ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်သာမက မဲပေးစက်ဖြင့်ပါ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေကြောင်း UEC အသိပေး

 709

မြူနစ် (NP News) - သြဂုတ် ၂၅

လာမည့်ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်သာမက မဲပေးစက်ဖြင့်ပါ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က နိုင်ငံရေးပါတီများကို အသိပေးပြောကြားထားသည်။

နစက၏ ရွေးကောက်ပွဲကော်မရှင် နှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော နိုင်ငံရေးပါတီ(၄၉)ပါတီတို့သည် ယမန်နေ့ (သြဂုတ်လ ၂၄ ရက်)တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးပါတီများအနေဖြင့် ခိုင်မာအားကောင်းသောပါတီ၊ မဲဆန္ဒရှင်ပြည်သူက ယုံကြည်အားကိုးသောပါတီများဖြစ်ရန် ဆောင်ရွက်စေလိုကြောင်း တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့်သာမက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့်ပါ မဲပေးနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ထည့်သွင်းအသိပေးကာ ပြောကြားခဲ့သည်။ “အဓိကတော့ မနေ့က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ရွေးကောက်ပွဲအတွက်ကို သူပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တာတွေကို တော်တော်များများ ပြင်ဆင်ပြီးနေတဲ့အကြောင်းကို ပါတီတွေကို ခေါ်ပြီးတော့ ပြောတဲ့သဘောပဲပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်လုပ်ရမယ့်ကိစ္စတွေ၊ ရွေးကောက်ပွဲအတွင်းလုပ်ရမယ့်ကိစ္စတွေ၊ ရွေးကောက်ပွဲတဲ့အချိန်မှာ လုပ်ရမယ့် ကိစ္စတွေ၊ လိုအပ်တဲ့ဥပဒေ၊ ကျန်တဲ့စက်ပစ္စည်း ဘာညာပေါ့ အဲဒီကိစ္စတွေကို ကော်မရှင်က ပြင်ဆင်တာ ခရီးတော်တော် ရောက်နေပြီးပေါ့ အဲဒါကို ခေါ်ပြီး ရှင်းပြတဲ့သဘောပါပဲ”ဟု အမျိုးသားဒီမိုကရေစီပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်မင်းက NP News ကို ပြောသည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီ(၆၇)ပါတီရှိပြီး ၎င်းတို့အနက်မှ(၄၉)ပါတီသည် မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်သည်။

အဆိုပါ (၄၉)ပါတီထဲတွင် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီပေါင်းမှာ (၉)ပါတီရှိပြီး ကျန်ရှိသောပါတီပေါင်း(၄၀)မှာ တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုခုအတွင်းသာ စည်းရုံးမည့်ပါတီများဖြစ်ကြောင်း သိရသည်။

zawgyi version
ေ႐ြးေကာက္ပြဲတြင္ မဲလက္မွတ္ျဖင့္သာမက မဲေပးစက္ျဖင့္ပါ ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း UEC အသိေပး

ျမဴနစ္ (NP News) - ၾသဂုတ္ ၂၅

လာမည့္ေ႐ြးေကာက္ပြဲတြင္ မဲလက္မွတ္ျဖင့္သာမက မဲေပးစက္ျဖင့္ပါ ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)က ႏိုင္ငံေရးပါတီမ်ားကို အသိေပးေျပာၾကားထားသည္။

နစက၏ ေ႐ြးေကာက္ပြဲေကာ္မရွင္ ႏွင့္ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္ေသာ ႏိုင္ငံေရးပါတီ(၄၉)ပါတီတို႔သည္ ယမန္ေန႔ (ၾသဂုတ္လ ၂၄ ရက္)တြင္ ေနျပည္ေတာ္ရွိ ေကာ္မရွင္႐ုံး၌ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ခိုင္မာအားေကာင္းေသာပါတီ၊ မဲဆႏၵရွင္ျပည္သူက ယုံၾကည္အားကိုးေသာပါတီမ်ားျဖစ္ရန္ ေဆာင္႐ြက္ေစလိုေၾကာင္း ေတြ႕ဆုံပြဲတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကိုက တိုက္တြန္းေျပာဆိုခဲ့သည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲတြင္ မဲလက္မွတ္ျဖင့္သာမက ျမန္မာအီလက္ထေရာနစ္မဲေပးစက္ျဖင့္ပါ မဲေပးႏိုင္ေရး ေဆာင္႐ြက္ေနသည့္အေျခအေနမ်ားကိုလည္း ေကာ္မရွင္ဥကၠ႒ ဦးကိုကိုက ထည့္သြင္းအသိေပးကာ ေျပာၾကားခဲ့သည္။ “အဓိကေတာ့ မေန႔က ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ကေတာ့ ေ႐ြးေကာက္ပြဲအတြက္ကို သူျပင္ဆင္သင့္၊ ျပင္ဆင္ထိုက္တာေတြကို ေတာ္ေတာ္မ်ားမ်ား ျပင္ဆင္ၿပီးေနတဲ့အေၾကာင္းကို ပါတီေတြကို ေခၚၿပီးေတာ့ ေျပာတဲ့သေဘာပဲေပါ့။ ေ႐ြးေကာက္ပြဲ မတိုင္ခင္လုပ္ရမယ့္ကိစၥေတြ၊ ေ႐ြးေကာက္ပြဲအတြင္းလုပ္ရမယ့္ကိစၥေတြ၊ ေ႐ြးေကာက္ပြဲတဲ့အခ်ိန္မွာ လုပ္ရမယ့္ ကိစၥေတြ၊ လိုအပ္တဲ့ဥပေဒ၊ က်န္တဲ့စက္ပစၥည္း ဘာညာေပါ့ အဲဒီကိစၥေတြကို ေကာ္မရွင္က ျပင္ဆင္တာ ခရီးေတာ္ေတာ္ ေရာက္ေနၿပီးေပါ့ အဲဒါကို ေခၚၿပီး ရွင္းျပတဲ့သေဘာပါပဲ”ဟု အမ်ိဳးသားဒီမိုကေရစီပါတီမွ ဒုတိယဥကၠ႒ ဦးခိုင္မင္းက NP News ကို ေျပာသည္။

နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း အေထြေထြေ႐ြးေကာက္ပြဲကို က်င္းပေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။ လက္ရွိအခ်ိန္ထိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံတြင္ မွတ္ပုံတင္ေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီ(၆၇)ပါတီရွိၿပီး ၎တို႔အနက္မွ(၄၉)ပါတီသည္ မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္သည္။

အဆိုပါ (၄၉)ပါတီထဲတြင္ တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ပါတီေပါင္းမွာ (၉)ပါတီရွိၿပီး က်န္ရွိေသာပါတီေပါင္း(၄၀)မွာ တိုင္း သို႔မဟုတ္ ျပည္နယ္တစ္ခုခုအတြင္းသာ စည္း႐ုံးမည့္ပါတီမ်ားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.