ရုရှားလောင်စာများ နိုင်ငံအတွင်းသို့ ပြန်လည်စီးဆင်းနိုင်ရေးအတွက် ဟန်ဂေရီက ယူကရိန်းကို တောင်းဆို

 1116

ALynn (NP News) - သြဂုတ် ၂၄

ဟန်ဂေရီက ရုရှားနိုင်ငံမှ လောင်စာများ နိုင်ငံအတွင်းသို့ ပြန်လည်စီးဆင်းနိုင်ရေးအတွက် အဆိုပြုထားသော ဖြေရှင်းချက်ကို ထောက်ခံပေးရန် ယူကရိန်းကို တောင်းဆိုလိုက်ကြောင်း Politico သတင်းဌာနက ကြာသပတေးနေ့ (ဩဂုတ်လ ၂၂ ရက်) တွင်ဖော်ပြခဲ့သည်။ ကိယက်ဗ်သည် ရုရှားစွမ်းအင်ကုမ္ပဏီ Lukoil မှ Druzhba ပိုက်လိုင်းမှတစ်ဆင့် တင်ပို့သော လောင်စာဆီလမ်းကြောင်းကို ရပ်တန့်ထားခဲ့သည်။ ထို့ကြောင့် ကုန်းတွင်းပိတ်ဥရောပနိုင်ငံများဖြစ်ကြသည့် ဟန်ဂေရီ နှင့် စလိုဗက်ကီးယားတို့တွင် လောင်စာဆီပြတ်လပ်မှု နှင့် ကြုံတွေ့နေရသည်။

သတင်းများ၏ ဖော်ပြချက်အရ ဟန်ဂေရီသည် ယူကရိန်းလမ်းကြောင်းမှ သယ်ယူနိုင်ရန်အတွက် Lukoil မှ တင်ပို့ကုန်များကို အမည်ပြောင်း၍ ဟန်ဂေရီစွမ်းအင်ကုမ္ပဏီ MOL မှ တရားဝင် ရောင်းချမည်ဖြစ်ကြောင်း အဆိုပြု ထားခြင်းဖြစ်သည်။ ယင်းအစီအမံကို ဟန်ဂေရီဝန်ကြီးချုပ် ရုံးအဖွဲ့အကြီးအမှူး Gergely Gulyas က အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအစီအစဉ်အရ ယခင် သဘောတူညီချက်များအပြင် ဖြတ်သန်းသွားလာမှု လုံခြုံစေရန် တစ်စည်လျှင် နောက်ထပ် ၁ ဒသမ ၅ ဒေါ်လာ ပေးဆောင်သွားမည်ဖြစ်သည်။

ဇွန်လကတည်းက ယူကရိန်းသည် အလယ်ဥရောပနိုင်ငံများသို့ ရုရှား Lukoil ရေနံတင်ပို့ရေးလမ်းကြောင်းကို ပိတ်ထားခဲ့သည်။ ၂၀၁၈ ခုနှစ်ကတည်းက ယူကရိန်းသည် နိုင်ငံတွင်းရှိ Lukoil ၏ လုပ်ငန်းအခွဲများ၊ ကုန်သွယ်ရေးလှုပ်ရှားမှုများ အပါအဝင် အငှားချထားခြင်းများကို ပိတ်ဆို့အရေးယူခဲ့သည်။ ထို့နောက် Lukoil က တောင်ပိုင်းရှိ Druzhba ပိုက်လိုင်းမှတစ်ဆင့် ဆက်လက်တင်ပို့ ခဲ့သည်။ အီးယူသည် ပင်လယ်ရေလေကြောင်းမှ ရုရှားရေနံတင်ပို့ခြင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ ပိတ်ပင်တားမြစ်ခဲ့သည်။ အစားထိုးတင်ပို့ခြင်းများ ရှာမတွေ့မချင်း ဟန်ဂေရီ၊ စလို ဗက်ကီးယားနှင့် ချတ်သမ္မတနိုင်ငံတို့အား ချွင်းချက်ပြုထားမည်ဟု အီးယူက အာမခံ ထားခဲ့သည်။
သို့သော် ယခုကဲ့သို့ ရုရှားထောက်ပံ့ရေးလမ်းကြောင်းများကို ယူကရိန်းက ရုတ်တရက် ပိတ်ပစ်လိုက်ခြင်း၏ နောက်ကွယ်တွင် ဥရောပကော်မရှင်ရှိနိုင်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီးက ထောက်ပြခဲ့သည်။ ဟန်ဂေရီနှင့် စလိုဗက်ကီးယား နှစ်နိုင်ငံစလုံးသည် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး အီးယူအဖွဲ့၏ မူဝါဒကို ဆန့်ကျင်သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သလို ယူကရိန်းပဋိပက္ခကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် ထပ်လဲလဲ တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

Zawgyi Version;
႐ုရွားေလာင္စာမ်ား ႏိုင္ငံအတြင္းသို႔ ျပန္လည္စီးဆင္းႏိုင္ေရးအတြက္ ဟန္ေဂရီက ယူကရိန္းကို ေတာင္းဆို
ALynn (NP News) - ၾသဂုတ္ ၂၄

ဟန္ေဂရီက ႐ုရွားႏိုင္ငံမွ ေလာင္စာမ်ား ႏိုင္ငံအတြင္းသို႔ ျပန္လည္စီးဆင္းႏိုင္ေရးအတြက္ အဆိုျပဳထားေသာ ေျဖရွင္းခ်က္ကို ေထာက္ခံေပးရန္ ယူကရိန္းကို ေတာင္းဆိုလိုက္ေၾကာင္း Politico သတင္းဌာနက ၾကာသပေတးေန႔ (ဩဂုတ္လ ၂၂ ရက္) တြင္ေဖာ္ျပခဲ့သည္။ ကိယက္ဗ္သည္ ႐ုရွားစြမ္းအင္ကုမၸဏီ Lukoil မွ Druzhba ပိုက္လိုင္းမွတစ္ဆင့္ တင္ပို႔ေသာ ေလာင္စာဆီလမ္းေၾကာင္းကို ရပ္တန႔္ထားခဲ့သည္။ ထို႔ေၾကာင့္ ကုန္းတြင္းပိတ္ဥေရာပႏိုင္ငံမ်ားျဖစ္ၾကသည့္ ဟန္ေဂရီ ႏွင့္ စလိုဗက္ကီးယားတို႔တြင္ ေလာင္စာဆီျပတ္လပ္မႈ ႏွင့္ ႀကဳံေတြ႕ေနရသည္။

သတင္းမ်ား၏ ေဖာ္ျပခ်က္အရ ဟန္ေဂရီသည္ ယူကရိန္းလမ္းေၾကာင္းမွ သယ္ယူႏိုင္ရန္အတြက္ Lukoil မွ တင္ပို႔ကုန္မ်ားကို အမည္ေျပာင္း၍ ဟန္ေဂရီစြမ္းအင္ကုမၸဏီ MOL မွ တရားဝင္ ေရာင္းခ်မည္ျဖစ္ေၾကာင္း အဆိုျပဳ ထားျခင္းျဖစ္သည္။ ယင္းအစီအမံကို ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ႐ုံးအဖြဲ႕အႀကီးအမႉး Gergely Gulyas က အဆိုျပဳခဲ့ျခင္း ျဖစ္သည္။ ယင္းအစီအစဥ္အရ ယခင္ သေဘာတူညီခ်က္မ်ားအျပင္ ျဖတ္သန္းသြားလာမႈ လုံၿခဳံေစရန္ တစ္စည္လွ်င္ ေနာက္ထပ္ ၁ ဒသမ ၅ ေဒၚလာ ေပးေဆာင္သြားမည္ျဖစ္သည္။

ဇြန္လကတည္းက ယူကရိန္းသည္ အလယ္ဥေရာပႏိုင္ငံမ်ားသို႔ ႐ုရွား Lukoil ေရနံတင္ပို႔ေရးလမ္းေၾကာင္းကို ပိတ္ထားခဲ့သည္။ ၂၀၁၈ ခုႏွစ္ကတည္းက ယူကရိန္းသည္ ႏိုင္ငံတြင္းရွိ Lukoil ၏ လုပ္ငန္းအခြဲမ်ား၊ ကုန္သြယ္ေရးလႈပ္ရွားမႈမ်ား အပါအဝင္ အငွားခ်ထားျခင္းမ်ားကို ပိတ္ဆို႔အေရးယူခဲ့သည္။ ထို႔ေနာက္ Lukoil က ေတာင္ပိုင္းရွိ Druzhba ပိုက္လိုင္းမွတစ္ဆင့္ ဆက္လက္တင္ပို႔ ခဲ့သည္။ အီးယူသည္ ပင္လယ္ေရေလေၾကာင္းမွ ႐ုရွားေရနံတင္ပို႔ျခင္းကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ မွစ၍ ပိတ္ပင္တားျမစ္ခဲ့သည္။ အစားထိုးတင္ပို႔ျခင္းမ်ား ရွာမေတြ႕မခ်င္း ဟန္ေဂရီ၊ စလို ဗက္ကီးယားႏွင့္ ခ်တ္သမၼတႏိုင္ငံတို႔အား ခြၽင္းခ်က္ျပဳထားမည္ဟု အီးယူက အာမခံ ထားခဲ့သည္။
သို႔ေသာ္ ယခုကဲ့သို႔ ႐ုရွားေထာက္ပံ့ေရးလမ္းေၾကာင္းမ်ားကို ယူကရိန္းက ႐ုတ္တရက္ ပိတ္ပစ္လိုက္ျခင္း၏ ေနာက္ကြယ္တြင္ ဥေရာပေကာ္မရွင္ရွိႏိုင္ေၾကာင္း ဟန္ေဂရီႏိုင္ငံျခားေရး ဝန္ႀကီးက ေထာက္ျပခဲ့သည္။ ဟန္ေဂရီႏွင့္ စလိုဗက္ကီးယား ႏွစ္ႏိုင္ငံစလုံးသည္ ယူကရိန္းအား စစ္ေရးအကူအညီေပးေရး အီးယူအဖြဲ႕၏ မူဝါဒကို ဆန႔္က်င္သည့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္သလို ယူကရိန္းပဋိပကၡကို သံတမန္နည္းလမ္းျဖင့္သာ ေျဖရွင္းၾကရန္ ထပ္လဲလဲ ေတာင္းဆိုမႈမ်ားလည္း ျပဳလုပ္ခဲ့သည္။

Related news

© 2021. All rights reserved.