စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သန်း (၁၀၀) ပံ့ပိုးပေးမည်
2177
ယွန်း (NP News) - သြဂုတ် ၁၅
စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သြဂုတ်လ (၁၄) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီ စဥ်ထားကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီ၊ စားသုံးဆီ နှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် တရုတ်ယွမ် ၅ သန်း တိုကို ရောင်းချပေးခဲ့သည်။
ထို့ပြင် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း ဩဂုတ်လ ၁ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ဖူးသည်။
“လောလောဆယ်မှာတော့ ပြည်သူတွေကို စက်သုံးဆီအလုံအလောက်ရှိပါတယ်၊ စက်သုံးဆီမပြတ်ပါဘူးဆိုတာမျိုးကို အသိပေးလိုက်တဲ့သဘောပေါ့။ စက်သုံးဆီဝယ်ဖို့ လုံလုံလောက်လောက် ပိုက်ဆံရှိတယ်၊ ပေးမယ်၊ ပူစရာမလိုဘူးဆိုတာမျိုးကို ပြောလိုက်တာပေါ့။ အခုက လူတွေက စိုးရိမ်စိတ်တွေနဲ့ တစ်နေ့ထက်တစ်နေ့ တန်းစီဝယ်တဲ့သူက များများလာတယ်။ ဒီနေ့ဆိုပိုများမယ်။ ရှေ့ကဝယ်တဲ့သူကလည်း နှစ်ရက်သုံးရက်သုံးလိုက်ရင် ကုန်သွားတော့ ပြန်တန်းစီကြတယ်။ ဒီလိုမျိုးနဲ့ တန်းစီတဲ့ပမာဏက များလာတာပေါ့” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုသုံးသပ်ပြောဆို ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိအခြားမြို့များ၌ စက်သုံးဆီဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချနေရသည့်အတွက် ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ်နေသည့်အပြင် ဈေးနှုန်းမြင့်တက်မှုများကိုလည်း ကြုံတွေ့နေရလျက်ရှိသည်။
ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် စက်သုံးဆီလုံလောက်စွာမရှိသည့်အတွက် အကန့်အသတ်ဖြင့်သာ ရောင်းချနေရပြီး ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူမှုများလည်း ရှိနေသည်။
“ဓာတ်ဆီတွေဝယ်လို့မရလို့ တန်းစီစောင့်နေရတာ။ အဘဆို မနက်(၄)နာရီထဲက စောင့်နေတာ အခုဆို ၁၂ နာရီတောင်ထိုးတော့မယ် မရသေးဘူး။ အဘရှေ့က ကားတွေဆိုရင် မနက် (၂)နာရီ (၃)နာရီလောက်ထဲက စောင့်နေကြမယ်ထင်တယ်။ ရာသီဥတုကလည်း အရမ်းပူတယ်။ ဆီကလည်းမရသေးဘူး” ဟု သက်ကြီးပိုင်းအရွယ် တက္ကစီမောင်းနှင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
ယနေ့ သြဂုတ်လ (၁၅)ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက 92 တစ်လီတာလျှင် ၂၇၅၀ ကျပ်နှင့် 95 တစ်လီတာလျှင် ၂၈၉၀ ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက် ၌ ဓာတ်ဆီတစ်လီတာလျှင် ၇ဝဝဝ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် စက်သုံးဆီနှင့်ပတ်သက်၍ ပြတ်လပ်မှုဖြစ်ပေါ်နေသည်ဆိုသည့်သတင်းများ မကြာခဏဆိုသကဲ့သို့ ထွက်ပေါ်ခဲ့ ဖူးသည်။
zawgyi version
စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ဗဟိုဘဏ္မွ အေမရိကန္ေဒၚလာ သန္း (၁၀၀) ပံ့ပိုးေပးမည်
ယြန္း (NP News) - ၾသဂုတ္ ၁၅
စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြက္ ဗဟိုဘဏ္မွ အေမရိကန္ေဒၚလာ သန္း ၁၀၀ ပံ့ပိုးေပးရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ၾသဂုတ္လ (၁၄) ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအား အေမရိကန္ေဒၚလာ သန္း ၁၀၀ ပံ့ပိုးေပးရန္ စီ စဥ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ဗဟိုဘဏ္မွ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ စက္သုံးဆီ၊ စားသုံးဆီ ႏွင့္ ေဆးဝါးက႑မ်ားအတြက္ FX Trading Platform မွတစ္ဆင့္ အေမရိကန္ေဒၚလာ ၅ သန္း ႏွင့္ တ႐ုတ္ယြမ္ ၅ သန္း တိုကို ေရာင္းခ်ေပးခဲ့သည္။
ထို႔ျပင္ စက္သုံးဆီဖူလုံစြာသုံးစြဲႏိုင္ေရးအတြက္ သိုေလွာင္ျဖန႔္ျဖဴးလ်က္ရွိသည့္အျပင္ ျပည္ပမွစက္သုံးဆီတင္သေဘၤာမ်ားဝင္ေရာက္ရန္ ေဆာင္႐ြက္ထားျခင္းေၾကာင့္ စက္သုံးဆီျပတ္လပ္မႈမရွိႏိုင္ေၾကာင္း ဩဂုတ္လ ၁ ရက္တြင္ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ဖူးသည္။
“ေလာေလာဆယ္မွာေတာ့ ျပည္သူေတြကို စက္သုံးဆီအလုံအေလာက္ရွိပါတယ္၊ စက္သုံးဆီမျပတ္ပါဘူးဆိုတာမ်ိဳးကို အသိေပးလိုက္တဲ့သေဘာေပါ့။ စက္သုံးဆီဝယ္ဖို႔ လုံလုံေလာက္ေလာက္ ပိုက္ဆံရွိတယ္၊ ေပးမယ္၊ ပူစရာမလိုဘူးဆိုတာမ်ိဳးကို ေျပာလိုက္တာေပါ့။ အခုက လူေတြက စိုးရိမ္စိတ္ေတြနဲ႔ တစ္ေန႔ထက္တစ္ေန႔ တန္းစီဝယ္တဲ့သူက မ်ားမ်ားလာတယ္။ ဒီေန႔ဆိုပိုမ်ားမယ္။ ေရွ႕ကဝယ္တဲ့သူကလည္း ႏွစ္ရက္သုံးရက္သုံးလိုက္ရင္ ကုန္သြားေတာ့ ျပန္တန္းစီၾကတယ္။ ဒီလိုမ်ိဳးနဲ႔ တန္းစီတဲ့ပမာဏက မ်ားလာတာေပါ့” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုသုံးသပ္ေျပာဆို ထားသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ ႏိုင္ငံတစ္ဝန္းရွိအျခားၿမိဳ႕မ်ား၌ စက္သုံးဆီဆိုင္မ်ားတြင္ အကန္႔အသတ္ျဖင့္ေရာင္းခ်ေနရသည့္အတြက္ ေဒသခံမ်ားမွာ အခ်ိန္ၾကာျမင့္စြာ တန္းစီဝယ္ေနရသည့္အတြက္ အခက္အခဲမ်ားစြာျဖစ္ေပၚေနသည့္အျပင္ ေဈးႏႈန္းျမင့္တက္မႈမ်ားကိုလည္း ႀကဳံေတြ႕ေနရလ်က္ရွိသည္။
ရန္ကုန္ၿမိဳ႕အတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕တြင္ စက္သုံးဆီလုံေလာက္စြာမရွိသည့္အတြက္ အကန႔္အသတ္ျဖင့္သာ ေရာင္းခ်ေနရၿပီး ကားမ်ားစြာ တန္းစီေစာင့္ဆိုင္းကာ ဆီဝယ္ယူမႈမ်ားလည္း ရွိေနသည္။
“ဓာတ္ဆီေတြဝယ္လို႔မရလို႔ တန္းစီေစာင့္ေနရတာ။ အဘဆို မနက္(၄)နာရီထဲက ေစာင့္ေနတာ အခုဆို ၁၂ နာရီေတာင္ထိုးေတာ့မယ္ မရေသးဘူး။ အဘေရွ႕က ကားေတြဆိုရင္ မနက္ (၂)နာရီ (၃)နာရီေလာက္ထဲက ေစာင့္ေနၾကမယ္ထင္တယ္။ ရာသီဥတုကလည္း အရမ္းပူတယ္။ ဆီကလည္းမရေသးဘူး” ဟု သက္ႀကီးပိုင္းအ႐ြယ္ တကၠစီေမာင္းႏွင္သည့္ အမ်ိဳးသားတစ္ဦးက ဆိုသည္။
ယေန႔ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴး ျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီက 92 တစ္လီတာလွ်င္ ၂၇၅၀ က်ပ္ႏွင့္ 95 တစ္လီတာလွ်င္ ၂၈၉၀ က်ပ္သတ္မွတ္ထားေသာ္လည္း ျပင္ပေဈးကြက္ ၌ ဓာတ္ဆီတစ္လီတာလွ်င္ ၇ဝဝဝ က်ပ္အထိ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။
လက္ရွိ နစကအစိုးရလက္ထက္တြင္ စက္သုံးဆီႏွင့္ပတ္သက္၍ ျပတ္လပ္မႈျဖစ္ေပၚေနသည္ဆိုသည့္သတင္းမ်ား မၾကာခဏဆိုသကဲ့သို႔ ထြက္ေပၚခဲ့ ဖူးသည္။