ရွှေထည် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တိတိကျကျ ဆောင်ရွက်စေလိုကြောင်း အကြံပြု
1910
ယွန်း (NP News) - စက်တင်ဘာ ၃
ရွှေစင်၊ ရွှေတုံးနှင့် ရွှေထည် လက်ဝတ်ရတနာ များ ရောင်းချခြင်းမှ ရောင်းရငွေနှင့် ပြည်ပမှ တင် သွင်းခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင် သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တိတိကျကျဆောင် ရွက်စေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို အကြံပြုပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ဩဂုတ်(၂၈)ရက်တွင် အသိ ပေးထုတ်ပြန်ထားသည်။
အဆိုပါဥပဒေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ(၃၁)ရက်အထိ အကျိုးသက်ရောက်စေရေးကိုလည်း ထုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ပုဒ်မ (၁၄) ပုဒ်မ ခွဲ(က)၏ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက် တွဲဇယားများ အမှတ်စဉ် (၃၉) တွင် ပါရှိသော ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါး များ) နှင့် ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ပြင် “ ရွှေစင်၊ ရွှေတုံးများ(စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ် ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်း ကောင်း၊ ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်းပေါ် ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း (၃)ရာခိုင် နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်စေ ရမည်။ သို့ ရာတွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေ တုံး၊ ရွှေဒင်္ဂါးများ) နှင့် ရွှေထည်လက်ဝတ် ရတနာများကို ပြည်တွင်း၌ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန် သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့ တင်ပို့စဉ် ပေးဆောင်ရသည့် ကျသင့် ကုန်သွယ် လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ” ကို (၂၀၂၄) ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ(၁၄)ပုဒ်မခွဲ (ဈ)ကို အစားထိုးရမည်ဖြစ်ကြောင်း နစကမှ ဖော်ပြထားသည်။
“တကယ်တမ်းတော့ ရွှေဈေးကို ချချင်တာ မှန် ရင်တော့ အခွန်ကို တိုးကောက်သင့်တယ်။ (၃) ရာခိုင်နှုန်းဆိုတာတောင် နည်းတယ်။ လူတွေက မဟုတ်တဲ့ နေရာမှာသွားပြီး အလုပ်လုပ်နေကြတာ။ ရွှေစုတာတို့ ဘာတို့ပေါ့။ တကယ့်လုပ်ငန်းခွင်ထဲကို ရောက်မလာ ဘူး။ ရွှေအရောင်းအဝယ်ကို ပုံမှန် လေးပဲထိန်းချင်တယ် ဆိုရင်တော့ (၃)ရာခိုင်နှုန်းဆိုတာတောင် နည်းတယ် လို့ မြင်မိတယ်။ အနည်းဆုံး (၅)ရာခိုင်နှုန်း၊ (၁၀)ရာ ခိုင်နှုန်းလောက်တောင် လုပ်သင့်တယ်။ ရွှေဆိုတာက ပိုမှစုဆောင်းကြတာလေ။ အရေးကြီး မဖြစ်မနေသုံးစွဲ ရတဲ့ ကုန်ပစ္စည်းမဟုတ်ဘူး။ အခုက ကျွန်တော်တို့ နိုင်ငံမှာက လုပ်ငန်းတွေ လုပ်မရတဲ့အခါကျတော့ ဈေးကွက်ကို ကစားကြတယ်။ ရွှေဈေးတက်တာ၊ ဒေါ် လာဈေးတက်တာနဲ့တင် ကျန်တဲ့ကုန်ပစ္စည်းတွေက လိုက်တက်နေတာ။ ရွှေဈေး မတက်မှရမယ်”ဟု ပြည် တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။
ဩဂုတ်(၃၀)ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း၏ ထုတ်ပြန်ချက်အရ အခေါက် ရွှေ တစ်ကျပ်သားလျှင် (၅၀၂၁၆၇၈) ကျပ် ဖြစ်ပြီး ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း(၇၀)ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “တကယ်တိတိကျကျလုပ်မယ် ဆိုရင် တော့ ရွှေဈေး တဖြည်းဖြည်းနဲ့ကျသွားနိုင်တဲ့ အနေအထား ရှိတာပေါ့။ ဒါပေမဲ့ ဥပဒေက ပြဋ္ဌာန်းလိုက် တယ်။ ဈေးကွက်ထဲမှာ ဘောက်ချာမဟုတ်ဘဲ စာရွက်လေး တစ် ရွက်နဲ့လုပ်စားနေတဲ့ဟာတွေ ကလည်း ရှိနေတော့ အခုလို တင်းကြပ်နေတဲ့အချိန်မှာလည်း အဲဒါတွေက ရှိနေတော့ ဘာမှပြောင်းလဲသွားမယ်လို့ မထင်မိဘူး။ စားသောက်ဆိုင်တွေလိုမျိုး ဘောက်ချာယူမလား၊ မယူလားဆိုတဲ့ ပြဿနာတွေတောင် ထပ်တက်လာနိုင် တယ်လို့ မြင်မိတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။
zawgyi version
ေ႐ႊထည္ ကုန္သြယ္လုပ္ငန္းခြန္ကို ျပင္ဆင္သတ္မွတ္ျခင္းႏွင့္ပတ္သက္၍ တိတိက်က် ေဆာင္႐ြက္ေစလိုေၾကာင္း အႀကံျပဳ
ယြန္း (NP News) - စက္တင္ဘာ ၃
ေ႐ႊစင္၊ ေ႐ႊတုံးႏွင့္ ေ႐ႊထည္ လက္ဝတ္ရတနာ မ်ား ေရာင္းခ်ျခင္းမွ ေရာင္းရေငြႏွင့္ ျပည္ပမွ တင္ သြင္းျခင္းအတြက္ ကုန္သြယ္လုပ္ငန္းခြန္ကို ျပင္ဆင္ သတ္မွတ္ျခင္းႏွင့္ပတ္သက္၍ တိတိက်က်ေဆာင္ ႐ြက္ေစလိုေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို အႀကံျပဳေျပာၾကားသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒပုဒ္မ ၄၁၉ အရ ၂၀၂၄ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို ျပင္ဆင္သည့္ ဥပေဒကို ျပ႒ာန္းလိုက္ေၾကာင္း ဩဂုတ္(၂၈)ရက္တြင္ အသိ ေပးထုတ္ျပန္ထားသည္။
အဆိုပါဥပေဒကို ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာ (၁)ရက္မွ ၂၀၂၅ ခုႏွစ္၊ မတ္လ(၃၁)ရက္အထိ အက်ိဳးသက္ေရာက္ေစေရးကိုလည္း ထုတ္ျပန္ခ်က္ တြင္ ထည့္သြင္းေဖာ္ျပထားသည္။ ၂၀၂၄ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္ အေကာက္ဥပေဒ ပုဒ္မ (၁၄) ပုဒ္မ ခြဲ(က)၏ ကုန္သြယ္လုပ္ငန္းခြန္ဥပေဒ ေနာက္ဆက္ တြဲဇယားမ်ား အမွတ္စဥ္ (၃၉) တြင္ ပါရွိေသာ ေ႐ႊစင္၊ ေ႐ႊတုံးမ်ား (စံခ်ိန္မီ ေ႐ႊေခ်ာင္း၊ ေ႐ႊတုံး၊ ေ႐ႊဒဂၤါး မ်ား) ႏွင့္ ဆိုသည့္စကားရပ္ကို ပယ္ဖ်က္ရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
ထို႔ျပင္ “ ေ႐ႊစင္၊ ေ႐ႊတုံးမ်ား(စံခ်ိန္မီ ေ႐ႊေခ်ာင္း၊ ေ႐ႊတုံး၊ ေ႐ႊဒဂၤါးမ်ား)ႏွင့္ ေ႐ႊထည္လက္ဝတ္ ရတနာမ်ား ေရာင္းခ်ျခင္းမွ ေရာင္းရေငြအေပၚတြင္လည္း ေကာင္း၊ ျပည္ပမွတင္သြင္းျခင္းအတြက္ ကုန္းေပၚ ေရာက္ တန္ဖိုးအေပၚတြင္လည္းေကာင္း (၃)ရာခိုင္ ႏႈန္းျဖင့္ ကုန္သြယ္လုပ္ငန္းခြန္က်သင့္ေစ ရမည္။ သို႔ ရာတြင္ ေ႐ႊစင္၊ ေ႐ႊတုံးမ်ား (စံခ်ိန္မီ ေ႐ႊေခ်ာင္း၊ ေ႐ႊ တုံး၊ ေ႐ႊဒဂၤါးမ်ား) ႏွင့္ ေ႐ႊထည္လက္ဝတ္ ရတနာမ်ားကို ျပည္တြင္း၌ဝယ္ယူစဥ္ သို႔မဟုတ္ ျပည္ပမွတင္သြင္းစဥ္က ေပးေဆာင္ခဲ့ရသည့္ ကုန္ သြယ္လုပ္ငန္းခြန္ကို ျပည္တြင္း၌ေရာင္းခ်စဥ္ သို႔မဟုတ္ ျပည္ပသို႔ တင္ပို႔စဥ္ ေပးေဆာင္ရသည့္ က်သင့္ ကုန္သြယ္ လုပ္ငန္းခြန္မွ ခုႏွိမ္ခြင့္မရွိေစရ” ကို (၂၀၂၄) ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ ဥပေဒ ပုဒ္မ(၁၄)ပုဒ္မခြဲ (ဈ)ကို အစားထိုးရမည္ျဖစ္ေၾကာင္း နစကမွ ေဖာ္ျပထားသည္။
“တကယ္တမ္းေတာ့ ေ႐ႊေဈးကို ခ်ခ်င္တာ မွန္ ရင္ေတာ့ အခြန္ကို တိုးေကာက္သင့္တယ္။ (၃) ရာခိုင္ႏႈန္းဆိုတာေတာင္ နည္းတယ္။ လူေတြက မဟုတ္တဲ့ ေနရာမွာသြားၿပီး အလုပ္လုပ္ေနၾကတာ။ ေ႐ႊစုတာတို႔ ဘာတို႔ေပါ့။ တကယ့္လုပ္ငန္းခြင္ထဲကို ေရာက္မလာ ဘူး။ ေ႐ႊအေရာင္းအဝယ္ကို ပုံမွန္ ေလးပဲထိန္းခ်င္တယ္ ဆိုရင္ေတာ့ (၃)ရာခိုင္ႏႈန္းဆိုတာေတာင္ နည္းတယ္ လို႔ ျမင္မိတယ္။ အနည္းဆုံး (၅)ရာခိုင္ႏႈန္း၊ (၁၀)ရာ ခိုင္ႏႈန္းေလာက္ေတာင္ လုပ္သင့္တယ္။ ေ႐ႊဆိုတာက ပိုမွစုေဆာင္းၾကတာေလ။ အေရးႀကီး မျဖစ္မေနသုံးစြဲ ရတဲ့ ကုန္ပစၥည္းမဟုတ္ဘူး။ အခုက ကြၽန္ေတာ္တို႔ ႏိုင္ငံမွာက လုပ္ငန္းေတြ လုပ္မရတဲ့အခါက်ေတာ့ ေဈးကြက္ကို ကစားၾကတယ္။ ေ႐ႊေဈးတက္တာ၊ ေဒၚ လာေဈးတက္တာနဲ႔တင္ က်န္တဲ့ကုန္ပစၥည္းေတြက လိုက္တက္ေနတာ။ ေ႐ႊေဈး မတက္မွရမယ္”ဟု ျပည္ တြင္းရွိ စီးပြားေရး လုပ္ငန္းရွင္ႀကီးတစ္ဦးက ဆိုသည္။
ဩဂုတ္(၃၀)ရက္တြင္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း ရွင္မ်ားအသင္း၏ ထုတ္ျပန္ခ်က္အရ အေခါက္ ေ႐ႊ တစ္က်ပ္သားလွ်င္ (၅၀၂၁၆၇၈) က်ပ္ ျဖစ္ၿပီး ေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္သိန္း(၇၀)ေက်ာ္အထိ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။ “တကယ္တိတိက်က်လုပ္မယ္ ဆိုရင္ ေတာ့ ေ႐ႊေဈး တျဖည္းျဖည္းနဲ႔က်သြားႏိုင္တဲ့ အေနအထား ရွိတာေပါ့။ ဒါေပမဲ့ ဥပေဒက ျပ႒ာန္းလိုက္ တယ္။ ေဈးကြက္ထဲမွာ ေဘာက္ခ်ာမဟုတ္ဘဲ စာ႐ြက္ေလး တစ္ ႐ြက္နဲ႔လုပ္စားေနတဲ့ဟာေတြ ကလည္း ရွိေနေတာ့ အခုလို တင္းၾကပ္ေနတဲ့အခ်ိန္မွာလည္း အဲဒါေတြက ရွိေနေတာ့ ဘာမွေျပာင္းလဲသြားမယ္လို႔ မထင္မိဘူး။ စားေသာက္ဆိုင္ေတြလိုမ်ိဳး ေဘာက္ခ်ာယူမလား၊ မယူလားဆိုတဲ့ ျပႆနာေတြေတာင္ ထပ္တက္လာႏိုင္ တယ္လို႔ ျမင္မိတယ္” ဟု အထက္ပါ လုပ္ငန္းရွင္က ေျပာသည္။