ထိုင်းနိုင်ငံရေးက ထန်ထန် ဝန်ကြီးချုပ်အတွေ့အကြုံက နုနု

 351

သန်းထိုက်စိုး (NP News) - ဩဂုတ် ၂၇

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အသစ်တစ်ယောက် တက်လာခဲ့ပြန်ပြီ ဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးဖြစ်သူ ဆာရက်ထာသာဝီဆင်အား ထိုင်းဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အသက်(၃၇)နှစ်အရွယ်ရှိ ပေထုံတန်အား   ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခဲ့ကြသည်။ တရားရုံးအရာရှိတစ်ဦးကို လာဘ်ပေးမှု ဖြင့် ထောင်ဒဏ်ချမှတ်ခံရဖူးသူတစ်ဦးကို ထိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးနေရာခန့်အပ်ခဲ့ခြင်းနှင့်ပတ် သက်၍ ကျင့်ဝတ်ဆိုင်ရာဖောက်ဖျက်မှုဖြင့် ဆာရက်ထာသာဝီဆင်ကို ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးက (၅) မဲ (၄)မဲဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ် သည်။ ထိုသို့ဖယ်ရှားပြီးနောက် ပါတီအသီးသီးမှ တင် သွင်းသည့်ကိုယ်စားလှယ်လောင်းများကို မဲပေးရွေး ချယ်ခဲ့ရာ ပေထုံတန်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။

ဖြူထိုင်းပါတီသည် ထိုင်းညွန့်ပေါင်းအစိုးရတွင် အင်အားအကြီးဆုံးဖြစ်ပြီး သာဝီဆင် ဖယ်ရှားခံရပြီး နောက် ပေထုံတန်အားဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခဲ့ကြခြင်းဖြစ်သည်။ ပေထုံတန်သည် ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီး ဖြစ်သည်။ သူ၏အဒေါ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်ထ ရာသည် (၂၀၁၄) ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ် ရှားခံခဲ့ရသည်။ ပေထုံတန်သည် ဖခင်ဖြစ်သူ သက်ဆင်နှင့် အဒေါ်ဖြစ်သူ ယင်လတ်ပြီးလျှင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်သည့် ရှင်နာဝပ်ထရာ မိသားစု၏ တတိယမြောက်မျိုးဆက်တစ်ဦးဖြစ်သည်။ သက်ဆင် ၏ ယောက်ဖဖြစ်သူ Somchai Wongsawat သည် လည်း (၂၀ဝ၈) ခုနှစ်တွင် ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်ခဲ့ဖူးသည်။ သက်ဆင်နှင့်ညီမဖြစ်သူ ယင်လတ်တို့သည် ထိုင်းတပ်မတော်က အာဏာရယူပြီးနောက် ပြည်ပသို့ထွက်ပြေးခဲ့ရသည်။

ပေထုံတန်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ လူမှုဗေဒ၊ မနုဿဗေဒနှင့် အင်္ဂလန်နိုင်ငံ ဆရာရေးတက္ကသိုလ်မှ ဟိုတယ်ဆိုင်ရာ စီမံခန့်ခွဲမှု မဟာဘွဲ့ရရှိခဲ့သူလည်း ဖြစ်သည်။ ပေထုံ တန်သည် (၂၀၂၂)ခုနှစ်တွင် ဖြူထိုင်းပါတီ ခေါင်း ဆောင်အဖြစ် တင်မြှောက်ခံခဲ့ရသည်။ ဖြူထိုင်းပါတီ သည် (၂၀၂၃) ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယမဲ အများဆုံးရရှိခဲ့သည်။ သူသည် ရွေးကောက်ပွဲကာလ တွင် ကိုယ်ဝန်အရင့်အမာကြီးဖြင့် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မဲအများဆုံးရရှိ ခဲ့သည့် ရှေ့သို့ချီ (Move Forward Party) ခေါင်းဆောင်ပီတသည် နှစ်ရှည်နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံ ခဲ့ရပြီး ပါတီမှာလည်း ဖျက်သိမ်းခံခဲ့ရသည်။ ထို့နောက် ဖြူထိုင်းပါတီသည် ထိုင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့ သည်။ ယခုအခါ ဖျက်သိမ်းခံခဲ့ရသည့် ရှေ့သို့လှမ်းချီ ပါတီမှာလည်း ပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ခဲ့ပြီးဖြစ်သည်။

ရှေ့သို့ချီပါတီကိုဆက်ခံသည့် ပါတီသစ်ခေါင်းဆောင်Natthaphong Ruengpanyawut က လည်း ပြည်သူ့ဆန္ဒနှင့်ဆန့်ကျင်ပြီး အီလစ်အလွှာများ အသုံးပြုလေ့ရှိသည့် ဥပဒေရေးရာ နည်းနာများကို ပြစ်တင်ရှုတ်ချကြောင်း၊ အရေးကြီးကိစ္စများကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်သစ် ပေထုံတန်ကို တိုက်တွန်းပြောဆိုခဲ့သည်။ ထိုင်း နိုင်ငံရေးတွင် တော်ဝင်မိသားစု၏ လုပ်ပိုင်ခွင့်အာဏာ ကိုခြိမ်းခြောက်နိုင်သည့် မည်သည့်ခေါင်းဆောင် (သို့မဟုတ်) မည်သည့်နိုင်ငံရေး အင်အားစုကိုမဆို တားမြစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံရေးတွင် တရားစီ ရင်ရေးအရ ပါဝင်စွက်ဖက်နိုင်သည့် အခွင့်အာဏာ ပေးအပ်ထားသည်ဟု ဝေဖန်နေကြသည်။ ဝန်ကြီးချုပ် ဆာရက်သာဝီဆင်ကို ဖယ်ရှားလိုက်ခြင်းမှာ ဝန်ကြီး ချုပ်သက်ဆင်နှင့် ဖြူထိုင်းပါတီကို လွန်ခဲ့သည့်နှစ်က ရရှိထားသည့် နိုင်ငံရေးသဘောတူညီချက်ကို လေး စားရန်အချက်ပြလိုက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်နေကြသည်။ အဆိုပါ သဘောတူညီချက်အရ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ပြည်ပတွင် နှစ် ပေါင်းများစွာနေထိုင်ရာမှ ပြည်တော်ပြန်ဝင်ခွင့်ပြုခဲ့ သည်။ ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် (၂၀၂၃) ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ရာ ထောင်ဒဏ်(၈)နှစ်ချမှတ်ခံခဲ့ရသည်။ သို့ သော် နောက်ပိုင်းတွင် ဘုရင်၏လွတ်ငြိမ်းခွင့်ဖြင့် ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။ သို့ သော် သက်ဆင်သည် ထောင်ထဲတွင် တစ်ရက်မှပင် နေခဲ့ရခြင်းမရှိဘဲ ရဲအထွေထွေ ဆေးရုံတွင်(၆)လခန့် နေပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည်။

သက်ဆင်နှင့် တော်ဝင်မိသားစုတို့၏ နိုင်ငံရေး သဘောတူညီချက်အရ ဘုရင်စနစ်ပြုပြင် ပြောင်းလဲ ရေးနှင့်ပတ်သက်၍ တိုက်ရိုက်စိန်ခေါ်ခဲ့သည့် ရှေ့သို့ ချီပါတီ ဘေးရောက်သွားခဲ့သည်ဟုလည်းဆိုကြသည်။ ရှေ့သို့ချီပါတီသည် ရွေးကောက်ပွဲစည်းရုံးရေးကာလ တွင် ရွေးကောက်ခံရပါက စီးပွားရေးလက်ဝါးကြီး အုပ်ထားမှုကို ဖျက်သိမ်းခြင်း၊ ဘုရင်စနစ်နှင့် ပတ် သက်၍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟု ကတိ ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘုရင်နှင့် တော်ဝင်မိသားစု အား ဝေဖန်ခြင်းသည် ရာဇဝတ်မှုပြစ်မှုမြောက်သည်။ ရှေ့သို့ချီပါတီကို ထိုင်းတပ်မတော်ကခန့်အပ် ထားသည့်ဥပဒေပြုအမတ်များက အစိုးရဖွဲ့စည်းခြင်း မပြုနိုင်စေရန် ပိတ်ပင်ခဲ့သည်။ ဘုရင်စနစ် ပြုပြင် ပြောင်းလဲရန် ကတိပြုလိုက်ခြင်းသည် ပါတီဖျက်သိမ်း ခံရခြင်းဆီသို့ ဦးတည်စေခဲ့သည်။

နောက်ထပ် ရှင်နာဝပ်ထရာတစ်ဦးဖြစ်သည့် ပေထုံတန်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင် မြှောက်လိုက်ခြင်းမှာ ဘီလျံနာသူဌေးကြီး သက်ဆင် ၏ကိုယ်ပွားတစ်ဦး ရွေးချယ်ခံလိုက်ရခြင်းပင်ဖြစ် သည်။ အကယ်၍ ဆရက်သာဝီဆင်ကို ဖယ်ရှားလိုက် ခြင်းသည် သက်ဆင်၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ရှေးရိုးစွဲတို့၏ မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်းနှင့် ဆက်စပ်နေပါက သက်ဆင်၏သမီးကို ရွေးချယ်လိုက် ခြင်းမှာလည်း ရှေးရိုးစွဲတို့၏စိုးရိမ်မှုကို သက်သာရာရ စေရန် ဖြစ်နိုင်ဖွယ်ရာမရှိဟု ယူဆချက်များလည်းရှိသည်။

အချက်အလက်များအရ ကြည့်ပါက ပေထုံတန် သည် နိုင်ငံရေးအတွေ့အကြုံနည်းလွန်းနေသေးရာ ဖခင်ဖြစ်သူ၏ နိုင်ငံရေး အရိပ်အာဝါသတွင် ခိုလှုံရန် လိုအပ်မည်ဖြစ်သည်။ လေ့လာသူများကလည်း ပေ ထုံတန်ကို သက်ဆင်၏ကိုယ်ပွားအဖြစ် ရှုမြင်ထားကြ သည်။ ပေထုံတန်ကိုယ်တိုင်ကလည်း "ဘဝမှာ ကောင်းတာဆိုးတာ ဘာလုပ်လုပ် အဖေက အနားမှာ အမြဲရှိတယ်၊ နောက်ကွယ်က ထိန်းချုပ်လည်း ဘာအရေးစိုက်ရမလဲ၊ ဘဝမှာ တတ်နိုင်သရွေ့ သူရှိနေစေချင်တယ်၊ တိုင်းပြည်အနာဂတ်အတွက် လူထု လက်ထဲ အာဏာပြန်လွှဲပေးဖို့ဟာ အဓိကပါပဲ၊ အဲဒီ အဓိကနေရာကနေစရမှာပဲ”ဟု ထုတ်ဖော်ပြောဆို ထားသည်။ ဝန်ကြီးချုပ် ပေထုံတန်ကို စောင့်ကြည့် နေကြမည်မှာသေချာသည်။ သူသည် ဖိအားအများ အပြားနှင့်ရင်ဆိုင်ရနိုင်သည်။ သူ့အနေဖြင့် ဖခင် သက်ဆင်အပေါ်တွင် မှီခိုနေရမည်မှာသေချာသည်ဟု ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူ Thitinan Pongsudhirak က AFP သတင်းဌာနကို ပြောဆိုထားသည်။

ရှေ့သို့ချီပါတီကိုဆက်ခံသည့် ပြည်သူ့ပါတီသည် လည်း ထိုင်းနိုင်ငံတွင် ရေပန်းစားသည့်ပါတီတစ်ခု ဖြစ်သည်။ လက်ရှိရပ်တည်ချက်အတိုင်းဆိုပါက ပြည်သူ့ပါတီသည် (၂၀၂၇) ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အောင်မြင်မှု ကြီးကြီးမားမားရရှိနိုင်သည်။ ထိုသို့ရရှိခဲ့မည်ဆိုပါက ဥပဒေပြုအမတ်များ အနေဖြင့် ယခင်နှစ်ကလုပ်ခဲ့သည့်နည်းအတိုင်း ပိတ်ပင်တားမြစ်ခြင်း၊ ဖယ်ရှားခြင်းမျိုး ပြုလုပ်နိုင်တော့ မည်မဟုတ်ပါ။ ဝန်ကြီးချုပ်ပေထုံတန်အနေဖြင့် ၎င်း ၏ဝန်ကြီးချုပ် သက်တမ်းကာလအတွင်း လိမ္မာပါးနပ်စွာ စီမံခန့်ခွဲနိုင်သည့်တိုင်အောင် လွန်ခဲ့သည့် ဆယ်စု နှစ်နှစ်ခုခန့်ကရှိလာခဲ့သည့် ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုမှာ ခဏချင်းအတွင်း အဆုံးသတ်နိုင်ဖွယ်မရှိသေးပါ။

ထိုင်းနိုင်ငံရေးသည် အလှုပ်အရမ်းများသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ယင်လတ်နှင့် ဆာရက် သာဝီဆင်တို့သည်လည်း ထိုင်းနိုင်ငံရေးအလှုပ်အရမ်း များ၏ ရိုက်ခတ်မှုကိုခံခဲ့ကြရသည်။ ပေထုံတန်သည် လည်း ဖခင်၏ နိုင်ငံရေးဩဇာအရှိန်အဝါဖြင့် ဝန်ကြီး ချုပ်ရာထူးနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံမှာ နုနယ်လွန်းလှသည်။ ထိုင်း နိုင်ငံရေးလှိုင်းလုံးများ၏ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည် ရှိမှသာ သက်တမ်းပြည့် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ထိုင်းနိုင်ငံရေးကား ခက်ခဲရှုပ်ထွေးလွန်း သည်။ ဝန်ကြီးချုပ်က နုနယ်လွန်းသည်။ မြန်မာတို့၏ နားနှင့်ယဉ်အောင် ပြောရမည်ဆိုပါက ထိုင်းနိုင်ငံရေး က ထန်ထန်၊ ဝန်ကြီးချုပ် အတွေ့အကြုံက နုနုဟု ဆိုချင်သည်။

zawgyi version
ထိုင္းႏိုင္ငံေရးက ထန္ထန္ ဝန္ႀကီးခ်ဳပ္အေတြ႕အႀကဳံက ႏုႏု
သန္းထိုက္စိုး (NP News) - ဩဂုတ္ ၂၇

ထိုင္းႏိုင္ငံတြင္ ဝန္ႀကီးခ်ဳပ္အသစ္တစ္ေယာက္ တက္လာခဲ့ျပန္ၿပီ ျဖစ္သည္။ အိမ္ၿခံေျမလုပ္ငန္းရွင္ သူေဌးျဖစ္သူ ဆာရက္ထာသာဝီဆင္အား ထိုင္းဖြဲ႕ စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဝန္ႀကီးခ်ဳပ္ရာထူးမွ ဖယ္ရွားခဲ့ၿပီးေနာက္ အသက္(၃၇)ႏွစ္အ႐ြယ္ရွိ ေပထုံတန္အား   ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ ခဲ့ၾကသည္။ တရား႐ုံးအရာရွိတစ္ဦးကို လာဘ္ေပးမႈ ျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံရဖူးသူတစ္ဦးကို ထိုင္းအစိုးရအဖြဲ႕တြင္ ဝန္ႀကီးရာထူးေနရာခန႔္အပ္ခဲ့ျခင္းႏွင့္ပတ္ သက္၍ က်င့္ဝတ္ဆိုင္ရာေဖာက္ဖ်က္မႈျဖင့္ ဆာရက္ထာသာဝီဆင္ကို ထိုင္းဖြဲ႕စည္းပုံဆိုင္ရာခုံ႐ုံးက (၅) မဲ (၄)မဲျဖင့္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဖယ္ရွားခဲ့ျခင္းျဖစ္ သည္။ ထိုသို႔ဖယ္ရွားၿပီးေနာက္ ပါတီအသီးသီးမွ တင္ သြင္းသည့္ကိုယ္စားလွယ္ေလာင္းမ်ားကို မဲေပးေ႐ြး ခ်ယ္ခဲ့ရာ ေပထုံတန္အား ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ၾကျခင္းျဖစ္သည္။

ျဖဴထိုင္းပါတီသည္ ထိုင္းၫြန႔္ေပါင္းအစိုးရတြင္ အင္အားအႀကီးဆုံးျဖစ္ၿပီး သာဝီဆင္ ဖယ္ရွားခံရၿပီး ေနာက္ ေပထုံတန္အားဝန္ႀကီးခ်ဳပ္အျဖစ္ တင္ေျမႇာက္ ခဲ့ၾကျခင္းျဖစ္သည္။ ေပထုံတန္သည္ ဝန္ႀကီးခ်ဳပ္ ေဟာင္း သက္ဆင္ရွင္နာဝပ္ထရာ၏ အငယ္ဆုံးသမီး ျဖစ္သည္။ သူ၏အေဒၚျဖစ္သူ ယင္လတ္ရွင္နာဝပ္ထ ရာသည္ (၂၀၁၄) ခုႏွစ္တြင္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ဖယ္ ရွားခံခဲ့ရသည္။ ေပထုံတန္သည္ ဖခင္ျဖစ္သူ သက္ဆင္ႏွင့္ အေဒၚျဖစ္သူ ယင္လတ္ၿပီးလွ်င္ ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္သည့္ ရွင္နာဝပ္ထရာ မိသားစု၏ တတိယေျမာက္မ်ိဳးဆက္တစ္ဦးျဖစ္သည္။ သက္ဆင္ ၏ ေယာက္ဖျဖစ္သူ Somchai Wongsawat သည္ လည္း (၂၀ဝ၈) ခုႏွစ္တြင္ ဝန္ႀကီးခ်ဳပ္တာဝန္ကို ေခတၱထမ္းေဆာင္ခဲ့ဖူးသည္။ သက္ဆင္ႏွင့္ညီမျဖစ္သူ ယင္လတ္တို႔သည္ ထိုင္းတပ္မေတာ္က အာဏာရယူၿပီးေနာက္ ျပည္ပသို႔ထြက္ေျပးခဲ့ရသည္။

ေပထုံတန္သည္ ထိုင္းႏိုင္ငံ ခ်ဴလာေလာင္ကြန္း တကၠသိုလ္မွ ႏိုင္ငံေရးသိပၸံ၊ လူမႈေဗဒ၊ မႏုႆေဗဒႏွင့္ အဂၤလန္ႏိုင္ငံ ဆရာေရးတကၠသိုလ္မွ ဟိုတယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ မဟာဘြဲ႕ရရွိခဲ့သူလည္း ျဖစ္သည္။ ေပထုံ တန္သည္ (၂၀၂၂)ခုႏွစ္တြင္ ျဖဴထိုင္းပါတီ ေခါင္း ေဆာင္အျဖစ္ တင္ေျမႇာက္ခံခဲ့ရသည္။ ျဖဴထိုင္းပါတီ သည္ (၂၀၂၃) ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ဒုတိယမဲ အမ်ားဆုံးရရွိခဲ့သည္။ သူသည္ ေ႐ြးေကာက္ပြဲကာလ တြင္ ကိုယ္ဝန္အရင့္အမာႀကီးျဖင့္ မဲဆြယ္စည္း႐ုံး ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့သည္။ မဲအမ်ားဆုံးရရွိ ခဲ့သည့္ ေရွ႕သို႔ခ်ီ (Move Forward Party) ေခါင္းေဆာင္ပီတသည္ ႏွစ္ရွည္ႏိုင္ငံေရးလုပ္ခြင့္ ပိတ္ပင္ခံ ခဲ့ရၿပီး ပါတီမွာလည္း ဖ်က္သိမ္းခံခဲ့ရသည္။ ထို႔ေနာက္ ျဖဴထိုင္းပါတီသည္ ထိုင္းအစိုးရကို ဦးေဆာင္ဖြဲ႕စည္းခဲ့ သည္။ ယခုအခါ ဖ်က္သိမ္းခံခဲ့ရသည့္ ေရွ႕သို႔လွမ္းခ်ီ ပါတီမွာလည္း ပါတီသစ္တစ္ခု ထပ္မံဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီးျဖစ္သည္။

ေရွ႕သို႔ခ်ီပါတီကိုဆက္ခံသည့္ ပါတီသစ္ေခါင္းေဆာင္Natthaphong Ruengpanyawut က လည္း ျပည္သူ႔ဆႏၵႏွင့္ဆန႔္က်င္ၿပီး အီလစ္အလႊာမ်ား အသုံးျပဳေလ့ရွိသည့္ ဥပေဒေရးရာ နည္းနာမ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္း၊ အေရးႀကီးကိစၥမ်ားကို ဦးစားေပး ကိုင္တြယ္ေျဖရွင္းရန္လိုအပ္ေၾကာင္း ဝန္ႀကီးခ်ဳပ္သစ္ ေပထုံတန္ကို တိုက္တြန္းေျပာဆိုခဲ့သည္။ ထိုင္း ႏိုင္ငံေရးတြင္ ေတာ္ဝင္မိသားစု၏ လုပ္ပိုင္ခြင့္အာဏာ ကိုၿခိမ္းေျခာက္ႏိုင္သည့္ မည္သည့္ေခါင္းေဆာင္ (သို႔မဟုတ္) မည္သည့္ႏိုင္ငံေရး အင္အားစုကိုမဆို တားျမစ္ႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံေရးတြင္ တရားစီ ရင္ေရးအရ ပါဝင္စြက္ဖက္ႏိုင္သည့္ အခြင့္အာဏာ ေပးအပ္ထားသည္ဟု ေဝဖန္ေနၾကသည္။ ဝန္ႀကီးခ်ဳပ္ ဆာရက္သာဝီဆင္ကို ဖယ္ရွားလိုက္ျခင္းမွာ ဝန္ႀကီး ခ်ဳပ္သက္ဆင္ႏွင့္ ျဖဴထိုင္းပါတီကို လြန္ခဲ့သည့္ႏွစ္က ရရွိထားသည့္ ႏိုင္ငံေရးသေဘာတူညီခ်က္ကို ေလး စားရန္အခ်က္ျပလိုက္ျခင္းျဖစ္သည္ဟုလည္း သုံးသပ္ေနၾကသည္။ အဆိုပါ သေဘာတူညီခ်က္အရ ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကို ျပည္ပတြင္ ႏွစ္ ေပါင္းမ်ားစြာေနထိုင္ရာမွ ျပည္ေတာ္ျပန္ဝင္ခြင့္ျပဳခဲ့ သည္။ ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္သည္ (၂၀၂၃) ခုႏွစ္ ဩဂုတ္လတြင္ ထိုင္းႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိ လာခဲ့ရာ ေထာင္ဒဏ္(၈)ႏွစ္ခ်မွတ္ခံခဲ့ရသည္။ သို႔ ေသာ္ ေနာက္ပိုင္းတြင္ ဘုရင္၏လြတ္ၿငိမ္းခြင့္ျဖင့္ ေထာင္ဒဏ္တစ္ႏွစ္သို႔ ေလွ်ာ့ေပါ့ေပးခဲ့သည္။ သို႔ ေသာ္ သက္ဆင္သည္ ေထာင္ထဲတြင္ တစ္ရက္မွပင္ ေနခဲ့ရျခင္းမရွိဘဲ ရဲအေထြေထြ ေဆး႐ုံတြင္(၆)လခန႔္ ေနၿပီးေနာက္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိခဲ့သည္။

သက္ဆင္ႏွင့္ ေတာ္ဝင္မိသားစုတို႔၏ ႏိုင္ငံေရး သေဘာတူညီခ်က္အရ ဘုရင္စနစ္ျပဳျပင္ ေျပာင္းလဲ ေရးႏွင့္ပတ္သက္၍ တိုက္႐ိုက္စိန္ေခၚခဲ့သည့္ ေရွ႕သို႔ ခ်ီပါတီ ေဘးေရာက္သြားခဲ့သည္ဟုလည္းဆိုၾကသည္။ ေရွ႕သို႔ခ်ီပါတီသည္ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးကာလ တြင္ ေ႐ြးေကာက္ခံရပါက စီးပြားေရးလက္ဝါးႀကီး အုပ္ထားမႈကို ဖ်က္သိမ္းျခင္း၊ ဘုရင္စနစ္ႏွင့္ ပတ္ သက္၍ ျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္မည္ဟု ကတိ ျပဳခဲ့သည္။ ထိုင္းႏိုင္ငံတြင္ ဘုရင္ႏွင့္ ေတာ္ဝင္မိသားစု အား ေဝဖန္ျခင္းသည္ ရာဇဝတ္မႈျပစ္မႈေျမာက္သည္။ ေရွ႕သို႔ခ်ီပါတီကို ထိုင္းတပ္မေတာ္ကခန႔္အပ္ ထားသည့္ဥပေဒျပဳအမတ္မ်ားက အစိုးရဖြဲ႕စည္းျခင္း မျပဳႏိုင္ေစရန္ ပိတ္ပင္ခဲ့သည္။ ဘုရင္စနစ္ ျပဳျပင္ ေျပာင္းလဲရန္ ကတိျပဳလိုက္ျခင္းသည္ ပါတီဖ်က္သိမ္း ခံရျခင္းဆီသို႔ ဦးတည္ေစခဲ့သည္။

ေနာက္ထပ္ ရွင္နာဝပ္ထရာတစ္ဦးျဖစ္သည့္ ေပထုံတန္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္တင္ ေျမႇာက္လိုက္ျခင္းမွာ ဘီလ်ံနာသူေဌးႀကီး သက္ဆင္ ၏ကိုယ္ပြားတစ္ဦး ေ႐ြးခ်ယ္ခံလိုက္ရျခင္းပင္ျဖစ္ သည္။ အကယ္၍ ဆရက္သာဝီဆင္ကို ဖယ္ရွားလိုက္ ျခင္းသည္ သက္ဆင္၏ ႏိုင္ငံေရးအခန္းက႑အေပၚ ေရွး႐ိုးစြဲတို႔၏ မတည္မၿငိမ္ျဖစ္ေအာင္ျပဳလုပ္ျခင္းႏွင့္ ဆက္စပ္ေနပါက သက္ဆင္၏သမီးကို ေ႐ြးခ်ယ္လိုက္ ျခင္းမွာလည္း ေရွး႐ိုးစြဲတို႔၏စိုးရိမ္မႈကို သက္သာရာရ ေစရန္ ျဖစ္ႏိုင္ဖြယ္ရာမရွိဟု ယူဆခ်က္မ်ားလည္းရွိသည္။

အခ်က္အလက္မ်ားအရ ၾကည့္ပါက ေပထုံတန္ သည္ ႏိုင္ငံေရးအေတြ႕အႀကဳံနည္းလြန္းေနေသးရာ ဖခင္ျဖစ္သူ၏ ႏိုင္ငံေရး အရိပ္အာဝါသတြင္ ခိုလႈံရန္ လိုအပ္မည္ျဖစ္သည္။ ေလ့လာသူမ်ားကလည္း ေပ ထုံတန္ကို သက္ဆင္၏ကိုယ္ပြားအျဖစ္ ရႈျမင္ထားၾက သည္။ ေပထုံတန္ကိုယ္တိုင္ကလည္း "ဘဝမွာ ေကာင္းတာဆိုးတာ ဘာလုပ္လုပ္ အေဖက အနားမွာ အၿမဲရွိတယ္၊ ေနာက္ကြယ္က ထိန္းခ်ဳပ္လည္း ဘာအေရးစိုက္ရမလဲ၊ ဘဝမွာ တတ္ႏိုင္သေ႐ြ႕ သူရွိေနေစခ်င္တယ္၊ တိုင္းျပည္အနာဂတ္အတြက္ လူထု လက္ထဲ အာဏာျပန္လႊဲေပးဖို႔ဟာ အဓိကပါပဲ၊ အဲဒီ အဓိကေနရာကေနစရမွာပဲ”ဟု ထုတ္ေဖာ္ေျပာဆို ထားသည္။ ဝန္ႀကီးခ်ဳပ္ ေပထုံတန္ကို ေစာင့္ၾကည့္ ေနၾကမည္မွာေသခ်ာသည္။ သူသည္ ဖိအားအမ်ား အျပားႏွင့္ရင္ဆိုင္ရႏိုင္သည္။ သူ႔အေနျဖင့္ ဖခင္ သက္ဆင္အေပၚတြင္ မွီခိုေနရမည္မွာေသခ်ာသည္ဟု ခ်ဴလာေလာင္ကြန္းတကၠသိုလ္မွ ႏိုင္ငံေရး သိပၸံပညာ ရွင္တစ္ဦးျဖစ္သူ Thitinan Pongsudhirak က AFP သတင္းဌာနကို ေျပာဆိုထားသည္။

ေရွ႕သို႔ခ်ီပါတီကိုဆက္ခံသည့္ ျပည္သူ႔ပါတီသည္ လည္း ထိုင္းႏိုင္ငံတြင္ ေရပန္းစားသည့္ပါတီတစ္ခု ျဖစ္သည္။ လက္ရွိရပ္တည္ခ်က္အတိုင္းဆိုပါက ျပည္သူ႔ပါတီသည္ (၂၀၂၇) ခုႏွစ္တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ေအာင္ျမင္မႈ ႀကီးႀကီးမားမားရရွိႏိုင္သည္။ ထိုသို႔ရရွိခဲ့မည္ဆိုပါက ဥပေဒျပဳအမတ္မ်ား အေနျဖင့္ ယခင္ႏွစ္ကလုပ္ခဲ့သည့္နည္းအတိုင္း ပိတ္ပင္တားျမစ္ျခင္း၊ ဖယ္ရွားျခင္းမ်ိဳး ျပဳလုပ္ႏိုင္ေတာ့ မည္မဟုတ္ပါ။ ဝန္ႀကီးခ်ဳပ္ေပထုံတန္အေနျဖင့္ ၎ ၏ဝန္ႀကီးခ်ဳပ္ သက္တမ္းကာလအတြင္း လိမၼာပါးနပ္စြာ စီမံခန႔္ခြဲႏိုင္သည့္တိုင္ေအာင္ လြန္ခဲ့သည့္ ဆယ္စု ႏွစ္ႏွစ္ခုခန႔္ကရွိလာခဲ့သည့္ ထိုင္းႏိုင္ငံေရးမတည္ၿငိမ္မႈမွာ ခဏခ်င္းအတြင္း အဆုံးသတ္ႏိုင္ဖြယ္မရွိေသးပါ။

ထိုင္းႏိုင္ငံေရးသည္ အလႈပ္အရမ္းမ်ားသည္။ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္၊ ယင္လတ္ႏွင့္ ဆာရက္ သာဝီဆင္တို႔သည္လည္း ထိုင္းႏိုင္ငံေရးအလႈပ္အရမ္း မ်ား၏ ႐ိုက္ခတ္မႈကိုခံခဲ့ၾကရသည္။ ေပထုံတန္သည္ လည္း ဖခင္၏ ႏိုင္ငံေရးဩဇာအရွိန္အဝါျဖင့္ ဝန္ႀကီး ခ်ဳပ္ရာထူးေနရာသို႔ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ေသာ္လည္း ႏိုင္ငံေရးအေတြ႕အႀကဳံမွာ ႏုနယ္လြန္းလွသည္။ ထိုင္း ႏိုင္ငံေရးလႈိင္းလုံးမ်ား၏ ႐ိုက္ပုတ္မႈဒဏ္ကို ခံႏိုင္ရည္ ရွိမွသာ သက္တမ္းျပည့္ တာဝန္ထမ္းေဆာင္ႏိုင္မည္ ျဖစ္သည္။ ထိုင္းႏိုင္ငံေရးကား ခက္ခဲရႈပ္ေထြးလြန္း သည္။ ဝန္ႀကီးခ်ဳပ္က ႏုနယ္လြန္းသည္။ ျမန္မာတို႔၏ နားႏွင့္ယဥ္ေအာင္ ေျပာရမည္ဆိုပါက ထိုင္းႏိုင္ငံေရး က ထန္ထန္၊ ဝန္ႀကီးခ်ဳပ္ အေတြ႕အႀကဳံက ႏုႏုဟု ဆိုခ်င္သည္။

Related news

© 2021. All rights reserved.