ပုဂံ ပျဉ်ပြားမင်းနန်းတော်ရာ အရှေ့ဘက်ကျုံးကို တူးဖော်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေ
262
စော (NP News) - ဩဂုတ် ၃ဝ
မြန်မာတို့၏ နှလုံးသည်းပွတ်ဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပျဉ်ပြားမင်းနန်တော်ရာ အရှေ့ ဘက်ကျုံးကို တူးဖော်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှညွန့်က NP News ကိုပြောသည်။
လက်ရှိတူးဖော်ရာတွင် ၁၉၉၀ ပြည့်နှစ်ခန့်က မတူးဖော်ဖြစ်ခဲ့သော နေရာကို ထပ်မံတူးဖော်ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။ ‘‘ကျုံးရဲ့မြောက်ဘက်ခြမ်းပေါ့။ အရှေ့ဘက်ပိုင်း မြောက်ဘက်အခြမ်းက ယခင် ၁၉၉၀ လောက်က တူး ဖော်ပြီးသားအပိုင်းဖြစ်တယ်။ အခု တူးဖော်မယ့်အပိုင်းက ၁၉၉၀ လောက်က မတူးဖော်ခဲ့တဲ့အပိုင်းတွေဖြစ်တယ်’’ဟု ဦးလှညွန့်ကပြောသည်။ ထိုသို့ တူးဖော်ရာတွင် ပုဂံခေတ်က တည်ရှိခဲ့သော ကျုံး၏တည်ဆောက်ပုံများ၊ မူလ သွင်ပြင် လက္ခဏာများ၊ အုတ်ရိုးဝင်းများ၊ ကျုံး၏အနေအထားများကို တွေ့မြင်နိုင်သော်လည်း မြေအောက်တွင် တူးဖော်တွေ့ရှိ ရမည့်ပစ္စည်းများကို ခန့်မှန်း၍ မရနိုင်သေးကြောင်း ၎င်းကပြောသည်။
‘‘နန်းမြို့ရိုးကျုံးအရှေ့ဘက်ခြမ်း၊ နန်းမြို့ရိုးကျုံး ပတ်လည်ကို ၂၀၂၃ ခုနှစ်မှာ ပြန်ပြီး နုံးဆယ်တဲ့ နေရာလေး အတိုင်း၊ ပုံမှန်လေးအတိုင်းကို ပြန်ပြီးတော့ ပုံဖော်တယ်။ ဒီနန်းမြို့ရိုးကျုံးတစ်ပတ်လုံးကို ကျုံးရှိခဲ့တယ်ဆိုတဲ့သက်သေ အထောက်အထားအတိုင်း ပြန်ပြီးတော့ စနစ်တကျပြန်လည်ဖော်ထုတ်ဖို့ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါကျူံးကို အများပြည်သူများ၊ မျိုးဆက်သစ်များ လေ့လာသိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ပြန်လည် တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။
ပုဂံမြို့ဟောင်းသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာငွေကြေးရန် ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများတွင် ရှေးဟောင်းသုတေသနဆိုင်ရာလေ့ လာဆောင်ရွက်မှု မဟာဗျူဟာ များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိနေပြီး မြေပေါ်၌မျက်မြင် ထင်ရှားကျန်ရှိသော ရှေးဟောင်းလက်ရာ အထောက်အထားများကို ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်ခြင်း၊ သုတေသနပြုခြင်းနှင့် ဖော်ထုတ်ထိန်း သိမ်းခြင်းများရှိကြောင်း သိရသည်။
zawgyi version
ပုဂံ ပ်ဥ္ျပားမင္းနန္းေတာ္ရာ အေရွ႕ဘက္က်ဳံးကို တူးေဖာ္ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္ေန
ေစာ (NP News) - ဩဂုတ္ ၃ဝ
ျမန္မာတို႔၏ ႏွလုံးသည္းပြတ္ျဖစ္ေသာ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ပ်ဥ္ျပားမင္းနန္ေတာ္ရာ အေရွ႕ ဘက္က်ဳံးကို တူးေဖာ္ထိန္းသိမ္းေရးလုပ္ငန္းေဆာင္႐ြက္ေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွး ေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးလွၫြန႔္က NP News ကိုေျပာသည္။
လက္ရွိတူးေဖာ္ရာတြင္ ၁၉၉၀ ျပည့္ႏွစ္ခန႔္က မတူးေဖာ္ျဖစ္ခဲ့ေသာ ေနရာကို ထပ္မံတူးေဖာ္ျခင္းျဖစ္ ေၾကာင္း ၎ကဆိုသည္။ ‘‘က်ဳံးရဲ႕ေျမာက္ဘက္ျခမ္းေပါ့။ အေရွ႕ဘက္ပိုင္း ေျမာက္ဘက္အျခမ္းက ယခင္ ၁၉၉၀ ေလာက္က တူး ေဖာ္ၿပီးသားအပိုင္းျဖစ္တယ္။ အခု တူးေဖာ္မယ့္အပိုင္းက ၁၉၉၀ ေလာက္က မတူးေဖာ္ခဲ့တဲ့အပိုင္းေတြျဖစ္တယ္’’ဟု ဦးလွၫြန႔္ကေျပာသည္။ ထိုသို႔ တူးေဖာ္ရာတြင္ ပုဂံေခတ္က တည္ရွိခဲ့ေသာ က်ဳံး၏တည္ေဆာက္ပုံမ်ား၊ မူလ သြင္ျပင္ လကၡဏာမ်ား၊ အုတ္႐ိုးဝင္းမ်ား၊ က်ဳံး၏အေနအထားမ်ားကို ေတြ႕ျမင္ႏိုင္ေသာ္လည္း ေျမေအာက္တြင္ တူးေဖာ္ေတြ႕ရွိ ရမည့္ပစၥည္းမ်ားကို ခန႔္မွန္း၍ မရႏိုင္ေသးေၾကာင္း ၎ကေျပာသည္။
‘‘နန္းၿမိဳ႕႐ိုးက်ဳံးအေရွ႕ဘက္ျခမ္း၊ နန္းၿမိဳ႕႐ိုးက်ဳံး ပတ္လည္ကို ၂၀၂၃ ခုႏွစ္မွာ ျပန္ၿပီး ႏုံးဆယ္တဲ့ ေနရာေလး အတိုင္း၊ ပုံမွန္ေလးအတိုင္းကို ျပန္ၿပီးေတာ့ ပုံေဖာ္တယ္။ ဒီနန္းၿမိဳ႕႐ိုးက်ဳံးတစ္ပတ္လုံးကို က်ဳံးရွိခဲ့တယ္ဆိုတဲ့သက္ေသ အေထာက္အထားအတိုင္း ျပန္ၿပီးေတာ့ စနစ္တက်ျပန္လည္ေဖာ္ထုတ္ဖို႔ေပါ့”ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါက်ဴံးကို အမ်ားျပည္သူမ်ား၊ မ်ိဳးဆက္သစ္မ်ား ေလ့လာသိရွိေစလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ ျပန္လည္ တူးေဖာ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ပုဂံၿမိဳ႕ေဟာင္းသည္ ကမာၻ႔အေမြအႏွစ္ေဒသ ျဖစ္သည့္အတြက္ အျပည္ျပည္ဆိုင္ရာေငြေၾကးရန္ ပုံေငြအဖြဲ႕ (IMF) ႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္လုပ္ငန္းမ်ားတြင္ ေရွးေဟာင္းသုေတသနဆိုင္ရာေလ့ လာေဆာင္႐ြက္မႈ မဟာဗ်ဴဟာ မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ရွိေနၿပီး ေျမေပၚ၌မ်က္ျမင္ ထင္ရွားက်န္ရွိေသာ ေရွးေဟာင္းလက္ရာ အေထာက္အထားမ်ားကို ပ်က္စီးဆုံးရႈံးမႈမရွိေစေရးအတြက္ ကာကြယ္ျခင္း၊ သုေတသနျပဳျခင္းႏွင့္ ေဖာ္ထုတ္ထိန္း သိမ္းျခင္းမ်ားရွိေၾကာင္း သိရသည္။