၇)ဖြဲ႕ထံမွစတင္ခဲ့ေသာ စစ္ဆင္ေရး ျဖစ္ၿပီး ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုအတြက္ ဟုတ္မဟုတ္ကိုမူ အသိသာဆုံးသက္ေသမ်ားက ႐ုပ္လုံးေပၚလာခဲ့ၿပီျဖစ္သည္။ (၁၀၂၇) ပထမအႀကိမ္ က်ဴး ေက်ာ္စစ္အတြင္း ၿမိဳ႕ေပါင္း(၁၀)ၿမိဳ႕ထက္မနည္းေသာ ကိုးကန႔္ေဒသႏွင့္ ပေလာင္ေဒသတို႔ကို ႏိုင္ငံေတာ္ကလက္လႊတ္လိုက္ရသည္။ လက္လႊတ္လိုက္ရေသာၿမိဳ႕မ်ားတြင္ ေျမာက္ပိုင္းသူပုန္မ်ားက ႏိုင္ငံ ေတာ္အလံကို လႊင့္ထူထားျခင္းရွိပါသေလာ (လုံးဝမရွိခဲ့ပါ)။ သို႔ဆိုလွ်င္ ႏိုင္ငံေတာ္ဆိုေသာ စကားလုံးႏွင့္ အႏွစ္သာရကို ေျမာက္ပိုင္းသူပုန္အဖြဲ႕က လ်စ္လ်ဳရႈထားႏိုင္ရျခင္းအေၾကာင္းအရင္းေနာက္ခံမွာ မည္သူ႔အတြက္ေၾကာင့္နည္း။ ေျမာက္ပိုင္းသူပုန္အဖြဲ႕၏ပူးေပါင္းထုတ္ျပန္ေသာစာမ်ားတြင္ ႏိုင္ငံေတာ္မွ ခြဲထြက္မည္မဟုတ္ဆိုေသာစကားလုံးမ်ား ပါဝင္ခဲ့သည္။ သို႔ေသာ္ ႏိုင္ငံေတာ္အလံကို လႊင့္ထူရန္မူကား မည္သူ႔ခြင့္ျပဳခ်က္ကို ေစာင့္ဆိုင္းေနသည္မသိ။ ႏိုင္ငံ ေရးအရ စစ္အာဏာရွင္ သို႔မဟုတ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို တိုက္ထုတ္ေနသည္ဟု ေႂကြးေၾကာ္သံမ်ားသည္ မွန္ကန္သည္ဟု ယူဆရမည္လား။ သို႔ဆိုလွ်င္ 'ႏိုင္ငံေတာ္အလံသည္ စစ္အာဏာရွင္ျဖစ္ ပါသလား၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္အလံ ျဖစ္ေနပါသလား'ဟု ေမးရမည္ပင္။ ႏိုင္ငံေတာ္အလံကိုလႊင့္ထူျခင္းထက္ ကိုးကန႔္ေဒသတြင္ MNDAA အလံကိုသာ လႊင့္ထူထားသကဲ့သို႔ TNLA ကလည္း ပေလာင္ေဒသတြင္၄င္းတို႔ အလံကိုသာ လႊင့္ထူထားေလသည္။ AA ႏွင့္ KIA တို႔သည္လည္း ေဖာ္ေဆာင္ခဲ့ေသာတိုက္ပြဲမ်ားတြင္ ႏိုင္ငံေတာ္အလံကိုလႊင့္ထူးမည့္အစား ၄င္းတို႔အလံကိုသာ တလူလူလႊင့္ခဲ့ၾကသည္။ ပို၍ဆိုးသည္ကား ေခြးတစ္ ေကာင္ကို ႏိုင္ငံေတာ္အလံ ပတ္ေပးထားျခင္းပင္။ ဆိုလိုသည္မွာ ႏိုင္ငံေတာ္ အလံသည္ ေခြးတစ္ေကာင္ထံတြင္သာ တည္ရွိရမည္ေလာ။ ေခြးတစ္ေကာင္ကို ႏိုင္ငံေတာ္အလံပတ္ေပးထားျခင္းသည္ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာကို ေစာ္ကားျခင္း သို႔မဟုတ္ ႏိုင္ငံေတာ္ကို မထီမဲ့ျမင္ျပဳျခင္းမဟုတ္လွ်င္ မည္ သည့္အရာနည္း။ ထိုလုပ္ရပ္ကို တ႐ုတ္ ေက်ာေထာက္ေနာက္ခံ FPNCC အဖြဲ႕ဝင္မ်ားက လုပ္ေဆာင္ခဲ့ၾက သည္။ ျမန္မာလူထုသည္ နာရမည့္ေနရာတြင္ မနာႏိုင္ေတာ့သည္အထိ ေမာဟမ်ားဖုံးလႊမ္း၍ အတၱအမုန္းတ ရားမ်ား မွားယြင္းစြာထားရွိေနေတာ့သည္။ ထိုအခ်က္သည္ တ႐ုတ္ေက်ာေထာက္ေနာက္ခံ FPNCC အဖြဲ႕ဝင္မ်ားအတြက္ အခြင့္အေရးေကာင္းျဖစ္လာ သည္ဟုဆိုႏိုင္သည္။ (၂၀၂၁) ႏိုင္ငံေရးအခင္းအ က်င္းသည္ ရွမ္းေျမာက္လက္နက္ကိုင္သူပုန္မ်ားအတြက္ မဟာအခြင့္အေရးျဖစ္ခဲ့ၿပီး ေခတ္အဆက္ဆက္ မက္ခဲ့ေသာ ခြဲထြက္ေရးအိပ္မက္ကို ဗမာသူပုန္မ်ား၏လက္ျဖင့္ေဆးျခယ္ခြင့္ရခဲ့၏။ (၁၀၂၇) က်ဴးေက်ာ္စစ္ မစတင္မီက ၄င္းတို႔ တိုင္ပင္ခဲ့ၾကမည္ေသခ်ာသည္။ ေခတ္အဆက္ဆက္ ၄င္းတို႔ တိုက္၍မႏိုင္ခဲ့ေသာ ႏိုင္ငံ့တပ္မေတာ္ကို အငွားလက္ျဖင့္ ဓားထိုးရန္ပင္။ ၄င္းတို႔ငွားမည့္လက္မွာ အညာေဒသမွ အညာသား ဗမာမ်ားပင္ျဖစ္၏။ တစ္ခ်က္ခုတ္လွ်င္ သုံးခ်က္မက ျပတ္မည္လည္းျဖစ္သည္။ ဗမာဗဟိုျပဳ စစ္အာဏာ ရွင္ေတာ္လွန္ေရးေခါင္းစဥ္ေအာက္မွ လူငယ္မ်ားက လက္နက္၊ စစ္ပညာႏွင့္ အကူအညီမ်ား လိုေနသည္။ ဗမာ ဗဟိုျပဳလူငယ္မ်ားသည္ မင္းတို႔ကိုယ္၄င္းတို႔ ေခတ္သစ္ဗိုလ္ခ်ဳပ္ေအာင္ဆန္းမ်ားဟု ထင္ၾက၏။ စစ္အာဏာရွင္တိုက္ထုတ္ေရးအတြက္ တိုင္းရင္းသား ေခါင္းစဥ္ေအာက္မွ သူပုန္မ်ားႏွင့္ပူးေပါင္းၾကမည္။ ထို႔ေနာက္ စစ္အာဏာရွင္ကို တိုက္ထုတ္မည္။ ၿပီး လွ်င္ တိုင္းရင္းသားလက္နက္ကိုင္သူပုန္မ်ားကို ျပန္ လည္ရွင္းလင္းမည္ဟု ေတြးဆထားၾကသည္။ ၄င္းတို႔ ကဲ့သို႔ပင္ FPNCC အဖြဲ႕မ်ားကလည္း ဗမာဗဟိုျပဳ လူငယ္မ်ားကို စစ္ပညာသင္ေပးၿပီး လက္နက္တပ္ဆင္ေပးကာ စစ္အာဏာရွင္တိုက္ထုတ္ေရး ေခါင္းစဥ္ ျဖင့္ နယ္ေျမမ်ားစိုးမိုးရန္ႀကံစည္ထားၾကသည္။ နယ္ေျမမ်ားမရလွ်င္ပင္ ဗမာဗဟိုျပဳ လူငယ္အင္အားစု ၿပိဳကြဲမည္။ ထိုအခ်က္သည္ပင္ ၄င္းတို႔အတြက္ ထိသြားေစေသာ ငွက္တစ္ေကာင္ျဖစ္သည္။ နယ္ေျမရေရးသည္ ဒုတိယငွက္တစ္ေကာင္ျဖစ္ၿပီး တပ္မ ေတာ္အင္အား ခ်ည့္နဲ႔သြားျခင္းက တတိယေျမာက္ ထိသြားေသာ ငွက္တစ္ေကာင္ျဖစ္လာသည္။ ထို႔အတြက္ ခဲတစ္လုံးသာ FPNCC အင္အားစုတို႔က လိုအပ္ခဲ့သည္။ ေခတ္သစ္ဗိုလ္ခ်ဳပ္ေအာင္ဆန္းမ်ားဟုအထင္ရွိခဲ့ေသာ လူငယ္မ်ားသည္လည္း ရွမ္းေျမာက္ေဒသတြင္ ၄င္းတို႔၏အသက္မ်ားကို မည္ သည့္အတြက္ ေပးခဲ့ရမွန္း ေသခ်ာစြာမသိၾကေပ။ အဆိုးဆုံးမွာ ၄င္းတို႔ေပးခဲ့ရေသာ အသက္မ်ား သို႔မဟုတ္ ၄င္းတို႔၏အေလာင္းမ်ားေပၚ၌ ႏိုင္ငံေတာ္ အလံအစား သူပုန္အလံမ်ားကသာ တလြင့္လြင့္လူ ေနျခင္းပင္။ အခ်ိဳ႕ေသာ ေအာင္ဆန္းအတုမ်ားသည္ သူပုန္တို႔ကေပးေသာရိကၡာကို မစားရမေနႏိုင္ျဖစ္ လာသည္။ ထိုရိကၡာေျခာက္မ်ားသည္ စိတ္ခြန္အား တက္ႂကြေစၿပီး ပင္ပန္းႏြမ္းနယ္မႈမရွိဘဲ စြဲလမ္းမႈကို သာျဖစ္ေစသည္။ မစားရလွ်င္ကား ညႇိဳးငယ္ပိန္ခ်ဳံး၍ စိတ္ဂေယာင္ေခ်ာက္ခ်ားျဖစ္ေစသည္။ ထိုအခ်ိန္တြင္ ေအာင္ဆန္းအိပ္မက္မ်ား မရွိေတာ့ေပ။ (၁၀၂၇) ၏ ဒုတိယပိုင္းသည္ကား ႐ုပ္လုံးပို၍ေပၚလာသည္။ MNDAA ၏ ထုတ္ျပန္ခ်က္တစ္ခု၌ တ႐ုတ္အက်ိဳး စီးပြားကို ဦးတည္ေရွးရႈထားသည္။ ထိုအခ်က္ကို တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပတ္ျပတ္သားသား ျငင္း ဆိုျခင္းမရွိ။ လားရႈိးၿမိဳ႕ႏွင့္ ရွမ္းေျမာက္တစ္ခြင္၌ တ႐ုတ္ႏိုင္ငံသားမ်ားကိုသာ ကယ္ထုတ္ရမည္၊ တ႐ုတ္လုပ္ငန္းမ်ားကို မထိရ၊ တ႐ုတ္ႏိုင္ငံသား ဒဏ္ရာရသူမ်ားကို ရွာေဖြကုသေပးရမည္ စသျဖင့္ တ႐ုတ္ႏိုင္ငံသားမ်ား၏အက်ိဳးစီးပြားကိုသာ MNDAA တို႔ အသည္းအသန္ထုတ္ျပန္ေပးေနရ သည္။ ျမန္မာႏိုင္ငံသား၏ အသက္သည္ကား ၄င္းတို႔ ၏ေခါင္းထဲ၌ ရွိပုံမရ။ ရွမ္းေျမာက္၌ ေသဆုံးသြားရေသာ ဗမာဗဟိုျပဳ အညာသားလူငယ္မ်ားအတြက္ ဝမ္းနည္းေပးျခင္း တစ္ခုမွ မရွိခဲ့ေပ။ ဗမာမ်ား ေသကို ေသေပးရမည္ဟု မွတ္ယူထားပုံရသည္။ ေျမာက္ပိုင္းသုံးဖြဲ႕၏ေၾကညာခ်က္မ်ားတြင္လည္း ဗမာဗဟိုျပဳလူ ငယ္မ်ား၏ အသက္ေပးရမႈမ်ားကို တခုတ္တရအသိ အမွတ္ျပဳျခင္းမရွိသကဲ့သို႔ စစ္ဆင္ေရးမ်ားတြင္ ဗမာဗဟိုျပဳလူငယ္မ်ား လုံးဝပါဝင္ျခင္း မရွိသေယာင္ ျပဳမူျပေနသည္။ ထို႔အတြက္ ဗမာသူပုန္မ်ားသည္ ေခါင္းစဥ္တပ္၍ ေသပိုင္ခြင့္မရွိ၊ ျဖတ္ေလွ်ာက္အဆင့္ ျဖင့္သာ မီးထိုးမွန္ထိုးေၾကးျဖင့္ အသက္ဆက္ရသည့္ အေနအထားျဖစ္သြားသည္။ ဗမာသူပုန္ေခါင္းေဆာင္ မ်ားကလည္း ထိုအခ်က္ကို အံႀကိတ္ခံေနျခင္းေလာ သို႔မဟုတ္ ကိုယ္က်ိဳးစီးပြားအတၱေၾကာင့္ မသိက်ိဳး ကြၽန္ျပဳေနျခင္းေလာ မေသခ်ာေတာ့ေပ။ ေသခ်ာသည္မွာ ၿမိဳ႕သိမ္းတိုက္ပြဲမ်ား၌ ဗမာဗဟိုျပဳလူငယ္မ်ား၏ကိုယ္စားျပဳအလံလည္း တပ္ဆင္လႊင့္ထူခြင့္ ေကာင္းမြန္စြာ မရရွိခဲ့ျခင္းပင္။ မဟာမိတ္မ်ားဟု ကင္ပြန္းတပ္ထားသူခ်င္းပင္လွ်င္ အမည္တံဆိပ္တပ္ ပိုင္ခြင့္၊ အလံလႊင့္ထူတိုက္ပြဲဝင္ပိုင္ခြင့္မရွိလွ်င္ ႏိုင္ငံ ေတာ္အလံကို ဦးထိပ္ပန္ဆင္ေရးဆိုသည္မွာ ခရစ္ယာန္ႏွင့္အစၥလာမ္ ျပဒါးတစ္လမ္း သံတစ္လမ္းသကဲ့သို႔ ျဖစ္လာသည္။ FPNCC အဖြဲ႕မ်ားသည္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို လိုလားသည္ဟုေျပာၾကသည္။ ျမန္မာႏိုင္ငံ၏အစိတ္အပိုင္းမ်ားသာျဖစ္သည္ဟု ႏႈတ္အားျဖင့္ေျပာၾကသည္။ ကိုယ္အမူအရာႏွင့္ စိတ္အာ႐ုံတို႔တြင္မူ ျမန္မာစာကို မစားတတ္ၾကေတာ့ေပ။ ျမန္မာမဆန္ခ်င္ၾကေတာ့ေပ။ အစည္းအေဝးမ်ားကိုလည္း ျမန္မာျပည္တြင္ မလုပ္လိုၾကေတာ့ေပ။ သုံးစြဲေသာေငြေၾကးမ်ားကိုလည္း အထင္ႀကီးမႈ သီးျခားျဖစ္လာသည္။ ႏိုင္ငံေတာ္သီ ခ်င္းသည္လည္း နားခါးလာပုံရသည္။ ႏိုင္ငံေတာ္အလံသည္လည္း ၾကယ္ႏွင့္အနီေရာင္မဟုတ္သျဖင့္ ဦးၫႊတ္ခ်င္ပုံမရၾကေတာ့ေပ။ ေျမာက္ပိုင္း(၇)ဖြဲ႕ထဲ တြင္ UWSA က လူရည္အလည္ဆုံးျဖစ္ၿပီး မည္ သည့္အခ်ိန္တြင္မဆို ႏိုင္ငံေတာ္အလံကို အလယ္ ေကာင္၌ထား၍ ဦးၫႊတ္ေပးၾကသည္။ သို႔ေသာ္ ကိစၥ ၿပီးသည္ႏွင့္ လုပ္ခ်င္ရာလုပ္ၾကေတာ့သည္။ တစ္နည္း အားျဖင့္ ျမန္မာႏိုင္ငံထဲမွ ေျမာက္ကိုရီးယားအေသးစား ျဖစ္မွန္းမသိ ျဖစ္လာသည္။ ၄င္းတို႔နယ္ထဲသို႔ ႏိုင္ငံ သားမွတ္ပုံတင္ကိုင္ထားသူတိုင္း လြတ္လပ္စြာ ဝင္ခြင့္ မရေတာ့ေပ။ ၄င္းတို႔ေဒသမွ မည္သည့္ပုဂၢိဳလ္မဆို ျပည္မသို႔ ဥဒဟိုသြားလာႏိုင္ေသာ္လည္း ၄င္းတို႔ ေဒသတြင္းသို႔ ဝင္ေရာက္ခြင့္ရေရးသည္ တ႐ုတ္ျပည္ ေရာက္ေနသကဲ့သို႔ျဖစ္လာသည္။ သို႔ေသာ္ တ႐ုတ္ မွတ္ပုံတင္ကိုင္ထားပါက ျမန္မာတစ္ဦးထက္ပို၍ အာဏာရွိလာျပန္သည္။ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒတြင္ ႏိုင္ငံသားတိုင္း ႏိုင္ငံတြင္း၌လြတ္လပ္စြာသြားလာခြင့္ရွိသည္ဟု ျပ႒ာန္းထား၏။ သို႔ေသာ္ UWSA (ဝ) ေဒသတြင္းကား မရ။ သို႔ဆိုလွ်င္ UWSA နယ္ေျမသည္ ႏိုင္ငံေတာ္အတြင္း၌ မတည္ ရွိျခင္းေၾကာင့္ေလာ။ NDAA ၊ MNDAA ႏွင့္ TNLA ကလည္း အလားတူလုပ္ေဆာင္လာသည္။ မၾကာခင္တြင္ ေျမာက္ပိုင္း(၇)ဖြဲ႕လုံးက အလားတူ လုပ္လာမည္မွာ ေသခ်ာသည္။ တစ္နည္းအားျဖင့္ ထို(၇)ဖြဲ႕၏ အေတြးစိတ္ကူးထဲတြင္ ႏိုင္ငံေတာ္မရွိခဲ့ သည္မွာ ၾကာၿပီျဖစ္၏။ ႏိုင္ငံေတာ္၊ ႏိုင္ငံသူ ႏိုင္ငံသား ဟူေသာ အသိစိတ္မ်ိဳးရွိခဲ့ပါက ယခင္ကတည္းကပင္ နယ္ေျမမ်ားအတြင္းသို႔ ႏိုင္ငံသားမ်ား လြတ္လပ္စြာ သြားခြင့္ျပဳရမည္ျဖစ္သည္။ မည္မွ်ပင္ တိုက္ခိုက္ ေနရေစကာမူ ႏိုင္ငံေတာ္အလံကိုသာ ဦးထိပ္ပန္ဆင္ ရမည္ျဖစ္သည္။ ႏိုင္ငံေတာ္သီခ်င္းကိုသာ သီဆိုရမည္ ျဖစ္သည္။ ႏိုင္ငံသားအခ်င္းခ်င္းသာ စကားေျပာရမည္ ျဖစ္သည္။ ၾကားခံႏိုင္ငံတစ္ခုခု၏အလိုအတိုင္း လိုက္ နာလုပ္ေဆာင္ရမည္မဟုတ္။ သို႔ေသာ္လည္း နယ္ေျမ မ်ားကိုကန႔္သတ္ခဲ့ၾကသည္။ ဗမာ မလာရ၊ ဗမာမွန္ လွ်င္ဖမ္းဆီးရမည္ဟု လုပ္ခဲ့ၾကသည္။ ႏိုင္ငံေတာ္အ လံကို ေခြးကိုပတ္ေပးခဲ့ၾကသည္။ ႏိုင္ငံေတာ္အလံကို မီးရႈိ႕ၾကသည္။ ေျချဖင့္နင္းခဲ့ၾကသည္။ ႏိုင္ငံေတာ္ သီခ်င္းအစား တိုင္းရင္းသားစကား မဟုတ္ေသာ ႏိုင္ ငံျခားစကားမ်ားကိုသာေျပာခဲ့ၾကသည္။ ႏိုင္ငံသား အခ်င္းခ်င္း စကားေျပာၾကရမည့္အစား ၾကားခံႏိုင္ငံ တစ္ခုခုတြင္သာ ၾကားခံႏိုင္ငံ၏အမိန႔္အတိုင္း စကား ေျပာခဲ့ၾကသည္။ အျခားေသာ သိသာထင္ရွားသည့္အခ်က္အလက္မ်ားစြာက ႀကီးမားေသာႏိုင္ငံေတာ္ သစၥာေဖာက္မႈကိုၫႊန္းဆိုေနခဲ့သည္။ လားရႈိးတိုက္ ပြဲမ်ားအၿပီးတြင္ ႏိုင္ငံေတာ္အလံသည္ ေျမခခဲ့ရသည္။ ေကာက္ယူစိုက္ထူေပးမည့္ တပ္မေတာ္သားမ်ား လည္း ထိုေျမ၌မရွိၾကေတာ့ၿပီ။ ရွမ္းေျမာက္ေဒသသည္ ႏိုင္ငံေတာ္အလံ ေျမခခဲ့ရာေဒသ သို႔မဟုတ္ ႏိုင္ငံ ေတာ္အခ်ဳပ္အျခာအာဏာ မရွိေတာ့ရာေဒသအျဖစ္ လက္ရွိေခါင္းေဆာင္မ်ားလက္ထက္၌ သမိုင္းတြင္ လာႏိုင္သည္။ အကယ္၍ ျပန္လည္သိမ္းပိုက္ႏိုင္ျခင္း မရွိခဲ့ပါက လက္ရွိတပ္မေတာ္ေခါင္းေဆာင္မ်ား၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အစိုးရအဖြဲ႕ဝင္မ်ားထံတြင္သာ တာဝန္ရွိေတာ့မည္ျဖစ္သည္။ ႏိုင္ငံ၏သမိုင္းသည္ ေဘာလ္ပင္ျဖင့္ ေရးထိုးထားခဲ့ၾကျခင္းမဟုတ္ေပ။ ေခတ္အဆက္ဆက္ေသာ ဘိုးေဘးဘီဘင္မ်ား၏ အသက္ေသြးေခြၽးမ်ားျဖင့္ ရင္းႏွီးတည္ေဆာက္ေရးထိုးခဲ့ၾကရျခင္းျဖစ္၏။ ကြၽႏု္ပ္တို႔ေခတ္ေရာက္သည့္ အခ်ိန္၌ ေသး(ေၾကာက္သျဖင့္ ေသးထြက္က်ျခင္း) ျဖင့္ေရးထိုးၾကလွ်င္ျဖင့္ ရွက္ဖြယ္လိလိသာျဖစ္ေတာ့ သည္။ ျမန္မာတို႔၏ သတၱိေသြးသည္ကား အေရာင္ေျပာင္းခဲ့ၾကေလၿပီလားဟု ေမးရမလိုပင္။

ရွမ္းေျမာက္၌ ႏိုင္ငံေတာ္အလံမ်ား တလြင့္လြင့္မလူ ေတာ့ပါ။
ရွမ္းေျမာက္၌ ႏိုင္ငံေတာ္အလံမ်ား ျဖဳတ္ခ်ခံခဲ့ရပါၿပီ။
ရွမ္းေျမာက္၌ ႏိုင္ငံေတာ္အလံမ်ား ဖယ္ရွားခံခဲ့ရပါၿပီ။

Picture

thanoo shin

11/08/2024 21:51

မြန်မြန် ပြန်တိုက်ယူသင့်ပြီ

Related news

© 2021. All rights reserved.