အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး

 4041

သန့်ဇင် (NP News) - စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ခွင့်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၅ရက်)၊ ည ၁၁နာရီ ၃၈မိနစ်အချိန်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂) လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝင်တိုက်တဲ့ကားက အိမ်စီးကားပါ။ အင်းစိန်ကလိုင်စင်နဲ့ ကားပါ။ ရပ်ထားတဲ့ ကွန်တိန်နာကားကို နောက်ကဝင်တာ။ တိုက်ထားတဲ့ အရှိန်နဲ့ ကားခေါင်းထဲလူနာက ညပ်နေတာ။ ဘယ်လိုဖြစ်ပြီးတိုက်တာလဲဆိုတာတော့ သက်ဆိုင်ရာက စစ်ဆေးနေတုန်းပါ။ ကြည့်ရတာတော့ သင်္ဃန်းကျွန်း၊ စံပြဈေးဘက်က လာရင်းနဲ့ တိုက်မိတာလို့ ယူဆရပါတယ်။ အရှိန်ကတော်တော်ပြင်းတယ်”ဟု ရှင်သန်ခွင့်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အိမ်စီးကားပေါ်မှ အသက်(၃၉)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာပါတဲ့ အုန်နာစာအုပ်နဲ့ လိုင်စင်ကိုကြည့်ပြီးပြောရရင်တော့ (၁၉၈၅)ခုနှစ်လို့ပြောတယ်။ အဲဒီတော့ အသက်(၃၉)ပေါ့။ ကားခေါင်းထဲမှာ ညပ်နေတော့ ဆွဲထုတ်ပြီးဆေးရုံပို့ပေးခဲ့တာပါ။ မိသားစုနဲ့အဆက်အသွယ်ရဖို့ကတော့ သက်ဆိုင်ရာက အကုန်ဆက်လုပ်တာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ရက်၊ ညပိုင်းကလည်း ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမပေါ် လှည်းတန်းဂုံးတံတားအောက်ရှိ အုတ်နံရံကို Honda Fit ကားတစ်စီးက အရှိန်လွန် ဝင်တိုက်မိရာ အမျိုးသား(၂)ဦးပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
အေရွ႕ဒဂုံၿမိဳ႕နယ္တြင္ ရပ္ထားသည့္ ကြန္တိန္နာကားကို အိမ္စီးကားက ေနာက္မွဝင္တိုက္မိရာ ယာဥ္ေမာင္းပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - စက္တင္ဘာ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ ရပ္ထားသည့္ ကြန္တိန္နာကားကို အိမ္စီးကားက ေနာက္မွဝင္တိုက္မိရာ ယာဥ္ေမာင္းပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ရွင္သန္ခြင့္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၅ရက္)၊ ည ၁၁နာရီ ၃၈မိနစ္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္၊ အမွတ္(၂) လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဝင္တိုက္တဲ့ကားက အိမ္စီးကားပါ။ အင္းစိန္ကလိုင္စင္နဲ႔ ကားပါ။ ရပ္ထားတဲ့ ကြန္တိန္နာကားကို ေနာက္ကဝင္တာ။ တိုက္ထားတဲ့ အရွိန္နဲ႔ ကားေခါင္းထဲလူနာက ညပ္ေနတာ။ ဘယ္လိုျဖစ္ၿပီးတိုက္တာလဲဆိုတာေတာ့ သက္ဆိုင္ရာက စစ္ေဆးေနတုန္းပါ။ ၾကည့္ရတာေတာ့ သဃၤန္းကြၽန္း၊ စံျပေဈးဘက္က လာရင္းနဲ႔ တိုက္မိတာလို႔ ယူဆရပါတယ္။ အရွိန္ကေတာ္ေတာ္ျပင္းတယ္”ဟု ရွင္သန္ခြင့္လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အိမ္စီးကားေပၚမွ အသက္(၃၉)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ကားေပၚမွာပါတဲ့ အုန္နာစာအုပ္နဲ႔ လိုင္စင္ကိုၾကည့္ၿပီးေျပာရရင္ေတာ့ (၁၉၈၅)ခုႏွစ္လို႔ေျပာတယ္။ အဲဒီေတာ့ အသက္(၃၉)ေပါ့။ ကားေခါင္းထဲမွာ ညပ္ေနေတာ့ ဆြဲထုတ္ၿပီးေဆး႐ုံပို႔ေပးခဲ့တာပါ။ မိသားစုနဲ႔အဆက္အသြယ္ရဖို႔ကေတာ့ သက္ဆိုင္ရာက အကုန္ဆက္လုပ္တာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို ရွင္သန္ခြင့္လူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္ျဖင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ ၂၈ရက္၊ ညပိုင္းကလည္း ကမာ႐ြတ္ၿမိဳ႕နယ္၊ ဗဟိုလမ္းမေပၚ လွည္းတန္းဂုံးတံတားေအာက္ရွိ အုတ္နံရံကို Honda Fit ကားတစ္စီးက အရွိန္လြန္ ဝင္တိုက္မိရာ အမ်ိဳးသား(၂)ဦးပြဲခ်င္းၿပီး ေသဆုံးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.