ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့မျှော်ကြည့်ခြင်း (အပိုင်း-၃)

 5119

ဒေါက်တာအေး‌မောင် (NP News) - စက်တင်ဘာ ၇

နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လုံခြုံရေးဆိုင်ရာမိန့်ခွန်းမှ အလေးထား သတိပြုမှတ်ယူသင့်သည့် အချက်အချို့

၁၂။ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၂၀၂၄) ခုနှစ် ဩဂုတ်လ (၅) ရက် ညနေပိုင်းတွင် နိုင်ငံတော်သို့ မိနစ် (၂၀) ကြာ လုံခြုံရေးဆိုင်ရာ မိန့် ခွန်းကို ပြောကြားခဲ့ရာ ယင်းမှ အလေးထားသတိပြုသင့်သည့် အချက်အချို့ကို ထုတ်နုတ်ကြည့် ဖြစ်မိပါ၏။

(က)လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ် သူတို့လိုချင်သည့် လက္ခဏာမျိုး ရရှိစေလိုသော ပြည်ပနိုင်ငံအချို့က လက်နက်ကိုင် သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောကွဲသူများ၊ အကြမ်းဖက်အဖွဲ့များကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ လက်နက်ခဲယမ်း၊ နည်းပညာနှင့် အုပ်ချုပ် မှုရရှိအောင် ဆောင်ရွက်ပေးနေကြောင်း ညွှန်ပြ၏။

(ခ)တရုတ်-မြန်မာ နယ်စပ်ရှိ EAOs နယ်မြေအချို့ ၌ လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည် ဆောက်ထားသည်ကို တွေ့ရကြောင်း၊ ထူထောင်နိုင်ဖို့ ငွေကြေး၊ နည်းပညာ ဘယ်ကရသည်ကို ဆန်းစစ် သွားရမည်ဖြစ်ကြောင်းနှင့် drop bomb များ၊ ရှော့တိုက်ဒုံးများသည် နည်းပညာအရ အဆင့်မြှင့်တင်ပြင် ဆင်ထားပြီး drone များသည် ပြင်ပကြေးစားနည်း ပညာရှင်များနှင့် အဆင့်မြှင့်ထားသည်ကိုတွေ့ရ ကြောင်း အလေးထားပြောကြားခဲ့သည်ကိုတွေ့ရ၏။

(ဂ) သောင်းကျန်းသူခေါင်းဆောင်များ၏ စစ် ဘုရင် ဝါဒ ပြန်လည်ကြီးစိုးလာကြောင်း၊ အလင်းထဲကနေ အမှောင်ထဲကို ပြည်သူတွေပြန်ရောက်ရတော့မည့် အခြေအနေဖြစ်သဖြင့် မြန်မာ့တပ်မတော်အနေဖြင့် ဤကဲ့သို့ အခြေအနေရောက်မည်ကို လုံးဝ ခွင့်ပြုပေးမည်မဟုတ်ဟု ကတိပြုသည်ကိုတွေ့ရ၏။

(ဃ) MNDAA, TNLA သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များ၏ နောက်ကွယ်က အားပေးအားမြှောက်ပြု နေသည့် ပြည်တွင်းပြည်ပနေ လောက်ကောင်များနှင့် ချိတ်ဆက်ပြီး ၎င်းတို့ကိုခိုင်းစေသည့်နိုင်ငံများ၏ အလိုကို မြန်မာပြည်သူလူထု စိတ်မချမ်းသာအောင် အင်အားလျော့အောင် ဝါဒဖြန့်ချိမှုများလုပ်နေသကဲ့ သို့ ရှမ်းမြောက်ဖြစ်စဉ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်ရှိရောက်ရှိနေရာလုံခြုံရေးနှင့် ခိုလှုံလာသည့် ပြည်သူများ အန္တရာယ်ကင်းရေးအတွက် ဆုတ်ခွာခဲ့ရ သည်များလည်းရှိသည်ဟု ဝန်ခံအသိပေးသည်ကို လည်းတွေ့ရ၏။

(င)လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဖြေရှင်း နေမှု များသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် လုံးမှ လုံးဝလက်ခံ၍ မရနိုင်သဖြင့် ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး ချေမှုန်းသွားရန်လိုကြောင်းချပြ၏။

ရှမ်းပြည်နယ်မြောင်ပိုင်းဒေသကိုသာ မဟုတ်ဘဲ နိုင်ငံတော်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သည်ဟု လေးနက်တည်ကြည်စွာ ကတိပြုသည်ကို တွေ့ရ၏။

(စ) ယနေ့ ကမ္ဘာ့ရေးရာအခြေအနေသည် အလွန် တရာ နက်နဲရှုပ်ထွေးလာသဖြင့် မြန်မာနိုင်ငံအား ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ အားလုံး စည်း လုံးညီညွတ်ရန်လိုကြောင်း၊ လက်ရှိပဋိပက္ခများကို စည်းလုံးညီညွတ်မှုအားနှင့်သာ ရင်ဆိုင်နိုင်မည်ဖြစ် ကြောင်းနှင့် တပ်မတော်နှင့် မျိုးချစ်ပြည်သူလူထု ရှိနေသမျှ မြန်မာနိုင်ငံတည်တံ့ခိုင်မြဲရပါမည်။ တည်တံ့ ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမည်ဟု ပြည်သူ သို့ အာမခံယင်း နိဂုံးချုပ်ခဲ့သည်ကို တွေ့ရ၏။

စစ်ဘုရင်ဝါဒ၊ စစ်အခြေပြုစီးပွားရေးနှင့်စစ်ရှိန်မြင့်လာသည့် လက်နက်ကိုင်ပဋိပက္ခစစ်ဘုရင်ဝါဒသည် အမျိုးသားရေးလှိုင်းကိုစီးတတ်၏

၁၃။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လုံခြုံရေး ဆိုင်ရာမိန့်ခွန်း၌ “သောင်းကျန်းသူ ခေါင်းဆောင် များ၏ စစ်ဘုရင်ဝါဒ ပြန်လည်ကြီးစိုးလာသည် ”ဟု သုံးသပ်ပြသည့် စကားရပ်၏ အတိမ်အနက်ကို ဆန်းစစ် ဖြစ်၏။ စစ်ဘုရင် ( war lord ) ဟူသော ဝေါဟာရ သည် “ တရားဝင်ဖွဲ့စည်းထားခြင်း မဟုတ် သော စစ်အုပ်စုတစ်ခု၏ခေါင်းဆောင်ကို ခေါ်ခြင်းဖြစ်ပြီး ယင်းအုပ်စုသည် နိုင်ငံတစ်ခု သို့မဟုတ် နယ် မြေ ဧရိယာတစ်ခုအတွင်း၌ တခြားစစ်အုပ်စုများနှင့် ဆန့်ကျင် တိုက်ခိုက်ကာ စစ်မက် ပြိုင်ဆိုင်နေ ကြသူများဖြစ်၏” ဟု ဖွင့်ဆိုကြ၏။ စစ်ဘုရင်တို့သည် အချင်းချင်း သူ နိုင်ကိုယ်နိုင်စစ်မက်ပြိုင်ဆိုင်ကာ ဒေသနေ လူထု၏ ဘဝပေါင်းများစွာကို နင်းခြေဖျက်ဆီးကြ၏။ အလုံးစုံ ပျက်စီးစေမည့်လမ်းကို ရွေး တတ်ကြ၏။ စစ်ဘုရင်ဝါဒသည် သူတစ်လူငါတစ်မင်း ဝါဒဖြစ်၏။ လူထုအတွက် အမှောင်ခေတ်ဖြစ်၏။ မည်သည့်အခါမှ ခေါင်းထောင် မလာနိုင်ရေးသည် လိုအပ်၏။ စစ်ဘုရင်ဝါဒသည် စစ်အောင်နိုင်ရေး အတွက် အမျိုးသားရေးလှိုင်းကို စီး တတ်၏။ စစ်ဘုရင်ဝါဒသည် အမျိုးသားလွတ်မြောက်ရေးခေါင်းစဉ် ဖြင့် သက်ဆိုးရှည်စေစွမ်းတတ်ကြ၏။ စစ်ဘုရင်ဝါဒသည် အမျိုးသားရေးဝါဒနှင့် အတွဲညီညီ ပေါင်းစပ် သည့်အခါ အမြင့်ဆုံးသော စစ်အရှိန်ကို ဖြစ်စေ၏။

မြန်မာ့နိုင်ငံရေးပဋိပက္ခ၌ အချင်းချင်းတိုက်ခိုက် စစ်မက်ပြိုင်နေကြရသည့်အကြောင်းရင်းကို နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့်သာ အဖြေ ရှာသင့်၏။ အချင်းချင်းအကြမ်း ဖက်တိုက် ခိုက်မှုနှင့် ဖြေရှင်းခြင်းသည် ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းနှင့် မအပ်စပ်သဖြင့် လက်ခံရန် မသင့် ညီညီ ညွတ်ညွတ် ဘုံရန်သူအဖြစ်သတ်မှတ်ကာ စစ်ဘုရင် ဝါဒ ကျဆုံး ရေးချေမှုန်းသွားရန်လို၏။

စစ်အခြေပြုစီးပွားရေးခေါင်းထောင်လာခြင်း
စစ်ဘုရင်ဝါဒနှင့်အတူ ခေါင်းထောင်လာသည့် စစ်အခြေပြုစီးပွားရေးသည် လူ့အဖွဲ့အစည်း အတွက် အန္တရာယ်ကြီး၏။ စစ်ပွဲ၏ အရှိန်အဟုန်ကို ပိုမိုမြင့် မားစေမည့် လောင်စာဆီဖြစ်၏။ စစ်ဘုရင် ဝါဒကြောင့် စစ်ပွဲသည်ဖြစ်၏။ နယ်မြေမအေးချမ်း တရားဥပဒေစိုး မိုးခြင်းမရှိ၊ မငြိမ်သက်သည်ကို အခြေ ပြု၍ စစ်ရှိန် ပိုမြင့်စေနိုင်သည့် ခေတ်မီစစ်လက်နက် ပစ္စည်း၊ တပ် ဖွဲ့ဝင်အင်အား စုဆောင်းမှုစသည့် ထောက်ပို့လုပ်ငန်း အားလုံးအတွက် ဘဏ္ဍာငွေရရှိရေးသည် လိုအပ်၏။ ဘဏ္ဍာငွေရရှိရေးအတွက် တရားမဝင်နည်းလမ်း ပေါင်းစုံကိုသုံးကြ၏။ ဘဏ္ဍာငွေ အရင်းအမြစ်ရှာပြီး စစ်လက်နက်ပစ္စည်း စုဆောင်းကာ စစ်ရှိန်ပိုမြင့်သည် ထက်မြင့်စေခြင်းဖြင့် စစ်နွံနစ်သည့်သံသရာသည် လည်ပတ်မြဲ လည်ပတ်၏။ စစ်အခြေပြု စီးပွားရေးသည် စစ်ဘုရင်ဝါဒကို သက်ဆိုးရှည်စေ၏။ စစ်အခြေပြုစီးပွား ရေးတွင် အဆိုးရွားဆုံးနှင့် လူသားထုတစ်ရပ်လုံးကို ဒုက္ခအပေးဆုံးသည် မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်ရောင်းဝယ်မှုဖြစ်၏။

မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို ၎င်းတို့၏ အဖွဲ့အစည်းကိုတည်ဆောက်ကြရာ၌ ဘဏ္ဍာရေးသည် အရေးကြီးဆုံးဖြစ်၏။ ဘဏ္ဍာရေး ရင်းမြစ်သည် အသက်ဖြစ်၏။ အခရာ အကျဆုံး လည်း ဖြစ်၏။ အဆိုပါ အရင်းအမြစ်ကို တပ်မတော်သည် အစိုးရက ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲ၏။ တော်လှန် ရေးခေါင်းစဉ်တပ်ထားသော လက်နက်ကိုင်အဖွဲ့အ စည်းများသည် မူဝါဒအရ အားပေးကူညီ သည့် ပြည်ပနိုင်ငံအချို့မှလည်းကောင်း၊ တော်လှန်ရေးနယ်မြေအတွင်းရှိ သဘာဝရင်းမြစ်များဖြစ်သည့် တွင်းထွက် ကျောက်မျက်၊ ကျောက်စိမ်း၊ ပယင်း၊ နီလာ၊ ဓာတ် သတ္တုများ၊ သစ်၊ ရော်ဘာ၊ လက်ဖက်နှင့် ကော်ဖီ စသည့်ထုတ်ကုန်များ ရောင်းချခြင်းဖြင့်လည်းကောင်း၊ တရားမဝင်နယ်စပ် ကုန်သွယ်မှုဖြင့် လည်းကောင်း၊ လူမျိုးတူ ပြည်ပရောက် မျိုးချစ်လုပ်သားအင်အားစု၏ ထောက်ပံ့မှု ဖြင့်လည်းကောင်း နည်းမျိုးစုံဖြင့် ဘဏ္ဍာ ငွေ ရှာဖွေစုဆောင်းကြ၏။

နည်းတူ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းအတွက် ခံယူချက်မြင့်မားပြီး စစ်စည်းကမ်း၊ စစ်စွမ်း ရည် ပြည့်ဝသော၊ အမြဲအသင့်အဖြစ် လေ့ကျင့်ထားသည့် စစ်သည်အင်အားသည်လည်း အလွန်အရေး ပါ၏။ လူသစ်စုဆောင်းခြင်း၊ လေ့ကျင့်ခြင်း၊ တာဝန်အပ် နှင်းခြင်း၊ တာဝန်ကျေပွန်စေခြင်း၊ စစ်သည် တစ်ဦး၏ ဂုဏ်သိက္ခာနှင့်လျော်ညီသော အဆောင်အယောင်၊ ချီးမြှင့်လစာ၊ ထောက်ပံ့မှုပြုခြင်းနှင့် တာဝန် ကျေပွန်မှုအပေါ် အသိအမှတ်ပြုခြင်း၊ ချီးကျူးဂုဏ်ပြုခြင်း တို့သည် စဉ်ဆက်မပြတ်လိုအပ်၏။ သို့ဖြင့် တပ်တည် ဆောက်မှုလုပ်ငန်းစဉ်အဆင့်ဆင့်၏ အဓိကနေရာ၌ ဘဏ္ဍာရေးကဏ္ဍသည် မရှိမဖြစ်တည် ရှိ၏။ အခရာလည်း ကျ၏။

အချို့တော်လှန်ရေးအမည်တပ် အဖွဲ့အစည်းကြီးများသည် မိမိအဖွဲ့အစည်းသုံးစွဲရန်နှင့် ဘဝတူ အဖွဲ့အစည်းများသို့ရောင်းချရန် ခေတ်မီလက်နက်ခဲယမ်း မီးကျောက်စက်ရုံများတည်ဆောက်ပြီး စစ်လက်နက် ပစ္စည်းအခြေပြုစီးပွားရေးကို ငြိမ်းချမ်းမှု ထီးရိပ်နှင့် အတူ စစ်အခြေပြုစီးပွားရေး လုပ်ငန်းကြီးအဖြစ် အောင်မြင်အောင်ဆောင်ရွက်ကြ၏။ မြန်မာ-တရုတ် နယ်စပ်အထူးဒေသများ၌ အနည်းဆုံး လက်နက်စက် ရုံကြီး (၆)ရုံရှိသည်ဟု သတင်းများ၌ ဖတ်မှတ်ဖူး၏။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်းဆိုသည်မှာ အဆိုပါတည်ရှိမှု ဖြစ်ဟန်တူ၏။

မြန်မာ့တပ်မတော်၌ အစိုးရနှင့် မပတ်သက်သော တပ်မတော်ဆိုင်ရာ အထူးစီးပွားရေးလုပ်ငန်း များ ရှိကြ၏။ ဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့သည် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်၏။ မြဝတီနှင့် အင်းဝဘဏ်သည် ထင်ရှားသည့် ငွေရေး ကြေးရေး အခြေပြုအဖွဲ့အစည်းများဖြစ်၏။ တပ်မ တော်သား အငြိမ်းစားများဦးဆောင်သည့် ကမ္ဘာ့ ရတနာဘဏ်သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် ဖြစ်၏။

စစ်အခြေပြု မူးယစ်ဆေးဝါးလုပ်ငန်း၏အတိတ်နှင့် ပစ္စုပ္ပန်
၁၄။ စစ်အခြေပြု စီးပွားရေးလုပ်ငန်း၌ အဆိုးရွားဆုံး ဖြစ်သည့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် သယ်ယူ ရောင်းချသည့် လုပ်ငန်းသည် လူသားထု တစ်ရပ်လုံး ကို အန္တရာယ်အပေးဆုံးဖြစ်၏။ မူးယစ် ဆေးဝါး ကုန် သွယ်မှုသမိုင်း၌ လက်နက်ကိုင်အဖွဲ့အစည်းများ သည် ဆက်စပ်မှုရှိ၏။ ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ)ဗဟိုသည် စစ်ရေးအကျပ်အတည်းကြောင့် ရှမ်းမြောက် (အရှေ့မြောက်ဒေသ) သို့ ပြောင်း ရွှေ့ရ စဉ် နိုင်ငံခြားစစ်ရေးအကူအညီ ဖြတ်တောက်ခံရခြင်း ကြောင့်လည်းကောင်း၊ ဘဏ္ဍာငွေလိုအပ် ချက်များ ကြောင့်လည်းကောင်း၊ ဘိန်းကုန်ကူးခြင်းကို ပြုခဲ့ရ၏။ (ဗကပ)ပြိုကွဲပြီးနောက်တွင် ဆက်ခံ ခဲ့သည့် တပ်မ ဟာမှူးများဦးဆောင်သော ကိုးကန့်၊ ဝ၊ မိုင်းလားတို့ သည်လည်းကောင်း၊ MTA ဦးခွန် ဆာသည်လည်း ကောင်း၊ ကိုးကန့်ခေါင်းဆောင် ဦးလော်စစ်ဟန်သည် လည်းကောင်း၊ ဘိန်း၊ ဘိန်းဖြူ ထုတ်လုပ်ရောင်းချခြင်း မူးယစ်ဆေးဝါးစီးပွားရေးဖြင့် အမည်ဆိုးထွက်ခဲ့၏။ အချို့သည် အမေရိကန် DEA ၏ အလိုရှိသူများ စာရင်းတွင် ပါရှိခဲ့သည်ဟု သိရ၏။

အဆိုပါကာလ၌ ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်း အရှေ့တို့သည်လည်းကောင်း၊ ကချင်သည်လည်း ကောင်း၊ ကယားသည်လည်းကောင်း၊ ဘိန်းစိုက်ပျိုး ရာ၌ ထင်ရှား၏။ မိုးဟိန်းစစ်ဆင်ရေး အဆင့်ဆင့် သည် ဘိန်းကုန်ကူးမှုတိုက်ဖျက်သည့် စစ်ဆင်ရေးဖြစ်၏။ (မဆလ)အစိုးရလက်ထက်ကတည်းက တိုက် ဖျက် လာခြင်းဖြစ်၏။ နယ်မြေမအေးချမ်းမှုသည် လက်နက်ကိုင်ပြဿနာနှင့်ဆက်စပ်သလို မူးယစ် ဆေးဝါး ဘိန်း စိုက်ပျိုးမှုနှင့် ဘိန်းဖြူချက်လုပ်မှုသည်လည်း ဆက် စပ်၏။ ဝ နှင့် မိုင်းလားဒေသသည် နဝတ၊ နယက နှင့် အပစ်အခတ်ရပ်၊ ငြိမ်းချမ်းမှုရယူပြီးနောက် ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဘိန်း အစားထိုး သီးနှံ စိုက်ပျိုးရေးစီမံကိန်းများဖြင့် အကောင်အထည် ဖော်ကြ၏။ ဂျပန်အစိုးရသည် ဘိန်းအစားထိုးသီးနှံ ပန်းဂျုံစိုက်ပျိုးရေးစီမံကိန်းဖြင့်လည်းကောင်း၊UNDP သည် မိုင်းလားဒေသ၌ ရုံးထိုင်ကာUNDPအနေ ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ပြီး ဘိန်း စိုက်ပျိုးရေး ပပျောက်အောင် ကြိုးစားခဲ့၏။ ဝ နှင့် မိုင်း လားဒေသတွင် ရော်ဘာ၊ လက်ဖက်စိုက်ခင်းများ၊ မွေး မြူရေးလုပ်ငန်း များ၊ သတ္တုရှာဖွယ်ရေးလုပ်ငန်းများဖြင့် ဘိန်းစိုက်ပျိုးမှုကို အောင်မြင်စွာ အစားထိုးကြ၏။ ဘိန်းစိုက်ပျိုးမှု ပပျောက်ပြီဟု ရှမ်းမြောက်ရှိ ဝ နှင့် ရှမ်းအရှေ့ရှိ မိုင်းလားသည် ကမ္ဘာသိ ကြေညာထား ပြီးဖြစ်၏။

သို့သော်လည်း ယခုနောက်ပိုင်းတွင် ရှမ်း မြောက်သည် ဘိန်းနှင့် ဘိန်းဖြူအပြင် (မက်သာဖတ် တာမင်း၊ ICE) ထုတ်လုပ်သည့်နယ်မြေအဖြစ် ပိုထင် ရှားလာ၏။ ပြည်တွင်းစစ်ပဋိပက္ခကြောင့် နယ်မြေ မအေးချမ်း မငြိမ်မသက်ဖြစ်၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားနှင့် တရားဥပဒေစိုးမိုးမှုသည် နယ်မြေအနှံ့ မရောက်သည့်အခါ ဥပဒေအရ ခွင့်မပြုသော ငွေရ လွယ်ကူသည့် မူးယစ်ဆေးဝါး စီးပွားရေးလုပ်ငန်းသည် တွင်ကျယ်လာ၏။

မြန်မာပြည်တွင်း၌ ယခုကာလ ဖမ်းဆီးရမိသမျှ သော မူးယစ်ဆေးဝါးများ (အထူးသဖြင့် မက်သာဖတ် တာမင်း၊ ICE) ၏ မူလဇာစ်မြစ်လာရာ လမ်းကြောင်း သည် တစ်ခုတည်းဖြစ်၏။ ယင်းမှာ ရှမ်းမြောက် (အရှေ့ မြောက်ဒေသ) ဖြစ်၏။ အထူးသတိပြုဖွယ် ဖြစ်၏။ တရုတ်-မြန်မာ နှစ်နိုင်ငံဖြေရှင်းအပ်သည့် စစ်အခြေပြု စီးပွားရေးလုပ်ငန်းများအနက် လူသားထု တစ်ရပ်လုံးကို အန္တရာယ်အပေးဆုံး စီးပွားရေး လုပ်ငန်းဖြစ်သည်ကို သတိပြုအပ်၏။ ကျားဖျန့်လုပ် ငန်းထက် ဆိုးရွား၏။ ပြီးခဲ့သည့်ကာလ၌ ကွတ်ခိုင် မြို့ နယ်-ကောင်းခါးဒေသ(ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ - ၅၊ KDA ) တွင် ကျပ်ဘီလျံများစွာ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ (မူးယစ်ဓာတ်ခွဲခန်း၊ ဓာတ်ခွဲခန်းသုံး ဆက်စပ်ပစ္စည်းများ၊ ဓာတုကုန် ကြမ်း ဆေးဝါးများ) ဖမ်းဆီးရမိမူသည် ရှမ်းမြောက်သမိုင်း၌ အကြီးဆုံးဖြစ်၏။ ရှမ်းမြောက်အခြေပြု မူးယစ်ဆေး ဝါးသယ်ပို့လမ်းကြောင်း (၅) ကြောင်းတွေ့ရ၏။

(၁) ရှမ်းမြောက်-မန္တလေး-ရန်ကုန်/ပုသိမ်- မလေး ရှား/ဘင်္ဂလားဒေ့ရှ်သို့ နိုင်ငံတကာရေလမ်းခရီး
(၂) ရှမ်းမြောက်-မန္တလေး/တောင်ကြီး-ရှမ်း တောင်/ရှမ်းအရှေ့ - ထိုင်းနိုင်ငံမှတစ်ဆင့်
(၃) ရှမ်းမြောက်-မန္တလေး-ပဲခူး-မော်လမြိုင်/ ကော့သောင်း-မလေးရှား(ပီနံ)ရေလမ်းခရီးမှတစ် ဆင့်
(၄) ရှမ်းမြောက်-မန္တလေး-မကွေး-အမ်း- ပုဏ္ဏား ကျွန်း-စစ်တွေ/မောင်တောမှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်
(၅) ရှမ်းမြောက်-မန္တလေး-မကွေး-ပြည်- တောင် ကုတ်-ရေလမ်းခရီးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်
စသည့် လမ်းကြောင်းတို့ ဖြစ်ကြ၏။

စစ်အခြေပြုစီးပွားရေးလုပ်ငန်းများအနက် မူး ယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်သည့် လုပ်ငန်း များတွင် ကိုယ်တိုင်ပါဝင်ပတ်သက်သည့်လူငယ်များ၊ မူးယစ်ဆေးဝါးသယ်ပို့သည့်လုပ်ငန်း၌ ပါဝင်သည့် လူငယ်များ၊ သုံးစွဲသောလူငယ်များ စသည့် အနာဂတ် ကိုဦးဆောင်မည့်လူငယ်ထုသည် မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ပို့ သုံးစွဲမှု သံသရာ၌ မည်မျှနက်ရှိုင်းစွာ ပါဝင်ပြီး မူးယစ်ဆေးဝါးသားကောင်ဘဝဖြင့် မည်မျှ အသုံးချခံနေကြရပြီနည်းဟူသည့် မေးခွန်းသည် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့်စစ်ဆင်ရေး ဆက်စပ်မှု သုံးသပ်ချက်များအရ ခေတ်သစ်စစ်နည်းဗျူဟာ ၌ မူးယစ်ဆေးဝါးသည် စစ်အောင်နိုင်ရေး၏ အခြေခံ ကျသော စိတ်ဓာတ်မြှင့်တင်ရေး လက်နက်ကိရိယာ တစ်ခု အမှန်ပင်ဖြစ်နေပြီလား ဟူသည့် မေးခွန်း၊ မူးယစ်ဆေးဝါးကို စစ်တိုက်လိုစိတ်လှုံ့ဆွဆေးအဖြစ် အသုံးပြုမှုသတင်းများအရ မြန်မာ့နိုင်ငံရေး စစ်ရေး ပဋိပက္ခတွင် မူးယစ်ဆေးဝါးကို ကဏ္ဍအလိုက် တွင် တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ လားဟူ သည့် မေးခွန်းအားလုံးတို့၏ တစ်ခုတည်းသောအဖြေသည် “ဟုတ်မှန်၏” ဟု ဖြေရဲကြရမည်ဖြစ်၏။

မူးယစ်ဆေးဝါး စီးပွားရေးလုပ်ငန်းနှင့် ငွေကြေး ဖောင်းပွမူ ဆက်စပ်ပုံ၊ သယ်ပို့လမ်းကြောင်းတစ် လျှောက်ရှိ အချက်အချာကျ မြို့/ရွာများ၏ မရွှေ့ ပြောင်းနိုင်သော အိမ်ခြံမြေဈေးကွက်အပေါ် မူးယစ် ဆေးဝါးစီးပွားရေးလုပ်ငန်း၏ လွှမ်းမိုးမှု၊ ငွေကြေးခ ဝါချမှု စသည့် သုံးသပ်ချက်များနှင့် စစ်အခြေပြု စီးပွားရေးလုပ်ငန်းများ၏ဆိုးကျိုးများကိုမူ ပိုမိုပြည့်စုံသည့် အချက်အလက်များ ရှာဖွယ်စုဆောင်းကာ သုတေသန ပြုအပ်ပေ၏။
စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)၏ဦးတည်ချက်နှင့်လားရာကို စူးစမ်းကြည့်ခြင်း

၁၅။ စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း)၏ ထိုးစစ်များ၊ ဦးတည်ရပ်ဝန်းများ၊ လေ့ကျင့်ပေးမှုများ၊ စုဖွဲ့မှုများ၊ စစ်ပြင်ဆင်မှုများစသည့် အချက်အလက်များကို ဆက်စပ်သုံးသပ်ကာ စူးစမ်းမှုများပြု ပြီးနောက် အောက် ပါအချက်များကိုတွေ့ရှိသဖြင့် စစ်ဆင်ရေး၏ ဦးတည် ချက်နှင့်လားရာကို ခန့်မှန်းမှုပြုဖြစ်၏။

(က) KIA သည် AA ကို နယ်မြေ သီးသန့်ပေးကာ တပ်တည်ဆောက်ခြင်းအဆင့်ဆင့်အပါအဝင် လေ့ ကျင့်မွေးထုတ်ပေး၏၊ နည်းတူ TNLA ကိုပေး၏၊ အတူတိုက်ပွဲဝင်ရင်း စစ်နယ်ကျွမ်းရန်နှင့် စစ်ရည် ဝရန် လေ့ကျင့်ပေး၏။ လိုင်ဇာဌာနချုပ်ကို ကာကွယ် သည့်အပြင် စည်းလုံခြုံရေး အစောင့်တပ်အဖြစ်သုံး ၏။ AA နှင့် TNLA တို့သည် ရင့်ကျက်ပြီး မိမိခြေ ထောက်ပေါ် မိမိရပ်တည်နိုင်လာသည့်အခါ သီးခြား ကိုယ်ပိုင်ဟန်ဖြင့် တပ်တည်ဆောက်ကြေ လေ့ကျင့် ကြ၏။ MNDAA သည် AA နှင့် TNLA တို့၏ ဘဏ္ဍာရေး ရင်းမြစ်ဖြစ်ပုံရ၏။ KIA မူဝါဒလမ်းစဉ် အတိုင်း MNDAA, TNLA, AA တို့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ ရောက်ရှိလာသည့် PDFs များကို မွေးထုတ်ပေး၏၊ လေ့ကျင့်ပေး၏၊ PDFs များကို အတူလက်တွဲတိုက်ပွဲဝင်စေလျက် လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းစစ်ရေးအတွေ့အကြုံရစေ၏။

(ခ) ရှမ်းမြောက် ကိုးကန့်တိုက်ပွဲများ၌ AA သည် MNDAA နှင့်လက်တွဲပြီး (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီ လတွင်ပါဝင်ခဲ့၏။ စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း) တွင် လည်း AA သည် မြောက်ပိုင်း (၃)ဖွဲ့နှင့်အတူ ရှမ်း မြောက်၌ လက်တွဲတိုက်ပွဲဝင်ခဲ့၏။ စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း)၏အဆက်သည် ရခိုင်သို့ စစ်နယ်ချဲ့သည့်အခါ AA နှင့်အတူ မြောက်ပိုင်း (၃) ဖွဲ့၊ ၎င်းတို့လေ့ကျင့်ပေးခဲ့သည့် PDFs များ ရခိုင် စစ်ပွဲများ၌ ပါလာသည်ကို သတိပြုမိ၏။ ရခိုင်စစ်ပွဲ၌ မဟာမိတ်(၃)ဖွဲ့နှင့် PDFs များ၏ ထုတ်နုတ်အင် အားအချို့သည် ယနေ့ထိ စစ်ဆင်ရေးတွင် ပါဝင်နေ ကြဆဲဟု သုံးသပ်၍ရ၏။

(ဂ) MNDAA သည် (၂၀၂၁) ခုနှစ်နောက်ပိုင်း BPLA, PLA, KNDF, PDFs တို့ကို စုဖွဲ့လေ့ ကျင့်ပြီး တိုင်းရင်းသားတပ်မဟာ ( ၆၁၁) ကိုဖွဲ့စည်း ခဲ့သည်ဟုကြားရ၏။ နည်းတူ TNLA သည် မန္တလေး PDF၊ DPLA တို့ကိုလေကျင့်ပြီး စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)ကို ကြိုတင် ပြင်ဆင်ခဲ့သည်ဟု သိရ၏။ MNDAA နှင့် PDFs များ၏ စုဖွဲ့မှုသည် မူလ၌ အင်အား ၂၅၀ဝ၀ ခန့် ရမခနယ်မြေ၌ရှိသည် ဟုခန့်မှန်းကြ ၏။ စစ်ဆင်ရေး (၁၀၂၇ ပထမ လှိုင်း) နှင့်(ဒုတိယလှိုင်း) စစ်ပွဲများနောက် မည်မျှ လက်ကျန် အင်အားရှိ သည်ကိုမှု ခန့်မှန်းရန်ခက်ခဲ၏။ သို့သော် အင်အား ထက်ဝက်ကျော်ကျဆုံးပြီဟု ယေဘုယျ ခန့် မှန်း၍ရ ၏။ သို့ဖြင့် လောက်ကိုင်၌ ဗမာနှင့် အခြားတိုင်း ရင်းသားများကို အင်အားသစ်စုခြင်း မျိုးစုံကြားလာရ၏။

(ဃ) စစ်ဆင်ရေး (၁၀၂၇ ပထမလှိုင်း)၏ ရှမ်း မြောက်မှသည် ရခိုင်အထိ စစ်ပွဲများကို ပြန်လှန်သုံး သပ်ပါက တိုင်းရင်းသားဒေသများ၌ စုဖွဲ့မှု၊ ပါဝင်လေ့ ကျင့်မှုယူပြီး အသက်သွေး အများဆုံးပေးဆပ်ခဲ့ ရသည့် PDFs များ၏ ရှမ်းမြောက်နှင့်ရခိုင်တွင် ပေးဆပ်ခဲ့ ပေးဆပ်ဆဲဖြစ်စဉ်များ၏ဦးတည်ချက်သည် “စစ်အာ ဏာရှင်စနစ်ဖြုတ်ချရေး” ပင်၊ တိုင်းရင်းသားဒေသ စစ်ကြီးပြီးလျှင် အညာ၊ မြေလတ်ဒေသသို့ ဦးတည် လျက် အတူလက်တွဲတိုက်ပွဲဝင်ကြရန် ရည်ရွယ်ပုံရ၏။ သို့ဖြင့် “ရှမ်း-မန်း စစ်ဆင်ရေး” သည် PDFs များ၏ အန္တိမရည်မှန်းချက်ဖြစ်ပုံရ၏။ MNDAA? TNLA? AA တို့၏ရည်မှန်းချက်သည် စစ်ဆင်ရေး (၁၀၂၇) ဖြစ်ပြီး “ ကျားဖျန့်အမြစ်ဖြုတ်ရေး” နှင့် ခေါင်းကိုင် ဖခင်၏မီးစိမ်းပြခြင်းကို သံခင်းတမန် ခင်းဆန်ဆန် ရယူခဲ့ပုံပေါ်၏။

(င) မိုးမိတ်၊ မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးတို့ကို TNLA ပူးပေါင်းအဖွဲ့မှရယူထားခြင်းနှင့် နွားထိုးကြီး ကို စစ်ထိုးနေခြင်းတို့သည် မန္တလေးကို ဝိုင်းပတ်ပိတ် ဆို့ရေး ပထမခြေလှမ်းဖြစ်ပုံရ၏။ မန္တလေးသည် CMEC
၏ဗဟိုချက်၊ ကူမင်း-ကျောက်ဖြူ အမြန်ရ ထားလမ်း၏ဗဟိုချက်နှင့် CNPC ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတို့၏ ဗဟိုချက်တွင်တည်ရှိ၏။ နည်းတူ မန္တလေးသည် တရုတ်လူမျိုးအများဆုံး နေထိုင်သည့်မြို့ဖြစ်၏။ မြန်မာတို့၏ ယဉ်ကျေးမှု မြို့တော်ဖြစ်၏။ မြန်မာတို့၏ အတိတ်က ရွှေထီး ဆောင်းခဲ့သည့် အသဲနှလုံးမြို့တော်ဖြစ်၏။ ရခိုင်တို့၏ အနာဂတ် ဟောချက် (၉၉) လတ္တံ၌ စိနသည် မဟာ မြတ်မုနိဘုရားအား ရခိုင်သို့ပြန်လည်ပို့ဆောင်ပေး လိမ့်မည်ဟု ဟောချက်ရှိခြင်းတို့ကြောင့် မန္တလေး သည် စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)၏ ရည်မှန်း ချက်ခရီးဆုံးဖြစ်ဖွယ်ရှိသည်ဟု သုံးသပ် ၍ရ၏။

(စ) သို့ဖြင့် MNDAA၊ TNLA၊ AA တို့သည် PDFs များ၏ အဓိက ရည်မှန်းချက်ဖြစ်သည့်( NUG ရည်မှန်း ချက်လည်းဖြစ်) ရှမ်း-မန်း စစ်ဆင်ရေး အောင်မြင်ရန်အတွက် တိုင်းရင်းသားဒေသများ၌ PDFs
များ အသက်သွေးချွေးပေးဆပ်ခဲ့ကြရသလို ရှမ်း-မန်းစစ်ဆင်ရေးတွင် တိုင်းရင်းသားများ၏ အကြွေး လက်ကျန်ကို ပေးဆပ်ကြဖွယ်ရှိရာ ဤစစ် ဆင်ရေးကို နစကသည် ရှမ်းမြောက်ချီ အထူးစစ်ဆင် ရေးကြီးတစ်ရပ်ဖြင့်လည်းကောင်း၊ ပြောက်ကျား စစ် ဆင်ရေးဖြင့်လည်းကောင်း၊ ကျေးလက်နှင့် မြို့ပြကို ထိုးဖောက်ပြီး မည်သည့်နည်းလမ်းဖြင့်မဆို မရပ်တန့် နိုင်ပါက အလွန်ပြင်းထန်သည့် မြေပြန့်လွင်ပြင် ထိုး စစ်ကြီးတစ်ရပ်သည် ဝိုင်းပတ်ပိတ်ဆို့ရာ၌ ပါဝင်လာ ကြမည့် မုံရွာ၊ စစ်ကိုင်း၊ မြင်းခြံ၊ တောင်သာ၊ PDFs များ၏စစ်ရေးလှုပ်ရှားမှုကို ကြည့်ရခြင်းဖြင့်လည်း ကောင်း၊ မြောက်ပိုင်း (၃) ဖွဲ့၏ စစ်ဆင်ရေး (၁၀၂၇ ဒုတိယလှိုင်း)ကို နယ်မြေဒေသအလိုက် တစ်ဖွဲ့ချင်း စီက တာဝန်ယူသိမ်းပိုက်ပြီးမှ အပစ် ရပ်ငြိမ်းချမ်းရေး ပြင်ဆင်နေမှုများကို ကြည့်ရခြင်းဖြင့်လည်းကောင်း၊ MNDAA? TNLA? AA တို့က အသွင် တစ်မျိုးဖြင့် ပါဝင်ပြီး PDFs များဦးဆောင်သည့် ရှမ်း-မန်း စစ်ဆင်ရေးသည် ကချင်၊ ရခိုင်၊ ရှမ်းတို့မှ လာမည့် စစ်ကြောင်းကြီး (၃)ကြောင်း၏ ထိုးစစ်ကြီးတစ်ရပ် နှင့်အတူ မကြာတော့မည့် သတ်မှတ် အချိန် တစ်ခု၌ ပေါ်ပေါက်လာနိုင်ခြေများ၏ဟု သုံးသပ်မိရပါ၏။

အပိုင်း (၃) ပြီး၏။

zawgyi version
ရွမ္းေျမာက္(အေရွ႕ေျမာက္ ေဒသ) စစ္ဆင္ေရး၏ အဆုတ္-အတက္ႏွင့္ ျမန္မာ့ႏိုင္ငံေရးကို ေရွ႕သို႔ေမွ်ာ္ၾကည့္ျခင္း (အပိုင္း-၃)
ေဒါက္တာေအး‌ေမာင္ (NP News) - စက္တင္ဘာ ၇

ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ လုံၿခဳံေရးဆိုင္ရာမိန႔္ခြန္းမွ အေလးထား သတိျပဳမွတ္ယူသင့္သည့္ အခ်က္အခ်ိဳ႕

၁၂။ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ (၅) ရက္ ညေနပိုင္းတြင္ ႏိုင္ငံေတာ္သို႔ မိနစ္ (၂၀) ၾကာ လုံၿခဳံေရးဆိုင္ရာ မိန႔္ ခြန္းကို ေျပာၾကားခဲ့ရာ ယင္းမွ အေလးထားသတိျပဳသင့္သည့္ အခ်က္အခ်ိဳ႕ကို ထုတ္ႏုတ္ၾကည့္ ျဖစ္မိပါ၏။

(က)လက္နက္ကိုင္ပဋိပကၡ သက္ဆိုးရွည္ေရးႏွင့္ ျမန္မာႏိုင္ငံအေပၚ သူတို႔လိုခ်င္သည့္ လကၡဏာမ်ိဳး ရရွိေစလိုေသာ ျပည္ပႏိုင္ငံအခ်ိဳ႕က လက္နက္ကိုင္ ေသာင္းက်န္းသူမ်ား၊ ႏိုင္ငံေရးသေဘာကြဲသူမ်ား၊ အၾကမ္းဖက္အဖြဲ႕မ်ားကို ေငြေၾကး၊ အစားအေသာက္၊ ေဆးဝါး၊ လက္နက္ခဲယမ္း၊ နည္းပညာႏွင့္ အုပ္ခ်ဳပ္ မႈရရွိေအာင္ ေဆာင္႐ြက္ေပးေနေၾကာင္း ၫႊန္ျပ၏။

(ခ)တ႐ုတ္-ျမန္မာ နယ္စပ္ရွိ EAOs နယ္ေျမအခ်ိဳ႕ ၌ လက္နက္ခဲယမ္း မီးေက်ာက္စက္႐ုံမ်ား တည္ ေဆာက္ထားသည္ကို ေတြ႕ရေၾကာင္း၊ ထူေထာင္ႏိုင္ဖို႔ ေငြေၾကး၊ နည္းပညာ ဘယ္ကရသည္ကို ဆန္းစစ္ သြားရမည္ျဖစ္ေၾကာင္းႏွင့္ drop bomb မ်ား၊ ေရွာ့တိုက္ဒုံးမ်ားသည္ နည္းပညာအရ အဆင့္ျမႇင့္တင္ျပင္ ဆင္ထားၿပီး drone မ်ားသည္ ျပင္ပေၾကးစားနည္း ပညာရွင္မ်ားႏွင့္ အဆင့္ျမႇင့္ထားသည္ကိုေတြ႕ရ ေၾကာင္း အေလးထားေျပာၾကားခဲ့သည္ကိုေတြ႕ရ၏။

(ဂ) ေသာင္းက်န္းသူေခါင္းေဆာင္မ်ား၏ စစ္ ဘုရင္ ဝါဒ ျပန္လည္ႀကီးစိုးလာေၾကာင္း၊ အလင္းထဲကေန အေမွာင္ထဲကို ျပည္သူေတြျပန္ေရာက္ရေတာ့မည့္ အေျခအေနျဖစ္သျဖင့္ ျမန္မာ့တပ္မေတာ္အေနျဖင့္ ဤကဲ့သို႔ အေျခအေနေရာက္မည္ကို လုံးဝ ခြင့္ျပဳေပးမည္မဟုတ္ဟု ကတိျပဳသည္ကိုေတြ႕ရ၏။

(ဃ) MNDAA, TNLA ေသာင္းက်န္းသူ ပူးေပါင္း အဖြဲ႕မ်ား၏ ေနာက္ကြယ္က အားေပးအားေျမႇာက္ျပဳ ေနသည့္ ျပည္တြင္းျပည္ပေန ေလာက္ေကာင္မ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ၎တို႔ကိုခိုင္းေစသည့္ႏိုင္ငံမ်ား၏ အလိုကို ျမန္မာျပည္သူလူထု စိတ္မခ်မ္းသာေအာင္ အင္အားေလ်ာ့ေအာင္ ဝါဒျဖန႔္ခ်ိမႈမ်ားလုပ္ေနသကဲ့ သို႔ ရွမ္းေျမာက္ျဖစ္စဥ္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ လက္ရွိေရာက္ရွိေနရာလုံၿခဳံေရးႏွင့္ ခိုလႈံလာသည့္ ျပည္သူမ်ား အႏၲရာယ္ကင္းေရးအတြက္ ဆုတ္ခြာခဲ့ရ သည္မ်ားလည္းရွိသည္ဟု ဝန္ခံအသိေပးသည္ကို လည္းေတြ႕ရ၏။

(င)လက္နက္ကိုင္ပဋိပကၡကို ႏိုင္ငံေရးနည္းျဖင့္ မေျဖရွင္းဘဲ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ ေျဖရွင္း ေနမႈ မ်ားသည္ ယဥ္ေက်းသည့္ လူ႔အဖြဲ႕အစည္းတစ္ရပ္ လုံးမွ လုံးဝလက္ခံ၍ မရႏိုင္သျဖင့္ ဘုံရန္သူ အျဖစ္ သတ္မွတ္ၿပီး ေခ်မႈန္းသြားရန္လိုေၾကာင္းခ်ျပ၏။

ရွမ္းျပည္နယ္ေျမာင္ပိုင္းေဒသကိုသာ မဟုတ္ဘဲ ႏိုင္ငံေတာ္တစ္ဝန္းလုံး တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ ရရွိသည္အထိ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္သည္ဟု ေလးနက္တည္ၾကည္စြာ ကတိျပဳသည္ကို ေတြ႕ရ၏။

(စ) ယေန႔ ကမာၻ႔ေရးရာအေျခအေနသည္ အလြန္ တရာ နက္နဲရႈပ္ေထြးလာသျဖင့္ ျမန္မာႏိုင္ငံအား ကမာၻတည္သေ႐ြ႕ တည္တံ့ေနေစဖို႔ အားလုံး စည္း လုံးညီၫြတ္ရန္လိုေၾကာင္း၊ လက္ရွိပဋိပကၡမ်ားကို စည္းလုံးညီၫြတ္မႈအားႏွင့္သာ ရင္ဆိုင္ႏိုင္မည္ျဖစ္ ေၾကာင္းႏွင့္ တပ္မေတာ္ႏွင့္ မ်ိဳးခ်စ္ျပည္သူလူထု ရွိေနသမွ် ျမန္မာႏိုင္ငံတည္တံ့ခိုင္ၿမဲရပါမည္။ တည္တံ့ ခိုင္ၿမဲေအာင္လည္း လုပ္ေဆာင္ပါမည္ဟု ျပည္သူ သို႔ အာမခံယင္း နိဂုံးခ်ဳပ္ခဲ့သည္ကို ေတြ႕ရ၏။

စစ္ဘုရင္ဝါဒ၊ စစ္အေျချပဳစီးပြားေရးႏွင့္စစ္ရွိန္ျမင့္လာသည့္ လက္နက္ကိုင္ပဋိပကၡစစ္ဘုရင္ဝါဒသည္ အမ်ိဳးသားေရးလႈိင္းကိုစီးတတ္၏

၁၃။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က လုံၿခဳံေရး ဆိုင္ရာမိန႔္ခြန္း၌ “ေသာင္းက်န္းသူ ေခါင္းေဆာင္ မ်ား၏ စစ္ဘုရင္ဝါဒ ျပန္လည္ႀကီးစိုးလာသည္ ”ဟု သုံးသပ္ျပသည့္ စကားရပ္၏ အတိမ္အနက္ကို ဆန္းစစ္ ျဖစ္၏။ စစ္ဘုရင္ ( war lord ) ဟူေသာ ေဝါဟာရ သည္ “ တရားဝင္ဖြဲ႕စည္းထားျခင္း မဟုတ္ ေသာ စစ္အုပ္စုတစ္ခု၏ေခါင္းေဆာင္ကို ေခၚျခင္းျဖစ္ၿပီး ယင္းအုပ္စုသည္ ႏိုင္ငံတစ္ခု သို႔မဟုတ္ နယ္ ေျမ ဧရိယာတစ္ခုအတြင္း၌ တျခားစစ္အုပ္စုမ်ားႏွင့္ ဆန႔္က်င္ တိုက္ခိုက္ကာ စစ္မက္ ၿပိဳင္ဆိုင္ေန ၾကသူမ်ားျဖစ္၏” ဟု ဖြင့္ဆိုၾက၏။ စစ္ဘုရင္တို႔သည္ အခ်င္းခ်င္း သူ ႏိုင္ကိုယ္ႏိုင္စစ္မက္ၿပိဳင္ဆိုင္ကာ ေဒသေန လူထု၏ ဘဝေပါင္းမ်ားစြာကို နင္းေျခဖ်က္ဆီးၾက၏။ အလုံးစုံ ပ်က္စီးေစမည့္လမ္းကို ေ႐ြး တတ္ၾက၏။ စစ္ဘုရင္ဝါဒသည္ သူတစ္လူငါတစ္မင္း ဝါဒျဖစ္၏။ လူထုအတြက္ အေမွာင္ေခတ္ျဖစ္၏။ မည္သည့္အခါမွ ေခါင္းေထာင္ မလာႏိုင္ေရးသည္ လိုအပ္၏။ စစ္ဘုရင္ဝါဒသည္ စစ္ေအာင္ႏိုင္ေရး အတြက္ အမ်ိဳးသားေရးလႈိင္းကို စီး တတ္၏။ စစ္ဘုရင္ဝါဒသည္ အမ်ိဳးသားလြတ္ေျမာက္ေရးေခါင္းစဥ္ ျဖင့္ သက္ဆိုးရွည္ေစစြမ္းတတ္ၾက၏။ စစ္ဘုရင္ဝါဒသည္ အမ်ိဳးသားေရးဝါဒႏွင့္ အတြဲညီညီ ေပါင္းစပ္ သည့္အခါ အျမင့္ဆုံးေသာ စစ္အရွိန္ကို ျဖစ္ေစ၏။

ျမန္မာ့ႏိုင္ငံေရးပဋိပကၡ၌ အခ်င္းခ်င္းတိုက္ခိုက္ စစ္မက္ၿပိဳင္ေနၾကရသည့္အေၾကာင္းရင္းကို ႏိုင္ငံေရး အရ ေတြ႕ဆုံေဆြးေႏြးျခင္းနည္းလမ္းျဖင့္သာ အေျဖ ရွာသင့္၏။ အခ်င္းခ်င္းအၾကမ္း ဖက္တိုက္ ခိုက္မႈႏွင့္ ေျဖရွင္းျခင္းသည္ ယဥ္ေက်းသည့္လူ႔အဖြဲ႕အစည္းႏွင့္ မအပ္စပ္သျဖင့္ လက္ခံရန္ မသင့္ ညီညီ ၫြတ္ၫြတ္ ဘုံရန္သူအျဖစ္သတ္မွတ္ကာ စစ္ဘုရင္ ဝါဒ က်ဆုံး ေရးေခ်မႈန္းသြားရန္လို၏။

စစ္အေျချပဳစီးပြားေရးေခါင္းေထာင္လာျခင္း
စစ္ဘုရင္ဝါဒႏွင့္အတူ ေခါင္းေထာင္လာသည့္ စစ္အေျချပဳစီးပြားေရးသည္ လူ႔အဖြဲ႕အစည္း အတြက္ အႏၲရာယ္ႀကီး၏။ စစ္ပြဲ၏ အရွိန္အဟုန္ကို ပိုမိုျမင့္ မားေစမည့္ ေလာင္စာဆီျဖစ္၏။ စစ္ဘုရင္ ဝါဒေၾကာင့္ စစ္ပြဲသည္ျဖစ္၏။ နယ္ေျမမေအးခ်မ္း တရားဥပေဒစိုး မိုးျခင္းမရွိ၊ မၿငိမ္သက္သည္ကို အေျခ ျပဳ၍ စစ္ရွိန္ ပိုျမင့္ေစႏိုင္သည့္ ေခတ္မီစစ္လက္နက္ ပစၥည္း၊ တပ္ ဖြဲ႕ဝင္အင္အား စုေဆာင္းမႈစသည့္ ေထာက္ပို႔လုပ္ငန္း အားလုံးအတြက္ ဘ႑ာေငြရရွိေရးသည္ လိုအပ္၏။ ဘ႑ာေငြရရွိေရးအတြက္ တရားမဝင္နည္းလမ္း ေပါင္းစုံကိုသုံးၾက၏။ ဘ႑ာေငြ အရင္းအျမစ္ရွာၿပီး စစ္လက္နက္ပစၥည္း စုေဆာင္းကာ စစ္ရွိန္ပိုျမင့္သည္ ထက္ျမင့္ေစျခင္းျဖင့္ စစ္ႏြံနစ္သည့္သံသရာသည္ လည္ပတ္ၿမဲ လည္ပတ္၏။ စစ္အေျချပဳ စီးပြားေရးသည္ စစ္ဘုရင္ဝါဒကို သက္ဆိုးရွည္ေစ၏။ စစ္အေျချပဳစီးပြား ေရးတြင္ အဆိုး႐ြားဆုံးႏွင့္ လူသားထုတစ္ရပ္လုံးကို ဒုကၡအေပးဆုံးသည္ မူးယစ္ေဆးဝါး ထုတ္လုပ္ ကုန္သြယ္ေရာင္းဝယ္မႈျဖစ္၏။

မည္သည့္ လက္နက္ကိုင္အဖြဲ႕အစည္းမဆို ၎တို႔၏ အဖြဲ႕အစည္းကိုတည္ေဆာက္ၾကရာ၌ ဘ႑ာေရးသည္ အေရးႀကီးဆုံးျဖစ္၏။ ဘ႑ာေရး ရင္းျမစ္သည္ အသက္ျဖစ္၏။ အခရာ အက်ဆုံး လည္း ျဖစ္၏။ အဆိုပါ အရင္းအျမစ္ကို တပ္မေတာ္သည္ အစိုးရက ျပည္သူ႔ဘ႑ာမွ က်ခံသုံးစြဲ၏။ ေတာ္လွန္ ေရးေခါင္းစဥ္တပ္ထားေသာ လက္နက္ကိုင္အဖြဲ႕အ စည္းမ်ားသည္ မူဝါဒအရ အားေပးကူညီ သည့္ ျပည္ပႏိုင္ငံအခ်ိဳ႕မွလည္းေကာင္း၊ ေတာ္လွန္ေရးနယ္ေျမအတြင္းရွိ သဘာဝရင္းျမစ္မ်ားျဖစ္သည့္ တြင္းထြက္ ေက်ာက္မ်က္၊ ေက်ာက္စိမ္း၊ ပယင္း၊ နီလာ၊ ဓာတ္ သတၱဳမ်ား၊ သစ္၊ ေရာ္ဘာ၊ လက္ဖက္ႏွင့္ ေကာ္ဖီ စသည့္ထုတ္ကုန္မ်ား ေရာင္းခ်ျခင္းျဖင့္လည္းေကာင္း၊ တရားမဝင္နယ္စပ္ ကုန္သြယ္မႈျဖင့္ လည္းေကာင္း၊ လူမ်ိဳးတူ ျပည္ပေရာက္ မ်ိဳးခ်စ္လုပ္သားအင္အားစု၏ ေထာက္ပံ့မႈ ျဖင့္လည္းေကာင္း နည္းမ်ိဳးစုံျဖင့္ ဘ႑ာ ေငြ ရွာေဖြစုေဆာင္းၾက၏။

နည္းတူ လက္နက္ကိုင္အဖြဲ႕အစည္းတိုင္းအတြက္ ခံယူခ်က္ျမင့္မားၿပီး စစ္စည္းကမ္း၊ စစ္စြမ္း ရည္ ျပည့္ဝေသာ၊ အၿမဲအသင့္အျဖစ္ ေလ့က်င့္ထားသည့္ စစ္သည္အင္အားသည္လည္း အလြန္အေရး ပါ၏။ လူသစ္စုေဆာင္းျခင္း၊ ေလ့က်င့္ျခင္း၊ တာဝန္အပ္ ႏွင္းျခင္း၊ တာဝန္ေက်ပြန္ေစျခင္း၊ စစ္သည္ တစ္ဦး၏ ဂုဏ္သိကၡာႏွင့္ေလ်ာ္ညီေသာ အေဆာင္အေယာင္၊ ခ်ီးျမႇင့္လစာ၊ ေထာက္ပံ့မႈျပဳျခင္းႏွင့္ တာဝန္ ေက်ပြန္မႈအေပၚ အသိအမွတ္ျပဳျခင္း၊ ခ်ီးက်ဴးဂုဏ္ျပဳျခင္း တို႔သည္ စဥ္ဆက္မျပတ္လိုအပ္၏။ သို႔ျဖင့္ တပ္တည္ ေဆာက္မႈလုပ္ငန္းစဥ္အဆင့္ဆင့္၏ အဓိကေနရာ၌ ဘ႑ာေရးက႑သည္ မရွိမျဖစ္တည္ ရွိ၏။ အခရာလည္း က်၏။

အခ်ိဳ႕ေတာ္လွန္ေရးအမည္တပ္ အဖြဲ႕အစည္းႀကီးမ်ားသည္ မိမိအဖြဲ႕အစည္းသုံးစြဲရန္ႏွင့္ ဘဝတူ အဖြဲ႕အစည္းမ်ားသို႔ေရာင္းခ်ရန္ ေခတ္မီလက္နက္ခဲယမ္း မီးေက်ာက္စက္႐ုံမ်ားတည္ေဆာက္ၿပီး စစ္လက္နက္ ပစၥည္းအေျချပဳစီးပြားေရးကို ၿငိမ္းခ်မ္းမႈ ထီးရိပ္ႏွင့္ အတူ စစ္အေျချပဳစီးပြားေရး လုပ္ငန္းႀကီးအျဖစ္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ၾက၏။ ျမန္မာ-တ႐ုတ္ နယ္စပ္အထူးေဒသမ်ား၌ အနည္းဆုံး လက္နက္စက္ ႐ုံႀကီး (၆)႐ုံရွိသည္ဟု သတင္းမ်ား၌ ဖတ္မွတ္ဖူး၏။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ၫႊန္းဆိုသည္မွာ အဆိုပါတည္ရွိမႈ ျဖစ္ဟန္တူ၏။

ျမန္မာ့တပ္မေတာ္၌ အစိုးရႏွင့္ မပတ္သက္ေသာ တပ္မေတာ္ဆိုင္ရာ အထူးစီးပြားေရးလုပ္ငန္း မ်ား ရွိၾက၏။ ဦးပိုင္ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း တို႔သည္ ထင္ရွားသည့္ စီးပြားေရးလုပ္ငန္းမ်ား ျဖစ္၏။ ျမဝတီႏွင့္ အင္းဝဘဏ္သည္ ထင္ရွားသည့္ ေငြေရး ေၾကးေရး အေျချပဳအဖြဲ႕အစည္းမ်ားျဖစ္၏။ တပ္မ ေတာ္သား အၿငိမ္းစားမ်ားဦးေဆာင္သည့္ ကမာၻ႔ ရတနာဘဏ္သည္ အစိုးရႏွင့္ ပုဂၢလိက ဖက္စပ္ ျဖစ္၏။

စစ္အေျချပဳ မူးယစ္ေဆးဝါးလုပ္ငန္း၏အတိတ္ႏွင့္ ပစၥဳပၸန္
၁၄။ စစ္အေျချပဳ စီးပြားေရးလုပ္ငန္း၌ အဆိုး႐ြားဆုံး ျဖစ္သည့္ မူးယစ္ေဆးဝါး စိုက္ပ်ိဳးထုတ္လုပ္ သယ္ယူ ေရာင္းခ်သည့္ လုပ္ငန္းသည္ လူသားထု တစ္ရပ္လုံး ကို အႏၲရာယ္အေပးဆုံးျဖစ္၏။ မူးယစ္ ေဆးဝါး ကုန္ သြယ္မႈသမိုင္း၌ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား သည္ ဆက္စပ္မႈရွိ၏။ ဗမာျပည္ကြန္ျမဴနစ္ ပါတီ (ဗကပ)ဗဟိုသည္ စစ္ေရးအက်ပ္အတည္းေၾကာင့္ ရွမ္းေျမာက္ (အေရွ႕ေျမာက္ေဒသ) သို႔ ေျပာင္း ေ႐ႊ႕ရ စဥ္ ႏိုင္ငံျခားစစ္ေရးအကူအညီ ျဖတ္ေတာက္ခံရျခင္း ေၾကာင့္လည္းေကာင္း၊ ဘ႑ာေငြလိုအပ္ ခ်က္မ်ား ေၾကာင့္လည္းေကာင္း၊ ဘိန္းကုန္ကူးျခင္းကို ျပဳခဲ့ရ၏။ (ဗကပ)ၿပိဳကြဲၿပီးေနာက္တြင္ ဆက္ခံ ခဲ့သည့္ တပ္မ ဟာမႉးမ်ားဦးေဆာင္ေသာ ကိုးကန႔္၊ ဝ၊ မိုင္းလားတို႔ သည္လည္းေကာင္း၊ MTA ဦးခြန္ ဆာသည္လည္း ေကာင္း၊ ကိုးကန႔္ေခါင္းေဆာင္ ဦးေလာ္စစ္ဟန္သည္ လည္းေကာင္း၊ ဘိန္း၊ ဘိန္းျဖဴ ထုတ္လုပ္ေရာင္းခ်ျခင္း မူးယစ္ေဆးဝါးစီးပြားေရးျဖင့္ အမည္ဆိုးထြက္ခဲ့၏။ အခ်ိဳ႕သည္ အေမရိကန္ DEA ၏ အလိုရွိသူမ်ား စာရင္းတြင္ ပါရွိခဲ့သည္ဟု သိရ၏။

အဆိုပါကာလ၌ ရွမ္းေျမာက္၊ ရွမ္းေတာင္၊ ရွမ္း အေရွ႕တို႔သည္လည္းေကာင္း၊ ကခ်င္သည္လည္း ေကာင္း၊ ကယားသည္လည္းေကာင္း၊ ဘိန္းစိုက္ပ်ိဳး ရာ၌ ထင္ရွား၏။ မိုးဟိန္းစစ္ဆင္ေရး အဆင့္ဆင့္ သည္ ဘိန္းကုန္ကူးမႈတိုက္ဖ်က္သည့္ စစ္ဆင္ေရးျဖစ္၏။ (မဆလ)အစိုးရလက္ထက္ကတည္းက တိုက္ ဖ်က္ လာျခင္းျဖစ္၏။ နယ္ေျမမေအးခ်မ္းမႈသည္ လက္နက္ကိုင္ျပႆနာႏွင့္ဆက္စပ္သလို မူးယစ္ ေဆးဝါး ဘိန္း စိုက္ပ်ိဳးမႈႏွင့္ ဘိန္းျဖဴခ်က္လုပ္မႈသည္လည္း ဆက္ စပ္၏။ ဝ ႏွင့္ မိုင္းလားေဒသသည္ နဝတ၊ နယက ႏွင့္ အပစ္အခတ္ရပ္၊ ၿငိမ္းခ်မ္းမႈရယူၿပီးေနာက္ ဘိန္းစိုက္ပ်ိဳးမႈပေပ်ာက္ေရး ဘိန္း အစားထိုး သီးႏွံ စိုက္ပ်ိဳးေရးစီမံကိန္းမ်ားျဖင့္ အေကာင္အထည္ ေဖာ္ၾက၏။ ဂ်ပန္အစိုးရသည္ ဘိန္းအစားထိုးသီးႏွံ ပန္းဂ်ဳံစိုက္ပ်ိဳးေရးစီမံကိန္းျဖင့္လည္းေကာင္း၊UNDP သည္ မိုင္းလားေဒသ၌ ႐ုံးထိုင္ကာUNDPအေန ျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးက႑ျမႇင့္တင္ၿပီး ဘိန္း စိုက္ပ်ိဳးေရး ပေပ်ာက္ေအာင္ ႀကိဳးစားခဲ့၏။ ဝ ႏွင့္ မိုင္း လားေဒသတြင္ ေရာ္ဘာ၊ လက္ဖက္စိုက္ခင္းမ်ား၊ ေမြး ျမဴေရးလုပ္ငန္း မ်ား၊ သတၱဳရွာဖြယ္ေရးလုပ္ငန္းမ်ားျဖင့္ ဘိန္းစိုက္ပ်ိဳးမႈကို ေအာင္ျမင္စြာ အစားထိုးၾက၏။ ဘိန္းစိုက္ပ်ိဳးမႈ ပေပ်ာက္ၿပီဟု ရွမ္းေျမာက္ရွိ ဝ ႏွင့္ ရွမ္းအေရွ႕ရွိ မိုင္းလားသည္ ကမာၻသိ ေၾကညာထား ၿပီးျဖစ္၏။

သို႔ေသာ္လည္း ယခုေနာက္ပိုင္းတြင္ ရွမ္း ေျမာက္သည္ ဘိန္းႏွင့္ ဘိန္းျဖဴအျပင္ (မက္သာဖတ္ တာမင္း၊ ICE) ထုတ္လုပ္သည့္နယ္ေျမအျဖစ္ ပိုထင္ ရွားလာ၏။ ျပည္တြင္းစစ္ပဋိပကၡေၾကာင့္ နယ္ေျမ မေအးခ်မ္း မၿငိမ္မသက္ျဖစ္၊ အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၲရားႏွင့္ တရားဥပေဒစိုးမိုးမႈသည္ နယ္ေျမအႏွံ႔ မေရာက္သည့္အခါ ဥပေဒအရ ခြင့္မျပဳေသာ ေငြရ လြယ္ကူသည့္ မူးယစ္ေဆးဝါး စီးပြားေရးလုပ္ငန္းသည္ တြင္က်ယ္လာ၏။

ျမန္မာျပည္တြင္း၌ ယခုကာလ ဖမ္းဆီးရမိသမွ် ေသာ မူးယစ္ေဆးဝါးမ်ား (အထူးသျဖင့္ မက္သာဖတ္ တာမင္း၊ ICE) ၏ မူလဇာစ္ျမစ္လာရာ လမ္းေၾကာင္း သည္ တစ္ခုတည္းျဖစ္၏။ ယင္းမွာ ရွမ္းေျမာက္ (အေရွ႕ ေျမာက္ေဒသ) ျဖစ္၏။ အထူးသတိျပဳဖြယ္ ျဖစ္၏။ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံေျဖရွင္းအပ္သည့္ စစ္အေျချပဳ စီးပြားေရးလုပ္ငန္းမ်ားအနက္ လူသားထု တစ္ရပ္လုံးကို အႏၲရာယ္အေပးဆုံး စီးပြားေရး လုပ္ငန္းျဖစ္သည္ကို သတိျပဳအပ္၏။ က်ားဖ်န႔္လုပ္ ငန္းထက္ ဆိုး႐ြား၏။ ၿပီးခဲ့သည့္ကာလ၌ ကြတ္ခိုင္ ၿမိဳ႕ နယ္-ေကာင္းခါးေဒသ(ရွမ္းျပည္နယ္ေျမာက္ပိုင္း အထူးေဒသ - ၅၊ KDA ) တြင္ က်ပ္ဘီလ်ံမ်ားစြာ တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ား (မူးယစ္ဓာတ္ခြဲခန္း၊ ဓာတ္ခြဲခန္းသုံး ဆက္စပ္ပစၥည္းမ်ား၊ ဓာတုကုန္ ၾကမ္း ေဆးဝါးမ်ား) ဖမ္းဆီးရမိမူသည္ ရွမ္းေျမာက္သမိုင္း၌ အႀကီးဆုံးျဖစ္၏။ ရွမ္းေျမာက္အေျချပဳ မူးယစ္ေဆး ဝါးသယ္ပို႔လမ္းေၾကာင္း (၅) ေၾကာင္းေတြ႕ရ၏။

(၁) ရွမ္းေျမာက္-မႏၲေလး-ရန္ကုန္/ပုသိမ္- မေလး ရွား/ဘဂၤလားေဒ့ရွ္သို႔ ႏိုင္ငံတကာေရလမ္းခရီး
(၂) ရွမ္းေျမာက္-မႏၲေလး/ေတာင္ႀကီး-ရွမ္း ေတာင္/ရွမ္းအေရွ႕ - ထိုင္းႏိုင္ငံမွတစ္ဆင့္
(၃) ရွမ္းေျမာက္-မႏၲေလး-ပဲခူး-ေမာ္လၿမိဳင္/ ေကာ့ေသာင္း-မေလးရွား(ပီနံ)ေရလမ္းခရီးမွတစ္ ဆင့္
(၄) ရွမ္းေျမာက္-မႏၲေလး-မေကြး-အမ္း- ပုဏၰား ကြၽန္း-စစ္ေတြ/ေမာင္ေတာမွတစ္ဆင့္ ဘဂၤလား ေဒ့ရွ္
(၅) ရွမ္းေျမာက္-မႏၲေလး-မေကြး-ျပည္- ေတာင္ ကုတ္-ေရလမ္းခရီးမွတစ္ဆင့္ ဘဂၤလားေဒ့ရွ္
စသည့္ လမ္းေၾကာင္းတို႔ ျဖစ္ၾက၏။

စစ္အေျချပဳစီးပြားေရးလုပ္ငန္းမ်ားအနက္ မူး ယစ္ေဆးဝါးထုတ္လုပ္ေရာင္းဝယ္သည့္ လုပ္ငန္း မ်ားတြင္ ကိုယ္တိုင္ပါဝင္ပတ္သက္သည့္လူငယ္မ်ား၊ မူးယစ္ေဆးဝါးသယ္ပို႔သည့္လုပ္ငန္း၌ ပါဝင္သည့္ လူငယ္မ်ား၊ သုံးစြဲေသာလူငယ္မ်ား စသည့္ အနာဂတ္ ကိုဦးေဆာင္မည့္လူငယ္ထုသည္ မူးယစ္ေဆးဝါး ထုတ္လုပ္ သယ္ပို႔ သုံးစြဲမႈ သံသရာ၌ မည္မွ်နက္ရႈိင္းစြာ ပါဝင္ၿပီး မူးယစ္ေဆးဝါးသားေကာင္ဘဝျဖင့္ မည္မွ် အသုံးခ်ခံေနၾကရၿပီနည္းဟူသည့္ ေမးခြန္းသည္ လည္းေကာင္း၊ မူးယစ္ေဆးဝါးႏွင့္စစ္ဆင္ေရး ဆက္စပ္မႈ သုံးသပ္ခ်က္မ်ားအရ ေခတ္သစ္စစ္နည္းဗ်ဴဟာ ၌ မူးယစ္ေဆးဝါးသည္ စစ္ေအာင္ႏိုင္ေရး၏ အေျခခံ က်ေသာ စိတ္ဓာတ္ျမႇင့္တင္ေရး လက္နက္ကိရိယာ တစ္ခု အမွန္ပင္ျဖစ္ေနၿပီလား ဟူသည့္ ေမးခြန္း၊ မူးယစ္ေဆးဝါးကို စစ္တိုက္လိုစိတ္လႈံ႕ဆြေဆးအျဖစ္ အသုံးျပဳမႈသတင္းမ်ားအရ ျမန္မာ့ႏိုင္ငံေရး စစ္ေရး ပဋိပကၡတြင္ မူးယစ္ေဆးဝါးကို က႑အလိုက္ တြင္ တြင္က်ယ္က်ယ္ အသုံးျပဳေနၾကၿပီ လားဟူ သည့္ ေမးခြန္းအားလုံးတို႔၏ တစ္ခုတည္းေသာအေျဖသည္ “ဟုတ္မွန္၏” ဟု ေျဖရဲၾကရမည္ျဖစ္၏။

မူးယစ္ေဆးဝါး စီးပြားေရးလုပ္ငန္းႏွင့္ ေငြေၾကး ေဖာင္းပြမူ ဆက္စပ္ပုံ၊ သယ္ပို႔လမ္းေၾကာင္းတစ္ ေလွ်ာက္ရွိ အခ်က္အခ်ာက် ၿမိဳ႕/႐ြာမ်ား၏ မေ႐ႊ႕ ေျပာင္းႏိုင္ေသာ အိမ္ၿခံေျမေဈးကြက္အေပၚ မူးယစ္ ေဆးဝါးစီးပြားေရးလုပ္ငန္း၏ လႊမ္းမိုးမႈ၊ ေငြေၾကးခ ဝါခ်မႈ စသည့္ သုံးသပ္ခ်က္မ်ားႏွင့္ စစ္အေျချပဳ စီးပြားေရးလုပ္ငန္းမ်ား၏ဆိုးက်ိဳးမ်ားကိုမူ ပိုမိုျပည့္စုံသည့္ အခ်က္အလက္မ်ား ရွာဖြယ္စုေဆာင္းကာ သုေတသန ျပဳအပ္ေပ၏။
စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)၏ဦးတည္ခ်က္ႏွင့္လားရာကို စူးစမ္းၾကည့္ျခင္း

၁၅။ စစ္ဆင္ေရး (၁၀၂၇ ပထမလႈိင္း)၏ ထိုးစစ္မ်ား၊ ဦးတည္ရပ္ဝန္းမ်ား၊ ေလ့က်င့္ေပးမႈမ်ား၊ စုဖြဲ႕မႈမ်ား၊ စစ္ျပင္ဆင္မႈမ်ားစသည့္ အခ်က္အလက္မ်ားကို ဆက္စပ္သုံးသပ္ကာ စူးစမ္းမႈမ်ားျပဳ ၿပီးေနာက္ ေအာက္ ပါအခ်က္မ်ားကိုေတြ႕ရွိသျဖင့္ စစ္ဆင္ေရး၏ ဦးတည္ ခ်က္ႏွင့္လားရာကို ခန႔္မွန္းမႈျပဳျဖစ္၏။

(က) KIA သည္ AA ကို နယ္ေျမ သီးသန႔္ေပးကာ တပ္တည္ေဆာက္ျခင္းအဆင့္ဆင့္အပါအဝင္ ေလ့ က်င့္ေမြးထုတ္ေပး၏၊ နည္းတူ TNLA ကိုေပး၏၊ အတူတိုက္ပြဲဝင္ရင္း စစ္နယ္ကြၽမ္းရန္ႏွင့္ စစ္ရည္ ဝရန္ ေလ့က်င့္ေပး၏။ လိုင္ဇာဌာနခ်ဳပ္ကို ကာကြယ္ သည့္အျပင္ စည္းလုံၿခဳံေရး အေစာင့္တပ္အျဖစ္သုံး ၏။ AA ႏွင့္ TNLA တို႔သည္ ရင့္က်က္ၿပီး မိမိေျခ ေထာက္ေပၚ မိမိရပ္တည္ႏိုင္လာသည့္အခါ သီးျခား ကိုယ္ပိုင္ဟန္ျဖင့္ တပ္တည္ေဆာက္ေၾက ေလ့က်င့္ ၾက၏။ MNDAA သည္ AA ႏွင့္ TNLA တို႔၏ ဘ႑ာေရး ရင္းျမစ္ျဖစ္ပုံရ၏။ KIA မူဝါဒလမ္းစဥ္ အတိုင္း MNDAA, TNLA, AA တို႔သည္ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္း၌ ေရာက္ရွိလာသည့္ PDFs မ်ားကို ေမြးထုတ္ေပး၏၊ ေလ့က်င့္ေပး၏၊ PDFs မ်ားကို အတူလက္တြဲတိုက္ပြဲဝင္ေစလ်က္ ေလ့က်င့္ရင္းတိုက္၊ တိုက္ရင္းစစ္ေရးအေတြ႕အႀကဳံရေစ၏။

(ခ) ရွမ္းေျမာက္ ကိုးကန႔္တိုက္ပြဲမ်ား၌ AA သည္ MNDAA ႏွင့္လက္တြဲၿပီး (၂၀၁၅) ခုႏွစ္ ေဖေဖာ္ဝါရီ လတြင္ပါဝင္ခဲ့၏။ စစ္ဆင္ေရး (၁၀၂၇ ပထမလႈိင္း) တြင္ လည္း AA သည္ ေျမာက္ပိုင္း (၃)ဖြဲ႕ႏွင့္အတူ ရွမ္း ေျမာက္၌ လက္တြဲတိုက္ပြဲဝင္ခဲ့၏။ စစ္ဆင္ေရး (၁၀၂၇ ပထမလႈိင္း)၏အဆက္သည္ ရခိုင္သို႔ စစ္နယ္ခ်ဲ႕သည့္အခါ AA ႏွင့္အတူ ေျမာက္ပိုင္း (၃) ဖြဲ႕၊ ၎တို႔ေလ့က်င့္ေပးခဲ့သည့္ PDFs မ်ား ရခိုင္ စစ္ပြဲမ်ား၌ ပါလာသည္ကို သတိျပဳမိ၏။ ရခိုင္စစ္ပြဲ၌ မဟာမိတ္(၃)ဖြဲ႕ႏွင့္ PDFs မ်ား၏ ထုတ္ႏုတ္အင္ အားအခ်ိဳ႕သည္ ယေန႔ထိ စစ္ဆင္ေရးတြင္ ပါဝင္ေန ၾကဆဲဟု သုံးသပ္၍ရ၏။

(ဂ) MNDAA သည္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္း BPLA, PLA, KNDF, PDFs တို႔ကို စုဖြဲ႕ေလ့ က်င့္ၿပီး တိုင္းရင္းသားတပ္မဟာ ( ၆၁၁) ကိုဖြဲ႕စည္း ခဲ့သည္ဟုၾကားရ၏။ နည္းတူ TNLA သည္ မႏၲေလး PDF၊ DPLA တို႔ကိုေလက်င့္ၿပီး စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)ကို ႀကိဳတင္ ျပင္ဆင္ခဲ့သည္ဟု သိရ၏။ MNDAA ႏွင့္ PDFs မ်ား၏ စုဖြဲ႕မႈသည္ မူလ၌ အင္အား ၂၅၀ဝ၀ ခန႔္ ရမခနယ္ေျမ၌ရွိသည္ ဟုခန႔္မွန္းၾက ၏။ စစ္ဆင္ေရး (၁၀၂၇ ပထမ လႈိင္း) ႏွင့္(ဒုတိယလႈိင္း) စစ္ပြဲမ်ားေနာက္ မည္မွ် လက္က်န္ အင္အားရွိ သည္ကိုမႈ ခန႔္မွန္းရန္ခက္ခဲ၏။ သို႔ေသာ္ အင္အား ထက္ဝက္ေက်ာ္က်ဆုံးၿပီဟု ေယဘုယ် ခန႔္ မွန္း၍ရ ၏။ သို႔ျဖင့္ ေလာက္ကိုင္၌ ဗမာႏွင့္ အျခားတိုင္း ရင္းသားမ်ားကို အင္အားသစ္စုျခင္း မ်ိဳးစုံၾကားလာရ၏။

(ဃ) စစ္ဆင္ေရး (၁၀၂၇ ပထမလႈိင္း)၏ ရွမ္း ေျမာက္မွသည္ ရခိုင္အထိ စစ္ပြဲမ်ားကို ျပန္လွန္သုံး သပ္ပါက တိုင္းရင္းသားေဒသမ်ား၌ စုဖြဲ႕မႈ၊ ပါဝင္ေလ့ က်င့္မႈယူၿပီး အသက္ေသြး အမ်ားဆုံးေပးဆပ္ခဲ့ ရသည့္ PDFs မ်ား၏ ရွမ္းေျမာက္ႏွင့္ရခိုင္တြင္ ေပးဆပ္ခဲ့ ေပးဆပ္ဆဲျဖစ္စဥ္မ်ား၏ဦးတည္ခ်က္သည္ “စစ္အာ ဏာရွင္စနစ္ျဖဳတ္ခ်ေရး” ပင္၊ တိုင္းရင္းသားေဒသ စစ္ႀကီးၿပီးလွ်င္ အညာ၊ ေျမလတ္ေဒသသို႔ ဦးတည္ လ်က္ အတူလက္တြဲတိုက္ပြဲဝင္ၾကရန္ ရည္႐ြယ္ပုံရ၏။ သို႔ျဖင့္ “ရွမ္း-မန္း စစ္ဆင္ေရး” သည္ PDFs မ်ား၏ အႏၲိမရည္မွန္းခ်က္ျဖစ္ပုံရ၏။ MNDAA? TNLA? AA တို႔၏ရည္မွန္းခ်က္သည္ စစ္ဆင္ေရး (၁၀၂၇) ျဖစ္ၿပီး “ က်ားဖ်န႔္အျမစ္ျဖဳတ္ေရး” ႏွင့္ ေခါင္းကိုင္ ဖခင္၏မီးစိမ္းျပျခင္းကို သံခင္းတမန္ ခင္းဆန္ဆန္ ရယူခဲ့ပုံေပၚ၏။

(င) မိုးမိတ္၊ မိုးကုတ္၊ မတၱရာႏွင့္ စဥ့္ကူးတို႔ကို TNLA ပူးေပါင္းအဖြဲ႕မွရယူထားျခင္းႏွင့္ ႏြားထိုးႀကီး ကို စစ္ထိုးေနျခင္းတို႔သည္ မႏၲေလးကို ဝိုင္းပတ္ပိတ္ ဆို႔ေရး ပထမေျခလွမ္းျဖစ္ပုံရ၏။ မႏၲေလးသည္ CMEC
၏ဗဟိုခ်က္၊ ကူမင္း-ေက်ာက္ျဖဴ အျမန္ရ ထားလမ္း၏ဗဟိုခ်က္ႏွင့္ CNPC ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းတို႔၏ ဗဟိုခ်က္တြင္တည္ရွိ၏။ နည္းတူ မႏၲေလးသည္ တ႐ုတ္လူမ်ိဳးအမ်ားဆုံး ေနထိုင္သည့္ၿမိဳ႕ျဖစ္၏။ ျမန္မာတို႔၏ ယဥ္ေက်းမႈ ၿမိဳ႕ေတာ္ျဖစ္၏။ ျမန္မာတို႔၏ အတိတ္က ေ႐ႊထီး ေဆာင္းခဲ့သည့္ အသဲႏွလုံးၿမိဳ႕ေတာ္ျဖစ္၏။ ရခိုင္တို႔၏ အနာဂတ္ ေဟာခ်က္ (၉၉) လတၱံ၌ စိနသည္ မဟာ ျမတ္မုနိဘုရားအား ရခိုင္သို႔ျပန္လည္ပို႔ေဆာင္ေပး လိမ့္မည္ဟု ေဟာခ်က္ရွိျခင္းတို႔ေၾကာင့္ မႏၲေလး သည္ စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)၏ ရည္မွန္း ခ်က္ခရီးဆုံးျဖစ္ဖြယ္ရွိသည္ဟု သုံးသပ္ ၍ရ၏။

(စ) သို႔ျဖင့္ MNDAA၊ TNLA၊ AA တို႔သည္ PDFs မ်ား၏ အဓိက ရည္မွန္းခ်က္ျဖစ္သည့္( NUG ရည္မွန္း ခ်က္လည္းျဖစ္) ရွမ္း-မန္း စစ္ဆင္ေရး ေအာင္ျမင္ရန္အတြက္ တိုင္းရင္းသားေဒသမ်ား၌ PDFs
မ်ား အသက္ေသြးေခြၽးေပးဆပ္ခဲ့ၾကရသလို ရွမ္း-မန္းစစ္ဆင္ေရးတြင္ တိုင္းရင္းသားမ်ား၏ အေႂကြး လက္က်န္ကို ေပးဆပ္ၾကဖြယ္ရွိရာ ဤစစ္ ဆင္ေရးကို နစကသည္ ရွမ္းေျမာက္ခ်ီ အထူးစစ္ဆင္ ေရးႀကီးတစ္ရပ္ျဖင့္လည္းေကာင္း၊ ေျပာက္က်ား စစ္ ဆင္ေရးျဖင့္လည္းေကာင္း၊ ေက်းလက္ႏွင့္ ၿမိဳ႕ျပကို ထိုးေဖာက္ၿပီး မည္သည့္နည္းလမ္းျဖင့္မဆို မရပ္တန႔္ ႏိုင္ပါက အလြန္ျပင္းထန္သည့္ ေျမျပန႔္လြင္ျပင္ ထိုး စစ္ႀကီးတစ္ရပ္သည္ ဝိုင္းပတ္ပိတ္ဆို႔ရာ၌ ပါဝင္လာ ၾကမည့္ မုံ႐ြာ၊ စစ္ကိုင္း၊ ျမင္းၿခံ၊ ေတာင္သာ၊ PDFs မ်ား၏စစ္ေရးလႈပ္ရွားမႈကို ၾကည့္ရျခင္းျဖင့္လည္း ေကာင္း၊ ေျမာက္ပိုင္း (၃) ဖြဲ႕၏ စစ္ဆင္ေရး (၁၀၂၇ ဒုတိယလႈိင္း)ကို နယ္ေျမေဒသအလိုက္ တစ္ဖြဲ႕ခ်င္း စီက တာဝန္ယူသိမ္းပိုက္ၿပီးမွ အပစ္ ရပ္ၿငိမ္းခ်မ္းေရး ျပင္ဆင္ေနမႈမ်ားကို ၾကည့္ရျခင္းျဖင့္လည္းေကာင္း၊ MNDAA? TNLA? AA တို႔က အသြင္ တစ္မ်ိဳးျဖင့္ ပါဝင္ၿပီး PDFs မ်ားဦးေဆာင္သည့္ ရွမ္း-မန္း စစ္ဆင္ေရးသည္ ကခ်င္၊ ရခိုင္၊ ရွမ္းတို႔မွ လာမည့္ စစ္ေၾကာင္းႀကီး (၃)ေၾကာင္း၏ ထိုးစစ္ႀကီးတစ္ရပ္ ႏွင့္အတူ မၾကာေတာ့မည့္ သတ္မွတ္ အခ်ိန္ တစ္ခု၌ ေပၚေပါက္လာႏိုင္ေျခမ်ား၏ဟု သုံးသပ္မိရပါ၏။

အပိုင္း (၃) ၿပီး၏။

Related news

© 2021. All rights reserved.