၀န်ကြီးချုပ်နုတ်ထွက်ခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ်

 1671

ALynn (NP News) - ဩဂုတ် ၁၄

ဩဂုတ်လ (၅) ရက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ရာထူးမှနုတ်ထွက်ပြီး နိုင်ငံတွင်းမှ ထွက်ပြေးသွားခဲ့ပါတယ်။ နိုင်ငံအဖြစ် တည်ထောင်ပြီးနောက် ဆယ်စုနှစ်ငါးစုကျော်ကာလ အတွင်း အခုချိန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ အပြင်းထန်ဆုံး ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာခဲ့ပြီး ယင်းဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်ခံရမှုတွေ၊ အသက်သေဆုံးသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်မှု တွေရှိခဲ့ကြောင်း တွေ့ရပါတယ်။ ရှိတ်ဟာစီနာက သူရဲ့အစ်မနဲ့အတူ စစ်ရဟတ်ယာဉ်တစ်စင်းနဲ့ နယ်စပ် ဖြတ်ကျော် ပျံသန်းသွားပြီး အိန္ဒိယအရှေ့ပိုင်း အနောက်ဘန်ဂေါ ပြည်နယ်ကိုဦးတည်ခဲ့တယ်လို့ မီဒီယာ တွေက ဖော်ပြပါတယ်။ သူဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်ကို ဦးတည်သွားခဲ့ ကြောင်း မီဒီယာတချို့ကလည်း ဖော်ပြထားကြပါတယ်။

ရှိတ်ဟာစီနာဆိုတာ
ရှိတ်ဟာစီနာဟာ တစ်ချိန်က နိုင်ငံကို စစ်တပ်အုပ်ချုပ်မှုအောက်ကနေကယ်တင်ခဲ့ပေမယ့်လည်း သူအာဏာရလာချိန်ကစပြီး နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးတာ၊ လူ့အခွင့်အရေးဆိုင်ရာ ပိတ်ဆို့မှု တွေချမှတ်တာ စတာတို့ကိုပြုလုပ်လာခဲ့ပါတယ်။ ဇူလိုင်လမှစတင်ပြီး အစိုးရအလုပ်အကိုင်နေရာအ တွက် ခွဲတမ်းစနစ်ကိုမကျေနပ်တဲ့ တက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင်ဆန္ဒပြရာကနေ အဆိုးရွား ဆုံးသော လူထုဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာခဲ့ပြီး အတိုက်အခံတွေက သူ့ကို ရာထူးမှ နုတ်ထွက် ပေးဖို့ တောင်းဆိုလာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ငြိမ်းချမ်းစွာလုပ်ဆောင်ခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့ အစိုးရလိုလားတဲ့ ကျောင်းသားအုပ်စုတွေရဲ့ တိုက်ခိုက်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အသက် (၇၆) နှစ်အရွယ် ဟာစီနာက ဇန်နဝါရီလက ဝန်ကြီး ချုပ်အဖြစ် (၅)ကြိမ်မြောက် အနိုင်ရရှိခဲ့ပါတယ်။ အတိုက်အခံပါတီတွေက အဆိုပါရွေးကောက်ပွဲမှာ တရား မျှတမှုမရှိ လို့ဆိုကာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဟာစီနာကိုယ်တိုင်ကလည်း အဓိက အတိုက် အခံပါတီကြီးကို “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။ ဝေဖန်သုံးသပ်သူတွေက သူရဲ့ အစိုးရဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို သတ်ဖြတ်ခြင်းအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှု တွေကို လုပ်ဆောင်နေကြောင်းစွပ်စွဲခဲ့ဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရဖို့ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးသမား ရဲ့သမီးဖြစ်သူဟာစီနာက ဘင်္ဂလားဒေ့ရှ်ကို “ သာယာ ဝပြောပြီး ဖွံ့ဖြိုးတိုးတက် သောနိုင်ငံ” အဖြစ်ပြောင်းလဲရန် ပြီးခဲ့သည့်နှစ်က ကတိပြုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် လူငယ်(၁၈)သန်း ခန့်က အလုပ်လက်မဲ့ဖြစ်နေကြောင်း အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။

သို့သော် လွန်ခဲ့တဲ့အတိတ်များစွာကို ပြန်စောင်းငဲ့ကြည့်ရင် ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ စီးပွား‌ရေး သိသိသာသာဖွံ့ဖြိုးတိုးတက်လာအောင် ဦးဆောင်ပေးခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါ တယ်။ ဟာစီနာဟာ အမျိုးသမီးလုပ်သားများစွာပါဝင်တဲ့ အထည်ချုပ် ပို့ကုန်လုပ်ငန်းဖြင့် ဘင်္ဂလားဒေ့ရှ် ၏ စီးပွားရေးကဏ္ဍကို အရှိန်အဟုန်ပြင်းစွာ ဦးဆောင်နိုင်မှုအတွက် ထောက်ခံသူ များပြားလာခြင်းလည်း ဖြစ်ပါတယ်။ (၁၉၇၁)ခုနှစ်မှာ ပါကစ္စတန် ထံမှ လွတ်လပ်ရေးရပြီးနောက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ(၂၀ဝ၉)ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် ပျမ်းမျှ (၆) ရာခိုင်နှုန်းကျော် စီးပွားရေး တိုးတက်မှုရှိလာခဲ့ပါတယ်။ ဆင်းရဲမွဲတေမှု ကျဆင်းသွားခဲ့ပြီး နိုင်ငံ့လူဦးရေ သန်း (၁၇၀) ရဲ့ (၉၅) ရာခိုင်နှုန်းကျော်ဟာ အခုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပြီဖြစ်ပြီး တစ်ဦးချင်းဝင်ငွေသည် (၂၀၂၁) ခုနှစ် မှာ အိန္ဒိယနိုင်ငံကို ကျော်လွန်သွားခဲ့ဖူးပါတယ်။ ဒါ့ပြင် သူဟာ သိန်းနဲ့ချီတဲ့ ဘင်္ဂါလီဒုက္ခ သည်တွေ အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့တံခါးတွေကို ဖွင့်ပေးတဲ့အတွက် နိုင်ငံတကာရဲ့ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ (၂၀၁၆) ခုနှစ်မှာ ပြည်တွင်းမှ အစွန်းရောက် (၅) ဦးက ဒါကာကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းပြီး လူ (၂၂) ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ဖြစ်ပြီးနောက် မွတ်စလင်အများစုနေထိုင်သည့်နိုင်ငံတွင် အစ္စလာမ္မစ်စစ်သွေးကြွ များကို ပြတ်ပြတ်သားသား နှိမ်နင်းမှုခဲ့ခြင်းများအတွက် သူ့ကို နိုင်ငံတကာက ချီးကျူးခဲ့ပါတယ်။

သို့သော် သူ့အစိုးရက သဘောထား ကွဲလွဲမှုတွေအပေါ် သည်းမခံနိုင်တဲ့တုံ့ပြန်မှုတွေကြောင့် ပြည်တွင်းမှာ မကျေနပ်ချက်တွေ တိုးပွားလာစေပြီး ဝါရှင်တန်နဲ့ တခြားနိုင်ငံတွေက အဆိုပါအခြေအ နေတွေအပေါ် စိုးရိမ်လာခဲ့ပါတယ်။ နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်တဲ့ (၁၉၇၁) ခုနှစ် လွတ်မြောက်ရေး စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ထိပ်တန်းအစ္စလာမ္မစ် ခေါင်းဆောင် (၅) ဦးနဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကွပ် မျက်ခဲ့ဖူးပါတယ်။ ယင်းလက်တုံ့ပြန်တဲ့လုပ်ရပ်တွေက အဆိုပါ ပဋိပက္ခရဲ့ဒဏ်ရာတွေကိုကုစားမယ့်အစား အဲဒီလိုနောက်ကြောင်းပြန်စီရင်မှုတွေကြောင့် လူထု ဆန္ဒပြမှုတွေနဲ့ အသေအပျောက်များတဲ့ ပဋိပက္ခ တွေကိုဖြစ်ပွားစေခဲ့ပါတယ်။ အတိုက်အခံတွေက သူ့လုပ်ရပ်တွေကို သဘောထားကွဲလွဲမှုတွေကို နိုင်ငံ ရေးအရ နှုတ်ပိတ်ဖို့ကြိုးပမ်းမှုတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ (၂၀၂၁)ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံ ရေးတပ်ဖွဲ့တွေနဲ့ သူရဲ့ထိပ်တန်း အရာရှိ (၇) ဦးတို့ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမေရိ ကန်က ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပါတယ်။ နိုင်ငံအတွင်း ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန် မှာဟာစီနာက သူဟာ နိုင်ငံအတွက် များစွာလုပ်ဆောင်ပေးခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ လွန်ခဲ့သည့်လက သူက ဆန္ဒပြမှုတွေအတွင်း မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ အစိုးရအဆောက်အအုံတွေနဲ့ မက်ထရို ဘူတာရုံအပါအဝင် လူအသေအပျောက်များတဲ့ ဒါကာရှိ ဒေသတွေကို သွားရောက်လည်ပတ် ခဲ့ကာ “(၁၅)နှစ်ကျော်ကြာအောင် သူတည်ဆောက်ခဲ့ရတဲ့ နိုင်ငံကို ပျက်စီးအောင်ပြုလုပ်တာတွေအတွက် ရှုတ်ချကြောင်း” ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရှေ့လာမည့် အနာဂတ်
ဝန်ကြီးချုပ် နိုင်ငံမှထွက်ခွာသွားတဲ့အတွက် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Us-Zaman ကဦးဆောင်ပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ဖြစ်လာခဲ့ပါတယ်။ ဘင်္ဂလား ဒေ့ရှ်တပ်မတော် ကဦးဆောင်မယ့် ကြားဖြတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ပုံ ရပေမယ့် လက်တုံ့ပြန်အကြမ်းဖက်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ “အခုအချိန်မှာ စစ်တပ်က ငြိမ်း ချမ်းရေးကို သေချာပေါက်အာမခံနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက အယ်လ်ဂျာဇီးရားကို ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ စစ်တပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအတွက် အုပ်ထိန်းသူအဖြစ် ရှုမြင်နိုင်ပေမယ့် ကာလကြာရှည်စွာ အာဏာဆက်ထိန်းထားဖို့မှာမူ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က (၁၉၇၅)ခုနှစ်မှ (၁၉၉၀) ပြည့်နှစ်တွေအတွင်း စစ်အုပ်ချုပ် ရေး အောက်မှာရှိခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့အစိုးရက ဟာဆီနာနဲ့ သူရဲ့အဝါမီလိဂ် ပါတီ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ (၂၀ဝ၈) ခုနှစ် ဒီဇင်ဘာလအထိ နှစ်နှစ်ကြာ အာဏာကို နောက်ဆုံးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အနေနဲ့ ရှေ့တန်းကနေပြီး တိုင်းပြည်ကိုအုပ်ချုပ်ရာမှာ လူထုရဲ့ထောက်ခံမှုရရှိဖို့ အဓိက လိုအပ်လျက်ရှိပါတယ်။ ရှိတ်ဟာစီနာ အုပ်ချုပ်တဲ့ (၁၅)နှစ်တာကာလအတွင်း စစ်တပ်ဟာ နိုင်ငံ ရေးမှရုန်းထွက်ဖို့ အတော်အတန်ကြိုးပမ်းခဲ့ရပါတယ်။ ဆိုလိုတာက ဟာဆီနာဟာ ယေဘုယျအားဖြင့် သူရဲ့ မမှန်ကန်တဲ့လုပ်ရပ်တွေအတွက် Rapid Action Battalion အပါအဝင် အရံရဲတွေကို အားကိုးခဲ့တာ ကြောင့်ဖြစ်ပါတယ်။ စစ်တပ်က အာဏာပြန်ရလာတာနဲ့အမျှ သူရဲ့အဓိကလုပ်ငန်းက တိုင်းပြည် တည်ငြိမ်ဖို့နဲ့ အာဏာရနိုင်တဲ့ နိုင်ငံရေး ပါတီသစ်တွေထူထောင်ရာမှာ လွယ်ကူချောမွေ့စေဖို့ဖြစ်ပါတယ်။ ဒါဟာ ရှုပ်ထွေးပြီး ကာလအားဖြင့်လည်း ကြန့်ကြာနိုင်ပါတယ်။

ဒါပေမဲ့ ခြုံငုံကြည့်ရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ဒေသတွင်းမှာ တည်ငြိမ်တဲ့ဆက်ဆံရေးကို တည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်လို့ရပြီး အများအားဖြင့် အိန္ဒိယနဲ့တရုတ်တို့ကြား မျှတတဲ့ နိုင်ငံခြားရေးမူဝါဒလမ်းစဉ်ကို ကိုင်စွဲသွားနိုင်ဖွယ်ရှိပါတယ်။ ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ အမေရိကန်နဲ့ ဆက် ဆံရေးမှာ တိုးတက်မှုအတွက် အလားအလာတချို့လည်း ရှိလာနိုင်ပါတယ်။ ဟာစီနာဟာ ဝါရှင်တန်ကို ပုဂ္ဂိုလ်ရေးအရ မနှစ်မြို့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့ ယခုအခါ သူရဲ့ဩဇာကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်းရရှိလာနိုင်သလို ဘင်္ဂလားဒေ့ရှ်အနေနဲ့ လည်း စစ်ရေးအကူအညီတွေ ရရှိလာနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကာလရှည်ကြာ သက်ဦးဆံပိုင်ဆန်ဆန်အုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ် နုတ်ထွက်သွားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နိုင်ငံရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်လာ နိုင်မယ်လို့မျှော်လင့်ရပါတယ်။ ယာယီအစိုးရအဖြစ် တာဝန်ယူမယ့်စစ်တပ်အနေနဲ့ အတိတ်ကဖြစ်ပျက်ခဲ့ တဲ့ နိုင်ငံရေးအရလိုအပ်ချက်တွေ၊ အားနည်းချက်တွေ ကိုသင်ခန်းစာယူပြီး အကောင်းဆုံး စီမံအုပ်ချုပ် သွားနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါ့ပြင် ၎င်းတို့ အနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး သတ်မှတ် အချိန်အတိုင်းအတာတစ်ခုအတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေကို ကျင်းပကာ စစ်မှန်တဲ့ နိုင်ငံ့ခေါင်းဆောင်ကို ရွေးချယ်ခြင်းနဲ့အတူ အုပ်ချုပ် ရေးယန္တရားတွေကို ပြန်လည် လည်ပတ်စေခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဖြောင့်ဖြူးတဲ့ နိုင်ငံရေး လမ်းကြောင်းကို ပုံဖော်ပေးနိုင်ပါစေကြောင်း ဆုတောင်းရေးသားလိုက်ရပါတယ်။

zawgyi version
၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ျခင္းႏွင့္အတူ ဘဂၤလားေဒ့ရွ္၏ ႏိုင္ငံေရးအနာဂတ္
ALynn (NP News) - ဩဂုတ္ ၁၄

ဩဂုတ္လ (၅) ရက္က ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ ရာထူးမွႏုတ္ထြက္ၿပီး ႏိုင္ငံတြင္းမွ ထြက္ေျပးသြားခဲ့ပါတယ္။ ႏိုင္ငံအျဖစ္ တည္ေထာင္ၿပီးေနာက္ ဆယ္စုႏွစ္ငါးစုေက်ာ္ကာလ အတြင္း အခုခ်ိန္မွာ ဘဂၤလားေဒ့ရွ္ဟာ အျပင္းထန္ဆုံး ဆႏၵျပမႈေတြ ႏိုင္ငံတစ္ဝန္းေပၚေပါက္လာခဲ့ၿပီး ယင္းဆႏၵျပမႈေတြအတြင္း အၾကမ္းဖက္ခံရမႈေတြ၊ အသက္ေသဆုံးသည့္တိုင္ေအာင္ ညႇဥ္းပန္းႏွိပ္စက္မႈ ေတြရွိခဲ့ေၾကာင္း ေတြ႕ရပါတယ္။ ရွိတ္ဟာစီနာက သူရဲ႕အစ္မနဲ႔အတူ စစ္ရဟတ္ယာဥ္တစ္စင္းနဲ႔ နယ္စပ္ ျဖတ္ေက်ာ္ ပ်ံသန္းသြားၿပီး အိႏၵိယအေရွ႕ပိုင္း အေနာက္ဘန္ေဂါ ျပည္နယ္ကိုဦးတည္ခဲ့တယ္လို႔ မီဒီယာ ေတြက ေဖာ္ျပပါတယ္။ သူဟာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း ထရီပူရာျပည္နယ္ကို ဦးတည္သြားခဲ့ ေၾကာင္း မီဒီယာတခ်ိဳ႕ကလည္း ေဖာ္ျပထားၾကပါတယ္။

ရွိတ္ဟာစီနာဆိုတာ
ရွိတ္ဟာစီနာဟာ တစ္ခ်ိန္က ႏိုင္ငံကို စစ္တပ္အုပ္ခ်ဳပ္မႈေအာက္ကေနကယ္တင္ခဲ့ေပမယ့္လည္း သူအာဏာရလာခ်ိန္ကစၿပီး ႏိုင္ငံေရး အတိုက္အခံေတြကို ဖမ္းဆီးတာ၊ လူ႔အခြင့္အေရးဆိုင္ရာ ပိတ္ဆို႔မႈ ေတြခ်မွတ္တာ စတာတို႔ကိုျပဳလုပ္လာခဲ့ပါတယ္။ ဇူလိုင္လမွစတင္ၿပီး အစိုးရအလုပ္အကိုင္ေနရာအ တြက္ ခြဲတမ္းစနစ္ကိုမေက်နပ္တဲ့ တကၠသိုလ္ေက်ာင္းသားေတြက ဆန႔္က်င္ဆႏၵျပရာကေန အဆိုး႐ြား ဆုံးေသာ လူထုဆႏၵျပပြဲေတြ စတင္ေပၚေပါက္လာခဲ့ၿပီး အတိုက္အခံေတြက သူ႔ကို ရာထူးမွ ႏုတ္ထြက္ ေပးဖို႔ ေတာင္းဆိုလာတဲ့အထိ ျဖစ္လာခဲ့ပါတယ္။ ဆႏၵျပပြဲေတြကို ၿငိမ္းခ်မ္းစြာလုပ္ေဆာင္ခဲ့ေပမယ့္ ရဲတပ္ဖြဲ႕နဲ႔ အစိုးရလိုလားတဲ့ ေက်ာင္းသားအုပ္စုေတြရဲ႕ တိုက္ခိုက္ႏွိမ္နင္းမႈေတြေၾကာင့္ ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်မႈေတြ ျပဳလုပ္လာခဲ့ပါတယ္။ အသက္ (၇၆) ႏွစ္အ႐ြယ္ ဟာစီနာက ဇန္နဝါရီလက ဝန္ႀကီး ခ်ဳပ္အျဖစ္ (၅)ႀကိမ္ေျမာက္ အႏိုင္ရရွိခဲ့ပါတယ္။ အတိုက္အခံပါတီေတြက အဆိုပါေ႐ြးေကာက္ပြဲမွာ တရား မွ်တမႈမရွိ လို႔ဆိုကာ သပိတ္ေမွာက္ခဲ့ၾကပါတယ္။ ဟာစီနာကိုယ္တိုင္ကလည္း အဓိက အတိုက္ အခံပါတီႀကီးကို “အၾကမ္းဖက္အဖြဲ႕အစည္း” အျဖစ္ တံဆိပ္ကပ္ခဲ့ပါတယ္။ ေဝဖန္သုံးသပ္သူေတြက သူရဲ႕ အစိုးရဟာ အတိုက္အခံႏိုင္ငံေရးသမားေတြကို သတ္ျဖတ္ျခင္းအပါအဝင္ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈ ေတြကို လုပ္ေဆာင္ေနေၾကာင္းစြပ္စြဲခဲ့ဖူးပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို လြတ္လပ္ေရးရဖို႔ဦးေဆာင္ခဲ့တဲ့ ေတာ္လွန္ေရးသမား ရဲ႕သမီးျဖစ္သူဟာစီနာက ဘဂၤလားေဒ့ရွ္ကို “ သာယာ ဝေျပာၿပီး ဖြံ႕ၿဖိဳးတိုးတက္ ေသာႏိုင္ငံ” အျဖစ္ေျပာင္းလဲရန္ ၿပီးခဲ့သည့္ႏွစ္က ကတိျပဳခဲ့ေသာ္လည္း ဘဂၤလားေဒ့ရွ္ လူငယ္(၁၈)သန္း ခန႔္က အလုပ္လက္မဲ့ျဖစ္ေနေၾကာင္း အစိုးရကိန္းဂဏန္းေတြအရ သိရပါတယ္။

သို႔ေသာ္ လြန္ခဲ့တဲ့အတိတ္မ်ားစြာကို ျပန္ေစာင္းငဲ့ၾကည့္ရင္ ဟာစီနာဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕ စီးပြား‌ေရး သိသိသာသာဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ဦးေဆာင္ေပးခဲ့တဲ့ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ခဲ့ပါ တယ္။ ဟာစီနာဟာ အမ်ိဳးသမီးလုပ္သားမ်ားစြာပါဝင္တဲ့ အထည္ခ်ဳပ္ ပို႔ကုန္လုပ္ငန္းျဖင့္ ဘဂၤလားေဒ့ရွ္ ၏ စီးပြားေရးက႑ကို အရွိန္အဟုန္ျပင္းစြာ ဦးေဆာင္ႏိုင္မႈအတြက္ ေထာက္ခံသူ မ်ားျပားလာျခင္းလည္း ျဖစ္ပါတယ္။ (၁၉၇၁)ခုႏွစ္မွာ ပါကစၥတန္ ထံမွ လြတ္လပ္ေရးရၿပီးေနာက္ ကမာၻ႔အဆင္းရဲဆုံး ႏိုင္ငံတစ္ခု ျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ဟာ(၂၀ဝ၉)ခုႏွစ္မွ စတင္ကာ တစ္ႏွစ္လွ်င္ ပ်မ္းမွ် (၆) ရာခိုင္ႏႈန္းေက်ာ္ စီးပြားေရး တိုးတက္မႈရွိလာခဲ့ပါတယ္။ ဆင္းရဲမြဲေတမႈ က်ဆင္းသြားခဲ့ၿပီး ႏိုင္ငံ့လူဦးေရ သန္း (၁၇၀) ရဲ႕ (၉၅) ရာခိုင္ႏႈန္းေက်ာ္ဟာ အခုအခါ လွ်ပ္စစ္ဓာတ္အားသုံးစြဲႏိုင္ၿပီျဖစ္ၿပီး တစ္ဦးခ်င္းဝင္ေငြသည္ (၂၀၂၁) ခုႏွစ္ မွာ အိႏၵိယႏိုင္ငံကို ေက်ာ္လြန္သြားခဲ့ဖူးပါတယ္။ ဒါ့ျပင္ သူဟာ သိန္းနဲ႔ခ်ီတဲ့ ဘဂၤါလီဒုကၡ သည္ေတြ အတြက္ ဘဂၤလားေဒ့ရွ္ရဲ႕တံခါးေတြကို ဖြင့္ေပးတဲ့အတြက္ ႏိုင္ငံတကာရဲ႕ခ်ီးက်ဴးမႈကိုလည္း ရရွိခဲ့ပါတယ္။ (၂၀၁၆) ခုႏွစ္မွာ ျပည္တြင္းမွ အစြန္းေရာက္ (၅) ဦးက ဒါကာေကာ္ဖီဆိုင္ကို ဝင္ေရာက္စီးနင္းၿပီး လူ (၂၂) ဦး ေသဆုံးခဲ့သည့္ျဖစ္ရပ္ျဖစ္ၿပီးေနာက္ မြတ္စလင္အမ်ားစုေနထိုင္သည့္ႏိုင္ငံတြင္ အစၥလာမၼစ္စစ္ေသြးႂကြ မ်ားကို ျပတ္ျပတ္သားသား ႏွိမ္နင္းမႈခဲ့ျခင္းမ်ားအတြက္ သူ႔ကို ႏိုင္ငံတကာက ခ်ီးက်ဴးခဲ့ပါတယ္။

သို႔ေသာ္ သူ႔အစိုးရက သေဘာထား ကြဲလြဲမႈေတြအေပၚ သည္းမခံႏိုင္တဲ့တုံ႔ျပန္မႈေတြေၾကာင့္ ျပည္တြင္းမွာ မေက်နပ္ခ်က္ေတြ တိုးပြားလာေစၿပီး ဝါရွင္တန္နဲ႔ တျခားႏိုင္ငံေတြက အဆိုပါအေျခအ ေနေတြအေပၚ စိုးရိမ္လာခဲ့ပါတယ္။ ႏိုင္ငံ၏ ရက္စက္ၾကမ္းၾကဳတ္တဲ့ (၁၉၇၁) ခုႏွစ္ လြတ္ေျမာက္ေရး စစ္ပြဲအတြင္း လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြအတြက္ ထိပ္တန္းအစၥလာမၼစ္ ေခါင္းေဆာင္ (၅) ဦးနဲ႔ အတိုက္အခံေခါင္းေဆာင္တစ္ဦးကို လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း ကြပ္ မ်က္ခဲ့ဖူးပါတယ္။ ယင္းလက္တုံ႔ျပန္တဲ့လုပ္ရပ္ေတြက အဆိုပါ ပဋိပကၡရဲ႕ဒဏ္ရာေတြကိုကုစားမယ့္အစား အဲဒီလိုေနာက္ေၾကာင္းျပန္စီရင္မႈေတြေၾကာင့္ လူထု ဆႏၵျပမႈေတြနဲ႔ အေသအေပ်ာက္မ်ားတဲ့ ပဋိပကၡ ေတြကိုျဖစ္ပြားေစခဲ့ပါတယ္။ အတိုက္အခံေတြက သူ႔လုပ္ရပ္ေတြကို သေဘာထားကြဲလြဲမႈေတြကို ႏိုင္ငံ ေရးအရ ႏႈတ္ပိတ္ဖို႔ႀကိဳးပမ္းမႈတစ္ခုအျဖစ္ သတ္မွတ္ၾကပါတယ္။ (၂၀၂၁)ခုႏွစ္မွာ ဘဂၤလားေဒ့ရွ္ လုံၿခဳံ ေရးတပ္ဖြဲ႕ေတြနဲ႔ သူရဲ႕ထိပ္တန္း အရာရွိ (၇) ဦးတို႔ကို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအတြက္ အေမရိ ကန္က ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္ခဲ့ပါတယ္။ ႏိုင္ငံအတြင္း ဆႏၵျပပြဲေတြ ဆက္တိုက္ျဖစ္ေပၚေနခ်ိန္ မွာဟာစီနာက သူဟာ ႏိုင္ငံအတြက္ မ်ားစြာလုပ္ေဆာင္ေပးခဲ့ေၾကာင္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။ လြန္ခဲ့သည့္လက သူက ဆႏၵျပမႈေတြအတြင္း မီးရႈိ႕ဖ်က္ဆီးျခင္းခံရတဲ့ အစိုးရအေဆာက္အအုံေတြနဲ႔ မက္ထ႐ို ဘူတာ႐ုံအပါအဝင္ လူအေသအေပ်ာက္မ်ားတဲ့ ဒါကာရွိ ေဒသေတြကို သြားေရာက္လည္ပတ္ ခဲ့ကာ “(၁၅)ႏွစ္ေက်ာ္ၾကာေအာင္ သူတည္ေဆာက္ခဲ့ရတဲ့ ႏိုင္ငံကို ပ်က္စီးေအာင္ျပဳလုပ္တာေတြအတြက္ ရႈတ္ခ်ေၾကာင္း” ေဖာ္ျပခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ေရွ႕လာမည့္ အနာဂတ္
ဝန္ႀကီးခ်ဳပ္ ႏိုင္ငံမွထြက္ခြာသြားတဲ့အတြက္ တပ္မေတာ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Waker-Us-Zaman ကဦးေဆာင္ၿပီး ၾကားျဖတ္အစိုးရတစ္ရပ္ ဖြဲ႕စည္းဖို႔ျဖစ္လာခဲ့ပါတယ္။ ဘဂၤလား ေဒ့ရွ္တပ္မေတာ္ ကဦးေဆာင္မယ့္ ၾကားျဖတ္အစိုးရဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားေတြအတြက္ ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္ပုံ ရေပမယ့္ လက္တုံ႔ျပန္အၾကမ္းဖက္လာမွာကို စိုးရိမ္မႈေတြ ရွိေနပါတယ္။ “အခုအခ်ိန္မွာ စစ္တပ္က ၿငိမ္း ခ်မ္းေရးကို ေသခ်ာေပါက္အာမခံႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္”ဟု ႏိုင္ငံေရးကြၽမ္းက်င္သူတစ္ဦးက အယ္လ္ဂ်ာဇီးရားကို ေျပာၾကားခဲ့ပါတယ္။ အခုအခ်ိန္မွာ စစ္တပ္ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးအတြက္ အုပ္ထိန္းသူအျဖစ္ ရႈျမင္ႏိုင္ေပမယ့္ ကာလၾကာရွည္စြာ အာဏာဆက္ထိန္းထားဖို႔မွာမူ မျဖစ္ႏိုင္တဲ့ အေနအထား ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္က (၁၉၇၅)ခုႏွစ္မွ (၁၉၉၀) ျပည့္ႏွစ္ေတြအတြင္း စစ္အုပ္ခ်ဳပ္ ေရး ေအာက္မွာရွိခဲ့ၿပီး စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့အစိုးရက ဟာဆီနာနဲ႔ သူရဲ႕အဝါမီလိဂ္ ပါတီ ေ႐ြးေကာက္ပြဲမွာအျပတ္အသတ္အႏိုင္ရရွိခဲ့တဲ့ (၂၀ဝ၈) ခုႏွစ္ ဒီဇင္ဘာလအထိ ႏွစ္ႏွစ္ၾကာ အာဏာကို ေနာက္ဆုံးထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ စစ္တပ္အေနနဲ႔ ေရွ႕တန္းကေနၿပီး တိုင္းျပည္ကိုအုပ္ခ်ဳပ္ရာမွာ လူထုရဲ႕ေထာက္ခံမႈရရွိဖို႔ အဓိက လိုအပ္လ်က္ရွိပါတယ္။ ရွိတ္ဟာစီနာ အုပ္ခ်ဳပ္တဲ့ (၁၅)ႏွစ္တာကာလအတြင္း စစ္တပ္ဟာ ႏိုင္ငံ ေရးမွ႐ုန္းထြက္ဖို႔ အေတာ္အတန္ႀကိဳးပမ္းခဲ့ရပါတယ္။ ဆိုလိုတာက ဟာဆီနာဟာ ေယဘုယ်အားျဖင့္ သူရဲ႕ မမွန္ကန္တဲ့လုပ္ရပ္ေတြအတြက္ Rapid Action Battalion အပါအဝင္ အရံရဲေတြကို အားကိုးခဲ့တာ ေၾကာင့္ျဖစ္ပါတယ္။ စစ္တပ္က အာဏာျပန္ရလာတာနဲ႔အမွ် သူရဲ႕အဓိကလုပ္ငန္းက တိုင္းျပည္ တည္ၿငိမ္ဖို႔နဲ႔ အာဏာရႏိုင္တဲ့ ႏိုင္ငံေရး ပါတီသစ္ေတြထူေထာင္ရာမွာ လြယ္ကူေခ်ာေမြ႕ေစဖို႔ျဖစ္ပါတယ္။ ဒါဟာ ရႈပ္ေထြးၿပီး ကာလအားျဖင့္လည္း ၾကန႔္ၾကာႏိုင္ပါတယ္။

ဒါေပမဲ့ ၿခဳံငုံၾကည့္ရင္ ဘဂၤလားေဒ့ရွ္စစ္တပ္ဟာ ေဒသတြင္းမွာ တည္ၿငိမ္တဲ့ဆက္ဆံေရးကို တည္ေဆာက္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္လို႔ရၿပီး အမ်ားအားျဖင့္ အိႏၵိယနဲ႔တ႐ုတ္တို႔ၾကား မွ်တတဲ့ ႏိုင္ငံျခားေရးမူဝါဒလမ္းစဥ္ကို ကိုင္စြဲသြားႏိုင္ဖြယ္ရွိပါတယ္။ ဒါ့ျပင္ ဘဂၤလားေဒ့ရွ္ရဲ႕ အေမရိကန္နဲ႔ ဆက္ ဆံေရးမွာ တိုးတက္မႈအတြက္ အလားအလာတခ်ိဳ႕လည္း ရွိလာႏိုင္ပါတယ္။ ဟာစီနာဟာ ဝါရွင္တန္ကို ပုဂၢိဳလ္ေရးအရ မႏွစ္ၿမိဳ႕တဲ့ ရွည္လ်ားတဲ့ သမိုင္းေၾကာင္းရွိခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္အေနနဲ႔ ယခုအခါ သူရဲ႕ဩဇာကို ျပန္လည္တည္ေဆာက္ဖို႔ အခြင့္အလမ္းရရွိလာႏိုင္သလို ဘဂၤလားေဒ့ရွ္အေနနဲ႔ လည္း စစ္ေရးအကူအညီေတြ ရရွိလာႏိုင္ပါတယ္။

အခ်ဳပ္အားျဖင့္ဆိုရရင္ ကာလရွည္ၾကာ သက္ဦးဆံပိုင္ဆန္ဆန္အုပ္ခ်ဳပ္ေနတဲ့ ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္သြားျခင္းေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအေနနဲ႔ ႏိုင္ငံေရးသမိုင္းစာမ်က္ႏွာသစ္ကို ဖြင့္လွစ္လာ ႏိုင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ ယာယီအစိုးရအျဖစ္ တာဝန္ယူမယ့္စစ္တပ္အေနနဲ႔ အတိတ္ကျဖစ္ပ်က္ခဲ့ တဲ့ ႏိုင္ငံေရးအရလိုအပ္ခ်က္ေတြ၊ အားနည္းခ်က္ေတြ ကိုသင္ခန္းစာယူၿပီး အေကာင္းဆုံး စီမံအုပ္ခ်ဳပ္ သြားႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္။ ဒါ့ျပင္ ၎တို႔ အေနနဲ႔ ေရွ႕လုပ္ငန္းစဥ္ေတြခ်မွတ္ၿပီး သတ္မွတ္ အခ်ိန္အတိုင္းအတာတစ္ခုအတြင္း လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲေတြကို က်င္းပကာ စစ္မွန္တဲ့ ႏိုင္ငံ့ေခါင္းေဆာင္ကို ေ႐ြးခ်ယ္ျခင္းနဲ႔အတူ အုပ္ခ်ဳပ္ ေရးယႏၲရားေတြကို ျပန္လည္ လည္ပတ္ေစျခင္းျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ေျဖာင့္ျဖဴးတဲ့ ႏိုင္ငံေရး လမ္းေၾကာင္းကို ပုံေဖာ္ေပးႏိုင္ပါေစေၾကာင္း ဆုေတာင္းေရးသားလိုက္ရပါတယ္။

Picture

Ye Aung

18/08/2024 21:56

Hello

Related news

© 2021. All rights reserved.