မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
2785
သုတကျော် (NP News) - ဩဂုတ် ၁၅
မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထည့်သွင်းပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူများပါဝင်သော မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲလည်း ပြုလုပ်ခဲ့သည့်အပြင် ယခင်မြန်မာနိုင်ငံအစိုးရ၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သော ဦးသန်းရွှေနှင့်လည်း ဩဂုတ်လ ၁၄ ရက်တွင် သီးသန့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြကြောင်း၊ ဤအချက်သည် မည်သည့်အခါတွင်မျှ ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပဝင်ရောက်စွက်ဖက်မှု ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ် ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက တန်ဖိုးရှိသော ထောက်ခံအားပေးမှုများ ဆက်လက်ထောက်ပံ့သွားရန် မျှော်လင့်ကြောင်း ဦးသန်းရွှေ က ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူပူ အမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့ကျကျအကျိုးရလဒ်များ ပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှု နှင့် နယ်မြေတည်တံ့မှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြား သည်။
မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံ ရေးပြန်လည်သင့်မြတ်မှုကို ကြိုးပမ်းဖော်ဆောင်ကာ အထွေထွေရွေး ကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင်ပြေချောမွေ့စွာကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန် အမြဲတစေထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို တရုတ်နိုင်ငံက အခိုင်အမာဆန့်ကျင်သကဲ့သို့ မြန်မာ နိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖျက်ဆီးသည့် မည်သည့်ပြောဆိုပြုမူမှုကိုမဆို ခိုင်မာစွာဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားကာ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၄ ရက် ညနေပိုင်းက ပြုလုပ်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့် မြန်မာအစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြရာ သန်းခေါင် စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုကြောင်း တရုတ်အစိုးရဘက်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံအစိုးရႏွင့္ျပည္သူမ်ား၏ ယုံၾကည္အားထားရသည့္ မိတ္ေဆြစစ္၊ မိတ္ေဆြေကာင္းအျဖစ္ ေဆာင္႐ြက္သြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊႏွင့္ေတြ႕ဆုံစဥ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
သုတေက်ာ္ (NP News) - ဩဂုတ္ ၁၅
ျမန္မာႏိုင္ငံ အစိုးရႏွင့္ ျပည္သူမ်ား၏ ယုံၾကည္အားထားရသည့္ မိတ္ေဆြစစ္၊ မိတ္ေဆြေကာင္းအျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေ႐ႊ ႏွင့္ေတြ႕ဆုံစဥ္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ထည့္သြင္းေျပာၾကားခဲ့သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိ၏ ခရီးစဥ္အတြင္း နစက ဥကၠ႒၊ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ဖက္တာဝန္ရွိသူမ်ားပါဝင္ေသာ ျမန္မာႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲလည္း ျပဳလုပ္ခဲ့သည့္အျပင္ ယခင္ျမန္မာႏိုင္ငံအစိုးရ၏ အႀကီးအကဲအျဖစ္ တာဝန္ယူခဲ့ေသာ ဦးသန္းေ႐ႊႏွင့္လည္း ဩဂုတ္လ ၁၄ ရက္တြင္ သီးသန႔္ေတြ႕ဆုံခဲ့ျခင္း ျဖစ္သည္။
ႏွစ္ႏိုင္ငံသည္ အစဥ္အၿမဲ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံကာ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ၾကေၾကာင္း၊ ဤအခ်က္သည္ မည္သည့္အခါတြင္မွ် ေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ျပည္ပဝင္ေရာက္စြက္ဖက္မႈ ကာကြယ္ေရးႏွင့္ ျပည္တြင္းတည္ၿငိမ္မႈကို ထိန္းသိမ္းကာကြယ္ ေရးတြင္ ကူညီေပးရန္အတြက္ တ႐ုတ္ႏိုင္ငံက တန္ဖိုးရွိေသာ ေထာက္ခံအားေပးမႈမ်ား ဆက္လက္ေထာက္ပံ့သြားရန္ ေမွ်ာ္လင့္ေၾကာင္း ဦးသန္းေ႐ႊ က ထည့္သြင္း ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ တ႐ုတ္-ျမန္မာ ဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတက္ေရးကို အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ သံတမန္ဆက္ဆံေရး၏ အေရးႀကီးသည့္ေနရာတြင္ အစဥ္အၿမဲထားရွိေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္အတူ တ႐ုတ္-ျမန္မာ ေအးအတူပူ အမွ် အသိုက္အဝန္းတည္ေဆာက္ေရးကို တြန္းအားေပးၿပီး လက္ေတြ႕က်က်အက်ိဳးရလဒ္မ်ား ပိုမိုရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားလိုေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လြတ္လပ္မႈ၊ အခ်ဳပ္အျခာအာဏာ၊ တစ္သားတည္းျဖစ္တည္မႈ ႏွင့္ နယ္ေျမတည္တံ့မႈအား ကာကြယ္ထိန္းသိမ္းျခင္းကို အစဥ္အၿမဲေထာက္ခံေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ထည့္သြင္းေျပာၾကား သည္။
ျမန္မာႏိုင္ငံက ဖြဲ႕စည္းပုံအေျခခံဥပေဒမူေဘာင္ေအာက္တြင္ ျပည္တြင္းႏိုင္ငံ ေရးျပန္လည္သင့္ျမတ္မႈကို ႀကိဳးပမ္းေဖာ္ေဆာင္ကာ အေထြေထြေ႐ြး ေကာက္ပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ အဆင္ေျပေခ်ာေမြ႕စြာက်င္းပၿပီး ဒီမိုကေရစီအသြင္ကူးေျပာင္းေရးျဖစ္စဥ္ကို ျပန္လည္စတင္ရန္ အၿမဲတေစေထာက္ခံေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ျပည္ပအင္အားစုမ်ား ဝင္ေရာက္စြက္ဖက္စိမ့္ဝင္မႈကို တ႐ုတ္ႏိုင္ငံက အခိုင္အမာဆန္႔က်င္သကဲ့သို႔ ျမန္မာ ႏိုင္ငံ တည္ၿငိမ္မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ဖ်က္ဆီးသည့္ မည္သည့္ေျပာဆိုျပဳမူမႈကိုမဆို ခိုင္မာစြာဆန္႔က်င္ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္အတူ ေအးအတူ ပူအမွ်၊ အျပန္အလွန္ေဖးမကူညီသည့္ စိတ္ဓာတ္ကို လက္ကိုင္ထားကာ ျမန္မာႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ား၏ ယုံၾကည္အားထားရသည့္ မိတ္ေဆြစစ္၊ မိတ္ေဆြေကာင္းအျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးပြဲကို ဩဂုတ္လ ၁၄ ရက္ ညေနပိုင္းက ျပဳလုပ္ရာတြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏွင့္ ျမန္မာအစိုးရ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကရာ သန္းေခါင္ စာရင္းေကာက္ယူမႈႏွင့္ပတ္သက္၍ လိုအပ္သည့္ နည္းပညာကူညီမႈမ်ားကိုလည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍လည္း လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲတြင္ သက္ဆိုင္သူမ်ားအားလုံးပါဝင္ႏိုင္သည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး တိုက္တြန္းလိုေၾကာင္း တ႐ုတ္အစိုးရဘက္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။