မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်

 2304

ယွန်း (NP News) - စက်တင်ဘာ ၇

မြန်မာ့ပထမဆုံးဖွဲနုဆီစက်ရုံ၏ စက်ပစ္စည်း တင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်နေပြီး လာ မည့်(၂၀၂၅) နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ဝန်း၌ မြန်မာ နိုင်ငံ၏ ပထမဆုံး ဖွဲနုဆီကြမ်းနှင့် ဆီချောပါဝင်သည့် စက်ရုံကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး စက်ပစ္စည်း တင်သွင်းမည့်လုပ်ငန်းများကိုလည်း လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ “လက်ရှိကတော့ တည်ဆောက်ရေးတွေဆက်လုပ်နေပါတယ်။ စီမံကိန်းတွေ ကတော့ (၂၀၂၅) နှစ်ဆန်းပိုင်းမှပြီးမှာပေါ့။ အခုက တော့ တည်ဆောက်ရေးလုပ်နေတာရယ် နောက်ပြီး တော့ အိန္ဒိယနိုင်ငံကနေစက်ပစ္စည်းတင်သွင်းတဲ့ အပိုင်းတွေကို လုပ်နေပါတယ်။ ပြီးတာကတော့ နောက်နှစ်မှပြီးမှပေါ့” ဟု ဦးရဲမင်းအောင် က NP News ကိုပြော သည်။

အဆိုပါ ဖွဲနုဆီကြမ်းနှင့် ဆီချော ပါဝင်သည့် စက်ရုံသည် တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် (၉၀ဝဝ) နှင့် ဆီချောတန်ချိန် (၆၃၀ဝ) စုစုပေါင်း တန်ချိန် (၁၅၃၀ဝ) ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နေပြည်တော် အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့တွင် စက်ရုံပေါင်း(၁၀) ရုံ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစက်ရုံများမှ ထွက်ရှိလာသည့် ဆီ များကို ပြည်တွင်းဈေးကွက်တွင် ရောင်းချသွားမည် ဖြစ်ပြီး ပိုလျှံပါက အဓိကကအားဖြင့် ဂျပန်နိုင်ငံ၊ ကိုရီး ယားနိုင်ငံနှင့် ဥရောပနိုင်ငံတွေကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိသဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ပြည်တွင်းရှိ မြေလွတ်မြေရိုင်းများ၌ ပြည်ပမှ စိုက်ပျိုးရေး ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ညှိနှိုင်းမှုများရှိနေကြောင်း သိရသည်။

လက်ရှိပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၁၇၀ဝဝ) နှုန်းဖြင့် ဝယ် ယူနေရပြီး ပဲဆီတစ်ပိဿာလျှင် ငွေကျပ် (၂၈၀ဝဝ) နှုန်းဖြင့် ဝယ်ယူနေရသည်။

zawgyi version
ျမန္မာ့ပထမဆုံး ဖြဲႏုဆီစက္႐ုံမွ ဆီမ်ား လာမည့္ႏွစ္ ႏွစ္ဆန္းပိုင္းတြင္ စတင္ထုတ္လုပ္မည္
ယြန္း (NP News) - စက္တင္ဘာ ၇

ျမန္မာ့ပထမဆုံးဖြဲႏုဆီစက္႐ုံ၏ စက္ပစၥည္း တင္သြင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၿပီး လာ မည့္(၂၀၂၅) ႏွစ္ဆန္းပိုင္းတြင္ စတင္ထုတ္လုပ္သြား မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီတြင္ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ MAPCO ဆန္စက္ဝန္း၌ ျမန္မာ ႏိုင္ငံ၏ ပထမဆုံး ဖြဲႏုဆီၾကမ္းႏွင့္ ဆီေခ်ာပါဝင္သည့္ စက္႐ုံကို စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္း မ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိၿပီး စက္ပစၥည္း တင္သြင္းမည့္လုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။ “လက္ရွိကေတာ့ တည္ေဆာက္ေရးေတြဆက္လုပ္ေနပါတယ္။ စီမံကိန္းေတြ ကေတာ့ (၂၀၂၅) ႏွစ္ဆန္းပိုင္းမွၿပီးမွာေပါ့။ အခုက ေတာ့ တည္ေဆာက္ေရးလုပ္ေနတာရယ္ ေနာက္ၿပီး ေတာ့ အိႏၵိယႏိုင္ငံကေနစက္ပစၥည္းတင္သြင္းတဲ့ အပိုင္းေတြကို လုပ္ေနပါတယ္။ ၿပီးတာကေတာ့ ေနာက္ႏွစ္မွၿပီးမွေပါ့” ဟု ဦးရဲမင္းေအာင္ က NP News ကိုေျပာ သည္။

အဆိုပါ ဖြဲႏုဆီၾကမ္းႏွင့္ ဆီေခ်ာ ပါဝင္သည့္ စက္႐ုံသည္ တစ္ႏွစ္လွ်င္ ဆီၾကမ္းတန္ခ်ိန္ (၉၀ဝဝ) ႏွင့္ ဆီေခ်ာတန္ခ်ိန္ (၆၃၀ဝ) စုစုေပါင္း တန္ခ်ိန္ (၁၅၃၀ဝ) ခန႔္ကို ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး ေနျပည္ေတာ္ အပါအဝင္ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း ႏွင့္ ပဲခူးတိုင္းတို႔တြင္ စက္႐ုံေပါင္း(၁၀) ႐ုံ တည္ေဆာက္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

အဆိုပါစက္႐ုံမ်ားမွ ထြက္ရွိလာသည့္ ဆီ မ်ားကို ျပည္တြင္းေဈးကြက္တြင္ ေရာင္းခ်သြားမည္ ျဖစ္ၿပီး ပိုလွ်ံပါက အဓိကကအားျဖင့္ ဂ်ပန္ႏိုင္ငံ၊ ကိုရီး ယားႏိုင္ငံႏွင့္ ဥေရာပႏိုင္ငံေတြကို တင္ပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္(၁၂)သိန္းခန႔္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈမွာ တန္ခ်ိန္ သုံးသိန္းခန႔္သာရွိသျဖင့္ ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ ကိုးသိန္းခန႔္တင္သြင္းေနရေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္း၌ စားသုံးဆီဖူလုံေရးအတြက္ ျပည္တြင္းရွိ ေျမလြတ္ေျမ႐ိုင္းမ်ား၌ ျပည္ပမွ စိုက္ပ်ိဳးေရး ကုမၸဏီႀကီးမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး ညႇိႏႈိင္းမႈမ်ားရွိေနေၾကာင္း သိရသည္။

လက္ရွိျပည္တြင္းေဈးကြက္တြင္ စားအုန္းဆီ တစ္ပိႆာလွ်င္ ေငြက်ပ္ (၁၇၀ဝဝ) ႏႈန္းျဖင့္ ဝယ္ ယူေနရၿပီး ပဲဆီတစ္ပိႆာလွ်င္ ေငြက်ပ္ (၂၈၀ဝဝ) ႏႈန္းျဖင့္ ဝယ္ယူေနရသည္။

Related news

© 2021. All rights reserved.