အမေရိကန်က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်
690
ALynn (NP News) - သြဂုတ် ၂၄
အမေရိကန်အစိုးရသည် ကမ္ဘာတစ်လွှားရှိ ရုရှားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ၄ဝဝ နီးပါးကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပြန်သည်။ ယင်းတို့အထဲတွင် ရုရှားကာကွယ်ရေးဝန်ကြီး၏ သားနှင့် ဇနီး လည်း ပါဝင်နေသည်။ ယင်းကြေညာချက်ကို ယူကရိန်းလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ဖြစ်သည့် ဩဂုတ်လ ၂၃ ရက် (သောကြာနေ့) တွင် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြင့် ယူကရိန်းအား အမေရိကန်၏ ဆက်လက်ထောက်ခံ ပံ့ပိုးမှုများရှိနေဆဲဖြစ်ကြောင်း ပြသခဲ့သည်။
အရေးယူပိတ်ဆို့မှုများသည် အာရှ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ ရုရှားဆက်စပ်ကုမ္ပဏီများအပြင် လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီအပေါ်ပါ ပစ်မှတ်ထားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ တရုတ်၊ ဆွစ်ဇာလန်၊ တူကီယဲ နှင့် ယူအေအီးတို့ရှိ ပြည်ပ ဆက်စပ် လုပ်ငန်းများတွင် လူပုဂ္ဂိုလ် ၁၀၀ နှင့် လုပ်ငန်း ၁၆ ခုတို့ကို အရေးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ဟောင်ကောင် အခြေစိုက်ကုမ္ပဏီ ၁၈ ခုမှာ ရုရှားစစ်တပ်နှင့် ဆက်နွယ်မှုရှိနေကြောင်း စွပ်စွဲ ခံထားရသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုတစ်ခေါက် အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်ခြင်းမရှိသေးသော ရုရှားဆက်စပ် ပြည်ပဘဏ္ဍာရေးအင်စတီကျူးရှင်းများကိုလည်း သတိပေးထားသည်။ သောကြာနေ့က ချမှတ်လိုက်သော အရေးယူမှုစာရင်းတွင် ပါဝင်သောပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှု (သို့မဟုတ်) အကျိုးစီးပွားများကို ပိတ်ဆို့ထားပြီးဖြစ် သည့်အတွက် ၎င်းတို့၏ သက်ဆိုင်ရာအစိုးရထံ သတင်းပို့သွားမည်ဖြစ်သည်။ ရုရှားနှင့် ဆက်စပ်၍ အမေရိကန် နိုင်ငံသားများ (သို့မဟုတ်) အမေရိကန်ရှိ နိုင်ငံ ခြားသားများအကြား အရောင်းအဝယ်ပြုလုပ်ခြင်းကိုလည်း တားမြစ် ထားသည်။
၂၀၁၄ ခုနှစ် ကတည်းက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုပေါင်း ၂၂,၀၀၀ ချမှတ်ထားခဲ့သည်။ ရုရှားက ၎င်းပိတ်ဆို့မှုစာရင်းကို တရားမဝင်ကြောင်း ဖော်ပြခဲ့ပြီး အနောက်နိုင်ငံများမှ အရာရှိများနှင့် တက်ကြွလှုပ်ရှားသူများ လာရောက်လည်ပတ်ခြင်းကို ပိတ်ပင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
Zawgyi Version;
အေမရိကန္က ႐ုရွားအေပၚ အေရးယူပိတ္ဆို႔မႈအသစ္မ်ား ခ်မွတ္
ALynn (NP News) - ၾသဂုတ္ ၂၄
အေမရိကန္အစိုးရသည္ ကမာၻတစ္လႊားရွိ ႐ုရွားကုမၸဏီမ်ားႏွင့္ လူပုဂၢိဳလ္ ၄ဝဝ နီးပါးကို အေရးယူပိတ္ဆို႔မႈမ်ား ခ်မွတ္လိုက္ျပန္သည္။ ယင္းတို႔အထဲတြင္ ႐ုရွားကာကြယ္ေရးဝန္ႀကီး၏ သားႏွင့္ ဇနီး လည္း ပါဝင္ေနသည္။ ယင္းေၾကညာခ်က္ကို ယူကရိန္းလြတ္လပ္ေရးေန႔အထိမ္းအမွတ္ေန႔ျဖစ္သည့္ ဩဂုတ္လ ၂၃ ရက္ (ေသာၾကာေန႔) တြင္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ျခင္းျဖင့္ ယူကရိန္းအား အေမရိကန္၏ ဆက္လက္ေထာက္ခံ ပံ့ပိုးမႈမ်ားရွိေနဆဲျဖစ္ေၾကာင္း ျပသခဲ့သည္။
အေရးယူပိတ္ဆို႔မႈမ်ားသည္ အာရွ၊ ဥေရာပႏွင့္ အေရွ႕အလယ္ပိုင္းရွိ ႐ုရွားဆက္စပ္ကုမၸဏီမ်ားအျပင္ လူပုဂၢိဳလ္ တစ္ေယာက္ခ်င္းစီအေပၚပါ ပစ္မွတ္ထားခဲ့သည္။
ဘ႑ာေရးဝန္ႀကီးဌာန၏ ေဖာ္ျပခ်က္အရ တ႐ုတ္၊ ဆြစ္ဇာလန္၊ တူကီယဲ ႏွင့္ ယူေအအီးတို႔ရွိ ျပည္ပ ဆက္စပ္ လုပ္ငန္းမ်ားတြင္ လူပုဂၢိဳလ္ ၁၀၀ ႏွင့္ လုပ္ငန္း ၁၆ ခုတို႔ကို အေရးယူခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေဟာင္ေကာင္ အေျခစိုက္ကုမၸဏီ ၁၈ ခုမွာ ႐ုရွားစစ္တပ္ႏွင့္ ဆက္ႏြယ္မႈရွိေနေၾကာင္း စြပ္စြဲ ခံထားရသည္။
ဘ႑ာေရးဝန္ႀကီးဌာနက ယခုတစ္ေခါက္ အေရးယူပိတ္ဆို႔မႈစာရင္းတြင္ ပါဝင္ျခင္းမရွိေသးေသာ ႐ုရွားဆက္စပ္ ျပည္ပဘ႑ာေရးအင္စတီက်ဴးရွင္းမ်ားကိုလည္း သတိေပးထားသည္။ ေသာၾကာေန႔က ခ်မွတ္လိုက္ေသာ အေရးယူမႈစာရင္းတြင္ ပါဝင္ေသာပုဂၢိဳလ္မ်ား၏ ပိုင္ဆိုင္မႈ (သို႔မဟုတ္) အက်ိဳးစီးပြားမ်ားကို ပိတ္ဆို႔ထားၿပီးျဖစ္ သည့္အတြက္ ၎တို႔၏ သက္ဆိုင္ရာအစိုးရထံ သတင္းပို႔သြားမည္ျဖစ္သည္။ ႐ုရွားႏွင့္ ဆက္စပ္၍ အေမရိကန္ ႏိုင္ငံသားမ်ား (သို႔မဟုတ္) အေမရိကန္ရွိ ႏိုင္ငံ ျခားသားမ်ားအၾကား အေရာင္းအဝယ္ျပဳလုပ္ျခင္းကိုလည္း တားျမစ္ ထားသည္။
၂၀၁၄ ခုႏွစ္ ကတည္းက အေမရိကန္ႏွင့္ ၎၏ မဟာမိတ္မ်ားက ႐ုရွားအေပၚ အေရးယူပိတ္ဆို႔မႈေပါင္း ၂၂,၀၀၀ ခ်မွတ္ထားခဲ့သည္။ ႐ုရွားက ၎ပိတ္ဆို႔မႈစာရင္းကို တရားမဝင္ေၾကာင္း ေဖာ္ျပခဲ့ၿပီး အေနာက္ႏိုင္ငံမ်ားမွ အရာရွိမ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ား လာေရာက္လည္ပတ္ျခင္းကို ပိတ္ပင္ျခင္းျဖင့္ တုံ႔ျပန္ခဲ့သည္။