ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ခရီးသည်တင်ကားတစ်စီး အပူလွန်ကဲကာ ကားတစ်စီးလုံး မီးလောင်ပျက်စီး
3607
သန့်ဇင် (NP News) - ဩဂုတ် ၁၇
ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ရှူးနှင့် နောက်ဘီးငြိ၍ အပူလွန်ကဲရာမှ ကားတစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၇ ရက်)၊ နံနက် ၃နာရီ ၂၀မိနစ်အချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၄/၇)နှင့် (၁၄၃/၆) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ တော်ဝင်ထွန်း Express က တညင်းသီးအပြည့်တင်လာတယ်။ ယာဉ်ပေါ်မှာက ယာဉ် မောင်းရယ် ယာဉ်နောက်လိုက်နဲ့ အခြားတစ်ယောက်နဲ့ဆို (၃)ယောက်ပါတယ်။ အဲဒီကားက ဘရိတ်ရှူးနဲ့ ကားနောက်ဘီးက ညာဘက်ဘီးနဲ့ ငြိလာရင်း နဲ့ အခုဖြစ်တဲ့နေရာရောက်တော့ မီးထလောင်တာပါ”ဟု ဗောဓိကုန်းအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း “တော်ဝင်ထွန်း” ခရီးသည်တင်ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါကား ပေါ်တွင် တင်ဆောင်လာသော တညင်းသီးအိတ်များ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“လူထိခိုက်မှုမရှိဘူးဗျ။ ကားတစ်စီးလုံးနဲ့ တညင်းသီးအိတ်တွေမီးလောင်ကုန်တယ်။ အခုနှစ်ထဲမှာတော့ ကျွန်တော့်အပိုင်ထဲမှာတော့ ဒီတစ်ကြိမ်ပဲရှိပါသေးတယ်။ အဲဒီမီးလောင်တဲ့ Express ပေါ်မှာ 4KG မီးသတ်ဆေးဗူး(၂)ဗူးပါတယ်။ အဲဒီ(၂)ဗူးနဲ့သာ ဖြစ်ဖြစ်ချင်းငြှိမ်းလိုက်မယ်ဆို ဘာမှဖြစ်မှာမဟုတ်ဘူး။ အဲဒီမှာ ပေါ့ဆမှုက ဘာလဲဆိုတော့ မီးသတ်ဆေးဗူးတွေမှာ Pressure ဂိတ်တွေက ဇီးရိုးရောက်နေတာ။ လမ်းမှာသွားလာနေတဲ့ Express ကားတွေက ငှားတော့လည်း အဲဒီလိုပဲ မီးသတ်ဆေးဗူးတွေ Pressure ဂိတ်တွေက ဇီးရိုးချည်းပဲ။ အဲဒီတော့ မပေါ့ကြနဲ့ပေါ့။ ပေါ့ဆလိုက်တော့ ဆုံးရှုံးမှုက သိန်းရာနဲ့ချီရှိသွားတာပေါ့”ဟု ၎င်းက အကြံပြုပြောဆိုထားသည်။
ကားမီးလောင်မှုအား ဗောဓိကုန်းအမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းများက မိနစ်(၂၀)ခန့်အကြာ ထွက်ခွါမီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားကို ဇီးပင်သာရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
zawgyi version
ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းတြင္ ခရီးသည္တင္ကားတစ္စီး အပူလြန္ ကဲကာ ကားတစ္စီးလုံး မီးေလာင္ပ်က္စီး
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၇
ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းတြင္ ခရီးသည္တင္ကားတစ္စီး ဘရိတ္ရႉးႏွင့္ ေနာက္ဘီးၿငိ၍ အပူလြန္ကဲရာမွ ကားတစ္စီးလုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ေဗာဓိကုန္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၁၇ ရက္)၊ နံနက္ ၃နာရီ ၂၀မိနစ္အခ်ိန္ခန႔္က ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း၊ မိုင္တိုင္အမွတ္ (၁၃၄/၇)ႏွင့္ (၁၄၃/၆) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေနျပည္ေတာ္ဘက္ကေန ရန္ကုန္ဘက္ကိုေမာင္းလာတဲ့ ေတာ္ဝင္ထြန္း Express က တညင္းသီးအျပည့္တင္လာတယ္။ ယာဥ္ေပၚမွာက ယာဥ္ ေမာင္းရယ္ ယာဥ္ေနာက္လိုက္နဲ႔ အျခားတစ္ေယာက္နဲ႔ဆို (၃)ေယာက္ပါတယ္။ အဲဒီကားက ဘရိတ္ရႉးနဲ႔ ကားေနာက္ဘီးက ညာဘက္ဘီးနဲ႔ ၿငိလာရင္း နဲ႔ အခုျဖစ္တဲ့ေနရာေရာက္ေတာ့ မီးထေလာင္တာပါ”ဟု ေဗာဓိကုန္းအျမန္လမ္း မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း “ေတာ္ဝင္ထြန္း” ခရီးသည္တင္ကားတစ္စီးလုံးမီးေလာင္ပ်က္စီးသြားခဲ့ၿပီး အဆိုပါကား ေပၚတြင္ တင္ေဆာင္လာေသာ တညင္းသီးအိတ္မ်ား မီးေလာင္ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
“လူထိခိုက္မႈမရွိဘူးဗ်။ ကားတစ္စီးလုံးနဲ႔ တညင္းသီးအိတ္ေတြမီးေလာင္ကုန္တယ္။ အခုႏွစ္ထဲမွာေတာ့ ကြၽန္ေတာ့္အပိုင္ထဲမွာေတာ့ ဒီတစ္ႀကိမ္ပဲရွိပါေသးတယ္။ အဲဒီမီးေလာင္တဲ့ Express ေပၚမွာ 4KG မီးသတ္ေဆးဗူး(၂)ဗူးပါတယ္။ အဲဒီ(၂)ဗူးနဲ႔သာ ျဖစ္ျဖစ္ခ်င္းျငႇိမ္းလိုက္မယ္ဆို ဘာမွျဖစ္မွာမဟုတ္ဘူး။ အဲဒီမွာ ေပါ့ဆမႈက ဘာလဲဆိုေတာ့ မီးသတ္ေဆးဗူးေတြမွာ Pressure ဂိတ္ေတြက ဇီး႐ိုးေရာက္ေနတာ။ လမ္းမွာသြားလာေနတဲ့ Express ကားေတြက ငွားေတာ့လည္း အဲဒီလိုပဲ မီးသတ္ေဆးဗူးေတြ Pressure ဂိတ္ေတြက ဇီး႐ိုးခ်ည္းပဲ။ အဲဒီေတာ့ မေပါ့ၾကနဲ႔ေပါ့။ ေပါ့ဆလိုက္ေတာ့ ဆုံးရႈံးမႈက သိန္းရာနဲ႔ခ်ီရွိသြားတာေပါ့”ဟု ၎က အႀကံျပဳေျပာဆိုထားသည္။
ကားမီးေလာင္မႈအား ေဗာဓိကုန္းအျမန္လမ္းမီးသတ္တပ္ဖြဲ႕ႏွင့္ အျခားလူမႈကူညီေရးအသင္းမ်ားက မိနစ္(၂၀)ခန႔္အၾကာ ထြက္ခြါမီးျငႇိမ္းသတ္ခဲ့ၿပီး ယာဥ္ေမာင္းအမ်ိဳးသားကို ဇီးပင္သာရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။