အသက် ၁၁၆ နှစ်အရွယ် ဂျပန်အဘွားအို ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံရ

 1649

ရောင်နီ (NP News) - သြဂုတ် ၂၃

အသက် ၁၁၆ နှစ်အရွယ် ဂျပန်အဘွားအိုဟာ အသက် ၁၁၇ နှစ်အရွယ် စပိန်အဘွားအို သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိလူသားအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့ပါတယ်။

၁၉၀၈ ခုနှစ် မေလ ၂၃ ရက်နေ့က မွေးဖွားခဲ့တဲ့ မစ္စတိုမီကိုအီတိုကာ အမည်ရှိ အဘွားအိုဟာ ဂျပန်နိုင်ငံ အနောက် ပိုင်း အာရှီရာမြို့မှာ နေထိုင်သူဖြစ်ပြီး ပထမ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စမာရီယာ ဘရန်ယာ့စ် မိုရာရာ သြဂုတ် ၂၀ ရက်က စပိန်ဘိုးဘွားရိပ်သာမှရ ကွယ်လွန်သွားပြီးနောက်မှာ မစ္စအီတိုကာက ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်လာခဲ့ခြင်းဖြစ်ပါတယ်။

မစ္စအီတိုကာ မွေးဖွားတဲ့နှစ်ဟာ ပြင်သစ်နိုင်ငံ၊ အီဖယ်မျှော်စင်မှ တာဝေးရေဒီယိုသတင်း ပထမဆုံးအကြိမ် ပေးပို့တဲ့ နှစ်၊ Wright Brothers တို့ ဥရောပနဲ့ အမေကန်ကို ပထမဆုံးခရီးသည်တင် ပျံသန်းမှုပြုလုပ်တဲ့နှစ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
သူမဟာ အသက် ၇၀ အရွယ်ထိ တောင်တက်နိုင်တုန်းဖြစ်ပြီး အသက် ၁၀၀ အရွယ်မှာ ဂျပန်နိုင်ငံရဲ့အရှီရာရှရင်း တောင်တက် ကျောက်လှေကားထစ်တွေကို တုတ်ကောက်မသုံးပဲ တက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အသက္ ၁၁၆ ႏွစ္အ႐ြယ္ ဂ်ပန္အဘြားအို ကမာၻ႔အသက္အႀကီးဆုံးလူသားအျဖစ္ သတ္မွတ္ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၂၃

အသက္ ၁၁၆ ႏွစ္အ႐ြယ္ ဂ်ပန္အဘြားအိုဟာ အသက္ ၁၁၇ ႏွစ္အ႐ြယ္ စပိန္အဘြားအို ေသဆုံးခဲ့ၿပီးေနာက္ ကမာၻ႔ အသက္အႀကီးဆုံး သက္ရွိလူသားအျဖစ္ ကမာၻ႔ဂင္းနစ္စံခ်ိန္ဝင္ခဲ့တယ္လို႔ သုေတသနအဖြဲ႕တစ္ခုက ၾသဂုတ္ ၂၁ ရက္တြင္ ေျပာၾကားခဲ့ပါတယ္။

၁၉၀၈ ခုႏွစ္ ေမလ ၂၃ ရက္ေန႔က ေမြးဖြားခဲ့တဲ့ မစၥတိုမီကိုအီတိုကာ အမည္ရွိ အဘြားအိုဟာ ဂ်ပန္ႏိုင္ငံ အေနာက္ ပိုင္း အာရွီရာၿမိဳ႕မွာ ေနထိုင္သူျဖစ္ၿပီး ပထမ ကမာၻ႔အသက္အႀကီးဆုံးပုဂၢိဳလ္ျဖစ္တဲ့ မစၥမာရီယာ ဘရန္ယာ့စ္ မိုရာရာ ၾသဂုတ္ ၂၀ ရက္က စပိန္ဘိုးဘြားရိပ္သာမွရ ကြယ္လြန္သြားၿပီးေနာက္မွာ မစၥအီတိုကာက ကမာၻ႔အသက္အႀကီးဆုံး ပုဂၢိဳလ္အျဖစ္ မွတ္တမ္းဝင္လာခဲ့ျခင္းျဖစ္ပါတယ္။

မစၥအီတိုကာ ေမြးဖြားတဲ့ႏွစ္ဟာ ျပင္သစ္ႏိုင္ငံ၊ အီဖယ္ေမွ်ာ္စင္မွ တာေဝးေရဒီယိုသတင္း ပထမဆုံးအႀကိမ္ ေပးပို႔တဲ့ ႏွစ္၊ Wright Brothers တို႔ ဥေရာပနဲ႔ အေမကန္ကို ပထမဆုံးခရီးသည္တင္ ပ်ံသန္းမႈျပဳလုပ္တဲ့ႏွစ္နဲ႔ အတူတူပဲ ျဖစ္ပါတယ္။
သူမဟာ အသက္ ၇၀ အ႐ြယ္ထိ ေတာင္တက္ႏိုင္တုန္းျဖစ္ၿပီး အသက္ ၁၀၀ အ႐ြယ္မွာ ဂ်ပန္ႏိုင္ငံရဲ႕အရွီရာရွရင္း ေတာင္တက္ ေက်ာက္ေလွကားထစ္ေတြကို တုတ္ေကာက္မသုံးပဲ တက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.