လားရှိုး စစ်ဘေးရှောင်ပြည်သူများ၏ အိမ်များကို ဖောက်ထွင်းကာ ခိုးရာပါ ပစ္စည်းများကို ရပ်ကွက်(၅)ဈေးတွင် ပြန်လည်ရောင်းချသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်နေဟုဆို
13573
သုတကျော်၊ သန့်ဇင် (NP News) - ဩဂုတ် ၂ဝ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်ပြည်သူများ၏ အိမ်များကို ဖောက်ထွင်းကာ ခိုးရာပါ ပစ္စည်းများကို ရပ်ကွက် (၅)ဈေးတွင် ပြန်လည်ရောင်းချသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်နေကြောင်း ဒေသခံအချို့ထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
MNDAA ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ဇူလိုင် (၃) ရက်နေ့မှစတင်ကာ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင် တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ကာ လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်နှင့် ပစ္စည်းများစွာ ထိခိုက်မှုရှိသကဲ့သို့ လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။
စစ်ဘေးကြောင့် မြို့ခံအများစုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပြီး အချို့က အိမ်စောင့်ထားခဲ့သော်လည်း အချို့ကမူ အိမ်စောင့် လုံးဝထားနိုင်ခဲ့ခြင်းမရှိပေ။ စစ်ပွဲအရှိန်ပိုမို မြင့်တက်လာသောအခါတွင်မူ အိမ်စောင့် ကျန်သူ အချို့မှာလည်း စစ်ဘေးရှောင်ခဲ့ရသည်ဖြစ်ရာ အစောင့်မဲ့သွားသော အိမ်များသည် သူခိုးများအတွက် စိမ်ပြေနပြေ ခိုးယူစရာနေရာများ ဖြစ်လာခဲ့သည်။
“စစ်ပွဲ ရှောင်ရတယ်ဆိုတာက အကုန်လုံးကို ထားခဲ့ရတာ။ အိမ်တွေက တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို သယ်မရ တော့ ထားခဲ့ရတာလေ။ အသက်ထက် ဘယ်ဟာမှ အရေးမကြီးဘူးဆိုတော့ သုံးဖို့စွဲဖို့ ပိုက်ဆံနဲ့ အတွင်း ပစ္စည်းလောက် ယူပြီး ထွက်ပြေးခဲ့ရတာလေ။ သူခိုးတွေအတွက်တော့ အေးအေး ဆေးဆေး ခိုးစရာ ဖြစ်သွားတာပေါ့”ဟု လားရှိုးမြို့မှ ထွက်ပြေး တိမ်းရှောင်လာခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
MNDAA က မြို့အတွင်း ဝင်ရောက်ခွင့် ပေးသည် ဆိုသောကြောင့် လားရှိုးမြို့မှ စစ်ဘေးရှောင်အချို့က ထားခဲ့ရသော အိမ်များကို ပြန်လည်ကြည့်ရှု့ခဲ့ရာ အများစုမှာ ပြောင်သလင်းခါနေသော အနေအထားကို မြင်တွေ့ခဲ့ ကြရသည်။ ထို့ပြင် အချို့က မျက်နှာပြောင်တိုက်ကာ ခိုးရာပါ ပစ္စည်း များနှင့်အတူ လူမရှိသောအိမ်အတွင်း ဝင်ရောက် နေထိုင်သူများလည်း ရှိသေးသည်။ “သူငယ်ချင်းတစ်ယောက်ရဲ့ ညီမ လင်မယားက အိမ်မှာ ပစ္စည်းပြန်သယ်တော့ သူတို့အိမ်မှာ စတည်းချနေတဲ့ သူတွေတွေ့ရတယ်။ ပြီးတော့ တန်ဖိုးကြီးပစ္စည်း ဘာမှ မကျန်တော့ဘူးတဲ့။ ကားပြာကြီး တွေနဲ့တောင် သယ်တာလို့ ပြောတယ်။ သူများအိမ်က ခိုးလာတဲ့ ဘုရားတွေ၊ ပစ္စည်းတွေကိုလည်း သူတို့အိမ်ထဲ သယ်ထားတယ်။ ပိုင်ရှင်ပြန်လာတာတောင် မျက်နှာပြောင်တိုက် သေးတယ်တဲ့။ ကျွန်တော်တို့က အိမ်ကိုစောင့်ရှောက် ပေးနေရတာဆိုပြီး ပိုက်ဆံ ၃ သိန်းတောင်းတယ်တဲ့။ နောက်ဆုံး တစ်သိန်း နှစ်သောင်း ပေးလိုက်ရတယ် ပြောတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
အိမ်အတွင်း တွေ့ရသည် ဆိုသော ခိုးရာပါ ပစ္စည်းများထဲတွင် ဆန်အိတ်များ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူ အိတ်များ၊ ဆိုင်ကယ် ၅ စီး၊ မီးစက်များနှင့် တီဗွီများ ပါဝင်ကြောင်း ၎င်းက အတိအကျ ဆိုသည်။ “ကျွန်းဆက်တီခုံတော့ အိမ်ကနေ မသယ်သေးဘူးလို့ ပြောတယ်။ ပြီးတော့ အမျိုးအမည် အများကြီးကို သူဌေးဖြစ် ခိုးကြတာတဲ့။ ပြီးတော့ ရပ်ကွက် ၅ ဈေးမှာ ပြန်ရောင်းတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။ ဖေ့စ်ဘွတ်ခ် စာမျက်မှာထက်တွင် အင်တာနက်သုံးစွဲသူ တစ်ဦးက လားရှိုးမြို့ နေအိမ်ရှိ ၎င်း၏ အခန်းမှ သူခိုးများ ဖောက်ထွင်းသွားသော ဓာတ်ပုံကို မူရင်း အခန်းအခြေအနေနှင့် တွဲတင် ထားခဲ့ရာ ကွန်ပျူတာ၊ အလှထားအရုပ်၊ ဆောင်း ဘောက် စသည်ဖြင့် တန်ဖိုးကြီး ပစ္စည်းများ အားလုံးကို သယ်ယူသွားကြောင်း တွေ့ရသော်လည်း သယ်ရခက်သည့် ခုံကိုမူ ထားခဲ့ကြောင်း NP News က တွေ့မြင်ရသည်။
“စစ်ပွဲကမြို့ထဲ မဝင်လာခင်မှာလည်း တော်တော်များများ ရှောင်ကြသေးတယ်လေ။ အဲ့ဒီအချိန်တည်းက သူခိုးတွေက စသောင်းကျန်းနေပြီ။ ကိုယ့်အိမ် ကိုယ့်ယာကို လာသလို သော့ဖျက်ပြီးတော့ ဝင်ခိုးတာ။ တအိမ်ဆို အိမ်စောင့်က အပြင်ခဏသွားတာကို လူမရှိဘူး ထင်ပြီး ခိုးသွားတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
လားရှိုးမြို့မှစစ်ဘေးရှောင်သူများ အနေဖြင့်လည်း ၎င်းတို့နေထိုင်ရာဇာတိမြို့တွင် ပြန်လည်အခြေချ နေထိုင်လို စိတ်ရှိသော်လည်း လုံခြုံရေး အာမခံချက် အပြည့်အဝမရှိခြင်း၊ အစိုးရ မဟုတ်သော လက်နက်ကိုင်အဖွဲ့မှ ထိန်း ချုပ်ထားသောကြောင့် တရားဝင် ဥပဒေမရှိခြင်း၊ ဘာသာစကား မတူခြင်း တို့ကြောင့် အခက်အခဲများ ရှိမည်ကို စိုးရိမ်နေကြသည်။
“စစ်တပ်ဆိုရင်တောင်မှ အစ်မတို့ကို ကာကွယ်ပေးမယ့် ဥပေဒေရှိတယ်။ အခုက သူပုန်ဆိုတော့ သူပုန်ဥပဒေ ပဲရှိမှာ။ ဆိုတော့ အစ်မတို့က ဘာမှပြောပိုင်ခွင့်မရှိဘူးလေ။ အစ်မတို့လည်း လမ်းတွေပျောက်နေတာ စိတ်တွေလည်း ညစ်တယ်” ဟု လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့ပြင် လားရှိုးမြို့သိမ်း တိုက် ပွဲတွင် MNDAA ပူးပေါင်းအဖွဲ့ဘက်မှ ပစ်ခတ်သော ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲသည့် မြို့အတွင်း ထိခိုက် ပျက်စီးမှုများစွာ ရှိခဲ့သည်။
“စစ်ဒဏ်ကြောင့် မပျက်စီးလည်း သူခိုးတွေကြောင့် တစ်မြို့လုံး နီးပါးပြောင်ကြတာပေါ့။ အစ်မအထင်ဆိုရင် လက်နက်ကြီးနဲ့ စစ်ပွဲကြောင့် မြို့ရဲ့ (၅၀)ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးမယ် ထင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် MNDAA က ထုတ်ပြန်သည် ဆိုသော စာတစ်စောင် ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်ခဲ့ရာ ၎င်းတို့အတွက် စစ်မှုထမ်း ဆင့်ခေါ်မည် ဆို သောကြောင့်လည်း စိုးရိမ်စိတ်များ ရှိနေကြသည်။ “လားရှိုးရောက်သွားရင်လည်း နောက်ဆုံး သူတို့က အခုအချိန်မှာ လူအင်အား လိုနေတာလေ။ စစ်သား စုဆောင်းဖို့အတွက် ကိုယ့်အိမ်သား ဖြစ်ဖြစ် ခေါ်လိုက် တယ်ဆိုရင် ဘယ်သူ့သွားပြောရမှာလဲ။ ဘယ်သူ့မှ သွားပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။
စစ်ပွဲကြောင့် အလုံးစုံ ထိခိုက်နစ်နာရသည့်အထဲတွင် စီးပွားရေးလုပ်ငန်းရှင်များသည် လည်း ပါဝင်သည် ဖြစ်ရာ တစ်ချိန်ကရှိခဲ့သော ကြွယ်ဝပိုင်ဆိုင်မှုများ ပျောက်ကွယ်သွားခဲ့ကြရသည်။ “စီးပွားရေးက ထိခိုက်တယ်။ တစ်သက်တာ ပိုင်ဆိုင်မှုတွေ အကုန်ထားခဲ့ရတယ်။ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတာ တောင်မှ ကိုယ်အရင်ရှာထားတဲ့အရာတွေ ကိုယ် မပိုင်တော့ဘူး။ အခုချိန်သွားရင်တောင် စီးပွားရေးက ချက်ခြင်းပြန်ဖြစ်ဖို့ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး။ ဘာကြောင့်ဆို မြို့ပေါ်မှာလူတွေမှ မနေရဲတော့တာ။ မနေရဲတော့ စီးပွားရေးပြန်စဖို့ဆိုတာ ဘယ်လိုမှ အရင်လိုတော့ မဖြစ်နိုင်တော့ဘူး ထင်တာပဲ” ဟု လားရှိုးမြို့မှ တိမ်းရှောင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ထို့ပြင် လက်ရှိတွင် လားရှိုးမြို့ကို မပြန် ချင်တော့သော ဒေသခံများလည်း ရှိနေသည်။ “စီးပွားရေး ကောင်းမယ်လို့လည်း မယုံပါဘူး။ ပြီးတော့ အုပ်ချုပ်ရေးက ဘာလာလာ တရားဝင် အစိုးရလို တော့ စည်းစနစ်တကျ မဖြစ်ဘူး။ အဲဒီတော့ ရေကြည်ရာ မြက်နုရာ ပြောင်းနေရုံပါပဲ” ဟု လားရှိုးမြို့ကို စွန့်ခွာကာ ရန်ကုန်မြို့သို့ ရောက်ရှိနေသူ တစ်ဦးက ဆိုသည်။
zawgyi version
လားရႈိး စစ္ေဘးေရွာင္ျပည္သူမ်ား၏ အိမ္မ်ားကို ေဖာက္ထြင္းကာ ခိုးရာပါ ပစၥည္းမ်ားကို ရပ္ကြက္(၅)ေဈးတြင္ ျပန္လည္ေရာင္းခ်သည့္ ေဈးကြက္တစ္ခုျဖစ္ေပၚေနဟုဆို
သုတေက်ာ္၊ သန႔္ဇင္ (NP News) - ဩဂုတ္ ၂ဝ
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ စစ္ေဘးေရွာင္ျပည္သူမ်ား၏ အိမ္မ်ားကို ေဖာက္ထြင္းကာ ခိုးရာပါ ပစၥည္းမ်ားကို ရပ္ကြက္ (၅)ေဈးတြင္ ျပန္လည္ေရာင္းခ်သည့္ ေဈးကြက္တစ္ခု ျဖစ္ေပၚေနေၾကာင္း ေဒသခံအခ်ိဳ႕ထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
MNDAA ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ဇူလိုင္ (၃) ရက္ေန႔မွစတင္ကာ လားရႈိးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားကို ျပန္လည္ေဖာ္ေဆာင္ခဲ့ကာ လားရႈိးၿမိဳ႕အတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ားျဖင့္ပစ္ခတ္ခဲ့သျဖင့္ လူေနအိမ္ႏွင့္ ပစၥည္းမ်ားစြာ ထိခိုက္မႈရွိသကဲ့သို႔ လူေသဆုံးမႈမ်ားလည္း ျဖစ္ပြားခဲ့သည္။
စစ္ေဘးေၾကာင့္ ၿမိဳ႕ခံအမ်ားစုမွာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ခဲ့ၾကရၿပီး အခ်ိဳ႕က အိမ္ေစာင့္ထားခဲ့ေသာ္လည္း အခ်ိဳ႕ကမူ အိမ္ေစာင့္ လုံးဝထားႏိုင္ခဲ့ျခင္းမရွိေပ။ စစ္ပြဲအရွိန္ပိုမို ျမင့္တက္လာေသာအခါတြင္မူ အိမ္ေစာင့္ က်န္သူ အခ်ိဳ႕မွာလည္း စစ္ေဘးေရွာင္ခဲ့ရသည္ျဖစ္ရာ အေစာင့္မဲ့သြားေသာ အိမ္မ်ားသည္ သူခိုးမ်ားအတြက္ စိမ္ေျပနေျပ ခိုးယူစရာေနရာမ်ား ျဖစ္လာခဲ့သည္။
“စစ္ပြဲ ေရွာင္ရတယ္ဆိုတာက အကုန္လုံးကို ထားခဲ့ရတာ။ အိမ္ေတြက တန္ဖိုးႀကီးတဲ့ပစၥည္းေတြကို သယ္မရ ေတာ့ ထားခဲ့ရတာေလ။ အသက္ထက္ ဘယ္ဟာမွ အေရးမႀကီးဘူးဆိုေတာ့ သုံးဖို႔စြဲဖို႔ ပိုက္ဆံနဲ႔ အတြင္း ပစၥည္းေလာက္ ယူၿပီး ထြက္ေျပးခဲ့ရတာေလ။ သူခိုးေတြအတြက္ေတာ့ ေအးေအး ေဆးေဆး ခိုးစရာ ျဖစ္သြားတာေပါ့”ဟု လားရႈိးၿမိဳ႕မွ ထြက္ေျပး တိမ္းေရွာင္လာခဲ့သူ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။
MNDAA က ၿမိဳ႕အတြင္း ဝင္ေရာက္ခြင့္ ေပးသည္ ဆိုေသာေၾကာင့္ လားရႈိးၿမိဳ႕မွ စစ္ေဘးေရွာင္အခ်ိဳ႕က ထားခဲ့ရေသာ အိမ္မ်ားကို ျပန္လည္ၾကည့္ရႈ႕ခဲ့ရာ အမ်ားစုမွာ ေျပာင္သလင္းခါေနေသာ အေနအထားကို ျမင္ေတြ႕ခဲ့ ၾကရသည္။ ထို႔ျပင္ အခ်ိဳ႕က မ်က္ႏွာေျပာင္တိုက္ကာ ခိုးရာပါ ပစၥည္း မ်ားႏွင့္အတူ လူမရွိေသာအိမ္အတြင္း ဝင္ေရာက္ ေနထိုင္သူမ်ားလည္း ရွိေသးသည္။ “သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ညီမ လင္မယားက အိမ္မွာ ပစၥည္းျပန္သယ္ေတာ့ သူတို႔အိမ္မွာ စတည္းခ်ေနတဲ့ သူေတြေတြ႕ရတယ္။ ၿပီးေတာ့ တန္ဖိုးႀကီးပစၥည္း ဘာမွ မက်န္ေတာ့ဘူးတဲ့။ ကားျပာႀကီး ေတြနဲ႔ေတာင္ သယ္တာလို႔ ေျပာတယ္။ သူမ်ားအိမ္က ခိုးလာတဲ့ ဘုရားေတြ၊ ပစၥည္းေတြကိုလည္း သူတို႔အိမ္ထဲ သယ္ထားတယ္။ ပိုင္ရွင္ျပန္လာတာေတာင္ မ်က္ႏွာေျပာင္တိုက္ ေသးတယ္တဲ့။ ကြၽန္ေတာ္တို႔က အိမ္ကိုေစာင့္ေရွာက္ ေပးေနရတာဆိုၿပီး ပိုက္ဆံ ၃ သိန္းေတာင္းတယ္တဲ့။ ေနာက္ဆုံး တစ္သိန္း ႏွစ္ေသာင္း ေပးလိုက္ရတယ္ ေျပာတယ္” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အိမ္အတြင္း ေတြ႕ရသည္ ဆိုေသာ ခိုးရာပါ ပစၥည္းမ်ားထဲတြင္ ဆန္အိတ္မ်ား၊ ၾကက္သြန္နီ၊ ၾကက္ သြန္ျဖဴ အိတ္မ်ား၊ ဆိုင္ကယ္ ၅ စီး၊ မီးစက္မ်ားႏွင့္ တီဗြီမ်ား ပါဝင္ေၾကာင္း ၎က အတိအက် ဆိုသည္။
“ကြၽန္းဆက္တီခုံေတာ့ အိမ္ကေန မသယ္ေသးဘူးလို႔ ေျပာတယ္။ ၿပီးေတာ့ အမ်ိဳးအမည္ အမ်ားႀကီးကို သူေဌးျဖစ္ ခိုးၾကတာတဲ့။ ၿပီးေတာ့ ရပ္ကြက္ ၅ ေဈးမွာ ျပန္ေရာင္းတယ္လို႔လည္း ေျပာတယ္” ဟု ၎က ရွင္းျပသည္။ ေဖ့စ္ဘြတ္ခ္ စာမ်က္မွာထက္တြင္ အင္တာနက္သုံးစြဲသူ တစ္ဦးက လားရႈိးၿမိဳ႕ ေနအိမ္ရွိ ၎၏ အခန္းမွ သူခိုးမ်ား ေဖာက္ထြင္းသြားေသာ ဓာတ္ပုံကို မူရင္း အခန္းအေျခအေနႏွင့္ တြဲတင္ ထားခဲ့ရာ ကြန္ပ်ဴတာ၊ အလွထားအ႐ုပ္၊ ေဆာင္း ေဘာက္ စသည္ျဖင့္ တန္ဖိုးႀကီး ပစၥည္းမ်ား အားလုံးကို သယ္ယူသြားေၾကာင္း ေတြ႕ရေသာ္လည္း သယ္ရခက္သည့္ ခုံကိုမူ ထားခဲ့ေၾကာင္း NP News က ေတြ႕ျမင္ရသည္။
“စစ္ပြဲကၿမိဳ႕ထဲ မဝင္လာခင္မွာလည္း ေတာ္ေတာ္မ်ားမ်ား ေရွာင္ၾကေသးတယ္ေလ။ အဲ့ဒီအခ်ိန္တည္းက သူခိုးေတြက စေသာင္းက်န္းေနၿပီ။ ကိုယ့္အိမ္ ကိုယ့္ယာကို လာသလို ေသာ့ဖ်က္ၿပီးေတာ့ ဝင္ခိုးတာ။ တအိမ္ဆို အိမ္ေစာင့္က အျပင္ခဏသြားတာကို လူမရွိဘူး ထင္ၿပီး ခိုးသြားတယ္” ဟု ၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
လားရႈိးၿမိဳ႕မွစစ္ေဘးေရွာင္သူမ်ား အေနျဖင့္လည္း ၎တို႔ေနထိုင္ရာဇာတိၿမိဳ႕တြင္ ျပန္လည္အေျခခ် ေနထိုင္လို စိတ္ရွိေသာ္လည္း လုံၿခဳံေရး အာမခံခ်က္ အျပည့္အဝမရွိျခင္း၊ အစိုးရ မဟုတ္ေသာ လက္နက္ကိုင္အဖြဲ႕မွ ထိန္း ခ်ဳပ္ထားေသာေၾကာင့္ တရားဝင္ ဥပေဒမရွိျခင္း၊ ဘာသာစကား မတူျခင္း တို႔ေၾကာင့္ အခက္အခဲမ်ား ရွိမည္ကို စိုးရိမ္ေနၾကသည္။
“စစ္တပ္ဆိုရင္ေတာင္မွ အစ္မတို႔ကို ကာကြယ္ေပးမယ့္ ဥေပေဒရွိတယ္။ အခုက သူပုန္ဆိုေတာ့ သူပုန္ဥပေဒ ပဲရွိမွာ။ ဆိုေတာ့ အစ္မတို႔က ဘာမွေျပာပိုင္ခြင့္မရွိဘူးေလ။ အစ္မတို႔လည္း လမ္းေတြေပ်ာက္ေနတာ စိတ္ေတြလည္း ညစ္တယ္” ဟု လားရႈိးၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္ခဲ့သူ အမ်ိဳးသမီးတစ္ဦးက ဆိုသည္။ ထို႔ျပင္ လားရႈိးၿမိဳ႕သိမ္း တိုက္ ပြဲတြင္ MNDAA ပူးေပါင္းအဖြဲ႕ဘက္မွ ပစ္ခတ္ေသာ ေရွာ့တိုက္ဒုံးမ်ား က်ေရာက္ေပါက္ကြဲသည့္ ၿမိဳ႕အတြင္း ထိခိုက္ ပ်က္စီးမႈမ်ားစြာ ရွိခဲ့သည္။
“စစ္ဒဏ္ေၾကာင့္ မပ်က္စီးလည္း သူခိုးေတြေၾကာင့္ တစ္ၿမိဳ႕လုံး နီးပါးေျပာင္ၾကတာေပါ့။ အစ္မအထင္ဆိုရင္ လက္နက္ႀကီးနဲ႔ စစ္ပြဲေၾကာင့္ ၿမိဳ႕ရဲ႕ (၅၀)ရာခိုင္ႏႈန္းေလာက္ ထိခိုက္ပ်က္စီးမယ္ ထင္တယ္” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ MNDAA က ထုတ္ျပန္သည္ ဆိုေသာ စာတစ္ေစာင္ ၿပီးခဲ့သည့္ ရက္ပိုင္းက ထြက္ေပၚခဲ့ရာ ၎တို႔အတြက္ စစ္မႈထမ္း ဆင့္ေခၚမည္ ဆို ေသာေၾကာင့္လည္း စိုးရိမ္စိတ္မ်ား ရွိေနၾကသည္။ “လားရႈိးေရာက္သြားရင္လည္း ေနာက္ဆုံး သူတို႔က အခုအခ်ိန္မွာ လူအင္အား လိုေနတာေလ။ စစ္သား စုေဆာင္းဖို႔အတြက္ ကိုယ့္အိမ္သား ျဖစ္ျဖစ္ ေခၚလိုက္ တယ္ဆိုရင္ ဘယ္သူ႔သြားေျပာရမွာလဲ။ ဘယ္သူ႔မွ သြားေျပာလို႔မရဘူး” ဟု ၎က ဆိုသည္။
စစ္ပြဲေၾကာင့္ အလုံးစုံ ထိခိုက္နစ္နာရသည့္အထဲတြင္ စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ လည္း ပါဝင္သည္ ျဖစ္ရာ တစ္ခ်ိန္ကရွိခဲ့ေသာ ႂကြယ္ဝပိုင္ဆိုင္မႈမ်ား ေပ်ာက္ကြယ္သြားခဲ့ၾကရသည္။ “စီးပြားေရးက ထိခိုက္တယ္။ တစ္သက္တာ ပိုင္ဆိုင္မႈေတြ အကုန္ထားခဲ့ရတယ္။ ဝင္ေငြမရွိဘူး။ ဝင္ေငြမရွိတာ ေတာင္မွ ကိုယ္အရင္ရွာထားတဲ့အရာေတြ ကိုယ္ မပိုင္ေတာ့ဘူး။ အခုခ်ိန္သြားရင္ေတာင္ စီးပြားေရးက ခ်က္ျခင္းျပန္ျဖစ္ဖို႔ဆိုရင္ေတာင္ မျဖစ္ႏိုင္ေတာ့ဘူး။ ဘာေၾကာင့္ဆို ၿမိဳ႕ေပၚမွာလူေတြမွ မေနရဲေတာ့တာ။ မေနရဲေတာ့ စီးပြားေရးျပန္စဖို႔ဆိုတာ ဘယ္လိုမွ အရင္လိုေတာ့ မျဖစ္ႏိုင္ေတာ့ဘူး ထင္တာပဲ” ဟု လားရႈိးၿမိဳ႕မွ တိမ္းေရွာင္ခဲ့သူ စီးပြားေရးလုပ္ငန္းရွင္
တစ္ဦးက ဆိုသည္။
ထို႔ျပင္ လက္ရွိတြင္ လားရႈိးၿမိဳ႕ကို မျပန္ ခ်င္ေတာ့ေသာ ေဒသခံမ်ားလည္း ရွိေနသည္။ “စီး ပြားေရး ေကာင္းမယ္လို႔လည္း မယုံပါဘူး။ ၿပီးေတာ့ အုပ္ခ်ဳပ္ေရးက ဘာလာလာ တရားဝင္ အစိုးရလို ေတာ့ စည္းစနစ္တက် မျဖစ္ဘူး။ အဲဒီေတာ့ ေရၾကည္ရာ ျမက္ႏုရာ ေျပာင္းေန႐ုံပါပဲ” ဟု လားရႈိးၿမိဳ႕ကို စြန႔္ခြာကာ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိေနသူ တစ္ဦးက ဆိုသည္။