ဆီအိုးကြီး တနင်္သာရီကို အလှဖျက်ခဲ့ကြသူများ(အပိုင်း-၂)

 2012

ဇာမဏီမောင် (NP News) - ဩဂုတ် ၂၃

G.P.S ဆရာတို့ကလည်း သူတို့စက်တွေ ဆင်နေ။ ဂြိုဟ်တုတည်နေရာဖမ်းမှတ်နေစဉ် ကျွန်တော်ကတော့ ပတ်ပတ်လည် သစ်ကွင်းကွက်လပ်ကြီး ကိုလှည့်ကြည့်မိပါသည်။ ကျွန်တော်နှင့်အနီးဆုံးက အရပ်ခြောက်ပေကျော်လူတစ်ဦး မတ်တတ်ရပ်နေ သည်ကိုကွယ်ထားသောကညင်ဖြူပင်ကြီးကို သေသေ ချာချာကြည့်တော့မှ လေးပိုင်းပိုင်းထားသည့် သစ်လုံးကြီးဆက်ကြည့်မည်ဆိုလျှင် မူလသစ်ပင်သည် ပေ(၈၀)နီးပါးရှည်သည်ကိုသိနိုင်ပါသည်။ ဒီတစ်ပင်တည်းမဟုတ်ပါ။ သူ့လို သစ်ပုံပေါ်ဆင့်စီ၍မရ သည့် နောက်ထပ် (၃)ပင်ကိုပိုင်းထားသော အပိုင်း (၂၀) နီးပါးတွေ့ရပြီး ထောင့်စွန်းနားတွင်တော့ သစ်လုံးပုံကြီးက တစ်ရာကျော်နည်းပါးရှိနေပါသည်။ သည်နေ့က လစာထုတ်ရက်မို့ သစ်လုံးညှပ်ကားကြီး တွေကတော့ တုတ်တုတ်မျှမလှုပ်သလို၊ အလုပ်လုပ် နေကြရင်လည်း သည်နေရာကို ကျွန်တော်တို့ အနားကပ်၍မရနိုင်ပါ။ သစ်လုံးကြီးတွေမှာနဖားပေါက် မရှိပါ။ အချို့ အက်ကွဲနိုင်သည့်သစ်လုံးများကလည်း ထိပ်ပိုင်း(သို့) အရင်းပိုင်းတွင် ဟက်တက်ကွဲနေပေ သော်လည်း အကွဲသက်သာရန် အက်စ်ကွင်း(အင်္ဂလိပ်အက္ခရာ (S))ဒေါင်လိုက်ရိုက်ထားသည်ကိုမတွေ့ ရပါ။ အထူးမြင်ရသည်ကတော့ ကညင်ဖြူ၊ ကညင်နီ သစ်များပြီး၊ ဟောထောင့်တစ်နေရာတွင် အမိုး တာလပတ်အုပ် ထားသော လူနှစ်ဖက်ခန့်လုံးပတ်နဲ့ အရှည်(၁၆)ပေ ခန့်ရှိ သစ်လုံးငယ်လေးလုံးကိုလည်း တွေ့ရပါသည်။ အနားသွားကာ အသားကိုကိုင်ကြည့် တော့ ကျောက်သားလိုအေးနေပြီး ချောကလက်ရောင် အရင့်မို့ စပ်စု ကြည့်မယ်လုပ်နေချိန် အနားရောက်နေ သည့်လမ်းပြ ကြီးက "ဆရာ ဒီသစ်က"လွှကျိုးသစ်” တဲ့" ဘာမို့လို့လဲမေးမိတော့ "ကျောက်လိုမာတဲ့သစ်။ တရုတ်တွေ အသည်းစွဲ ပက်လက်ကုလားထိုင်တွေ ထိုင်ခုံဆက်တီတွေလုပ်တယ်။ နွေရာသီမှာတောင် အေးစက်နေတာ"။ ကိုင်ကြည့်ကပ်ကြည့်တော့ တကယ်အေးနေသည်။ တစ်ဆက်တည်း သစ်ပုံနားကဝါးနက်ရုံ ကြီးတစ်ရုံကိုငေးကြည့်တော့ ဝါးရုံက အသီးသီးနေတာတွေ့ရပြီး တစ်ရုံလုံးမှာ ဝါးအလုံးရာချီနေတာကို မြင်ရသည်။ အလုံး(၃၀ဝ)လောက်ရှိနေပြီး တစ်တောလုံး အများဆုံးကတော့ ဝါးနက်ရုံတွေချည်းပါပဲ။ ဝါးပိုးရုံကြီးတွေကလည်း ဟည်းထနေသည်။ မည်သူမျှ မထိသေးသည်ကိုမြင်ရပါ သည်။ ဒီလိုပေါက်၊ ဒီလို မှည့်၊ ဒီလိုသေသွားတဲ့ဝါးရုံတွေ သည်လို သစ်တောကြိုးဝိုင်းကြီးထဲမှာ ဝါးရုံများသိန်း ချီနေသည်ကို မြင်ယောင်မိပါသည်။

နောက်ပွိုင့်တစ်ခုကိုသွားရပါတော့မည်။ ဒီနေရာမှ (၂၀) မိနစ်ခန့်လျှောက်ရင်း လမ်းဘေးအောက်က ပေ (၄၀) လောက်နက်တဲ့လျှိုတွေကိုထပ် တွေ့ရပြီး ကြိမ်နွယ်ကြီးတွေပုံနေတာ၊ ကြိမ်လုံးပတ်က (၂)ကျပ်လုံးကနေ (၄)ကျပ်လုံးလောက်ရှိပြီး ပေ (၂၀)ကျော်အပိုင်းတွေပါပဲ။ ကြည့်နေရင်းကနေ လျှိုထဲက ကျွဲမောင်းအော်သံကိုကြားရသည်။ တွေ့ ပါပြီ၊ ပြောင်ချောနေတဲ့ရွှံ့လမ်း၊ သည်လိုစွပ်ဖားလှည်း ကြီးတွေ ရှပ်တိုက်သွားနေတာကိုးခင်ဗျ။ ရွှံ့ပေါ်ဆွဲရ သောစွပ်ဖားကြီးက ကြိမ်ပုံကြီးတစ်ပုံကိုတင်ပြီး ကျွဲ ခြောက်ကောင်ဆွဲလာတာကိုး၊ ကျွဲကြီးတွေကလည်း ဝဖီးဖီး အားကြီးလှပါတယ်။ ကင်မရာလေးပါခဲ့ရင် တော့ တစ်သက်မမေ့နိုင်စရာမြင်ကွင်းပါ။ ကြိမ်ရှိရင် တောနက်သတဲ့ဗျာ။ ကြိမ်လုံးကြီးတွေထိပ်မှာ နဖား ဖောက်သံကွင်းစွပ်ပြီး အဲဒီကျွဲများဖြင့်ဆွဲထုတ်ရသတဲ့။တစ်ခါက ကြိမ်လုံးပတ် လေးလက်မခန့်အရှည် မိုင် ဝက်ထိအောင်ပါလာသတဲ့လေ။ အော်...နက်လိုက်တဲ့ အမြဲစိမ်းဗားဂျင်းတောနက်ကြီးတွေပါလား။

လေညာအမြဲစိမ်းသစ်တောကြိုးဝိုင်းကြီးထဲက ဘာတွေတွေ့ရခဲ့ပါသလဲမေးကြည့်ချင်ပါသလဲ ခင်ဗျာ။ တကယ်တော့ ဒီတောကိုမဝင်ခင် စာရေး သူတို့ မြို့နယ်ခန်းမတည်းနေကတည်းက မြို့ခံလူကြီး တစ်ဦးက မြို့ခံဖိတ်ထမင်းကျွေးလို့ ညစာသွားစား ကတည်းက ဒီသစ်တွေကိုမြင်ခဲ့ရပြီးပါပြီ။ အချောသပ်ထားတဲ့သစ်တွေပါ။ သူကလည်း မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိ သည့်လူကြီးတစ်ဦးပါ။ ရေခံမြေခံသဘောအရ ထိုင်းသို့ ပရိဘောဂများ အချောလုပ် ပို့ရသူတစ်ဦးပါ။ နှစ် ပေါင်းလေးဆယ်နီးပါး သူ့လက်ရာတွေဟာ တရားဝင် ဝင်၊ မဝင်ဝင် ထိုင်းသို့အောက်လမ်းကနေသာပို့ခဲ့ရ၍သူ့လက်ရာတွေသည် ဘန်ကောက်ဘက်က ပရိဘော ဂဆိုင်ကြီးတွေမှာ မည်မျှလောက်တန်ကြေးရနေ သည်ကို သူလည်းသိပါသတဲ့။ သူနှင့်စကားပြော သည့်အခါတွင် သစ်တောကြီး၏ ပကတိအခြေအနေ နှင့် သူငယ်စဉ် လွန်ခဲ့သည့် နှစ် (၃၀) က အခြေအနေ များကိုပြောပြပါသည်။ ပထမဆုံးသူစပြောသည်က လွမ်းစရာလေညာပုံပြင်ပါ။

ဆရာတို့သွားကြည့်မည့် သစ်တောကြိုး ဝိုင်းက (၁၉၉၁) ခုနှစ်ကတည်းက သစ်ကောင်းတွေ ဟာ ကုန်နေပါပြီတဲ့။ ဝါးရုံတွေသာကျန်တော့လို့ လေညာဝါးတောကြိုးဝိုင်းလို့ခေါ်လို့ရပါသတဲ့လေ။ ကျွန် တော်တို့ကတော့ နွားလဘို့တောင်ခေါ် ဒေါနတောင် ခြေရင်းတစ်ဝိုက်ကို Google Map ကနေကြည့်ရင် မြန်မာနိုင်ငံဘက်ခြမ်းက စိမ်းညို့ညို့ ထူထူထဲထဲ တောနက်ကြီးမြင်ရပြီး ထိုင်းဘက်တွင်တော့ အဝါရောင် ဖျော့ဖျော့မြေပြင်ကိုမြင်ပြီး တို့ဆီမှာကျန်သေးရဲ့ပေါ့။

မိမိတို့ထားဝယ်ကနေ မြိတ်ဘက်ကို ပြည် ထောင်စုလမ်းမကြီးတစ်လျှောက် ကားဖြင့်လာစဉ် လမ်းဘေးဝဲယာတွင်မြင်ခဲ့ရသော လမ်းဖောက်သည့် ယန္တားရားစက်များ (၇၆)လုံးလောက်ပစ်ထားသည်ကို မြင်ရတော့စပ်စုမိကြပါသည်။

သူပြောသည့် (၁၉၈၈) ခုနှစ် နဝတအစိုးရ လက်ထက်တွင် ကော့သောင်း-မြိတ်-ထားဝယ် ခြောက် လမ်းသွားလမ်းမကြီးဖောက်ဖို့တဲ့။ အခုမြင်နေရသည့် ပြည်ထောင်စုလမ်းမကြီးကိုချဲ့ဖို့ဆိုပြီး၊ ခုတ်ထုတ် လိုက်တာ သစ်တောကုန်နေပါပြီတဲ့။ လမ်းမကောင်းသော်လည်း ပင်လယ်ထဲကနေ သံဖောင်Barge ကြီး များဖြင့် သယ်ထုတ်သွားသည်မှာ အဝေးကဆိုလျှင် ဒီသစ်လုံးကြီးတွေသည် သွားကြားထိုးတံလေးများ စီထားသကဲ့သို့ပါ။ ဟုတ်ပါသည်။ မြန်မာတို့ကို ခြောက်လမ်းသွားလမ်း အိပ်မက်မက်ခိုင်းပြီး တော နက်ထဲက ပရမ်းပတာခုတ်ယူသွားသော လူလေးဖက် စာသစ်ငုတ်ကြီးများပေါ် စာလုံးထွင်းများသွားသည်က တော့ “သစ်ထုတ်သူ ဒေါ်စကီနား(၁၉၉၂)ဆိုသည့် စာသားသည် မြန်မာတို့ကို တို့ပိုင်တဲ့မြေ၊ တစ်သား တည်းလေ”ဆိုပြီး အောင်သေအောင်သားစားတဲ့စာများလားဟု စာရေးသူမျက်စိနဲ့မြင်ခဲ့ရပါသည်။ အချို့ ဆီအုန်းပင်တွေဆို အသီးသီးလို့ ငှက်စာဆော်အနုသီး ခိုင်တွေရှိနေတာတောင် အလျော်ပေးပြီးလမ်းဖောက် တာမလွတ်လို့ ခုတ်ရှင်းလိုက်ပါသည်။

သစ်ထုတ်လုပ်သည့်ကားများလွန်း၍ မြေနီ မြောင်းကြီးများဖြစ်ရာကနေ နောက်ဆုံး အော်ထဲက နေမြင်ရ။ ဟန်ကပြုပင်လယ်သစ်ဆိပ်(သို့) ဒေါ်စကီး နားသစ်ဆိပ်ကနေ မှုန်ပျပျမြင်နေရသည့်ကျွန်းကြီးကို မေးကြည့်တော့ ကော့ရဲကျွန်းကြီးပါတဲ့။အဆိုပါကျွန်း နှင့်ဒေါ်စကီးနားဆိပ်ကြားတွင် သစ်လုံးများကို သံ ဖောင်ပေါ်ကနေ အိန္ဒိယကလာသော ပင်လယ်ကူး သင်္ဘောပေါ်ကို ကရိန်းဖြင့်ဆွဲတင်သွားသည်ဟုပြောပါသည်။ ဤသစ်ဆိပ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မော်လမြိုင်ကနေ ရွှေ့ပြောင်းဆိပ်ကမ်းအဖြစ် အလုပ် သမားတစ်ရာကျော်ခန့်လာရောက်လုပ်ခဲ့ကြောင်းသိရသည်။

ကျွန်တော်အထက်ကပြောခဲ့သော ကညင် ဖြူသစ်၊ လိပ်သဲသစ်တို့၏ ထိုစဉ်က နိုင်ငံတကာပေါက် ဈေးနှင့်အသုံးဝင်ပုံကိုလည်း ဤကဲ့သို့သိရပါသည်။ ထိုဗျူဟာမြောက်သစ်များသည် တစ်ချိန်က အခြားအမျိုးအစားစာရင်းပေါက်ခဲ့ဖူးပါသတဲ့။ ကညင်ဖြူသစ်ပျော့ ဖတ်ကတော့ ကမ္ဘာကျော် ငွေစက္ကူများဖြစ်သည့် ယူရို၊ မတ်ခ်၊ ဒေါ်လာငွေစက္ကူများ၏ပျော့ဖတ်ထုတ်လုပ် နေပြီး ကျွန်တော်အထက်ကပြောခဲ့သည့် ကညင်ဖြူ သစ်၊ လိပ်သဲသစ်တို့၏ ထိုစဉ်က နိုင်ငံတကာပေါက်ဈေးအရ လိပ်သဲသစ်ကတော့ တရုတ်ပြည်မကြီးမှာ တစ်တန်ကို ဒေါ်လာသောင်းချီတန်နေပါပြီ။

မြန်မာ့ဆီအိုးကြီးဖြစ်တည်လာဖို့ မြို့ခံ လူကြီးပြောသလို လေညာအမြဲစိမ်းသစ်တောကြိုးဝိုင်း ကြီးဟာ မူလက နိုင်လွန်ကတ္တရာခြောက်လမ်းသွားအိပ်မက်နဲ့တင် နေ့ချင်းညချင်း ဝါးတောကြိုးဝိုင်းကြီး ဘဝသို့ ပြောင်းလဲရောက်ခဲ့ရပါသည်။ လူတစ်ဖက်စာ သစ်လုံးတိုများ(ကျွဲနှင့်ဆွဲဖို့ ၁၂ အရှည်များကတော့ ဘယ်မှမထွက်နိုင်တဲ့)လျှိုများကြား အလုံးပေါင်း ရာ ချီဆွေးနေတော့မည်။ သစ်တောဥပဒေအရ ဝိနည်း ရှောင်ရန်ကလည်း ထိုသစ်များကိုမီးသင်းပြီး ထင်းမီး သွေးဘဝပြောင်းသည်ကိုလည်း ဒုနှင့်ဒေးမြင်ခဲ့ရပါ သည်။ ထိုကာလသည် ဧရာတိုင်းက Mangrove ပင်လယ်ဒီရေရောက် တောငယ်များကို နံပြား မီးသွေးများဖုတ်ပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင် တင်ပို့နေချိန်ပါ။ တနင်္သာရီတိုင်း ကျွန်းအချို့နှင့် ပါချန်မြစ် ညာများတွင်လည်း တရားမဝင်မီးသွေးဖိုများအစီ အရီပေါ်နေဆဲပင်။

သစ်ချည်းပဲလား လေညာ
နေ့လယ်စာအတွက် မောဟိုက်စွာနဲ့ကြိမ်စည်းကြီးများနှင့် ကျွဲဆွဲစွပ်ဖားများကိုရှောင်ရင်းဟန်ကပြုလမ်းဆုံကို ကျွန်တော်တို့ပြန်ထွက်လာတော့ လမ်းတွင် ငါးရက်တစ်ဈေးလိုခင်းထားသည့် အတန်း လေးတွေ့၍ စပ်စုကြည့်မိပါသည်။ ဆိုင်ကယ်ခဏရပ် ပါအုံး မေးကြည့်ချင်လို့။ ဆရာရေ နေ့လယ်စာ စား ပြီးမှ စောပြန်ထွက်လာကြည့်လို့ရပါတယ်။ သူတို့က နေကုန်အောင် ပါလာတာအကုန်ထုတ်ရောင်းကြ မှာပါ။ မကုန်ရင် နယ်စပ်တက်ရောင်းကြမယ်လေ။ခေတ္တတည်းခိုစခန်းရောက် မြိတ်ငါးပိထောင်းနဲ့တောဝက်သားဟင်း၊ ခရမ်းခဆော့သီးနဲ့ဆီပြန်ပါ။ ဆာဆာနဲ့ အတိုးချစားကြပြီး ကြားသားမြင်သားမစားကောင်း ဆိုလို့ မိမိအဖွဲ့ထဲက လုံခြုံရေးတာဝန်ခံက မေးနေ တာနားစွင့်တော့ တုတ်ကိုင်းမှာမိနေတာ တစ်ရက် ကြာမှသွားဖြုတ်လာတဲ့ဝက်ကြီးတဲ့။ အချိန် (၂၅) လောက်ရှိသတဲ့။ ခုတစ်လော တောပျောက်တောင် ပျောက်မို့ လူနေရပ်အစပ်တွေအထိ သူတို့ဆင်းလာ တာပါတဲ့။ ဆတ်တွေလည်းပါသတဲ့။ ခုနက ဈေးတန်း လေးမေးချင်တာနဲ့ အမြန်ပြန်ပြီး ပြန်ထွက်တော့ ဟန်ကပြုလမ်းမထိပ် ပြန်ရောက်ချိန် တွေ့ရပါတယ်။
သတင်းစာစက္ကူပတ်ထားတဲ့ တောကြီး သစ်ခွတွေကိုပါ။ အုံလိုက်ကို ခြင်းကြားကြီးတွေနဲ့ပါ။အပွင့်ရောင်စုံနှင့်ဖယောင်းပန်းများလည်းပါရဲ့။ တစ် အုံလုံးမှ (၃၀ဝ)ကျပ်။ အိမ်ကသစ်ပင်မှာကပ်ထား ရှင်သတဲ့။သစ်ပင်ကြီးတွေ လွှစာမိနေမှတော့ သစ်ပင် ပေါ်ကတောဘုရင်သစ်ခွမင်းတို့လည်း မြေခရှာကြ ရတာပေါ့လေ။ ဟော တွေ့ပြန်ပါသည်။ မြွေအရေခွံအိတ် တွေထဲငုံ့ကြည့်ရတဲ့ ဘောလုံးလိုအကြေးခွံတွေနဲ့လုံးလုံးကြီးတွေ။ အစက မြင်မြင်ချင်း စပါးကြီမြွေခွေနေ သလား ထင်ရ။ အနားကပ်ကြည့်မှ တညင်းသီးခွံ သာသာ အကြေးများနှင့် ဘောလုံးလိုခွေနေပါသော သင်းခွေချပ်ကောင်ပါလား။ တစ်ကောင်နှစ်ထောင်ပါ ဆရာ၊ လေးလို့ပြန်မသယ်တော့ဘူး ကျန်နှစ်ကောင်ပါ ဆိုရင် ငါးထောင်သာပေးပါတဲ့။ ဘာလုပ်စားလို့ရ မလဲလို့ မိမိအဖွဲ့က ခုနက ဝက်စပ်စုဆရာကမေးတော့ ဒီကောင်တွေ နှစ်ပိဿာကနေ လေးပိဿာအထိရှိတယ်။ အကြေးခွံကတော့ ဆေးဖက်ဝင်တာပေါ့ဆရာ။အသားကတော့ပုစွန်ထုပ်ရှုံးအောင်နူးညံ့ပြီး ဘန် ကောက်မှာဆို တစ်ပွဲကို ဘတ်တစ်သိန်း လောက်ရ ပါသည်တဲ့။ သူတို့ဘာစားသလဲ.. ခြ၊ ပုရွက်ဆိတ်ကနေ အင်းဆက်လေးတွေအစ သစ်ဥတွေသာစားတဲ့ကောင် တွေပေါ့ဆရာ။ အခုအိပ်နေတာလေ။ နေစူးစူးဒဏ်မခံ နိုင်၊ အလွန်စိမ်းညို့ နေပြောက်မထိုးတဲ့ လေညာ အမြဲစိမ်းသစ်တောကြီးထဲက မြေပြင်ညီ တွားသွား သတ္တဝါတစ်မျိုးကိုး။ တဂစ်ဂစ်အော်ရာက လေချွန်သံ လှပါဘိတဲ့ အသံလာရာဆက်ကြည့်တော့ တစ်ကိုယ် လုံးဆွတ်ဆွတ်ဖြူ၊ အမောက်လေးက အဝါနဲ့ထင်း နေပါရဲ့ သီချင်းဆိုတာ။ "ဒေါင့်စုံငှက်ပါဆရာ။ ကတ္တဝါနဲ့လည်းတူပြီး သူက အကောင်ငယ်လွန်းသည်။ ဘယ်လောက်လဲ (၁၅၀ဝ)ကျပ်ပါဆရာ။ အိမ်မွေးဖို့ဆို စုံလိုက်ယူပါဆရာ။ သူတို့က အလွန်လိမ္မာပါတယ်။ လူစကားချက်ချင်းတတ်လွန်းလို့ ဘန်ကောက်မှာဆို အမောက်နီတစ်ကောင်ကို ဘတ် သိန်းချီပေးကြတယ်။ ထိုင်းဘက်မှာဆို ဒီလေညာက ဒေါင့်စုံတစ်ကောင်ဟာ ဘတ်တစ်သန်းထိ သီချင်းဆိုပြိုင်ပွဲမျာ ထိုင်းသီချင်း၊ အင်္ဂလိပ်သီချင်း။ ပြင်သစ်သီချင်း၊ ကရင်သီချင်းအစုံရ တာခင်ဗျ။ သည်မှာက ဆန်ဖိုးရတော်ပါပြီ"တဲ့။

ဘန်ကောက်မပို့ဘူးလားမေးတော့ "ခု တစ်လော ကော့သောင်းရှပ်ပြေးက ပင်လယ်ထဲ ထွက်စီးရတော့ တင်ရခက်နေလို့ပါ။ သစ်ခွတွေတော့ အရိုင်းစည်းတိုင်းပို့နေပါတယ်ဆရာ"တဲ့။ သည်မှာတော့ လှလိုက် တဲ့ဆီအိုးကြီးဖြစ်လာမည့် လေညာအမြဲစိမ်းတော စပ်ဟာ သူတို့ရဲ့ သင်္ချိုင်းကိုး။ ဒေါင်း၊ ဒေါင်းဖြူ၊ သင်းခွေချပ်၊ ပျားရည်၊ ပျားသလက်၊ ချိပ်၊ ကြံ့သူတော်၊ ကျား၊ ဆင်တွေပါ ပါနေပါသတဲ့၊ တောပျောက်တောင် ပျောက်ရာက မနက်ပိုင်းက မူလသစ်ပုံကွင်းကြီးကနေ အရှေ့စူးစူးကို တောလမ်းကနေတက်ရင် ညနေ စောင်းတော့မှာမို့ ညနေ သုံးနာရီထက်နောက်မကျဘဲ တောကပြန် ထွက်ရမှာမို့ တိုင်ပင်ခဲ့ကြပါသည်။ နောက်တစ်နေ့ စောစောမှ ပြန်တက်ကြဖို့ဆုံးဖြတ်ပြီး ဟန်ကပြုလမ်းဆုံစုရပ်ကိုပြန်ခဲ့ကြပါသည်။

ဆင်တွေတောပျောက်
လူတွေ တမလွန်ရောက်ကုန်
ဒေါင့်စုံငှက် မြန်မာအလွမ်းသီချင်း

တစ်ညအိပ်စခန်းအိမ်ရှေ့မှာတော့ လူစုစုနဲ့ မြင်ရပြီး ကလေး လူကြီး မိန်းမ (၁၇) ယောက်လောက် တွေ့ရပါတယ်။ (အော်) သည်နေ့က သူတို့လစာထုတ်ရက် ကိုး၊ ညနေစောင်းသူတို့စခန်းမပြန်ကြသေးဘူးလား၊ မှောင်တော့မယ်။ သူတို့ တောထဲကသစ်ခုတ်စခန်း ကိုမပြန်ရဲကြတော့ဘူးဆရာ၊ လမ်းပြကြီးဦးဝင်းက မနက်က ဆရာတို့ဝင်သွားတဲ့လျှိုအောက်ကနေ ဆင် မိသားစု (၆) ကောင်တစ်အုပ် ဆရာတို့ရှေ့ကနေ မိနစ် (၂၀) လောက်ပဲကွာ တက်သွားတယ်။ ပြီးတော့ စမ်းချောင်းတစ်လျှောက် သူတို့သစ်ခုတ်တဲ့စခန်းက အိမ်ရောက်အောင်သွားကြပြီး အိမ်(၈)လုံးကို နင်း ခြေသွားကြပြီ။ မီးစက်နဲ့ဘက်ထရီတွေပါ ပျက်စီး၊ မီးဖိုချောင်တွေထဲက ဆန်အိုးတွေကဆန်တွေ သီးနှံတွေ ပါမွှေနှောက်ပြီး စားသောက်သွားကြပါတယ်လို့ သိရပါသည်။ လွှစက်သံတွေကြောင့် မနေရဲကြဘဲ၊ ပင်လယ်လမုတောထဲထိဆင်းနေကြရတဲ့ လှလိုက် တဲ့ဆီအိုးကြီးတနင်္သာရီရဲ့ ရတနာဆင်တွေဘဝပါပဲ။ တီဗီပါပျက်စီးလို့ ပြန်မသွားရဲကြတော့ပါ။သူတို့ သည်တောကြီးထဲကနေ ဒေါနတောင်တန်းကိုကျော် ဖြတ်ပြီး ထိုင်းနိုင်ငံထဲကိုရောက်ကုန်ကြပါသတည်း ပေါ့။

ထိုင်းနိုင်ငံထဲရောက်ကုန်တဲ့ဆင်ကတော့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးရန်ပုံ ငွေအဖွဲ့ရဲ့အဆိုအရ ဒေါနတောင်တန်း ဘေးမဲ့တော ဧရိယာနဲ့ ထိုင်းနိုင်ငံ မယ်ဝုန်သစ်တောဘေးမဲ့တော ရိုင်းဥယျာဉ်ကြီးနှစ်ခုကြားမှာ လက်ကျန်ဆင်ကောင် ရေကတော့ ၁၆၀ဝ မပြည့်တော့ပါ။ သူတို့အစီရင်ခံ စာအရတော့ ဆီအိုးကြီးဆီမပြည့်ခင် ၁၉၉၀-၂၀ဝဝ-၂၀၁၀-၂၀၂၄ အထိ နှစ်ပေါင်း (၄၀) နီးပါး မှာ တောပျောက်တောင်ပျောက်ရသည့်သတ္တဝါများကိုဖော်ပြထားပါသည်။ ဆင်တွေ လူနေရွာတွေ စခန်းတွေထဲ သူတို့အစာရေစာရှားပါးမှုကြောင့်ကျူးကျော်လာကြသည်။

လှလိုက်တဲ့ဆီအိုးကြီး ပြည်မပြည့်တော့ ခုထိမသိရသေးပါ။ နိုင်ငံတော်က တစ်နှစ်ဒေါ်လာတစ် ဘီလျံဖိုး စားအုန်းဆီ ဝယ်သုံးနေစဉ်မှာလည်း တနင်္သာရီ သစ်တောဘေးမဲ့တောများပျောက်ရာက ထိုင်းနိုင်ငံက အလိုလို တောနက်သတ္တဝါများ တော ပြောင်းလွတ်မြောက်ရာနယ်မြေဘဝကို မဖိတ်မခေါ် ဘဲရသွားပါတော့သည်။ ကျားကောင်ရေက (၂၀ဝ) နည်းပါး၊ ဒေါင့်စုံငှက်လေး ကိုယ်လုံးအဖြူ အမောက်နီ ဘတ်တစ်သိန်းတန်လေးများကတော့ ဒေါင့်စုံငှက် ထိုင်း အလွမ်းသီချင်းသီဆိုပြိုင်ပွဲတွင် သူတို့ရဲ့ ဇာတိ လေညာအမြဲစိမ်းသစ်တောကြိုးဝိုင်းကြီးကို လွမ်းရာ က ပထမရသွားသတဲ့လေ။ ကြံ့သူတော်များလည်း ရာချီပျောက်ကုန်ပါသတည်း။

တောရိုင်းသတ္တဝါတွေချည်းပဲလားလေညာ
လှလိုက်တဲ့တနင်္သာရီဟာ ဆောင်းဥတုမ ရှိဘဲ တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မရာချီနေပါတယ်။ နှစ်ပေါင်း ရာထောင်ချီ အမြဲစိမ်းသစ်တောများ ကြောင့်သာ မြေပြင်အောက်က သတ္တုမိုင်းတွင်းပေါင်း (၃၀)လောက်ဟာ မော်လမြိုင်-ရေးအစပ်ကနေ ကော့သောင်းမြို့အနီး ယမုံကဇက်မိုင်းအထိ မြေအောက် ရထားလမ်းစနစ်နဲ့ထုတ်လုပ်လာခဲ့တာ နှစ်(၁၅၀)နီးပါးရှိခဲ့ပါသည်။ သည်မိုင်းတွင်းတွေကနေ အဖြိုက် နက်၊ ခဲမဖြူ၊ ခဲ၊ ငွေ၊ ဘော်၊ ရွှေအထိထွက်ခဲ့တာပါ။အဲဒီမိုင်းတွင်းတွေကို မဟာစိနများက ရှေ့ပြေးပိုင်း လော့လေ့လာဖို့ဆိုပြီး၊ ဥပမာ ထားဝယ်မြို့နားက မိုင်း ဆိုရင် ရုံးဝန်ထမ်းတွေမိုင်းဝန်ထမ်းတွေကို မိုင်းတွင်း ထဲအလုပ်မဆင်းစေဘဲ သုံးလကနေ ကိုးလအထိ ဘဏ်ကနေ လစာထုတ်စားစေခဲ့ပါသည်။ ထိုအချိန် တွင် သတ္တု အကျိုးအမြတ် (၂) ပီပီအမ်( ကုဗမီတာ မြေတုံးကြီးတစ်တုံးမှာ မထွက်နိုင်တဲ့သတ္တုပမာဏ) သာရမယ်ဆိုရင် ဘယ်သူမှတွက်ခြေမကိုက်တော့တာ ကို ကိုရွှေစိနတို့ လာလေ့လာသတဲ့။ သူတို့တိုင်းတာလို့ မရချိန် ပြန်ပြီဆိုရင်တော့ သည်မိုင်းကို မိုးရေတွေ စီး ဝင်အောင်လုပ်ခဲ့ပြီးဖျက်ခဲ့ပါသတဲ့။ ပျက်စီးသွားတဲ့ မိုင်းကို နောင် အနှစ်(၄၀)ခန့်မှာ ဟင်းလင်းဖွင့် ကြေး နီတောင်လို လာတူးဖို့ဖျက်ဆီးခဲ့တာလို့ သိရပါတော့ သည်။ သည်ကြားထဲ တော်ရုံသတ္တုမုဆိုးတို့ တွက်ခြေ မကိုက်လို့အနားမကပ်ရအောင် ကြိုတင်မဟာဗျူ ဟာမြောက် ပဉ္စမံမိုင်းဖျက်နည်းပါပေ။ သည်ကိစ္စ နေပြည်တော် ရောက် မရောက်မသိပါ။ ထိုစဉ်က တနင်္သာရီမှာ သူ့အပြင်အကြီးဆုံးမရှိတော့တဲ့ တာဝန် ရှိသူနှုတ်ဖျားကထွက်ပြောလာလို့သာသိခဲ့ရပါသည်။ မြေပြင်ကတော့ လှလိုက်တဲ့ဆီအိုးကြီးစီမံကိန်း တစ် တောလုံးအပြောင်ခုတ်ရာက မိုးရေချိန်ရာတန်ချီ တောင် ကတုံးတွေကနေ မြေအောက်စမ်းများထိလှိုက်စားရာ က သဲမြေနှင့်အတူ မြေဆီလွှာပြုန်းတီးလာရာက ပင်လယ်ထဲ အထက်ပါသတ္တုစင်များ ပေါင်ဒါမှုန့်လို မျောပါကုန်ပါသတည်း။

ယခင်က ပင်လယ်ကူးစက်လှေသင်္ဘောကို လှမ်းတက်လို့ရတဲ့ ထားဝယ်ဆင်ဖြူပြင်ဆိပ်ကမ်းသာ သဲသောင်ကြီးထွန်းရာပင်လယ်ထဲသို့ (၂)မိုင်ခန့်အထိ သံထုကြီးဖုံးခဲ့ပါသည်။ ထိုသတ္တုမှုန့်ကြွယ်ဝလှပါသော သဲများကိုတော့ ပင်လယ်ထဲကနေ ဧရာမ သောင်တူး (Dragger) ကြီးများက တစ်မိနစ်လျှင် ကုဗပေ (၈၀) နည်းပါးခပ်ယူကာ သဲတစ်တန်လျှင် ကျပ် (၃၀ဝဝ)မျှနှင့် တူးယူနေသည်ကို မမြင်ချင်မှအဆုံး ပင်လယ် သန္တာကျောက်တန်းလည်းရစရာမရှိအောင် ပျက်ခဲ့ရပါ တော့သည်။ လှလိုက်တဲ့ဆီအိုးကြီးအိပ်မက်များကို မက်စေခဲ့ပြီး သတ္တုမှုန်ကြွယ်ဝလှပါသော ပင်လယ်ထဲ ရောက် တနင်္သာရီသဲတစ်တန်ကို ကျပ်သုံးထောင်ဖြင့် လာဝယ်မည့် မဟာ့မဟာဗျူဟာကျကျစီမံချက်ကို သူတို့ရေးဆွဲပြီး ကြိုတင်မမြင်မစမ်းနှင့်ကျွန်တော်တို့ရောင်းစားခဲ့လို့ကုန်ပါပြီကော။ သတိသံဝေဂလည်း ရမည့်ပုံမမြင်တော့ပါ။

လူကြီးများ ခေါက်ရိုးကျိုးဟာသမြောက် သည်မှာ နှစ်ပေါင်း (၄၀)နီးပါးကြာခဲ့သည့် မြန်မာ့စိုက်ပျိုးရေးနှင့် ခရိုနီလုပ်ငန်းရှင်အပေါင်းကို ပြောသည့် မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်ကျနစွာ စိုက်ဖို့ဆိုသည့် စကားရပ်သာဖြစ်ပါသည်။ ခုထိ မျိုးလည်းမကောင်း၊ နည်းစနစ်လည်း မကျသေးဘူး ဆိုရင် စာရေးသူတို့ သည်ဘဝမမီနိုင်တော့ပါ။ မြန်မာ ပြည်တွင် လူပြန်ဝင်စားကာ နောက်ဘဝကျမှ ဆီအိုး ကြီးထဲက မြန်မာမြေထွက်သီးနှံစားအုန်းဆီစားရပေ ဦးမည်။ (၂၀၂၃) ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်တွင်းပြည်ပခရီးသွားများထံမှရရှိ သည့် စုစုပေါင်းဝင်ငွေမှာ ထိုင်းဘတ်ငွေ နှစ်ထရီလျံကျော်ရှိပြီး ဘန်ကောက်မှ ဝင်ငွေအများဆုံးရရှိခဲ့သည်။ ထိုင်းနိုင်ငံလည်း ဆီအုန်းပင်စိုက်ပါသည်။ သို့သော် သူ့အတွက် နခသအသကမငျာ က ကျွန်တော်တို့၏ အမြဲစိမ်းသစ် တောကြီးများနှင့်ကပ်နေသည့် ထိုင်းအမြဲစိမ်းသစ် တောကြီးများကိုမဖျက်ဆီးဘဲ ကမ္ဘာလှည့် ခရီးသည် များကိုပြစားလျှင် နှစ်စဉ် အမေရိကန်ဒေါ်လာ (၆)ဘီလျံရနေသော ထိုင်းနိုင်ငံ၏ တောင်ပိုင်းဒေသတွင် ဒုတိယဝင်ငွေအများဆုံးရခဲ့သည့်သတင်း အင်တာ နက်က ဖတ်လိုက်ရခြင်းပါ။ လှလိုက်တဲ့ဆီအိုးကြီး တနင်္သာရီကိုရေးနေစဉ် ကျွန်တော်တို့၏ တပ်ချုပ်ကြီးဝယ်ပေးသည့် အမေရိကန်ဒေါ်လာ သန်း (၈၀ဝ)ထဲကရလာပါသော စားအုန်းဆီငါးဆယ်သား ကို စာရေးသူသွားထုတ်ရပါမည်။

ဆီကိုယ်စားလှယ်က ဖုန်းနံပါတ်ယူထားပြီး မိမိကိုယ်တိုင် (၃) နာရီအတွင်းလာမထုတ်ပါက မိမိရဲ့ အာဆီယံနိုင်ငံကြီးသားအခွင့်အရေး ဆုံးရှုံးပေတော့ မည်။ မလေးရှားစားအုန်းဆီ (၅၀)သား ပင်စင်စား မိသားစုအတွက်သွားထုတ်ဖို့ ခေတ္တနားပါဦးမည်။
၃၀-၇-၂၀၂၄(ဗုဒ္ဓဟူးနေ့)

ကိုးကား -
ကိုယ်တွေ့မှတ်တမ်းများ
(လေညာကို အမဲဖျက်ကြခြင်း)
ဆီအုန်းဆွယ်ယောင်ပြ သစ်ခုတ်စီမံကိန်းများ၊ ကန္တာရ စိမ်းလန်းမြေအစီရင်ခံစာ
နေ့စဉ်သတင်းစာပါအချက်အလက်များ စိုက်ပျိုးရေး ဌာနမှတ်တမ်များ
မလေးရှားစားအုန်းဆီဖခင်ကြီး ဓာတု တန်ဆရီအွန်၏ စားအုန်းဆီသုတေသနစာတမ်း(၁၉၇၀ ပြည့်နှစ် လန်ဒန်)
World Wildlife Fund Report for Dawna Greenery Forest

zawgyi version
ဆီအိုးႀကီး တနသၤာရီကို အလွဖ်က္ခဲ့ၾကသူမ်ား(အပိုင္း-၂)
ဇာမဏီေမာင္ (NP News) - ဩဂုတ္ ၂၃

G.P.S ဆရာတို႔ကလည္း သူတို႔စက္ေတြ ဆင္ေန။ ၿဂိဳဟ္တုတည္ေနရာဖမ္းမွတ္ေနစဥ္ ကြၽန္ေတာ္ကေတာ့ ပတ္ပတ္လည္ သစ္ကြင္းကြက္လပ္ႀကီး ကိုလွည့္ၾကည့္မိပါသည္။ ကြၽန္ေတာ္ႏွင့္အနီးဆုံးက အရပ္ေျခာက္ေပေက်ာ္လူတစ္ဦး မတ္တတ္ရပ္ေန သည္ကိုကြယ္ထားေသာကညင္ျဖဴပင္ႀကီးကို ေသေသ ခ်ာခ်ာၾကည့္ေတာ့မွ ေလးပိုင္းပိုင္းထားသည့္ သစ္လုံးႀကီးဆက္ၾကည့္မည္ဆိုလွ်င္ မူလသစ္ပင္သည္ ေပ(၈၀)နီးပါးရွည္သည္ကိုသိႏိုင္ပါသည္။ ဒီတစ္ပင္တည္းမဟုတ္ပါ။ သူ႔လို သစ္ပုံေပၚဆင့္စီ၍မရ သည့္ ေနာက္ထပ္ (၃)ပင္ကိုပိုင္းထားေသာ အပိုင္း (၂၀) နီးပါးေတြ႕ရၿပီး ေထာင့္စြန္းနားတြင္ေတာ့ သစ္လုံးပုံႀကီးက တစ္ရာေက်ာ္နည္းပါးရွိေနပါသည္။ သည္ေန႔က လစာထုတ္ရက္မို႔ သစ္လုံးညႇပ္ကားႀကီး ေတြကေတာ့ တုတ္တုတ္မွ်မလႈပ္သလို၊ အလုပ္လုပ္ ေနၾကရင္လည္း သည္ေနရာကို ကြၽန္ေတာ္တို႔ အနားကပ္၍မရႏိုင္ပါ။ သစ္လုံးႀကီးေတြမွာနဖားေပါက္ မရွိပါ။ အခ်ိဳ႕ အက္ကြဲႏိုင္သည့္သစ္လုံးမ်ားကလည္း ထိပ္ပိုင္း(သို႔) အရင္းပိုင္းတြင္ ဟက္တက္ကြဲေနေပ ေသာ္လည္း အကြဲသက္သာရန္ အက္စ္ကြင္း(အဂၤလိပ္အကၡရာ (S))ေဒါင္လိုက္႐ိုက္ထားသည္ကိုမေတြ႕ ရပါ။ အထူးျမင္ရသည္ကေတာ့ ကညင္ျဖဴ၊ ကညင္နီ သစ္မ်ားၿပီး၊ ေဟာေထာင့္တစ္ေနရာတြင္ အမိုး တာလပတ္အုပ္ ထားေသာ လူႏွစ္ဖက္ခန႔္လုံးပတ္နဲ႔ အရွည္(၁၆)ေပ ခန႔္ရွိ သစ္လုံးငယ္ေလးလုံးကိုလည္း ေတြ႕ရပါသည္။ အနားသြားကာ အသားကိုကိုင္ၾကည့္ ေတာ့ ေက်ာက္သားလိုေအးေနၿပီး ေခ်ာကလက္ေရာင္ အရင့္မို႔ စပ္စု ၾကည့္မယ္လုပ္ေနခ်ိန္ အနားေရာက္ေန သည့္လမ္းျပ ႀကီးက "ဆရာ ဒီသစ္က"လႊက်ိဳးသစ္” တဲ့" ဘာမို႔လို႔လဲေမးမိေတာ့ "ေက်ာက္လိုမာတဲ့သစ္။ တ႐ုတ္ေတြ အသည္းစြဲ ပက္လက္ကုလားထိုင္ေတြ ထိုင္ခုံဆက္တီေတြလုပ္တယ္။ ေႏြရာသီမွာေတာင္ ေအးစက္ေနတာ"။ ကိုင္ၾကည့္ကပ္ၾကည့္ေတာ့ တကယ္ေအးေနသည္။ တစ္ဆက္တည္း သစ္ပုံနားကဝါးနက္႐ုံ ႀကီးတစ္႐ုံကိုေငးၾကည့္ေတာ့ ဝါး႐ုံက အသီးသီးေနတာေတြ႕ရၿပီး တစ္႐ုံလုံးမွာ ဝါးအလုံးရာခ်ီေနတာကို ျမင္ရသည္။ အလုံး(၃၀ဝ)ေလာက္ရွိေနၿပီး တစ္ေတာလုံး အမ်ားဆုံးကေတာ့ ဝါးနက္႐ုံေတြခ်ည္းပါပဲ။ ဝါးပိုး႐ုံႀကီးေတြကလည္း ဟည္းထေနသည္။ မည္သူမွ် မထိေသးသည္ကိုျမင္ရပါ သည္။ ဒီလိုေပါက္၊ ဒီလို မွည့္၊ ဒီလိုေသသြားတဲ့ဝါး႐ုံေတြ သည္လို သစ္ေတာႀကိဳးဝိုင္းႀကီးထဲမွာ ဝါး႐ုံမ်ားသိန္း ခ်ီေနသည္ကို ျမင္ေယာင္မိပါသည္။

ေနာက္ပြိဳင့္တစ္ခုကိုသြားရပါေတာ့မည္။ ဒီေနရာမွ (၂၀) မိနစ္ခန႔္ေလွ်ာက္ရင္း လမ္းေဘးေအာက္က ေပ (၄၀) ေလာက္နက္တဲ့လွ်ိဳေတြကိုထပ္ ေတြ႕ရၿပီး ႀကိမ္ႏြယ္ႀကီးေတြပုံေနတာ၊ ႀကိမ္လုံးပတ္က (၂)က်ပ္လုံးကေန (၄)က်ပ္လုံးေလာက္ရွိၿပီး ေပ (၂၀)ေက်ာ္အပိုင္းေတြပါပဲ။ ၾကည့္ေနရင္းကေန လွ်ိဳထဲက ကြၽဲေမာင္းေအာ္သံကိုၾကားရသည္။ ေတြ႕ ပါၿပီ၊ ေျပာင္ေခ်ာေနတဲ့႐ႊံ႕လမ္း၊ သည္လိုစြပ္ဖားလွည္း ႀကီးေတြ ရွပ္တိုက္သြားေနတာကိုးခင္ဗ်။ ႐ႊံ႕ေပၚဆြဲရ ေသာစြပ္ဖားႀကီးက ႀကိမ္ပုံႀကီးတစ္ပုံကိုတင္ၿပီး ကြၽဲ ေျခာက္ေကာင္ဆြဲလာတာကိုး၊ ကြၽဲႀကီးေတြကလည္း ဝဖီးဖီး အားႀကီးလွပါတယ္။ ကင္မရာေလးပါခဲ့ရင္ ေတာ့ တစ္သက္မေမ့ႏိုင္စရာျမင္ကြင္းပါ။ ႀကိမ္ရွိရင္ ေတာနက္သတဲ့ဗ်ာ။ ႀကိမ္လုံးႀကီးေတြထိပ္မွာ နဖား ေဖာက္သံကြင္းစြပ္ၿပီး အဲဒီကြၽဲမ်ားျဖင့္ဆြဲထုတ္ရသတဲ့။တစ္ခါက ႀကိမ္လုံးပတ္ ေလးလက္မခန႔္အရွည္ မိုင္ ဝက္ထိေအာင္ပါလာသတဲ့ေလ။ ေအာ္...နက္လိုက္တဲ့ အၿမဲစိမ္းဗားဂ်င္းေတာနက္ႀကီးေတြပါလား။

ေလညာအၿမဲစိမ္းသစ္ေတာႀကိဳးဝိုင္းႀကီးထဲက ဘာေတြေတြ႕ရခဲ့ပါသလဲေမးၾကည့္ခ်င္ပါသလဲ ခင္ဗ်ာ။ တကယ္ေတာ့ ဒီေတာကိုမဝင္ခင္ စာေရး သူတို႔ ၿမိဳ႕နယ္ခန္းမတည္းေနကတည္းက ၿမိဳ႕ခံလူႀကီး တစ္ဦးက ၿမိဳ႕ခံဖိတ္ထမင္းေကြၽးလို႔ ညစာသြားစား ကတည္းက ဒီသစ္ေတြကိုျမင္ခဲ့ရၿပီးပါၿပီ။ အေခ်ာသပ္ထားတဲ့သစ္ေတြပါ။ သူကလည္း မ်ိဳးခ်စ္စိတ္ ႏိုင္ငံခ်စ္စိတ္ရွိ သည့္လူႀကီးတစ္ဦးပါ။ ေရခံေျမခံသေဘာအရ ထိုင္းသို႔ ပရိေဘာဂမ်ား အေခ်ာလုပ္ ပို႔ရသူတစ္ဦးပါ။ ႏွစ္ ေပါင္းေလးဆယ္နီးပါး သူ႔လက္ရာေတြဟာ တရားဝင္ ဝင္၊ မဝင္ဝင္ ထိုင္းသို႔ေအာက္လမ္းကေနသာပို႔ခဲ့ရ၍သူ႔လက္ရာေတြသည္ ဘန္ေကာက္ဘက္က ပရိေဘာ ဂဆိုင္ႀကီးေတြမွာ မည္မွ်ေလာက္တန္ေၾကးရေန သည္ကို သူလည္းသိပါသတဲ့။ သူႏွင့္စကားေျပာ သည့္အခါတြင္ သစ္ေတာႀကီး၏ ပကတိအေျခအေန ႏွင့္ သူငယ္စဥ္ လြန္ခဲ့သည့္ ႏွစ္ (၃၀) က အေျခအေန မ်ားကိုေျပာျပပါသည္။ ပထမဆုံးသူစေျပာသည္က လြမ္းစရာေလညာပုံျပင္ပါ။

ဆရာတို႔သြားၾကည့္မည့္ သစ္ေတာႀကိဳး ဝိုင္းက (၁၉၉၁) ခုႏွစ္ကတည္းက သစ္ေကာင္းေတြ ဟာ ကုန္ေနပါၿပီတဲ့။ ဝါး႐ုံေတြသာက်န္ေတာ့လို႔ ေလညာဝါးေတာႀကိဳးဝိုင္းလို႔ေခၚလို႔ရပါသတဲ့ေလ။ ကြၽန္ ေတာ္တို႔ကေတာ့ ႏြားလဘို႔ေတာင္ေခၚ ေဒါနေတာင္ ေျခရင္းတစ္ဝိုက္ကို Google Map ကေနၾကည့္ရင္ ျမန္မာႏိုင္ငံဘက္ျခမ္းက စိမ္းညိဳ႕ညိဳ႕ ထူထူထဲထဲ ေတာနက္ႀကီးျမင္ရၿပီး ထိုင္းဘက္တြင္ေတာ့ အဝါေရာင္ ေဖ်ာ့ေဖ်ာ့ေျမျပင္ကိုျမင္ၿပီး တို႔ဆီမွာက်န္ေသးရဲ႕ေပါ့။

မိမိတို႔ထားဝယ္ကေန ၿမိတ္ဘက္ကို ျပည္ ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ ကားျဖင့္လာစဥ္ လမ္းေဘးဝဲယာတြင္ျမင္ခဲ့ရေသာ လမ္းေဖာက္သည့္ ယႏၲားရားစက္မ်ား (၇၆)လုံးေလာက္ပစ္ထားသည္ကို ျမင္ရေတာ့စပ္စုမိၾကပါသည္။

သူေျပာသည့္ (၁၉၈၈) ခုႏွစ္ နဝတအစိုးရ လက္ထက္တြင္ ေကာ့ေသာင္း-ၿမိတ္-ထားဝယ္ ေျခာက္ လမ္းသြားလမ္းမႀကီးေဖာက္ဖို႔တဲ့။ အခုျမင္ေနရသည့္ ျပည္ေထာင္စုလမ္းမႀကီးကိုခ်ဲ႕ဖို႔ဆိုၿပီး၊ ခုတ္ထုတ္ လိုက္တာ သစ္ေတာကုန္ေနပါၿပီတဲ့။ လမ္းမေကာင္းေသာ္လည္း ပင္လယ္ထဲကေန သံေဖာင္Barge ႀကီး မ်ားျဖင့္ သယ္ထုတ္သြားသည္မွာ အေဝးကဆိုလွ်င္ ဒီသစ္လုံးႀကီးေတြသည္ သြားၾကားထိုးတံေလးမ်ား စီထားသကဲ့သို႔ပါ။ ဟုတ္ပါသည္။ ျမန္မာတို႔ကို ေျခာက္လမ္းသြားလမ္း အိပ္မက္မက္ခိုင္းၿပီး ေတာ နက္ထဲက ပရမ္းပတာခုတ္ယူသြားေသာ လူေလးဖက္ စာသစ္ငုတ္ႀကီးမ်ားေပၚ စာလုံးထြင္းမ်ားသြားသည္က ေတာ့ “သစ္ထုတ္သူ ေဒၚစကီနား(၁၉၉၂)ဆိုသည့္ စာသားသည္ ျမန္မာတို႔ကို တို႔ပိုင္တဲ့ေျမ၊ တစ္သား တည္းေလ”ဆိုၿပီး ေအာင္ေသေအာင္သားစားတဲ့စာမ်ားလားဟု စာေရးသူမ်က္စိနဲ႔ျမင္ခဲ့ရပါသည္။ အခ်ိဳ႕ ဆီအုန္းပင္ေတြဆို အသီးသီးလို႔ ငွက္စာေဆာ္အႏုသီး ခိုင္ေတြရွိေနတာေတာင္ အေလ်ာ္ေပးၿပီးလမ္းေဖာက္ တာမလြတ္လို႔ ခုတ္ရွင္းလိုက္ပါသည္။

သစ္ထုတ္လုပ္သည့္ကားမ်ားလြန္း၍ ေျမနီ ေျမာင္းႀကီးမ်ားျဖစ္ရာကေန ေနာက္ဆုံး ေအာ္ထဲက ေနျမင္ရ။ ဟန္ကျပဳပင္လယ္သစ္ဆိပ္(သို႔) ေဒၚစကီး နားသစ္ဆိပ္ကေန မႈန္ပ်ပ်ျမင္ေနရသည့္ကြၽန္းႀကီးကို ေမးၾကည့္ေတာ့ ေကာ့ရဲကြၽန္းႀကီးပါတဲ့။အဆိုပါကြၽန္း ႏွင့္ေဒၚစကီးနားဆိပ္ၾကားတြင္ သစ္လုံးမ်ားကို သံ ေဖာင္ေပၚကေန အိႏၵိယကလာေသာ ပင္လယ္ကူး သေဘၤာေပၚကို ကရိန္းျဖင့္ဆြဲတင္သြားသည္ဟုေျပာပါသည္။ ဤသစ္ဆိပ္ကို ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္ ေမာ္လၿမိဳင္ကေန ေ႐ႊ႕ေျပာင္းဆိပ္ကမ္းအျဖစ္ အလုပ္ သမားတစ္ရာေက်ာ္ခန႔္လာေရာက္လုပ္ခဲ့ေၾကာင္းသိရသည္။

ကြၽန္ေတာ္အထက္ကေျပာခဲ့ေသာ ကညင္ ျဖဴသစ္၊ လိပ္သဲသစ္တို႔၏ ထိုစဥ္က ႏိုင္ငံတကာေပါက္ ေဈးႏွင့္အသုံးဝင္ပုံကိုလည္း ဤကဲ့သို႔သိရပါသည္။ ထိုဗ်ဴဟာေျမာက္သစ္မ်ားသည္ တစ္ခ်ိန္က အျခားအမ်ိဳးအစားစာရင္းေပါက္ခဲ့ဖူးပါသတဲ့။ ကညင္ျဖဴသစ္ေပ်ာ့ ဖတ္ကေတာ့ ကမာၻေက်ာ္ ေငြစကၠဴမ်ားျဖစ္သည့္ ယူ႐ို၊ မတ္ခ္၊ ေဒၚလာေငြစကၠဴမ်ား၏ေပ်ာ့ဖတ္ထုတ္လုပ္ ေနၿပီး ကြၽန္ေတာ္အထက္ကေျပာခဲ့သည့္ ကညင္ျဖဴ သစ္၊ လိပ္သဲသစ္တို႔၏ ထိုစဥ္က ႏိုင္ငံတကာေပါက္ေဈးအရ လိပ္သဲသစ္ကေတာ့ တ႐ုတ္ျပည္မႀကီးမွာ တစ္တန္ကို ေဒၚလာေသာင္းခ်ီတန္ေနပါၿပီ။

ျမန္မာ့ဆီအိုးႀကီးျဖစ္တည္လာဖို႔ ၿမိဳ႕ခံ လူႀကီးေျပာသလို ေလညာအၿမဲစိမ္းသစ္ေတာႀကိဳးဝိုင္း ႀကီးဟာ မူလက ႏိုင္လြန္ကတၱရာေျခာက္လမ္းသြားအိပ္မက္နဲ႔တင္ ေန႔ခ်င္းညခ်င္း ဝါးေတာႀကိဳးဝိုင္းႀကီး ဘဝသို႔ ေျပာင္းလဲေရာက္ခဲ့ရပါသည္။ လူတစ္ဖက္စာ သစ္လုံးတိုမ်ား(ကြၽဲႏွင့္ဆြဲဖို႔ ၁၂ အရွည္မ်ားကေတာ့ ဘယ္မွမထြက္ႏိုင္တဲ့)လွ်ိဳမ်ားၾကား အလုံးေပါင္း ရာ ခ်ီေဆြးေနေတာ့မည္။ သစ္ေတာဥပေဒအရ ဝိနည္း ေရွာင္ရန္ကလည္း ထိုသစ္မ်ားကိုမီးသင္းၿပီး ထင္းမီး ေသြးဘဝေျပာင္းသည္ကိုလည္း ဒုႏွင့္ေဒးျမင္ခဲ့ရပါ သည္။ ထိုကာလသည္ ဧရာတိုင္းက Mangrove ပင္လယ္ဒီေရေရာက္ ေတာငယ္မ်ားကို နံျပား မီးေသြးမ်ားဖုတ္ၿပီး ထိုင္းႏိုင္ငံဘက္သို႔ တရားမဝင္ တင္ပို႔ေနခ်ိန္ပါ။ တနသၤာရီတိုင္း ကြၽန္းအခ်ိဳ႕ႏွင့္ ပါခ်န္ျမစ္ ညာမ်ားတြင္လည္း တရားမဝင္မီးေသြးဖိုမ်ားအစီ အရီေပၚေနဆဲပင္။

သစ္ခ်ည္းပဲလား ေလညာ
ေန႔လယ္စာအတြက္ ေမာဟိုက္စြာနဲ႔ႀကိမ္စည္းႀကီးမ်ားႏွင့္ ကြၽဲဆြဲစြပ္ဖားမ်ားကိုေရွာင္ရင္းဟန္ကျပဳလမ္းဆုံကို ကြၽန္ေတာ္တို႔ျပန္ထြက္လာေတာ့ လမ္းတြင္ ငါးရက္တစ္ေဈးလိုခင္းထားသည့္ အတန္း ေလးေတြ႕၍ စပ္စုၾကည့္မိပါသည္။ ဆိုင္ကယ္ခဏရပ္ ပါအုံး ေမးၾကည့္ခ်င္လို႔။ ဆရာေရ ေန႔လယ္စာ စား ၿပီးမွ ေစာျပန္ထြက္လာၾကည့္လို႔ရပါတယ္။ သူတို႔က ေနကုန္ေအာင္ ပါလာတာအကုန္ထုတ္ေရာင္းၾက မွာပါ။ မကုန္ရင္ နယ္စပ္တက္ေရာင္းၾကမယ္ေလ။ေခတၱတည္းခိုစခန္းေရာက္ ၿမိတ္ငါးပိေထာင္းနဲ႔ေတာဝက္သားဟင္း၊ ခရမ္းခေဆာ့သီးနဲ႔ဆီျပန္ပါ။ ဆာဆာနဲ႔ အတိုးခ်စားၾကၿပီး ၾကားသားျမင္သားမစားေကာင္း ဆိုလို႔ မိမိအဖြဲ႕ထဲက လုံၿခဳံေရးတာဝန္ခံက ေမးေန တာနားစြင့္ေတာ့ တုတ္ကိုင္းမွာမိေနတာ တစ္ရက္ ၾကာမွသြားျဖဳတ္လာတဲ့ဝက္ႀကီးတဲ့။ အခ်ိန္ (၂၅) ေလာက္ရွိသတဲ့။ ခုတစ္ေလာ ေတာေပ်ာက္ေတာင္ ေပ်ာက္မို႔ လူေနရပ္အစပ္ေတြအထိ သူတို႔ဆင္းလာ တာပါတဲ့။ ဆတ္ေတြလည္းပါသတဲ့။ ခုနက ေဈးတန္း ေလးေမးခ်င္တာနဲ႔ အျမန္ျပန္ၿပီး ျပန္ထြက္ေတာ့ ဟန္ကျပဳလမ္းမထိပ္ ျပန္ေရာက္ခ်ိန္ ေတြ႕ရပါတယ္။
သတင္းစာစကၠဴပတ္ထားတဲ့ ေတာႀကီး သစ္ခြေတြကိုပါ။ အုံလိုက္ကို ျခင္းၾကားႀကီးေတြနဲ႔ပါ။အပြင့္ေရာင္စုံႏွင့္ဖေယာင္းပန္းမ်ားလည္းပါရဲ႕။ တစ္ အုံလုံးမွ (၃၀ဝ)က်ပ္။ အိမ္ကသစ္ပင္မွာကပ္ထား ရွင္သတဲ့။သစ္ပင္ႀကီးေတြ လႊစာမိေနမွေတာ့ သစ္ပင္ ေပၚကေတာဘုရင္သစ္ခြမင္းတို႔လည္း ေျမခရွာၾက ရတာေပါ့ေလ။ ေဟာ ေတြ႕ျပန္ပါသည္။ ေႁမြအေရခြံအိတ္ ေတြထဲငုံ႔ၾကည့္ရတဲ့ ေဘာလုံးလိုအေၾကးခြံေတြနဲ႔လုံးလုံးႀကီးေတြ။ အစက ျမင္ျမင္ခ်င္း စပါးႀကီေႁမြေခြေန သလား ထင္ရ။ အနားကပ္ၾကည့္မွ တညင္းသီးခြံ သာသာ အေၾကးမ်ားႏွင့္ ေဘာလုံးလိုေခြေနပါေသာ သင္းေခြခ်ပ္ေကာင္ပါလား။ တစ္ေကာင္ႏွစ္ေထာင္ပါ ဆရာ၊ ေလးလို႔ျပန္မသယ္ေတာ့ဘူး က်န္ႏွစ္ေကာင္ပါ ဆိုရင္ ငါးေထာင္သာေပးပါတဲ့။ ဘာလုပ္စားလို႔ရ မလဲလို႔ မိမိအဖြဲ႕က ခုနက ဝက္စပ္စုဆရာကေမးေတာ့ ဒီေကာင္ေတြ ႏွစ္ပိႆာကေန ေလးပိႆာအထိရွိတယ္။ အေၾကးခြံကေတာ့ ေဆးဖက္ဝင္တာေပါ့ဆရာ။အသားကေတာ့ပုစြန္ထုပ္ရႈံးေအာင္ႏူးညံ့ၿပီး ဘန္ ေကာက္မွာဆို တစ္ပြဲကို ဘတ္တစ္သိန္း ေလာက္ရ ပါသည္တဲ့။ သူတို႔ဘာစားသလဲ.. ျခ၊ ပု႐ြက္ဆိတ္ကေန အင္းဆက္ေလးေတြအစ သစ္ဥေတြသာစားတဲ့ေကာင္ ေတြေပါ့ဆရာ။ အခုအိပ္ေနတာေလ။ ေနစူးစူးဒဏ္မခံ ႏိုင္၊ အလြန္စိမ္းညိဳ႕ ေနေျပာက္မထိုးတဲ့ ေလညာ အၿမဲစိမ္းသစ္ေတာႀကီးထဲက ေျမျပင္ညီ တြားသြား သတၱဝါတစ္မ်ိဳးကိုး။ တဂစ္ဂစ္ေအာ္ရာက ေလခြၽန္သံ လွပါဘိတဲ့ အသံလာရာဆက္ၾကည့္ေတာ့ တစ္ကိုယ္ လုံးဆြတ္ဆြတ္ျဖဴ၊ အေမာက္ေလးက အဝါနဲ႔ထင္း ေနပါရဲ႕ သီခ်င္းဆိုတာ။ "ေဒါင့္စုံငွက္ပါဆရာ။ ကတၱဝါနဲ႔လည္းတူၿပီး သူက အေကာင္ငယ္လြန္းသည္။ ဘယ္ေလာက္လဲ (၁၅၀ဝ)က်ပ္ပါဆရာ။ အိမ္ေမြးဖို႔ဆို စုံလိုက္ယူပါဆရာ။ သူတို႔က အလြန္လိမၼာပါတယ္။ လူစကားခ်က္ခ်င္းတတ္လြန္းလို႔ ဘန္ေကာက္မွာဆို အေမာက္နီတစ္ေကာင္ကို ဘတ္ သိန္းခ်ီေပးၾကတယ္။ ထိုင္းဘက္မွာဆို ဒီေလညာက ေဒါင့္စုံတစ္ေကာင္ဟာ ဘတ္တစ္သန္းထိ သီခ်င္းဆိုၿပိဳင္ပြဲမ်ာ ထိုင္းသီခ်င္း၊ အဂၤလိပ္သီခ်င္း။ ျပင္သစ္သီခ်င္း၊ ကရင္သီခ်င္းအစုံရ တာခင္ဗ်။ သည္မွာက ဆန္ဖိုးရေတာ္ပါၿပီ"တဲ့။

ဘန္ေကာက္မပို႔ဘူးလားေမးေတာ့ "ခု တစ္ေလာ ေကာ့ေသာင္းရွပ္ေျပးက ပင္လယ္ထဲ ထြက္စီးရေတာ့ တင္ရခက္ေနလို႔ပါ။ သစ္ခြေတြေတာ့ အ႐ိုင္းစည္းတိုင္းပို႔ေနပါတယ္ဆရာ"တဲ့။ သည္မွာေတာ့ လွလိုက္ တဲ့ဆီအိုးႀကီးျဖစ္လာမည့္ ေလညာအၿမဲစိမ္းေတာ စပ္ဟာ သူတို႔ရဲ႕ သခ်ႋဳင္းကိုး။ ေဒါင္း၊ ေဒါင္းျဖဴ၊ သင္းေခြခ်ပ္၊ ပ်ားရည္၊ ပ်ားသလက္၊ ခ်ိပ္၊ ႀကံ့သူေတာ္၊ က်ား၊ ဆင္ေတြပါ ပါေနပါသတဲ့၊ ေတာေပ်ာက္ေတာင္ ေပ်ာက္ရာက မနက္ပိုင္းက မူလသစ္ပုံကြင္းႀကီးကေန အေရွ႕စူးစူးကို ေတာလမ္းကေနတက္ရင္ ညေန ေစာင္းေတာ့မွာမို႔ ညေန သုံးနာရီထက္ေနာက္မက်ဘဲ ေတာကျပန္ ထြက္ရမွာမို႔ တိုင္ပင္ခဲ့ၾကပါသည္။ ေနာက္တစ္ေန႔ ေစာေစာမွ ျပန္တက္ၾကဖို႔ဆုံးျဖတ္ၿပီး ဟန္ကျပဳလမ္းဆုံစုရပ္ကိုျပန္ခဲ့ၾကပါသည္။

ဆင္ေတြေတာေပ်ာက္
လူေတြ တမလြန္ေရာက္ကုန္
ေဒါင့္စုံငွက္ ျမန္မာအလြမ္းသီခ်င္း

တစ္ညအိပ္စခန္းအိမ္ေရွ႕မွာေတာ့ လူစုစုနဲ႔ ျမင္ရၿပီး ကေလး လူႀကီး မိန္းမ (၁၇) ေယာက္ေလာက္ ေတြ႕ရပါတယ္။ (ေအာ္) သည္ေန႔က သူတို႔လစာထုတ္ရက္ ကိုး၊ ညေနေစာင္းသူတို႔စခန္းမျပန္ၾကေသးဘူးလား၊ ေမွာင္ေတာ့မယ္။ သူတို႔ ေတာထဲကသစ္ခုတ္စခန္း ကိုမျပန္ရဲၾကေတာ့ဘူးဆရာ၊ လမ္းျပႀကီးဦးဝင္းက မနက္က ဆရာတို႔ဝင္သြားတဲ့လွ်ိဳေအာက္ကေန ဆင္ မိသားစု (၆) ေကာင္တစ္အုပ္ ဆရာတို႔ေရွ႕ကေန မိနစ္ (၂၀) ေလာက္ပဲကြာ တက္သြားတယ္။ ၿပီးေတာ့ စမ္းေခ်ာင္းတစ္ေလွ်ာက္ သူတို႔သစ္ခုတ္တဲ့စခန္းက အိမ္ေရာက္ေအာင္သြားၾကၿပီး အိမ္(၈)လုံးကို နင္း ေျခသြားၾကၿပီ။ မီးစက္နဲ႔ဘက္ထရီေတြပါ ပ်က္စီး၊ မီးဖိုေခ်ာင္ေတြထဲက ဆန္အိုးေတြကဆန္ေတြ သီးႏွံေတြ ပါေမႊေႏွာက္ၿပီး စားေသာက္သြားၾကပါတယ္လို႔ သိရပါသည္။ လႊစက္သံေတြေၾကာင့္ မေနရဲၾကဘဲ၊ ပင္လယ္လမုေတာထဲထိဆင္းေနၾကရတဲ့ လွလိုက္ တဲ့ဆီအိုးႀကီးတနသၤာရီရဲ႕ ရတနာဆင္ေတြဘဝပါပဲ။ တီဗီပါပ်က္စီးလို႔ ျပန္မသြားရဲၾကေတာ့ပါ။သူတို႔ သည္ေတာႀကီးထဲကေန ေဒါနေတာင္တန္းကိုေက်ာ္ ျဖတ္ၿပီး ထိုင္းႏိုင္ငံထဲကိုေရာက္ကုန္ၾကပါသတည္း ေပါ့။

ထိုင္းႏိုင္ငံထဲေရာက္ကုန္တဲ့ဆင္ကေတာ့ ကမာၻ႔ေတာ႐ိုင္းတိရစာၦန္မ်ားထိန္းသိမ္းေရးရန္ပုံ ေငြအဖြဲ႕ရဲ႕အဆိုအရ ေဒါနေတာင္တန္း ေဘးမဲ့ေတာ ဧရိယာနဲ႔ ထိုင္းႏိုင္ငံ မယ္ဝုန္သစ္ေတာေဘးမဲ့ေတာ ႐ိုင္းဥယ်ာဥ္ႀကီးႏွစ္ခုၾကားမွာ လက္က်န္ဆင္ေကာင္ ေရကေတာ့ ၁၆၀ဝ မျပည့္ေတာ့ပါ။ သူတို႔အစီရင္ခံ စာအရေတာ့ ဆီအိုးႀကီးဆီမျပည့္ခင္ ၁၉၉၀-၂၀ဝဝ-၂၀၁၀-၂၀၂၄ အထိ ႏွစ္ေပါင္း (၄၀) နီးပါး မွာ ေတာေပ်ာက္ေတာင္ေပ်ာက္ရသည့္သတၱဝါမ်ားကိုေဖာ္ျပထားပါသည္။ ဆင္ေတြ လူေန႐ြာေတြ စခန္းေတြထဲ သူတို႔အစာေရစာရွားပါးမႈေၾကာင့္က်ဴးေက်ာ္လာၾကသည္။

လွလိုက္တဲ့ဆီအိုးႀကီး ျပည္မျပည့္ေတာ့ ခုထိမသိရေသးပါ။ ႏိုင္ငံေတာ္က တစ္ႏွစ္ေဒၚလာတစ္ ဘီလ်ံဖိုး စားအုန္းဆီ ဝယ္သုံးေနစဥ္မွာလည္း တနသၤာရီ သစ္ေတာေဘးမဲ့ေတာမ်ားေပ်ာက္ရာက ထိုင္းႏိုင္ငံက အလိုလို ေတာနက္သတၱဝါမ်ား ေတာ ေျပာင္းလြတ္ေျမာက္ရာနယ္ေျမဘဝကို မဖိတ္မေခၚ ဘဲရသြားပါေတာ့သည္။ က်ားေကာင္ေရက (၂၀ဝ) နည္းပါး၊ ေဒါင့္စုံငွက္ေလး ကိုယ္လုံးအျဖဴ အေမာက္နီ ဘတ္တစ္သိန္းတန္ေလးမ်ားကေတာ့ ေဒါင့္စုံငွက္ ထိုင္း အလြမ္းသီခ်င္းသီဆိုၿပိဳင္ပြဲတြင္ သူတို႔ရဲ႕ ဇာတိ ေလညာအၿမဲစိမ္းသစ္ေတာႀကိဳးဝိုင္းႀကီးကို လြမ္းရာ က ပထမရသြားသတဲ့ေလ။ ႀကံ့သူေတာ္မ်ားလည္း ရာခ်ီေပ်ာက္ကုန္ပါသတည္း။

ေတာ႐ိုင္းသတၱဝါေတြခ်ည္းပဲလားေလညာ
လွလိုက္တဲ့တနသၤာရီဟာ ေဆာင္းဥတုမ ရွိဘဲ တစ္ႏွစ္ပတ္လုံး မိုးေရခ်ိန္လက္မရာခ်ီေနပါတယ္။ ႏွစ္ေပါင္း ရာေထာင္ခ်ီ အၿမဲစိမ္းသစ္ေတာမ်ား ေၾကာင့္သာ ေျမျပင္ေအာက္က သတၱဳမိုင္းတြင္းေပါင္း (၃၀)ေလာက္ဟာ ေမာ္လၿမိဳင္-ေရးအစပ္ကေန ေကာ့ေသာင္းၿမိဳ႕အနီး ယမုံကဇက္မိုင္းအထိ ေျမေအာက္ ရထားလမ္းစနစ္နဲ႔ထုတ္လုပ္လာခဲ့တာ ႏွစ္(၁၅၀)နီးပါးရွိခဲ့ပါသည္။ သည္မိုင္းတြင္းေတြကေန အၿဖိဳက္ နက္၊ ခဲမျဖဴ၊ ခဲ၊ ေငြ၊ ေဘာ္၊ ေ႐ႊအထိထြက္ခဲ့တာပါ။အဲဒီမိုင္းတြင္းေတြကို မဟာစိနမ်ားက ေရွ႕ေျပးပိုင္း ေလာ့ေလ့လာဖို႔ဆိုၿပီး၊ ဥပမာ ထားဝယ္ၿမိဳ႕နားက မိုင္း ဆိုရင္ ႐ုံးဝန္ထမ္းေတြမိုင္းဝန္ထမ္းေတြကို မိုင္းတြင္း ထဲအလုပ္မဆင္းေစဘဲ သုံးလကေန ကိုးလအထိ ဘဏ္ကေန လစာထုတ္စားေစခဲ့ပါသည္။ ထိုအခ်ိန္ တြင္ သတၱဳ အက်ိဳးအျမတ္ (၂) ပီပီအမ္( ကုဗမီတာ ေျမတုံးႀကီးတစ္တုံးမွာ မထြက္ႏိုင္တဲ့သတၱဳပမာဏ) သာရမယ္ဆိုရင္ ဘယ္သူမွတြက္ေျခမကိုက္ေတာ့တာ ကို ကိုေ႐ႊစိနတို႔ လာေလ့လာသတဲ့။ သူတို႔တိုင္းတာလို႔ မရခ်ိန္ ျပန္ၿပီဆိုရင္ေတာ့ သည္မိုင္းကို မိုးေရေတြ စီး ဝင္ေအာင္လုပ္ခဲ့ၿပီးဖ်က္ခဲ့ပါသတဲ့။ ပ်က္စီးသြားတဲ့ မိုင္းကို ေနာင္ အႏွစ္(၄၀)ခန႔္မွာ ဟင္းလင္းဖြင့္ ေၾကး နီေတာင္လို လာတူးဖို႔ဖ်က္ဆီးခဲ့တာလို႔ သိရပါေတာ့ သည္။ သည္ၾကားထဲ ေတာ္႐ုံသတၱဳမုဆိုးတို႔ တြက္ေျခ မကိုက္လို႔အနားမကပ္ရေအာင္ ႀကိဳတင္မဟာဗ်ဴ ဟာေျမာက္ ပၪၥမံမိုင္းဖ်က္နည္းပါေပ။ သည္ကိစၥ ေနျပည္ေတာ္ ေရာက္ မေရာက္မသိပါ။ ထိုစဥ္က တနသၤာရီမွာ သူ႔အျပင္အႀကီးဆုံးမရွိေတာ့တဲ့ တာဝန္ ရွိသူႏႈတ္ဖ်ားကထြက္ေျပာလာလို႔သာသိခဲ့ရပါသည္။ ေျမျပင္ကေတာ့ လွလိုက္တဲ့ဆီအိုးႀကီးစီမံကိန္း တစ္ ေတာလုံးအေျပာင္ခုတ္ရာက မိုးေရခ်ိန္ရာတန္ခ်ီ ေတာင္ ကတုံးေတြကေန ေျမေအာက္စမ္းမ်ားထိလႈိက္စားရာ က သဲေျမႏွင့္အတူ ေျမဆီလႊာျပဳန္းတီးလာရာက ပင္လယ္ထဲ အထက္ပါသတၱဳစင္မ်ား ေပါင္ဒါမႈန႔္လို ေမ်ာပါကုန္ပါသတည္း။

ယခင္က ပင္လယ္ကူးစက္ေလွသေဘၤာကို လွမ္းတက္လို႔ရတဲ့ ထားဝယ္ဆင္ျဖဴျပင္ဆိပ္ကမ္းသာ သဲေသာင္ႀကီးထြန္းရာပင္လယ္ထဲသို႔ (၂)မိုင္ခန႔္အထိ သံထုႀကီးဖုံးခဲ့ပါသည္။ ထိုသတၱဳမႈန႔္ႂကြယ္ဝလွပါေသာ သဲမ်ားကိုေတာ့ ပင္လယ္ထဲကေန ဧရာမ ေသာင္တူး (Dragger) ႀကီးမ်ားက တစ္မိနစ္လွ်င္ ကုဗေပ (၈၀) နည္းပါးခပ္ယူကာ သဲတစ္တန္လွ်င္ က်ပ္ (၃၀ဝဝ)မွ်ႏွင့္ တူးယူေနသည္ကို မျမင္ခ်င္မွအဆုံး ပင္လယ္ သႏၲာေက်ာက္တန္းလည္းရစရာမရွိေအာင္ ပ်က္ခဲ့ရပါ ေတာ့သည္။ လွလိုက္တဲ့ဆီအိုးႀကီးအိပ္မက္မ်ားကို မက္ေစခဲ့ၿပီး သတၱဳမႈန္ႂကြယ္ဝလွပါေသာ ပင္လယ္ထဲ ေရာက္ တနသၤာရီသဲတစ္တန္ကို က်ပ္သုံးေထာင္ျဖင့္ လာဝယ္မည့္ မဟာ့မဟာဗ်ဴဟာက်က်စီမံခ်က္ကို သူတို႔ေရးဆြဲၿပီး ႀကိဳတင္မျမင္မစမ္းႏွင့္ကြၽန္ေတာ္တို႔ေရာင္းစားခဲ့လို႔ကုန္ပါၿပီေကာ။ သတိသံေဝဂလည္း ရမည့္ပုံမျမင္ေတာ့ပါ။

လူႀကီးမ်ား ေခါက္႐ိုးက်ိဳးဟာသေျမာက္ သည္မွာ ႏွစ္ေပါင္း (၄၀)နီးပါးၾကာခဲ့သည့္ ျမန္မာ့စိုက္ပ်ိဳးေရးႏွင့္ ခ႐ိုနီလုပ္ငန္းရွင္အေပါင္းကို ေျပာသည့္ မ်ိဳးေကာင္းမ်ိဳးသန႔္ႏွင့္ နည္းစနစ္က်နစြာ စိုက္ဖို႔ဆိုသည့္ စကားရပ္သာျဖစ္ပါသည္။ ခုထိ မ်ိဳးလည္းမေကာင္း၊ နည္းစနစ္လည္း မက်ေသးဘူး ဆိုရင္ စာေရးသူတို႔ သည္ဘဝမမီႏိုင္ေတာ့ပါ။ ျမန္မာ ျပည္တြင္ လူျပန္ဝင္စားကာ ေနာက္ဘဝက်မွ ဆီအိုး ႀကီးထဲက ျမန္မာေျမထြက္သီးႏွံစားအုန္းဆီစားရေပ ဦးမည္။ (၂၀၂၃) ခုႏွစ္တြင္ ထိုင္းႏိုင္ငံ၏ ျပည္တြင္းျပည္ပခရီးသြားမ်ားထံမွရရွိ သည့္ စုစုေပါင္းဝင္ေငြမွာ ထိုင္းဘတ္ေငြ ႏွစ္ထရီလ်ံေက်ာ္ရွိၿပီး ဘန္ေကာက္မွ ဝင္ေငြအမ်ားဆုံးရရွိခဲ့သည္။ ထိုင္းႏိုင္ငံလည္း ဆီအုန္းပင္စိုက္ပါသည္။ သို႔ေသာ္ သူ႔အတြက္ နခသအသကမင်ာ က ကြၽန္ေတာ္တို႔၏ အၿမဲစိမ္းသစ္ ေတာႀကီးမ်ားႏွင့္ကပ္ေနသည့္ ထိုင္းအၿမဲစိမ္းသစ္ ေတာႀကီးမ်ားကိုမဖ်က္ဆီးဘဲ ကမာၻလွည့္ ခရီးသည္ မ်ားကိုျပစားလွ်င္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ (၆)ဘီလ်ံရေနေသာ ထိုင္းႏိုင္ငံ၏ ေတာင္ပိုင္းေဒသတြင္ ဒုတိယဝင္ေငြအမ်ားဆုံးရခဲ့သည့္သတင္း အင္တာ နက္က ဖတ္လိုက္ရျခင္းပါ။ လွလိုက္တဲ့ဆီအိုးႀကီး တနသၤာရီကိုေရးေနစဥ္ ကြၽန္ေတာ္တို႔၏ တပ္ခ်ဳပ္ႀကီးဝယ္ေပးသည့္ အေမရိကန္ေဒၚလာ သန္း (၈၀ဝ)ထဲကရလာပါေသာ စားအုန္းဆီငါးဆယ္သား ကို စာေရးသူသြားထုတ္ရပါမည္။

ဆီကိုယ္စားလွယ္က ဖုန္းနံပါတ္ယူထားၿပီး မိမိကိုယ္တိုင္ (၃) နာရီအတြင္းလာမထုတ္ပါက မိမိရဲ႕ အာဆီယံႏိုင္ငံႀကီးသားအခြင့္အေရး ဆုံးရႈံးေပေတာ့ မည္။ မေလးရွားစားအုန္းဆီ (၅၀)သား ပင္စင္စား မိသားစုအတြက္သြားထုတ္ဖို႔ ေခတၱနားပါဦးမည္။
၃၀-၇-၂၀၂၄(ဗုဒၶဟူးေန႔)

ကိုးကား -
ကိုယ္ေတြ႕မွတ္တမ္းမ်ား
(ေလညာကို အမဲဖ်က္ၾကျခင္း)
ဆီအုန္းဆြယ္ေယာင္ျပ သစ္ခုတ္စီမံကိန္းမ်ား၊ ကႏၲာရ စိမ္းလန္းေျမအစီရင္ခံစာ
ေန႔စဥ္သတင္းစာပါအခ်က္အလက္မ်ား စိုက္ပ်ိဳးေရး ဌာနမွတ္တမ္မ်ား
မေလးရွားစားအုန္းဆီဖခင္ႀကီး ဓာတု တန္ဆရီအြန္၏ စားအုန္းဆီသုေတသနစာတမ္း(၁၉၇၀ ျပည့္ႏွစ္ လန္ဒန္)
World Wildlife Fund Report for Dawna Greenery Forest

Related news

© 2021. All rights reserved.