ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအနာဂတ်နှင့် အိန္ဒိယ၊ တရုတ်၊ အမေရိကန်တို့၏ သဘောထားများ (ဘာသာပြန်ဆောင်းပါး)
1585
ALynn (NP News) - ဩဂုတ် ၂ဝ
အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေအပြီး ဝန် ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နူတ်ထွက် သွားတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်း “ဒုတိယအကြိမ် မြောက်လွတ်လပ်ရေးရရှိခြင်း” အဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။ သို့သော် (၁၉၇၁) ခုနှစ် တော်လှန်ရေးနောက်ပိုင်း ကမ္ဘာ့သက်တမ်းအရှည်ဆုံး အမျိုးသမီး ခေါင်းဆောင် တစ်ယောက်ကိုဖြုတ်ချခြင်းက နိုင်ငံတွင်း အဆိုးရွားဆုံး နိုင်ငံရေးအခြေအနေတစ်ရပ် ကိုလည်း ဦးတည်သွားစေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ တည်ငြိမ်မှု မရှိတဲ့အခြေအနေတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး နဲ့ လုံခြုံရေးဆိုင်ရာအကွဲအပြဲတွေကို ဖြစ်လာစေပါတယ်။ အဆိုပါပြဿနာ တွေကိုဖြေရှင်းဖို့ အတွက် စစ်တပ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက နိုင်ငံရေးအရ နားလည်မှုတစ်ခုကိုတည်ဆောက်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ ပြန်လည်တည်ဆောက်ရေး တို့အပြင် စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း အာရုံစိုက်ဖို့လိုအပ် လာမှာဖြစ်ပါတယ်။
ရှိတ်ဟာစီနာ နုတ်ထွက်သွားတာနဲ့တစ် ပြိုင်နက် ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ဘင်္ဂလား ဒေ့ရှ် စစ်တပ်က ကြေညာခဲ့ပြီး ပါလီမန်ကို ဖျက်သိမ်း ခဲ့ပါတယ်။ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသား ရေး ပါတီ(BNP)မှ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ်က ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်သွားတာက ပြည်တွင်းရေး အခြေအနေအရပ်ရပ်ကိုသာမက ကမ္ဘာ့ အင်အားကြီး နိုင်ငံတချို့အပေါ်မှာပါ ရိုက်ခတ်မှုတွေရှိလာပါတယ်။ အကြောင်းမှာ ယင်းနိုင်ငံကြီးတွေဟာ အရင်ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတာကြောင့် ခုလိုအခြေ အနေတွေဖြစ်ပွားတာက ၎င်းတို့ရဲ့ပယောဂတွေ ပါဝင်ပတ်သက်နေပါတယ်။
မရေရာဖြစ်လာသော အိန္ဒိယ၏နိုင်ငံခြားရေးမူဝါဒ
(၂၀ဝ၉) ခုနှစ်မှာ ဟာဆီနာ အာဏာရ လာပြီးနောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး အလျင် အမြန်တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ ဟာဆီနာတို့ကြား နီးကပ်လာတဲ့ဆက်ဆံရေးကြောင့် ဆန္ဒပြပွဲ တွေမှာ အိန္ဒိယဆန့်ကျင်ရေး ကြွေးကြော်သံတွေ တသောသောထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် သူ ထွက်ခွာသွားမှုက နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်ကြောင်း အရိပ်အငွေ့တွေ ခံစားမိပါတယ်။ အိန္ဒိယအနေနဲ့ ရှေ့ဆက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများစွာရှိလာပါတယ်။ ပထမ အချက်မှာ ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် Waker -Uz-Zaman က ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ ကြေညာ ထားပေမယ့် လည်း ၎င်းအစိုးရရဲ့ သဘောသဘာဝ ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။ ကြားဖြတ် အစိုးရက ဘယ်သို့သော နိုင်ငံရေးဦးတည်ချက် ထားရှိမယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ ဆက်ဆံရေး အပေါ် ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ အစိုးရသစ်နဲ့ ဆက်ဆံရေးကို တတ်နိုင်သမျှ အမြန်ဆုံးစတင်ရင် အသင့်တော်ဆုံးဖြစ်ပါတယ်။
ဒုတိယစိန်ခေါ်မှုမှာ အတိတ်က အိန္ဒိယရဲ့ ဟာဆီနာနဲ့နီးကပ်တဲ့ဆက်ဆံရေးကြောင့် ဘင်္ဂလား ဒေ့ရှ် အတိုက်အခံအဖွဲ့တွေနဲ့ အန္ဒိယအကြား ထိတွေ့ဆက်ဆံမှုမှာ မရှိသလောက်ရှားပါးခဲ့ခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ ပျက်ကွက်ခဲ့တဲ့ အတိုက်အခံတွေနဲ့ဆက်ဆံရေးကို ဖြည့်ဆည်းဖို့နဲ့ အိန္ဒိယ ဆန့်ကျင်ရေး သဘောထားတွေကို ဖြေလျှော့ဖို့ အတွက် ခိုင်မာတဲ့သံတမန်ဆက်ဆံရေး တည်ဆောက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ BNP ဒါမှမဟုတ် Jamaat-e-Islami လို အစွန်းရောက် အစ္စလမ္မစ်အုပ် စုတွေနဲ့ အိန္ဒိယအကြားဆက်ဆံရေးကို ခိုင်မာအောင်လုပ်ရေးမှာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ ယင်း အဖွဲ့တွေက ကြားဖြတ်အစိုးရရဲ့နိုင်ငံရေးမူဝါဒအပေါ် လွှမ်းမိုးလာနိုင်တဲ့ အလားအလာတွေ ရှိနေ ပါ တယ်။ ဒါ့ပြင် ယင်းတို့က ပါကစ္စတန်တွေကို တံခါး ဖွင့်ကြိုဆိုလာနိုင်ပြီး ယင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလား ဒေ့ရှ် အကြား လုံခြုံရေးကို အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ စတုတ္ထ အချက်မှာ ပါကစ္စတန်သာမက အိန္ဒိယဟာ တခြားသော အဓိက ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့လည်း ရင်ဆိုင်ရနိုင်ဖွယ်ရှိနေတယ်။ ဟာစီနာလက်ထက်မှာ တရုတ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းထား ပေမယ့်လည်း အိန္ဒိယနဲ့ သူရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါတယ်။ အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံ စလုံးဟာ ရွေးကောက်ပွဲကာလအတွင်း ဟာစီနာရဲ့ ဗျူဟာတွေကို ပံ့ပိုးပေးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ် နာရင်ဒရာမိုဒီက ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယရဲ့ “အိမ်နီးနားချင်း ပထမဦးစားပေးမူဝါဒ” ရဲ့ အဓိက မဏ္ဍိုင်အဖြစ် ဖော်ပြခဲ့ဖူးပါတယ်။ ဟာစီနာဟာ မိုဒီရဲ့တတိယအကြိမ် ဝန်ကြီးချုပ် သက်တမ်း စတင် ချိန်မှာ အိန္ဒိယနိုင်ငံကို ပထမဆုံး လာရောက်တဲ့နိုင်ငံ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဟာဆီနာ နုတ်ထွက်ပြီးနောက် တရုတ်က ဘင်္ဂလားဒေ့ရှ်မှာ ၎င်းရဲ့ဩဇာကို ချဲ့ထွင်လာနိုင်ဖွယ် ရှိနေပါတယ်။ ယခု အခါ အိန္ဒိယရဲ့ ပထဝီနိုင်ငံရေး အနေအထားက အရှေ့ဘက်မှာအားနည်းပြီး မူဝါဒ မရေရာဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်၊ ကွန်မြူနစ်အစိုးရ ဦးဆောင်တဲ့ နီပေါ၊ မြောက်ဘက်နဲ့ အနောက်ဘက်မှာဖော်ရွေမှုမရှိတဲ့ တရုတ်နဲ့ ပါကစ္စတန်၊ အနောက်ဘက်အစွန်းအဖျားမှာ တာလီဘန် ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယ ဆန့်ကျင်ရေးဝါဒ ကြီးစိုးထားတဲ့ မော်လ်ဒိုက်တို့ ကြောင့် အိန္ဒိယရဲ့လုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တွေ ရှိလာနိုင်ပါတယ်။ ပဉ္စမအချက်အနေနဲ့ အိန္ဒိယဟာ ၎င်းရဲ့ အရှေ့မြောက်ဒေသကို ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်း သွား လာနေရတာကြောင့် ၎င်းအစီအစဉ်တွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့အတွက် ကြားဖြတ်အစိုးရသစ်နဲ့ မဖြစ်မနေ လက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မငြိမ်မသက် အခြေအနေတွေဟာ ပြည်တွင်းကအိန္ဒိယရဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေကို ခြိမ်းခြောက်နေပြီး နှစ်နိုင်ငံအကြား အလားအလာရှိပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက် (FTA) ဆွေးနွေးပွဲ တွေအပေါ်လည်း အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရနဲ့ ရှေ့ဆက်ဖို့ လမ်းစရှာရာတွင် သတိထားဖို့ လိုအပ်ပါမယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Harsh Vardhan Shringla ကမူ “အိန္ဒိယအတွက် ဒီအချိန်မှာ ရွေးချယ်စရာတွေ သိပ်အများကြီးမရှိဘူး၊ ကိုယ့်နယ်နိမိတ်ကိုယ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားဖို့ အရေးကြီးဆုံးပဲ” လို့ မှတ်ချက်ပြုထားပါတယ်။
ဟာဆီနာ နုတ်ထွက်သွားခြင်းအပေါ် တရုတ်၏ ရပ်တည်ချက်
ဟာဆီနာ ပြုတ်ကျသွားခြင်းက တရုတ်အတွက် အကောင်းရော၊ အဆိုးရော ဒွန်တွဲနေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအချိန်အထိ ဘေဂျင်းက ဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေတွေ နဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ချက်တွေကိုသာ ဖော်ပြခဲ့ပါတယ်။ “ဘင်္ဂလားဒေ့ရှ်ရဲ့ တိုးတက်မှုတွေကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပါကြောင်း၊ ပြီးပြည့်စုံတဲ့ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အိမ်နီးချင်း မိတ်ဖက်နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုတွေ မကြာခင် ပြန်လည်ရရမယ်လို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါကြောင်း ” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံက ဟာစီနာနဲ့အတူ စီးပွားရေးလုပ်ရာမှာ အတော်လေး အဆင်ပြေခဲ့ပြီး ဟာစီနာ ဟာနိုင်ငံမှမထွက်ခွာမီ တစ်လအလို ဇူလိုင်လမှာ ဘေဂျင်းကိုသွားရောက်ခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးကို “ ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု” အဆင့်သို့ မြှင့်တင်ခဲ့ပါ တယ်။ အလားတူ ခရီးစဉ်မှာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က သဘောတူညီချက် ၂၀ ကျော် ကိုလက်မှတ် ရေးထိုးခဲ့ပြီး တရုတ်နဲ့ဆက်ဆံရေးကို တိုးမြှင့်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နဲ့ အိန္ဒိယ ရဲ့အကျိုးစီးပွား တွေအကြား ဟန်ချက်ညီစေဖို့ ဟာဆီနာရဲ့ ကြိုးပမ်းမှုကြောင့် မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်အကြား ထိရှမှုတွေ ရှိခဲ့ပါတယ်။ ဘေဂျင်းက ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာချိန် မှာ ဒါကာက တရုတ်ကုမ္ပဏီတစ်ခုက တည်ဆောက်မယ့် ဆိုနာဒီယာကျွန်းရှိ ရေနက်ဆိပ်ကမ်း ပရော ဂျက်တစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာရှိ အဆိုပါတရုတ်ဆိပ်ကမ်း စီမံကိန်းတွေဟာ ကုန်သွယ်ရေးအတွက်သာမက တရုတ်ထောက်လှမ်းရေးသင်္ဘောများပါ ဆိုက်ကပ်နိုင်တဲ့အတွက် အရေးပေါ်အခြေအနေတွေမှာ အိန္ဒိယကို ဝန်းရံထားနိုင်တယ်လို့ယူဆရတဲ့ ပထဝီ အနေအထားဖြစ်တာ ကြောင့် နယူးဒေလီအတွက် ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ယင်းစီမံကိန်းကို လက်မခံလိုက်ခြင်းက အိန္ဒိယအတွက် ကံကောင်းသွားသလို တရုတ် အတွက်တော့ မဟာဗျူဟာမြောက်ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ပါတယ်။
အိန္ဒိယဘက် သိသိသာသာ ယိမ်းတဲ့ ရှိတ်ဟာစီနာ နုတ်ထွက်သွားတာကြောင့် တရုတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ လွှမ်းမိုးလာနိုင်တယ်လို့ သုံးသပ်နေကြသော်လည်း အခုအချိန်ထိ ကြားဖြတ် အစိုးရနဲ့ပတ်သက်ပြီး ၎င်း၏ ရပ်တည်ချက်ကို အထင်အရှား ဖော်ပြလာတာမျိုးမရှိသေးပါဘူး။ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးရဖို့သာ လောဆောနေတာကြောင့် တရုတ်အနေနဲ့ ၎င်းရဲ့ နယ်စပ် လုံခြုံရေး အတွက်သာ စိုးရိမ်နေပုံရပါတယ်။
ဟာစီနာနုတ်ထွက်ရခြင်း၏ နောက်ကွယ်က အမေရိကန်
အမေရိကန်ဟာ ရှိတ်ဟာစီနာအစိုးရနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိခဲ့ပြီး မကြာခဏ ဆိုသလို တင်းမာမှုတွေနဲ့ အပြန်အလှန် သံသယဖြစ်စရာ လက္ခဏာတွေ ရှိခဲ့ပါတယ်။ မကြာသေးမီနှစ်တွေမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များက အဲ့ဒီတင်းမာမှုတွေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မေလမှာ အမေရိကန်က ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းသော ပါလီမန် ရွေး ကောက်ပွဲတွေကျင်းပဖို့ ရည်မှန်းချက်ကို ပံ့ပိုးပေးရန်ရည်ရွယ်တဲ့ ဗီဇာမူဝါဒသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ယင်းမူဝါဒအရ အမေရိကန်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ပျက်ပြားစေဖို့ နှောင့်ယှက်တယ်လို့ ယူဆရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးချင်းစီအပေါ် ဗီဇာကန့်သတ်ချက် ချမှတ်ပိုင်ခွင့် ရှိပါတယ်။ အတိုက်အခံ BNP ပါတီက အမေရိကန်ရဲ့ ယင်းလုပ်ရပ်ကို ကြိုဆိုခဲ့သော်လည်း ဟာဆီနာက အမေရိ ကန်ရဲ့ သဘောထားကို ပွင့် ပွင့်လင်းလင်း မေးခွန်းထုတ်ခဲ့ပြီး သူရဲ့စိုးရိမ်မှုတွေကို Voice of America နှင့် အင်တာဗျူးတွင် ဖော်ပြခဲ့ပါတယ်။ ပွတ်တိုက်မှုတွေက ဒါတွေတင်မကသေးပါဘူး။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လမှာ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ထိပ်တန်းအရံတပ်ဖွဲ့ ဖြစ်တဲ့ Rapid Action Battalion (RAB) ကို လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့စွပ်စွဲပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့မှာ ၎င်းရဲ့ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထုတ်ခဲ့ပြီး ဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့ပါတယ်။
အမေရိကန်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ကို ပြတ်တောက်သွားစေတဲ့ အဓိကအချက်မှာ ဘင်္ဂလား ပင်လယ်အော်ရဲ့ တစ်ခုတည်းသော ကမ်းလွန်ပင်လယ်ပြင်က စိန့်မာတင်ကျွန်းတွင် စစ်အခြေ စိုက်စခန်း တစ်ခုထူထောင်ရန် အမေရိကန်ဘက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်းပေါ်တွင် စစ် အခြေစိုက် စခန်း ထားရှိခွင့်ပေးပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၊ ရွေးကောက်ပွဲတွင် သူမကို အနှောက်အယှက်ကင်းစွာ ပြန်လည်အရွေးခံရရန် ကူညီပေးမယ်လို့ နိုင်ငံခြားအစိုးရတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ဟာဆီနာက ၂၀၂၄ ခုနှစ် မေလမှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ သူက နိုင်ငံရဲ့အမည်ကို အတိအကျ မဖော်ပြခဲ့ ပေမယ့် အမေရိကန်ကို ရည်ညွှန်းတယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။ တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန် အင်ဒို-ပစိဖိတ် ဒေသမှာ သူရဲ့စစ်အင်အားကို မြှင့်တင်ရန် စိတ်အားထက်သန်နေတဲ့ အမေရိကန်က အဆိုပါ ဒေသမှာ အခြေစိုက်စခန်းအသစ်တွေထားရှိနိုင်ရေး ရှာဖွေလျက်ရှိပါတယ်။ အဓိက ရေလမ်းကြောင်း တွေနဲ့နီးကပ်နေတဲ့ စိန့်မာတင်ကျွန်းရဲ့ ဗျူဟာ မြောက်အရေးပါမှုဟာ အမေရိကန်စစ်တပ်အတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
သို့သော်လည်း ဟာစီနာက အမေရိကန် ရဲ့ ယင်းတောင်းဆိုချက်တွေကို လိုက်လျောရန် ငြင်းဆိုခဲ့တာကြောင့် သူရဲ့ကံကြမ္မာက နိုင်ငံမှ ထွက် ပြေးရတဲ့အခြေအနေဖြစ်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့အသွင်ဆောင်တဲ့လုပ်ရပ်တွေနဲ့ တခြား နိုင်ငံတွေရဲ့နိုင်ငံရေးမှာ မကြာခဏ ဝင်ရောက် စွက်ဖက်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမယ့်လည်း အီရတ်၊ အာဖဂန်နစ္စတန်နှင့် အခု ဘင်္ဂလားဒေ့ရှ်တို့မှာ မြင်တွေ့နေရတဲ့အတိုင်း ယင်းစွက်ဖက်မှုတွေဟာ ပရမ်းပတာနဲ့မတည်ငြိမ်မှုတွေကိုသာ ဖြစ်ပေါ်စေခဲ့တာကို တွေ့ရပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ဘင်္ဂလားဒေ့ရှ် ပြည်သူတွေက ဟာစီနာအစိုးရကို ဆန့်ကျင်ဆန္ဒပြ ပြီး ဖြုတ်ချနိုင်ခဲ့တာကြောင့် ၎င်းတို့အတွက် လွတ်လပ် ရေး အောင်ပွဲတစ်ခုလို့ ရှုမြင်နေကြပေမယ့် လက်တွေ့မှာ နိုင်ငံရဲ့ဖရိုဖရဲအနေအထားများကိုပြန် လည်တည့်မတ်ဖို့က မလွယ်ကူတဲ့ကိစ္စ ဖြစ်လာပါတယ်။ အစိုးရ တစ်ရပ်ကို အတင်းအကြပ် တွန်းလှန် ဖယ်ရှားခဲ့ခြင်းရဲ့ အကျိုးဆက်တွေက မျှော်မှန်းထားတာထက် ပိုမို ဆိုးရွားနိုင်ပါတယ်။ ယခုအခါ နိုင်ငံကို ဦးဆောင်သွားမယ့် ကြားဖြတ်အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ လုံခြုံရေး စတဲ့ ပြည်တွင်းရေးရာ များအပြင် သင့်တော်တဲ့နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားနိုင်ဖို့ ကလည်း အကြပ်ရိုက်စရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်ရဲ့ ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးခါယမ်းသွားစေမယ့် အဖြစ်မျိုးကို တတ်နိုင်သမျှတားဆီးကာကွယ်သွားဖို့ လိုအပ်သလို တစ်ဖက်တည်းကိုပဲသိသိသာသာ ယိမ်းတဲ့ မူဝါဒတွေ ထက် ဘက်မလိုက်၊ ကြားနေ နိုင်ငံခြားရေး မူဝါဒတွေကိုသာ ကျင့်သုံးခြင်းဖြင့် နိုင်ငံခြား တိုင်းပြည်တွေရဲ့ လွှမ်းမိုးခြယ်လှယ်တဲ့ရန်ကနေရှောင်ရှားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။
zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးအနာဂတ္ႏွင့္ အိႏၵိယ၊ တ႐ုတ္၊ အေမရိကန္တို႔၏ သေဘာထားမ်ား (ဘာသာျပန္ေဆာင္းပါး)
ALynn (NP News) - ဩဂုတ္ ၂ဝ
အစိုးရ ဆန႔္က်င္ဆႏၵျပပြဲေတြအၿပီး ဝန္ ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ရာထူးကေန ႏူတ္ထြက္ သြားတာကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံတစ္ဝန္း “ဒုတိယအႀကိမ္ ေျမာက္လြတ္လပ္ေရးရရွိျခင္း” အျဖစ္ ဂုဏ္ျပဳခဲ့ၾကပါတယ္။ သို႔ေသာ္ (၁၉၇၁) ခုႏွစ္ ေတာ္လွန္ေရးေနာက္ပိုင္း ကမာၻ႔သက္တမ္းအရွည္ဆုံး အမ်ိဳးသမီး ေခါင္းေဆာင္ တစ္ေယာက္ကိုျဖဳတ္ခ်ျခင္းက ႏိုင္ငံတြင္း အဆိုး႐ြားဆုံး ႏိုင္ငံေရးအေျခအေနတစ္ရပ္ ကိုလည္း ဦးတည္သြားေစပါတယ္။ ဘဂၤလားေဒ့ရွ္ရဲ႕ တည္ၿငိမ္မႈ မရွိတဲ့အေျခအေနေတြေၾကာင့္ ႏိုင္ငံေရး၊ စီးပြားေရး နဲ႔ လုံၿခဳံေရးဆိုင္ရာအကြဲအၿပဲေတြကို ျဖစ္လာေစပါတယ္။ အဆိုပါျပႆနာ ေတြကိုေျဖရွင္းဖို႔ အတြက္ စစ္တပ္ ဦးေဆာင္တဲ့ ၾကားျဖတ္အစိုးရက ႏိုင္ငံေရးအရ နားလည္မႈတစ္ခုကိုတည္ေဆာက္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာ အင္စတီက်ဴးရွင္းေတြ ျပန္လည္တည္ေဆာက္ေရး တို႔အျပင္ စီးပြားေရး တည္ၿငိမ္ေရးအတြက္လည္း အာ႐ုံစိုက္ဖို႔လိုအပ္ လာမွာျဖစ္ပါတယ္။
ရွိတ္ဟာစီနာ ႏုတ္ထြက္သြားတာနဲ႔တစ္ ၿပိဳင္နက္ ၾကားျဖတ္အစိုးရဖြဲ႕စည္းေၾကာင္း ဘဂၤလား ေဒ့ရွ္ စစ္တပ္က ေၾကညာခဲ့ၿပီး ပါလီမန္ကို ဖ်က္သိမ္း ခဲ့ပါတယ္။ အတိုက္အခံ ဘဂၤလားေဒ့ရွ္အမ်ိဳးသား ေရး ပါတီ(BNP)မွ ဝန္ႀကီးခ်ဳပ္ေဟာင္း ခါလီဒါဇီယာကိုလည္း ျပန္လႊတ္ေပးခဲ့ပါတယ္။ အဲဒီေနာက္ ႏိုဘယ္လ္ဆုရွင္ မိုဟာမက္ယူႏြတ္စ္က ၾကားျဖတ္အစိုးရကို ဦးေဆာင္ဖို႔ျဖစ္လာခဲ့ပါတယ္။ အဲဒီလို ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ႏုတ္ထြက္သြားတာက ျပည္တြင္းေရး အေျခအေနအရပ္ရပ္ကိုသာမက ကမာၻ႔ အင္အားႀကီး ႏိုင္ငံတခ်ိဳ႕အေပၚမွာပါ ႐ိုက္ခတ္မႈေတြရွိလာပါတယ္။ အေၾကာင္းမွာ ယင္းႏိုင္ငံႀကီးေတြဟာ အရင္ကတည္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရးမွာ ထဲထဲဝင္ဝင္ ပါဝင္ ပတ္သက္ေနတာေၾကာင့္ ခုလိုအေျခ အေနေတြျဖစ္ပြားတာက ၎တို႔ရဲ႕ပေယာဂေတြ ပါဝင္ပတ္သက္ေနပါတယ္။
မေရရာျဖစ္လာေသာ အိႏၵိယ၏ႏိုင္ငံျခားေရးမူဝါဒ
(၂၀ဝ၉) ခုႏွစ္မွာ ဟာဆီနာ အာဏာရ လာၿပီးေနာက္ အိႏၵိယ-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရး အလ်င္ အျမန္တိုးတက္လာခဲ့ပါတယ္။ အိႏၵိယနဲ႔ ဟာဆီနာတို႔ၾကား နီးကပ္လာတဲ့ဆက္ဆံေရးေၾကာင့္ ဆႏၵျပပြဲ ေတြမွာ အိႏၵိယဆန႔္က်င္ေရး ေႂကြးေၾကာ္သံေတြ တေသာေသာထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္ သူ ထြက္ခြာသြားမႈက ႏွစ္ႏိုင္ငံ ဆက္ဆံေရးအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္ေၾကာင္း အရိပ္အေငြ႕ေတြ ခံစားမိပါတယ္။ အိႏၵိယအေနနဲ႔ ေရွ႕ဆက္ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈမ်ားစြာရွိလာပါတယ္။ ပထမ အခ်က္မွာ ဘဂၤလားေဒ့ရွ္ စစ္ဦးစီးခ်ဳပ္ Waker -Uz-Zaman က ၾကားျဖတ္အစိုးရဖြဲ႕စည္းဖို႔ ေၾကညာ ထားေပမယ့္ လည္း ၎အစိုးရရဲ႕ သေဘာသဘာဝ ကို ရွင္းရွင္းလင္းလင္းမသိရွိရေသးေပ။ ၾကားျဖတ္ အစိုးရက ဘယ္သို႔ေသာ ႏိုင္ငံေရးဦးတည္ခ်က္ ထားရွိမယ္ဆိုတာနဲ႔ ဘဂၤလားေဒ့ရွ္- အိႏၵိယ ဆက္ဆံေရး အေပၚ ဘယ္လိုအက်ိဳးသက္ေရာက္မယ္ဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အိႏၵိယအေနနဲ႔ အစိုးရသစ္နဲ႔ ဆက္ဆံေရးကို တတ္ႏိုင္သမွ် အျမန္ဆုံးစတင္ရင္ အသင့္ေတာ္ဆုံးျဖစ္ပါတယ္။
ဒုတိယစိန္ေခၚမႈမွာ အတိတ္က အိႏၵိယရဲ႕ ဟာဆီနာနဲ႔နီးကပ္တဲ့ဆက္ဆံေရးေၾကာင့္ ဘဂၤလား ေဒ့ရွ္ အတိုက္အခံအဖြဲ႕ေတြနဲ႔ အႏၵိယအၾကား ထိေတြ႕ဆက္ဆံမႈမွာ မရွိသေလာက္ရွားပါးခဲ့ျခင္း ျဖစ္ပါ တယ္။ ဒါေၾကာင့္ အိႏၵိယအေနနဲ႔ ပ်က္ကြက္ခဲ့တဲ့ အတိုက္အခံေတြနဲ႔ဆက္ဆံေရးကို ျဖည့္ဆည္းဖို႔နဲ႔ အိႏၵိယ ဆန႔္က်င္ေရး သေဘာထားေတြကို ေျဖေလွ်ာ့ဖို႔ အတြက္ ခိုင္မာတဲ့သံတမန္ဆက္ဆံေရး တည္ေဆာက္ဖို႔လိုအပ္မွာ ျဖစ္ပါတယ္။
တတိယအခ်က္အေနနဲ႔ BNP ဒါမွမဟုတ္ Jamaat-e-Islami လို အစြန္းေရာက္ အစၥလမၼစ္အုပ္ စုေတြနဲ႔ အိႏၵိယအၾကားဆက္ဆံေရးကို ခိုင္မာေအာင္လုပ္ေရးမွာ လြယ္ကူတဲ့ကိစၥေတာ့ မဟုတ္ပါ။ ယင္း အဖြဲ႕ေတြက ၾကားျဖတ္အစိုးရရဲ႕ႏိုင္ငံေရးမူဝါဒအေပၚ လႊမ္းမိုးလာႏိုင္တဲ့ အလားအလာေတြ ရွိေန ပါ တယ္။ ဒါ့ျပင္ ယင္းတို႔က ပါကစၥတန္ေတြကို တံခါး ဖြင့္ႀကိဳဆိုလာႏိုင္ၿပီး ယင္းမွာ အိႏၵိယနဲ႔ ဘဂၤလား ေဒ့ရွ္ အၾကား လုံၿခဳံေရးကို အပ်က္သေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိလာမွာျဖစ္ပါတယ္။ စတုတၳ အခ်က္မွာ ပါကစၥတန္သာမက အိႏၵိယဟာ တျခားေသာ အဓိက ၿပိဳင္ဘက္ျဖစ္တဲ့ တ႐ုတ္နဲ႔လည္း ရင္ဆိုင္ရႏိုင္ဖြယ္ရွိေနတယ္။ ဟာစီနာလက္ထက္မွာ တ႐ုတ္နဲ႔ရင္းႏွီးတဲ့ဆက္ဆံေရးကို ထိန္းသိမ္းထား ေပမယ့္လည္း အိႏၵိယနဲ႔ သူရဲ႕ဆက္ဆံေရးကို ပိုမိုခိုင္မာ အားေကာင္းေစခဲ့ပါတယ္။ အိႏၵိယနဲ႔တ႐ုတ္ ႏွစ္ႏိုင္ငံ စလုံးဟာ ေ႐ြးေကာက္ပြဲကာလအတြင္း ဟာစီနာရဲ႕ ဗ်ဴဟာေတြကို ပံ့ပိုးေပးခဲ့ၾကပါတယ္။ ဝန္ႀကီး ခ်ဳပ္ နာရင္ဒရာမိုဒီက ဘဂၤလားေဒ့ရွ္ကို အိႏၵိယရဲ႕ “အိမ္နီးနားခ်င္း ပထမဦးစားေပးမူဝါဒ” ရဲ႕ အဓိက မ႑ိဳင္အျဖစ္ ေဖာ္ျပခဲ့ဖူးပါတယ္။ ဟာစီနာဟာ မိုဒီရဲ႕တတိယအႀကိမ္ ဝန္ႀကီးခ်ဳပ္ သက္တမ္း စတင္ ခ်ိန္မွာ အိႏၵိယႏိုင္ငံကို ပထမဆုံး လာေရာက္တဲ့ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။ ဟာဆီနာ ႏုတ္ထြက္ၿပီးေနာက္ တ႐ုတ္က ဘဂၤလားေဒ့ရွ္မွာ ၎ရဲ႕ဩဇာကို ခ်ဲ႕ထြင္လာႏိုင္ဖြယ္ ရွိေနပါတယ္။ ယခု အခါ အိႏၵိယရဲ႕ ပထဝီႏိုင္ငံေရး အေနအထားက အေရွ႕ဘက္မွာအားနည္းၿပီး မူဝါဒ မေရရာျဖစ္သြားတဲ့ ဘဂၤလားေဒ့ရွ္၊ ကြန္ျမဴနစ္အစိုးရ ဦးေဆာင္တဲ့ နီေပါ၊ ေျမာက္ဘက္နဲ႔ အေနာက္ဘက္မွာေဖာ္ေ႐ြမႈမရွိတဲ့ တ႐ုတ္နဲ႔ ပါကစၥတန္၊ အေနာက္ဘက္အစြန္းအဖ်ားမွာ တာလီဘန္ ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္နစၥတန္နဲ႔ အိႏၵိယ ဆန႔္က်င္ေရးဝါဒ ႀကီးစိုးထားတဲ့ ေမာ္လ္ဒိုက္တို႔ ေၾကာင့္ အိႏၵိယရဲ႕လုံၿခဳံေရးအေပၚ ၿခိမ္းေျခာက္မႈ ေတြ ရွိလာႏိုင္ပါတယ္။ ပၪၥမအခ်က္အေနနဲ႔ အိႏၵိယဟာ ၎ရဲ႕ အေရွ႕ေျမာက္ေဒသကို ေထာက္ပံ့ပို႔ ေဆာင္ေရးလုပ္ငန္းေတြေဆာင္႐ြက္ဖို႔အတြက္ အရင္ကတည္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ျဖတ္သန္း သြား လာေနရတာေၾကာင့္ ၎အစီအစဥ္ေတြ စဥ္ဆက္မျပတ္ လည္ပတ္ႏိုင္ဖို႔အတြက္ ၾကားျဖတ္အစိုးရသစ္နဲ႔ မျဖစ္မေန လက္တြဲေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ ဘဂၤလားေဒ့ရွ္ရဲ႕ မၿငိမ္မသက္ အေျခအေနေတြဟာ ျပည္တြင္းကအိႏၵိယရဲ႕အေျခခံအေဆာက္အအုံစီမံကိန္းေတြကို ၿခိမ္းေျခာက္ေနၿပီး ႏွစ္ႏိုင္ငံအၾကား အလားအလာရွိၿပီး လြတ္လပ္တဲ့ ကုန္သြယ္မႈသေဘာတူညီခ်က္ (FTA) ေဆြးေႏြးပြဲ ေတြအေပၚလည္း အေႏွာင့္အယွက္ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ အိႏၵိယအေနနဲ႔ ဘဂၤလားေဒ့ရွ္ ၾကားျဖတ္အစိုးရနဲ႔ ေရွ႕ဆက္ဖို႔ လမ္းစရွာရာတြင္ သတိထားဖို႔ လိုအပ္ပါမယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Harsh Vardhan Shringla ကမူ “အိႏၵိယအတြက္ ဒီအခ်ိန္မွာ ေ႐ြးခ်ယ္စရာေတြ သိပ္အမ်ားႀကီးမရွိဘူး၊ ကိုယ့္နယ္နိမိတ္ကိုယ္ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားဖို႔ အေရးႀကီးဆုံးပဲ” လို႔ မွတ္ခ်က္ျပဳထားပါတယ္။
ဟာဆီနာ ႏုတ္ထြက္သြားျခင္းအေပၚ တ႐ုတ္၏ ရပ္တည္ခ်က္
ဟာဆီနာ ျပဳတ္က်သြားျခင္းက တ႐ုတ္အတြက္ အေကာင္းေရာ၊ အဆိုးေရာ ဒြန္တြဲေနတဲ့ အေျခအေနတစ္ခုလည္း ျဖစ္ပါတယ္။ ယခုအခ်ိန္အထိ ေဘဂ်င္းက ဘဂၤလားေဒ့ရွ္ရဲ႕အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ထိန္းထိန္းသိမ္းသိမ္း ထုတ္ျပန္ခ်က္ေတြကိုသာ ေဖာ္ျပခဲ့ပါတယ္။ “ဘဂၤလားေဒ့ရွ္ရဲ႕ တိုးတက္မႈေတြကို တ႐ုတ္ႏိုင္ငံက အနီးကပ္ေစာင့္ၾကည့္ေနပါေၾကာင္း၊ ၿပီးျပည့္စုံတဲ့ မဟာဗ်ဴဟာ ေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔ အိမ္နီးခ်င္း မိတ္ဖက္ႏိုင္ငံမွာ တည္ၿငိမ္ေအးခ်မ္းမႈေတြ မၾကာခင္ ျပန္လည္ရရမယ္လို႔ စိတ္ရင္းမွန္နဲ႔ ေမွ်ာ္လင့္ပါေၾကာင္း ” တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ဝဘ္ဆိုက္မွာ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
တ႐ုတ္ႏိုင္ငံက ဟာစီနာနဲ႔အတူ စီးပြားေရးလုပ္ရာမွာ အေတာ္ေလး အဆင္ေျပခဲ့ၿပီး ဟာစီနာ ဟာႏိုင္ငံမွမထြက္ခြာမီ တစ္လအလို ဇူလိုင္လမွာ ေဘဂ်င္းကိုသြားေရာက္ခဲ့ၿပီး ၎တို႔၏ ဆက္ဆံေရးကို “ ဘက္စုံမဟာဗ်ဴ ဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး မိတ္ဖက္ဆက္ဆံမႈ” အဆင့္သို႔ ျမႇင့္တင္ခဲ့ပါ တယ္။ အလားတူ ခရီးစဥ္မွာ တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္တို႔က သေဘာတူညီခ်က္ ၂၀ ေက်ာ္ ကိုလက္မွတ္ ေရးထိုးခဲ့ၿပီး တ႐ုတ္နဲ႔ဆက္ဆံေရးကို တိုးျမႇင့္ခဲ့ပါတယ္။ သို႔ေသာ္လည္း တ႐ုတ္နဲ႔ အိႏၵိယ ရဲ႕အက်ိဳးစီးပြား ေတြအၾကား ဟန္ခ်က္ညီေစဖို႔ ဟာဆီနာရဲ႕ ႀကိဳးပမ္းမႈေၾကာင့္ မၾကာခဏဆိုသလို ဘဂၤလားေဒ့ရွ္နဲ႔ တ႐ုတ္အၾကား ထိရွမႈေတြ ရွိခဲ့ပါတယ္။ ေဘဂ်င္းက ဘဂၤလားေဒ့ရွ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးျမႇင့္လာခ်ိန္ မွာ ဒါကာက တ႐ုတ္ကုမၸဏီတစ္ခုက တည္ေဆာက္မယ့္ ဆိုနာဒီယာကြၽန္းရွိ ေရနက္ဆိပ္ကမ္း ပေရာ ဂ်က္တစ္ခုကို ဖ်က္သိမ္းခဲ့ပါတယ္။ အိႏၵိယသမုဒၵရာရွိ အဆိုပါတ႐ုတ္ဆိပ္ကမ္း စီမံကိန္းေတြဟာ ကုန္သြယ္ေရးအတြက္သာမက တ႐ုတ္ေထာက္လွမ္းေရးသေဘၤာမ်ားပါ ဆိုက္ကပ္ႏိုင္တဲ့အတြက္ အေရးေပၚအေျခအေနေတြမွာ အိႏၵိယကို ဝန္းရံထားႏိုင္တယ္လို႔ယူဆရတဲ့ ပထဝီ အေနအထားျဖစ္တာ ေၾကာင့္ နယူးေဒလီအတြက္ ေရရွည္မွာ စိုးရိမ္စရာ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ဘဂၤလားေဒ့ရွ္အေနနဲ႔ ယင္းစီမံကိန္းကို လက္မခံလိုက္ျခင္းက အိႏၵိယအတြက္ ကံေကာင္းသြားသလို တ႐ုတ္ အတြက္ေတာ့ မဟာဗ်ဴဟာေျမာက္ဆုံးရႈံးမႈႀကီး ျဖစ္ခဲ့ပါတယ္။
အိႏၵိယဘက္ သိသိသာသာ ယိမ္းတဲ့ ရွိတ္ဟာစီနာ ႏုတ္ထြက္သြားတာေၾကာင့္ တ႐ုတ္အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးမွာ လႊမ္းမိုးလာႏိုင္တယ္လို႔ သုံးသပ္ေနၾကေသာ္လည္း အခုအခ်ိန္ထိ ၾကားျဖတ္ အစိုးရနဲ႔ပတ္သက္ၿပီး ၎၏ ရပ္တည္ခ်က္ကို အထင္အရွား ေဖာ္ျပလာတာမ်ိဳးမရွိေသးပါဘူး။ ျပည္တြင္း တည္ၿငိမ္ေအးခ်မ္းေရးရဖို႔သာ ေလာေဆာေနတာေၾကာင့္ တ႐ုတ္အေနနဲ႔ ၎ရဲ႕ နယ္စပ္ လုံၿခဳံေရး အတြက္သာ စိုးရိမ္ေနပုံရပါတယ္။
ဟာစီနာႏုတ္ထြက္ရျခင္း၏ ေနာက္ကြယ္က အေမရိကန္
အေမရိကန္ဟာ ရွိတ္ဟာစီနာအစိုးရနဲ႔ ရႈပ္ေထြးတဲ့ဆက္ဆံေရးရွိခဲ့ၿပီး မၾကာခဏ ဆိုသလို တင္းမာမႈေတြနဲ႔ အျပန္အလွန္ သံသယျဖစ္စရာ လကၡဏာေတြ ရွိခဲ့ပါတယ္။ မၾကာေသးမီႏွစ္ေတြမွာ ဆက္တိုက္ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္မ်ားက အဲ့ဒီတင္းမာမႈေတြကို ပိုမိုဆိုး႐ြားေစခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္ ေမလမွာ အေမရိကန္က ဘဂၤလားေဒ့ရွ္ရဲ႕ လြတ္လပ္ၿပီး တရားမွ်တတဲ့ ၿငိမ္းခ်မ္းေသာ ပါလီမန္ ေ႐ြး ေကာက္ပြဲေတြက်င္းပဖို႔ ရည္မွန္းခ်က္ကို ပံ့ပိုးေပးရန္ရည္႐ြယ္တဲ့ ဗီဇာမူဝါဒသစ္ကို မိတ္ဆက္ခဲ့ပါတယ္။ ယင္းမူဝါဒအရ အေမရိကန္ဟာ ဒီမိုကေရစီ လုပ္ငန္းစဥ္ေတြကို ပ်က္ျပားေစဖို႔ ေႏွာင့္ယွက္တယ္လို႔ ယူဆရတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားတစ္ဦးခ်င္းစီအေပၚ ဗီဇာကန႔္သတ္ခ်က္ ခ်မွတ္ပိုင္ခြင့္ ရွိပါတယ္။ အတိုက္အခံ BNP ပါတီက အေမရိကန္ရဲ႕ ယင္းလုပ္ရပ္ကို ႀကိဳဆိုခဲ့ေသာ္လည္း ဟာဆီနာက အေမရိ ကန္ရဲ႕ သေဘာထားကို ပြင့္ ပြင့္လင္းလင္း ေမးခြန္းထုတ္ခဲ့ၿပီး သူရဲ႕စိုးရိမ္မႈေတြကို Voice of America ႏွင့္ အင္တာဗ်ဴးတြင္ ေဖာ္ျပခဲ့ပါတယ္။ ပြတ္တိုက္မႈေတြက ဒါေတြတင္မကေသးပါဘူး။ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ လမွာ အေမရိကန္ဟာ ဘဂၤလားေဒ့ရွ္ရဲ႕ထိပ္တန္းအရံတပ္ဖြဲ႕ ျဖစ္တဲ့ Rapid Action Battalion (RAB) ကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈနဲ႔စြပ္စြဲၿပီး ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့ပါတယ္။ အေမရိကန္ဟာ ဘဂၤလားေဒ့ရွ္ကို ၂၀၂၁ ခုႏွစ္ႏွင့္ ၂၀၂၃ ခုႏွစ္တို႔မွာ ၎ရဲ႕ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးေတြကေန ဖယ္ထုတ္ခဲ့ၿပီး ဆက္ဆံေရးကို ပိုမိုတင္းမာလာေစခဲ့ပါတယ္။
အေမရိကန္-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရး ကို ျပတ္ေတာက္သြားေစတဲ့ အဓိကအခ်က္မွာ ဘဂၤလား ပင္လယ္ေအာ္ရဲ႕ တစ္ခုတည္းေသာ ကမ္းလြန္ပင္လယ္ျပင္က စိန႔္မာတင္ကြၽန္းတြင္ စစ္အေျခ စိုက္စခန္း တစ္ခုထူေထာင္ရန္ အေမရိကန္ဘက္က ကမ္းလွမ္းခဲ့ျခင္းျဖစ္ပါတယ္။ ကြၽန္းေပၚတြင္ စစ္ အေျခစိုက္ စခန္း ထားရွိခြင့္ေပးပါက ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ၊ ေ႐ြးေကာက္ပြဲတြင္ သူမကို အေႏွာက္အယွက္ကင္းစြာ ျပန္လည္အေ႐ြးခံရရန္ ကူညီေပးမယ္လို႔ ႏိုင္ငံျခားအစိုးရတစ္ခုက ကမ္းလွမ္းခဲ့ေၾကာင္း ဟာဆီနာက ၂၀၂၄ ခုႏွစ္ ေမလမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ သူက ႏိုင္ငံရဲ႕အမည္ကို အတိအက် မေဖာ္ျပခဲ့ ေပမယ့္ အေမရိကန္ကို ရည္ၫႊန္းတယ္လို႔ အားလုံးက ယုံၾကည္ေနၾကပါတယ္။ တ႐ုတ္နဲ႔ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္ အင္ဒို-ပစိဖိတ္ ေဒသမွာ သူရဲ႕စစ္အင္အားကို ျမႇင့္တင္ရန္ စိတ္အားထက္သန္ေနတဲ့ အေမရိကန္က အဆိုပါ ေဒသမွာ အေျခစိုက္စခန္းအသစ္ေတြထားရွိႏိုင္ေရး ရွာေဖြလ်က္ရွိပါတယ္။ အဓိက ေရလမ္းေၾကာင္း ေတြနဲ႔နီးကပ္ေနတဲ့ စိန႔္မာတင္ကြၽန္းရဲ႕ ဗ်ဴဟာ ေျမာက္အေရးပါမႈဟာ အေမရိကန္စစ္တပ္အတြက္ ဆြဲေဆာင္မႈရွိတဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။
သို႔ေသာ္လည္း ဟာစီနာက အေမရိကန္ ရဲ႕ ယင္းေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာရန္ ျငင္းဆိုခဲ့တာေၾကာင့္ သူရဲ႕ကံၾကမၼာက ႏိုင္ငံမွ ထြက္ ေျပးရတဲ့အေျခအေနျဖစ္လာေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ဟာ ဒီမိုကေရစီကိုျမႇင့္တင္ဖို႔အသြင္ေဆာင္တဲ့လုပ္ရပ္ေတြနဲ႔ တျခား ႏိုင္ငံေတြရဲ႕ႏိုင္ငံေရးမွာ မၾကာခဏ ဝင္ေရာက္ စြက္ဖက္တဲ့ သမိုင္းေၾကာင္း ရွိပါတယ္။ ဒါေပမယ့္လည္း အီရတ္၊ အာဖဂန္နစၥတန္ႏွင့္ အခု ဘဂၤလားေဒ့ရွ္တို႔မွာ ျမင္ေတြ႕ေနရတဲ့အတိုင္း ယင္းစြက္ဖက္မႈေတြဟာ ပရမ္းပတာနဲ႔မတည္ၿငိမ္မႈေတြကိုသာ ျဖစ္ေပၚေစခဲ့တာကို ေတြ႕ရပါတယ္။
အခ်ဳပ္အားျဖင့္ဆိုရရင္ ဘဂၤလားေဒ့ရွ္ ျပည္သူေတြက ဟာစီနာအစိုးရကို ဆန႔္က်င္ဆႏၵျပ ၿပီး ျဖဳတ္ခ်ႏိုင္ခဲ့တာေၾကာင့္ ၎တို႔အတြက္ လြတ္လပ္ ေရး ေအာင္ပြဲတစ္ခုလို႔ ရႈျမင္ေနၾကေပမယ့္ လက္ေတြ႕မွာ ႏိုင္ငံရဲ႕ဖ႐ိုဖရဲအေနအထားမ်ားကိုျပန္ လည္တည့္မတ္ဖို႔က မလြယ္ကူတဲ့ကိစၥ ျဖစ္လာပါတယ္။ အစိုးရ တစ္ရပ္ကို အတင္းအၾကပ္ တြန္းလွန္ ဖယ္ရွားခဲ့ျခင္းရဲ႕ အက်ိဳးဆက္ေတြက ေမွ်ာ္မွန္းထားတာထက္ ပိုမို ဆိုး႐ြားႏိုင္ပါတယ္။ ယခုအခါ ႏိုင္ငံကို ဦးေဆာင္သြားမယ့္ ၾကားျဖတ္အစိုးရအေနနဲ႔ ႏိုင္ငံေရး၊ စီးပြား ေရး၊ လုံၿခဳံေရး စတဲ့ ျပည္တြင္းေရးရာ မ်ားအျပင္ သင့္ေတာ္တဲ့ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးသြားႏိုင္ဖို႔ ကလည္း အၾကပ္႐ိုက္စရာျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔လည္း အိမ္နီးခ်င္း ဘဂၤလား ေဒ့ရွ္ရဲ႕ ျဖစ္စဥ္ေတြကို သင္ခန္းစာယူၿပီး အုပ္ခ်ဳပ္ေရးယႏၲရားတစ္ခုလုံးခါယမ္းသြားေစမယ့္ အျဖစ္မ်ိဳးကို တတ္ႏိုင္သမွ်တားဆီးကာကြယ္သြားဖို႔ လိုအပ္သလို တစ္ဖက္တည္းကိုပဲသိသိသာသာ ယိမ္းတဲ့ မူဝါဒေတြ ထက္ ဘက္မလိုက္၊ ၾကားေန ႏိုင္ငံျခားေရး မူဝါဒေတြကိုသာ က်င့္သုံးျခင္းျဖင့္ ႏိုင္ငံျခား တိုင္းျပည္ေတြရဲ႕ လႊမ္းမိုးျခယ္လွယ္တဲ့ရန္ကေနေရွာင္ရွားၾကပါစို႔လို႔ တိုက္တြန္းရင္း နိဂုံးခ်ဳပ္ လိုက္ပါတယ္။