ပေကျင်းက ထိန်းချုပ်ရန် ခြေလှမ်းပြင်နေသည့် ဘင်္ဂလားပင်လယ်အော် အနာဂတ် အခြေအနေ

 3805

Htay Oung (NP News) - ဩဂုတ် ၁၂

၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြင်းထန်တဲ့ လူထုဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဆန္ဒအလျောက် ပြည်ပသို့ ထွက်ခွာသွားခြင်းအားဖြင့် အဝါမီလိခ်ပါတီအစိုးရ ပြိုလဲသွားခဲ့ပါတယ်။ အခုလို အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းနာက်ကွယ်မှာ အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းငယ်လေးရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို သူတို့လက်တွင်းထိုးအပ်ပေးခြင်း မရှိလို့သာ ဖြစ်ရကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောပြတယ်လို့ “ယူရိုအေးရှားတိုင်းမ်”က ဩဂုတ်လ ၁၁ ရက်မှာ ရေးသားပါတယ်။

ဘင်္ဂလားပင်လယ်အော်ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်မှ အင်ဒိုနီး ရှားနိုင်ငံရဲ့အနောက်ဘက်တိုင်အောင် ကျယ်ဝန်းပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့က ဝိုင်းပတ်ထားပါတယ်။ အာဖရိက-အရှေ့အလယ်ပိုင်းဒေသနဲ့ တရုတ်-ဂျပန်-ကိုရီးယားနိုင်ငံတို့ကို ဆက်သွယ်ပေးရာ ရေပြင်ဖြစ်ပြီး ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ထက်ဝက်ခန့်ဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း သွားရပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မလက္ကာရေလက်ကြား ဝင်ထွက်ပေါက်ကို အပေါ်စီးမှ ရှုမြင်နိုင်ပါတယ်။

စစ်ရေး စီးပွားရေး အင်အားကြီးထွားလာခြင်းနဲ့အတူ ငါတကော ကောလာတဲ့ တရုတ်ရဲ့ ခြေလှမ်းများကို စောင့် ကြည့်ဖို့အတွက် “ပွင့်လင်း-လွတ်လပ်-အားလုံးပါဝင်တဲ့ အင်ဒိုပစိဖိတ်ဒေသကြီး ဖြစ်မြောက်ရေး” ခေါင်းစဉ်လှ လှလေးပေးထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအရ ဘင်္ဂလားပင်လယ်အော်ဟာ မရှိမဖြစ် လိုအပ်ပါ တယ်။ တစ်ဖက်မှာလည်း ကျယ်ပြောလှတဲ့ အဲ့ဒီရေပြင်ကြီးရဲ့ စီးပွားရေး၊ သံတမန်ရေး၊ လုံခြုံရေးဆိုင်ရာ အရေး ပါမှုဟာ အမေရိကန်အတွက်သာမက တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ ရုရှားတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံများကိုလည်း ဆွဲဆောင်နေတယ်လို့ ဂျာမနီနိုင်ငံ “အားဖွတ်တက္ကသိုလ်” ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် “ရီသူး ရှားမား” က ဆိုပါတယ်။

ပင်လယ်အော်အတွင်း ၁.၁၆ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းဟာ ကော့ခ်ဘ ဇား-တက္ကနဖ်ကျွန်းဆွယ်တောင်ဘက် ၅ မိုင်ခန့်အကွာမှာ တည်ရှိပြီး (တရုတ်နဲ့ နီးစပ်တယ်လို့ ကမ္ဘာက သိရှိ ထားသူ) မြန်မာနိုင်ငံရဲ့ ရခိုင်မောင်တောကမ်းရိုးတန်းမှ ၅ မိုင်ခန့်သာ ဝေးပါတယ်။ အဲ့ဒီကျွန်းငယ်လေးကို အမေရိကန်က မျက်စိကျလျက်ရှိကြောင်း ကောလဟလ သတင်းများ ထွက်ပေါ်နေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အတိအကျ ပြောရလျှင် ၂၀၀၃ ခုနှစ်ကတည်းကဖြစ်ပြီး စိန့်မာတင်ကျွန်းပေါ်မှာဖြစ်စေ၊ စစ်တကောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြားတစ်နေရာရာမှာဖြစ်စေ စစ်အခြေစိုက်စခန်းအတွက် နေရာငှားရမ်းနိုင်ဖို့ ဝါရှင်တန်အနေနဲ့ အသည်းအသန်ဖြစ်နေကြောင်း နိုင်ငံတကာ မီဒီယာများက ရေးသားခဲ့ကြပါတယ်။ ဒါကာမြို့ အမေရိကန်သံအမတ်ကြီးကတော့ အဲ့ဒီသတင်းများ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ တောင်အာရှနိုင်ငံများအတွင်း ဒီမိုကရေစီမြှင့်တင်ရေး ဖိအားပေးနေတဲ့ အမေရိကန်နဲ့ ရှိတ်ဟာစီနာအ စိုးရတို့ဟာ အစေးမကပ်နိုင်ပဲ ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ တောင်အာရှနိုင်ငံအတွင်း ဒီမိုကရေစီမြှင့့်တင်ရေး အချက်အချာဖြစ်စေလိုသူ အမေရိကန်နဲ့ ယေဘူယျအားဖြင့် လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ ဆိုရပါ လိမ့်မယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဝါရှင်တန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ RAB ခေါ် လျှပ်တပြက်တုန့်ပြန်ရေး အထူးလုံခြုံရေးတပ်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားလက်လွတ် သတ်ဖြတ်ကြောင်း စွပ်စွဲချက်များနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သူတို့ရဲ့အရေးယူမှုကို စံနမူနာယူကြရန် ဝါရှင်တန်ရဲ့ ရှင်းလင်းချက်ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာစေပြီး ရှိတ်ဟာစီ နာအစိုးရအ တွက်လည်း ရုရှား-တရုတ်တို့နဲ့ ပိုမိုနီးကပ်စေရန် တွန်းပို့လိုက်သလို ဖြစ်သွားရပါတယ်။

ယခုနှစ်ဆန်းပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လေးကြိမ်မြောက်အဖြစ် ဆက်လက် အာဏာရရှိခဲ့ပါတယ်။ အဓိက BNP နဲ့ အတိုက်အခံပါတီများက သပိတ်မှောက်ခဲ့တဲ့ အဲ့ဒီရွေးကောက်ပွဲဟာ စင်းလုံးချောတော့ မရှိခဲ့ပါဘူး၊ ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိကြောင်း အနောက်အုပ်စုက ရှုတ်ချခဲ့ပြီး ပြည်တွင်းမှာလည်း ကန့်ကွက်မှုများ ရှိခဲ့ပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာ အနှောက်အယှက်မရှိ ပြန်လည်အရွေးခံလိုလျှင် ဘင်္ဂလာဒေ့ရ်ှပိုင်နက်အတွင်း စစ်စခန်း အခြေစိုက်ခွင့်ပြုခြင်းနဲ့ အပေးအယူလုပ်ရန် အနောက်နိုင်ငံများက သူကို ကမ်းလှမ်းခဲ့တယ်လို့ ပြည်တွင်း ဆန္ဒ ပြပွဲများ ပြင်းထန်လာခြင်း မတိုင်မီ ၁၄ ပါတီ မဟာမိတ်အဖွဲ့အစည်းအဝေးမှာ ရှိတ်ဟာစီနာက ထုတ်ပြောခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းသူဟာ အမေရိကန် ဖြစ်တယ်လို့တော့ အတိအကျ မဆိုခဲ့ပါဘူး။

လေတပ်စခန်းအတွက် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က “ လူဖြူတစ်ယောက်က ကမ်းလှမ်းခဲ့တယ်” လို့ ဆိုခဲ့ပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြောင်း တွေ့ မြင်ခဲ့ရပါတယ်။ အပေးအယူကိစ္စကို လက်မခံခဲ့တဲ့အတွက်နဲ့ ဒီအကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့လျှင် တစ်ခုခုဖြစ်လာနိုင်တာကို စောင်းပါးရိပ်ခြည် ပြောပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ စစ်အခြေစိုက်စခန်းဖွင့်ဖို့ ပြည်ပ နိုင်ငံတစ်နိုင်ငံကို ခွင့်ပြုရမယ့်ကိစ္စဟာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ သူ သိပါကြောင်း၊ တကယ်လို့ ကမ်း လှမ်းချက်ကို လက်ခံခဲ့လျှင် ယခုလို အစိုးရဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုများ ဖြစ်လာနိုင်စရာ မရှိကြောင်း ပြောပြခဲ့ပါတယ်။

စိန့်မာတင်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပါလီမန်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်အ လုပ်သမားပါတီ ဥက္ကဌ ရာရှစ်ခန်းမီနွန်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန် အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် ဗီဇာကန့်သတ်ချက်အသစ်ကို ပြဌာန်းစရာရှိကြောင်း ပြောဆိုနေစဉ်ဖြစ်ပါတယ်။ စိန့်မာတင်ကျွန်း ကိစ္စ မကျေနပ်တဲ့ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အဝါမီလိခ်ပါတီအပေါ် လူထုက ဒေါသထွက်ပြီး အစိုးရ အပြောင်းအလဲဖန်တီးဖို့ နည်းဗျူဟာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။ ၂၀၂၄-ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု မရှိနိုင်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးချင်းစီအပေါ် ပြည်ဝင်ခွင့် ငြင်း ပယ်လိုက်ကြောင်း စက်တင်ဘာလမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်က ကြေညာခဲ့ပါတယ်။

စိန့်မာတင်ကျွန်းကို “နရီကယ်ဂျင်ဂျီရာ” သို့မဟုတ် “ဒါရူချယ်နီ ဒွစ်” (အုန်းကျွန်း) လို့ ခေါ်ကြပါတယ်။ ဘင်္ဂ လားဒေ့ရှ်ပိုင် ဖြစ်တဲ့ အဲ့ဒီကျွန်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အလယ်သံကျော်နဲ့ မျက်နှာချင်းဆိုင်ပင်လယ် ပြင်မှာ တည်ရှိပါတယ်။ ( တရုတ်နဲ့ ပိုမိုနီးစပ်ကြောင်း လူသိများတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက် ဘူးသီးတောင်နဲ့ မောင်တောမြို့များရှိ မြန်မာနယ်ခြားစောင့်ကင်းစခန်းများကို ဝင် ရောက်တိုက်ခိုက်ခဲ့ပါတယ်။၂၀၂၃-ခုနှစ်မှာ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ အိန္ဒိယ ကုလားတန်စီမံကိန်း အသက်သွေးကြော ပလက်ဝမြို့နယ်များကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။)

အဲဒီဖြစ်ရပ်များဟာ ၂၀၂၃-ခုနှစ် ကော့ခ်ဘဇားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးရေငုပ်သင်္ဘောအခြေစိုက်စ ခန်း “ဘီအန်အက်စ် ရှိတ်ဟာစီနာ ”ကို ဖွင့်လှစ်ခြင်းများနဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီခေတ်မီရေတပ်စခန်း ဟာ တရုတ်အကူအညီနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေငုပ်သင်္ဘော ၆-စင်းနဲ့ စစ်သင်္ဘော ၈-စင်းအထိ တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်ပါတယ်။ ဒါကာအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ရေငုပ်သင်္ဘော (၂)စင်းပိုင်ဆိုင် လာပြီဖြစ်တဲ့အတွက် သူ့ရဲ့ ရေပြင်ပိုင်နက်ကာကွယ်ရေးအတွက် လိုအပ်နေပါတယ်။ “ဘင်္ဂလားပင်လယ်အော်အတွင်း ဖြတ်သန်းသွားလာတဲ့ သင်္ဘောများကိုလည်း အကျိုးရှိစေလိမ့်မယ်လို့ ရှိတ်ဟာစီနာက ပြောပါတယ်။ အဓိပ္ပါယ်ကတော့ အနာဂါတ်ကာလ တရုတ်ရေငုပ်သင်္ဘောများလည်း အခြေစိုက်စခန်းမှာ ဆိုက်ကပ်နိုင်တယ် လို့ ဆိုလိုရာရောက်ပါတယ်။ ဒီအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ထောက်လှမ်းရေး သင်္ဘောများကို စောင့်ကြည့်နေတဲ့ အမေရိကန်တွက် စိန့်မာတင်ကျွန်းဟာ ပိုပြီး အရေးကြီးလာပါတယ်။

အိန္ဒိယ၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြားမှာ တည်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဟာ တရုတ်နဲ့ အမေရိ ကန်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်ကြမယ့် ရေပြင်ဖြစ်လာပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေ လက်ကြားကို စောင့်ကြည့်ရာမှာ အမေရိကန်အတွက် ဘင်္ဂလားပင်လယ်အော်အတွင်း စစ်အခြေစိုက်စခန်း တစ်ခုခုဟာ အမာခံ ခြေကုတ်သဖွယ် အားဖြည့်ပေးပါလိမ့်မယ်။

ပစိဖိတ်သမုဒ္ဒရာဘက်တစ်ခုတည်းသာ ထွက်ပေါက်ရှိတဲ့ တရုတ်အနေနဲ့လည်း သူရဲ့ ရေကြောင်းပထဝီဝင်အား နည်းချက်ကို သိရှိနားလည်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်ရန် အချိန်အတော်ကြာ ကြိုးပမ်းနေခဲ့ ပါတယ်။ ( မြန်မာနိုင်ငံ တရုတ်နဲ့ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသမြို့ကြီးအတော်များများဟာ ပေကျင်းက သြဇာ ညောင်းတဲ့ မြောက် ၃-ဖွဲ့လက်တွင်း ကျရောက်နေပြီး ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းအထိ AA က စိုးမိုးထားပါ တယ်။) ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်ဝင်ရောက်ဖို့ အဆင်ပြေနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရှိတ်ဟာစီနာ ထွက်ပြေးသွားရပြီးနောက် အပြောင်းအလဲ ဖြစ်ဖွယ်ရှိပါတယ်။

တရုတ်နဲ့ တရားဝင်စစ်ခင်းခဲ့ဖူးပြီး လောလောဆယ်မှာလည်း နယ်ခြားအငြင်းပွားမှုများကြောင့် ဆက်ဆံရေး တင်းမာနေရတဲ့ အိန္ဒိယအတွက်ကတော့ ပေကျင်းရဲ့ နောက်ဖေးထွက်ပေါက်မှာ အမေရိကန်ရောက်လာမယ့်အ ရေးဟာ သူ့ဘက်က ကြည့်ရင် ကျေနပ်စရာကြီးပဲ ဖြစ်ပါတယ်။

(လွန်ခဲ့တဲ့ ဇူလိုင် ၃၁ ရက် ဟိုင်ဂင်တွေ့ဆုံပွဲကို တက်ရောက်ရန် နစကဘက်က ဖျက်သိမ်းလိုက်ပြီးနောက် သြဂုတ်လ ၈-ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းဟာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီရက် မတိုင်မီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးမြို့၊ မိုးကုတ်နဲ့ စဉ့်ကူးမြိုများကို တပ်မတော်က လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

တိန့်ရှီကျွမ်း ပြန်သွားပြီးနောက် တပ်မတော်ရဲ့ လောက်ကိုင်၊ သိန္တွီ၊ ကွတ်ခိုင်မြို့များကို ဗုံးကြဲတိုက်ခိုက်နေခြင်း လည်း ရပ်ဆိုင်းသွားကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်လက်နက်ကိုင်များရဲ့ မြေပြင်ထိုး စစ် များကတော့ ရပ်တန့်သွားခြင်း မရှိပါဘူး၊ နောင်ချို ကျောက်မဲ သီပေါမြို့နယ်များအတွင်း တပ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်လာပြီး ကျောက်ဆည်လွင်ပြင် တောင်ဘက်ဝင်ထွက်ပေါက် နွားထိုးကြီးကို သိမ်းယူရန် ကြိုးစားခြင်းဖြင့် မန္တလေးနဲ့ ပြင်ဦးလွင်တို့ကို ခြိမ်းခြောက်လာပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်)

(Euro Asia Times., 11 Aug 2024,” US-China ‘Great Game’: Beijing’s Plan To Control World’s Largest ‘Bay Of Bengal’ Shattered By Hasina’s Exit?” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ေပက်င္းက ထိန္းခ်ဳပ္ရန္ ေျခလွမ္းျပင္ေနသည့္ ဘဂၤလားပင္လယ္ေအာ္ အနာဂတ္ အေျခအေန
Htay Oung (NP News) - ဩဂုတ္ ၁၂

၂၀၂၄ ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ျပင္းထန္တဲ့ လူထုဆႏၵျပပြဲမ်ားျဖစ္ပြားၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ ဆႏၵအေလ်ာက္ ျပည္ပသို႔ ထြက္ခြာသြားျခင္းအားျဖင့္ အဝါမီလိခ္ပါတီအစိုးရ ၿပိဳလဲသြားခဲ့ပါတယ္။ အခုလို အရွက္တကြဲ အက်ိဳးနည္းျဖစ္ရျခင္းနာက္ကြယ္မွာ အေမရိကန္ႏိုင္ငံ ပါဝင္ပတ္သက္ေနတယ္လို႔ ယုံၾကည္ေၾကာင္း၊ ဘဂၤလားပင္လယ္ေအာ္အတြင္းရွိ ကြၽန္းငယ္ေလးရဲ႕ အခ်ဳပ္အျခာနယ္ေျမပိုင္ဆိုင္မႈကို သူတို႔လက္တြင္းထိုးအပ္ေပးျခင္း မရွိလို႔သာ ျဖစ္ရေၾကာင္း ဝန္ႀကီးခ်ဳပ္ေဟာင္းက ေျပာျပတယ္လို႔ “ယူ႐ိုေအးရွားတိုင္းမ္”က ဩဂုတ္လ ၁၁ ရက္မွာ ေရးသားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ဟာ ကမာၻ႔အႀကီးဆုံး ပင္လယ္ေအာ္ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ အေရွ႕ဘက္မွ အင္ဒိုနီး ရွားႏိုင္ငံရဲ႕အေနာက္ဘက္တိုင္ေအာင္ က်ယ္ဝန္းၿပီး ဘဂၤလားေဒ့ရွ္၊ သီရိလကၤာနဲ႔ ျမန္မာႏိုင္ငံတို႔က ဝိုင္းပတ္ထားပါတယ္။ အာဖရိက-အေရွ႕အလယ္ပိုင္းေဒသနဲ႔ တ႐ုတ္-ဂ်ပန္-ကိုရီးယားႏိုင္ငံတို႔ကို ဆက္သြယ္ေပးရာ ေရျပင္ျဖစ္ၿပီး ကမာၻ႔ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈရဲ႕ထက္ဝက္ခန႔္ဟာ ဘဂၤလားပင္လယ္ေအာ္ကို ျဖတ္သန္း သြားရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္နဲ႔ ဆက္စပ္ေနတဲ့ မလကၠာေရလက္ၾကား ဝင္ထြက္ေပါက္ကို အေပၚစီးမွ ရႈျမင္ႏိုင္ပါတယ္။

စစ္ေရး စီးပြားေရး အင္အားႀကီးထြားလာျခင္းနဲ႔အတူ ငါတေကာ ေကာလာတဲ့ တ႐ုတ္ရဲ႕ ေျခလွမ္းမ်ားကို ေစာင့္ ၾကည့္ဖို႔အတြက္ “ပြင့္လင္း-လြတ္လပ္-အားလုံးပါဝင္တဲ့ အင္ဒိုပစိဖိတ္ေဒသႀကီး ျဖစ္ေျမာက္ေရး” ေခါင္းစဥ္လွ လွေလးေပးထားတဲ့ အေမရိကန္ရဲ႕ ႏိုင္ငံျခားေရး မူဝါဒအရ ဘဂၤလားပင္လယ္ေအာ္ဟာ မရွိမျဖစ္ လိုအပ္ပါ တယ္။ တစ္ဖက္မွာလည္း က်ယ္ေျပာလွတဲ့ အဲ့ဒီေရျပင္ႀကီးရဲ႕ စီးပြားေရး၊ သံတမန္ေရး၊ လုံၿခဳံေရးဆိုင္ရာ အေရး ပါမႈဟာ အေမရိကန္အတြက္သာမက တ႐ုတ္၊ ဂ်ပန္၊ အိႏၵိယနဲ႔ ႐ုရွားတို႔လို ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားကိုလည္း ဆြဲေဆာင္ေနတယ္လို႔ ဂ်ာမနီႏိုင္ငံ “အားဖြတ္တကၠသိုလ္” ပဋိပကၡနဲ႔ ၿငိမ္းခ်မ္းေရး စီမံခန႔္ခြဲမႈဆိုင္ရာ ပညာရွင္ “ရီသူး ရွားမား” က ဆိုပါတယ္။

ပင္လယ္ေအာ္အတြင္း ၁.၁၆ စတုရန္းမိုင္သာ က်ယ္ဝန္းတဲ့ ဘဂၤလားေဒ့ရွ္ပိုင္ စိန႔္မာတင္ကြၽန္းဟာ ေကာ့ခ္ဘ ဇား-တကၠနဖ္ကြၽန္းဆြယ္ေတာင္ဘက္ ၅ မိုင္ခန႔္အကြာမွာ တည္ရွိၿပီး (တ႐ုတ္နဲ႔ နီးစပ္တယ္လို႔ ကမာၻက သိရွိ ထားသူ) ျမန္မာႏိုင္ငံရဲ႕ ရခိုင္ေမာင္ေတာကမ္း႐ိုးတန္းမွ ၅ မိုင္ခန႔္သာ ေဝးပါတယ္။ အဲ့ဒီကြၽန္းငယ္ေလးကို အေမရိကန္က မ်က္စိက်လ်က္ရွိေၾကာင္း ေကာလဟလ သတင္းမ်ား ထြက္ေပၚေနခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ပါၿပီ။ အတိအက် ေျပာရလွ်င္ ၂၀၀၃ ခုႏွစ္ကတည္းကျဖစ္ၿပီး စိန႔္မာတင္ကြၽန္းေပၚမွာျဖစ္ေစ၊ စစ္တေကာင္းနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အျခားတစ္ေနရာရာမွာျဖစ္ေစ စစ္အေျခစိုက္စခန္းအတြက္ ေနရာငွားရမ္းႏိုင္ဖို႔ ဝါရွင္တန္အေနနဲ႔ အသည္းအသန္ျဖစ္ေနေၾကာင္း ႏိုင္ငံတကာ မီဒီယာမ်ားက ေရးသားခဲ့ၾကပါတယ္။ ဒါကာၿမိဳ႕ အေမရိကန္သံအမတ္ႀကီးကေတာ့ အဲ့ဒီသတင္းမ်ား မဟုတ္မမွန္ေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

ဒါေပမဲ့ ေတာင္အာရွႏိုင္ငံမ်ားအတြင္း ဒီမိုကေရစီျမႇင့္တင္ေရး ဖိအားေပးေနတဲ့ အေမရိကန္နဲ႔ ရွိတ္ဟာစီနာအ စိုးရတို႔ဟာ အေစးမကပ္ႏိုင္ပဲ ရွိခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဟာ ေတာင္အာရွႏိုင္ငံအတြင္း ဒီမိုကေရစီျမႇင့့္တင္ေရး အခ်က္အခ်ာျဖစ္ေစလိုသူ အေမရိကန္နဲ႔ ေယဘူယ်အားျဖင့္ လက္တြဲလုပ္ေဆာင္ခဲ့တယ္လို႔ ဆိုရပါ လိမ့္မယ္။ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလမွာ ဝါရွင္တန္ဟာ ဘဂၤလားေဒ့ရွ္ရဲ႕ RAB ေခၚ လွ်ပ္တျပက္တုန႔္ျပန္ေရး အထူးလုံၿခဳံေရးတပ္အေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ တရားလက္လြတ္ သတ္ျဖတ္ေၾကာင္း စြပ္စြဲခ်က္မ်ားနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ခ်မွတ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေပၚ သူတို႔ရဲ႕အေရးယူမႈကို စံနမူနာယူၾကရန္ ဝါရွင္တန္ရဲ႕ ရွင္းလင္းခ်က္ဟာ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးကို တင္းမာေစၿပီး ရွိတ္ဟာစီ နာအစိုးရအ တြက္လည္း ႐ုရွား-တ႐ုတ္တို႔နဲ႔ ပိုမိုနီးကပ္ေစရန္ တြန္းပို႔လိုက္သလို ျဖစ္သြားရပါတယ္။

ယခုႏွစ္ဆန္းပိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာက ေလးႀကိမ္ေျမာက္အျဖစ္ ဆက္လက္ အာဏာရရွိခဲ့ပါတယ္။ အဓိက BNP နဲ႔ အတိုက္အခံပါတီမ်ားက သပိတ္ေမွာက္ခဲ့တဲ့ အဲ့ဒီေ႐ြးေကာက္ပြဲဟာ စင္းလုံးေခ်ာေတာ့ မရွိခဲ့ပါဘူး၊ ဇန္နဝါရီ ၇ ရက္ ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈ မရွိေၾကာင္း အေနာက္အုပ္စုက ရႈတ္ခ်ခဲ့ၿပီး ျပည္တြင္းမွာလည္း ကန႔္ကြက္မႈမ်ား ရွိခဲ့ပါတယ္။

အဲဒီ ေ႐ြးေကာက္ပြဲမွာ အေႏွာက္အယွက္မရွိ ျပန္လည္အေ႐ြးခံလိုလွ်င္ ဘဂၤလာေဒ့ရ္ွပိုင္နက္အတြင္း စစ္စခန္း အေျခစိုက္ခြင့္ျပဳျခင္းနဲ႔ အေပးအယူလုပ္ရန္ အေနာက္ႏိုင္ငံမ်ားက သူကို ကမ္းလွမ္းခဲ့တယ္လို႔ ျပည္တြင္း ဆႏၵ ျပပြဲမ်ား ျပင္းထန္လာျခင္း မတိုင္မီ ၁၄ ပါတီ မဟာမိတ္အဖြဲ႕အစည္းအေဝးမွာ ရွိတ္ဟာစီနာက ထုတ္ေျပာခဲ့ဖူး ပါတယ္။ ဒါေပမယ့္ ကမ္းလွမ္းသူဟာ အေမရိကန္ ျဖစ္တယ္လို႔ေတာ့ အတိအက် မဆိုခဲ့ပါဘူး။

ေလတပ္စခန္းအတြက္ အဆိုျပဳခ်က္နဲ႔ ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္က “ လူျဖဴတစ္ေယာက္က ကမ္းလွမ္းခဲ့တယ္” လို႔ ဆိုခဲ့ၿပီး ဒီကိစၥရဲ႕ေနာက္ကြယ္မွာ ျဖစ္လာႏိုင္ေခ်ရွိတဲ့ ျပႆနာမ်ားနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနေၾကာင္း ေတြ႕ ျမင္ခဲ့ရပါတယ္။ အေပးအယူကိစၥကို လက္မခံခဲ့တဲ့အတြက္နဲ႔ ဒီအေၾကာင္း လူသိရွင္ၾကား ထုတ္ေျပာခဲ့လွ်င္ တစ္ခုခုျဖစ္လာႏိုင္တာကို ေစာင္းပါးရိပ္ျခည္ ေျပာျပခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္မွာ စစ္အေျခစိုက္စခန္းဖြင့္ဖို႔ ျပည္ပ ႏိုင္ငံတစ္ႏိုင္ငံကို ခြင့္ျပဳရမယ့္ကိစၥဟာ ဘယ္လိုျဖစ္လာႏိုင္တယ္ဆိုတာ သူ သိပါေၾကာင္း၊ တကယ္လို႔ ကမ္း လွမ္းခ်က္ကို လက္ခံခဲ့လွ်င္ ယခုလို အစိုးရဆန႔္က်င္ေရး ဆူပူဆႏၵျပမႈမ်ား ျဖစ္လာႏိုင္စရာ မရွိေၾကာင္း ေျပာျပခဲ့ပါတယ္။

စိန႔္မာတင္ကြၽန္းကိစၥနဲ႔ ပတ္သက္ၿပီး ၂၀၂၃ ခုႏွစ္ ဇြန္လ ၁၄ ရက္ေန႔ ပါလီမန္ေဆြးေႏြးပြဲမွာ ဘဂၤလားေဒ့ရွ္အ လုပ္သမားပါတီ ဥကၠဌ ရာရွစ္ခန္းမီႏြန္ကလည္း ေျပာခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္ အေမရိကန္ဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံအေပၚ ဗီဇာကန႔္သတ္ခ်က္အသစ္ကို ျပဌာန္းစရာရွိေၾကာင္း ေျပာဆိုေနစဥ္ျဖစ္ပါတယ္။ စိန႔္မာတင္ကြၽန္း ကိစၥ မေက်နပ္တဲ့ အေမရိကန္ဟာ ဘဂၤလားေဒ့ရွ္မွာ အဝါမီလိခ္ပါတီအေပၚ လူထုက ေဒါသထြက္ၿပီး အစိုးရ အေျပာင္းအလဲဖန္တီးဖို႔ နည္းဗ်ဴဟာျဖစ္ေၾကာင္း စြပ္စြဲခဲ့ပါတယ္။ ၂၀၂၄-ခုႏွစ္ က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရား မွ်တမႈ မရွိႏိုင္တဲ့အတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား တစ္ဦးခ်င္းစီအေပၚ ျပည္ဝင္ခြင့္ ျငင္း ပယ္လိုက္ေၾကာင္း စက္တင္ဘာလမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္သိုနီဘလင္ကင္က ေၾကညာခဲ့ပါတယ္။

စိန႔္မာတင္ကြၽန္းကို “နရီကယ္ဂ်င္ဂ်ီရာ” သို႔မဟုတ္ “ဒါ႐ူခ်ယ္နီ ဒြစ္” (အုန္းကြၽန္း) လို႔ ေခၚၾကပါတယ္။ ဘဂၤ လားေဒ့ရွ္ပိုင္ ျဖစ္တဲ့ အဲ့ဒီကြၽန္းဟာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ အလယ္သံေက်ာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ပင္လယ္ ျပင္မွာ တည္ရွိပါတယ္။ ( တ႐ုတ္နဲ႔ ပိုမိုနီးစပ္ေၾကာင္း လူသိမ်ားတဲ့ ရခိုင္လက္နက္ကိုင္ AA ဟာ ၂၀၁၉ ခုႏွစ္ NLD အစိုးရလက္ထက္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕မ်ားရွိ ျမန္မာနယ္ျခားေစာင့္ကင္းစခန္းမ်ားကို ဝင္ ေရာက္တိုက္ခိုက္ခဲ့ပါတယ္။၂၀၂၃-ခုႏွစ္မွာ AA ဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ ရမ္းၿဗဲ၊ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားအပါအဝင္ ခ်င္းျပည္နယ္အတြင္းရွိ အိႏၵိယ ကုလားတန္စီမံကိန္း အသက္ေသြးေၾကာ ပလက္ဝၿမိဳ႕နယ္မ်ားကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။)

အဲဒီျဖစ္ရပ္မ်ားဟာ ၂၀၂၃-ခုႏွစ္ ေကာ့ခ္ဘဇားမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ပထမဆုံးေရငုပ္သေဘၤာအေျခစိုက္စ ခန္း “ဘီအန္အက္စ္ ရွိတ္ဟာစီနာ ”ကို ဖြင့္လွစ္ျခင္းမ်ားနဲ႔ တိုက္ဆိုင္ေနပါတယ္။ အဲဒီေခတ္မီေရတပ္စခန္း ဟာ တ႐ုတ္အကူအညီနဲ႔ တည္ေဆာက္ထားျခင္း ျဖစ္ၿပီး ေရငုပ္သေဘၤာ ၆-စင္းနဲ႔ စစ္သေဘၤာ ၈-စင္းအထိ တစ္ၿပိဳင္နက္တည္း ဆိုက္ကပ္ႏိုင္ပါတယ္။ ဒါကာအေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံမွာ ေရငုပ္သေဘၤာ (၂)စင္းပိုင္ဆိုင္ လာၿပီျဖစ္တဲ့အတြက္ သူ႔ရဲ႕ ေရျပင္ပိုင္နက္ကာကြယ္ေရးအတြက္ လိုအပ္ေနပါတယ္။ “ဘဂၤလားပင္လယ္ေအာ္အတြင္း ျဖတ္သန္းသြားလာတဲ့ သေဘၤာမ်ားကိုလည္း အက်ိဳးရွိေစလိမ့္မယ္လို႔ ရွိတ္ဟာစီနာက ေျပာပါတယ္။ အဓိပၸါယ္ကေတာ့ အနာဂါတ္ကာလ တ႐ုတ္ေရငုပ္သေဘၤာမ်ားလည္း အေျခစိုက္စခန္းမွာ ဆိုက္ကပ္ႏိုင္တယ္ လို႔ ဆိုလိုရာေရာက္ပါတယ္။ ဒီအတြက္ အိႏၵိယသမုဒၵရာအတြင္း တ႐ုတ္ေထာက္လွမ္းေရး သေဘၤာမ်ားကို ေစာင့္ၾကည့္ေနတဲ့ အေမရိကန္တြက္ စိန႔္မာတင္ကြၽန္းဟာ ပိုၿပီး အေရးႀကီးလာပါတယ္။

အိႏၵိယ၊ ျမန္မာ နဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔အၾကားမွာ တည္ရွိတဲ့ ဘဂၤလားပင္လယ္ေအာ္ဟာ တ႐ုတ္နဲ႔ အေမရိ ကန္တို႔ရဲ႕ မဟာဗ်ဴဟာေျမာက္ ၿပိဳင္ဆိုင္ၾကမယ့္ ေရျပင္ျဖစ္လာပါတယ္။ ေတာင္တ႐ုတ္ပင္လယ္နဲ႔ မလကၠာေရ လက္ၾကားကို ေစာင့္ၾကည့္ရာမွာ အေမရိကန္အတြက္ ဘဂၤလားပင္လယ္ေအာ္အတြင္း စစ္အေျခစိုက္စခန္း တစ္ခုခုဟာ အမာခံ ေျခကုတ္သဖြယ္ အားျဖည့္ေပးပါလိမ့္မယ္။

ပစိဖိတ္သမုဒၵရာဘက္တစ္ခုတည္းသာ ထြက္ေပါက္ရွိတဲ့ တ႐ုတ္အေနနဲ႔လည္း သူရဲ႕ ေရေၾကာင္းပထဝီဝင္အား နည္းခ်က္ကို သိရွိနားလည္ၿပီး ဘဂၤလားပင္လယ္ေအာ္အတြင္း ဝင္ေရာက္ရန္ အခ်ိန္အေတာ္ၾကာ ႀကိဳးပမ္းေနခဲ့ ပါတယ္။ ( ျမန္မာႏိုင္ငံ တ႐ုတ္နဲ႔ထိစပ္ေနတဲ့ ရွမ္းေျမာက္ေဒသၿမိဳ႕ႀကီးအေတာ္မ်ားမ်ားဟာ ေပက်င္းက ၾသဇာ ေညာင္းတဲ့ ေျမာက္ ၃-ဖြဲ႕လက္တြင္း က်ေရာက္ေနၿပီး ရခိုင္ကမ္း႐ိုးတန္းအလယ္ပိုင္းအထိ AA က စိုးမိုးထားပါ တယ္။) ဘဂၤလားပင္လယ္ေအာ္အတြင္း တ႐ုတ္ဝင္ေရာက္ဖို႔ အဆင္ေျပေနတဲ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ဟာ ရွိတ္ဟာစီနာ ထြက္ေျပးသြားရၿပီးေနာက္ အေျပာင္းအလဲ ျဖစ္ဖြယ္ရွိပါတယ္။

တ႐ုတ္နဲ႔ တရားဝင္စစ္ခင္းခဲ့ဖူးၿပီး ေလာေလာဆယ္မွာလည္း နယ္ျခားအျငင္းပြားမႈမ်ားေၾကာင့္ ဆက္ဆံေရး တင္းမာေနရတဲ့ အိႏၵိယအတြက္ကေတာ့ ေပက်င္းရဲ႕ ေနာက္ေဖးထြက္ေပါက္မွာ အေမရိကန္ေရာက္လာမယ့္အ ေရးဟာ သူ႔ဘက္က ၾကည့္ရင္ ေက်နပ္စရာႀကီးပဲ ျဖစ္ပါတယ္။

(လြန္ခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ ဟိုင္ဂင္ေတြ႕ဆုံပြဲကို တက္ေရာက္ရန္ နစကဘက္က ဖ်က္သိမ္းလိုက္ၿပီးေနာက္ ၾသဂုတ္လ ၈-ရက္ေန႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္အထူးကိုယ္စားလွယ္ တိန႔္ရွီကြၽမ္းဟာ ေနျပည္ေတာ္ကို ေရာက္ရွိလာပါတယ္။ အဲ့ဒီရက္ မတိုင္မီ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ လားရႈိးၿမိဳ႕၊ မိုးကုတ္နဲ႔ စဥ့္ကူးၿမိဳမ်ားကို တပ္မေတာ္က လက္လြတ္ဆုံးရႈံးခဲ့ရပါတယ္။

တိန႔္ရွီကြၽမ္း ျပန္သြားၿပီးေနာက္ တပ္မေတာ္ရဲ႕ ေလာက္ကိုင္၊ သိန႖ီ၊ ကြတ္ခိုင္ၿမိဳ႕မ်ားကို ဗုံးႀကဲတိုက္ခိုက္ေနျခင္း လည္း ရပ္ဆိုင္းသြားေၾကာင္း ေတြ႕ရပါတယ္။ ဒါေပမယ့္ ဆန႔္က်င္ဘက္လက္နက္ကိုင္မ်ားရဲ႕ ေျမျပင္ထိုး စစ္ မ်ားကေတာ့ ရပ္တန႔္သြားျခင္း မရွိပါဘူး၊ ေနာင္ခ်ိဳ ေက်ာက္မဲ သီေပါၿမိဳ႕နယ္မ်ားအတြင္း တပ္စခန္းမ်ားကို အရွိန္ျမႇင့္တိုက္ခိုက္လာၿပီး ေက်ာက္ဆည္လြင္ျပင္ ေတာင္ဘက္ဝင္ထြက္ေပါက္ ႏြားထိုးႀကီးကို သိမ္းယူရန္ ႀကိဳးစားျခင္းျဖင့္ မႏၲေလးနဲ႔ ျပင္ဦးလြင္တို႔ကို ၿခိမ္းေျခာက္လာပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္)

(Euro Asia Times., 11 Aug 2024,” US-China ‘Great Game’: Beijing’s Plan To Control World’s Largest ‘Bay Of Bengal’ Shattered By Hasina’s Exit?” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.