တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် ပြော

 332

Pika (NP News) - စက်တင်ဘာ ၁ဝ

မလေးရှားနိုင်ငံသည် တောင်တရုတ်ပင် လယ်အတွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စက် တင်ဘာလ(၅)ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါကိစ္စကို တရုတ်နိုင်ငံနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အန်ဝါ အီဘရာဟင်က ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas သည် ၎င်း၏ သီးသန့်စီးပွားရေးဇုန်အတွင်း ပင်လယ်ပြင်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းများကို လည်ပတ်လျက်ရှိကြောင်းသိရသည်။

တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသကဲ့သို့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေး ရှား နှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင် လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ゞင်းတို့ပိုင်ဆိုင် ကြောင်း အခိုင်အမာပြောဆိုထားကြသည်။ အန်ဝါအီ ဘရာဟင်သည် ရုရှားနိုင်ငံသို့အလည်အပတ်ခရီး ရောက်ရှိနေစဉ်အချိန်အတွင်း ယခုကဲ့သို့ပြောဆိုခဲ့ ခြင်းဖြစ်သည်။ အန်ဝါအီဘရာဟင်က "ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေရေးနဲ့ပတ်သက်ပြီး လုပ်ဆောင် ခဲ့တာက ကျွန်တော်တို့ရဲ့ ရေပိုင်နက်အတွင်းမှာပါ။ ကျွန်တော်တို့ဘက်က ရန်စတာမျိုး၊ ရန်လိုတာမျိုးတွေ ဖြစ်စေဖို့အတွက် ရည်ရွယ်ထားတာမဟုတ်ဘူး ဆို တာကို တရုတ်နိုင်ငံကို ရှင်းပြသွားမှာပါ။ တရုတ်နိုင်ငံ က မိတ်ဖက်ကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါ ပေမဲ့ ရေနံတူးဖော်တာအပါအဝင် စီးပွားရေးတိုးတက် စေဖို့အတွက် ဒီလိုလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ ရေပိုင်နက်ထဲမှာ ဆက်လက်လည်ပတ်နေရမှာပါ" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဆာရာဝက် ပြည်နယ် ဘော်နီယိုကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအားလုံးကို ရပ်တန့်ရန် မလေးရှားကို တ ရုတ်အစိုးရက တောင်းဆိုခဲ့ကြောင်းသိရသည်။ မလေးရှားနိုင်ငံသည် တရုတ်ပိုင်နက်ကို ကျူးကျော် ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တရုတ်ဘက်က စွပ်စွဲပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို မလေးရှားနိုင်ငံခြားရေးဝန် ကြီးဌာနက မှတ်ချက်ပြု ပြောဆိုတာမျိုးမရှိသေး ကြောင်းသိရသည်။ အန်ဝါအီဘရာဟင်က "ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးကို ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါကကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးရှင်သန်မှုတစ်ခု ဖြစ်နေလို့ပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ရွာေဖြမႈကို
ဆက္လက္လုပ္ေဆာင္သြားမည္ဟု မေလးရွားဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - စက္တင္ဘာ ၁ဝ

မေလးရွားႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္ လယ္အတြင္းတြင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြ ေရးလုပ္ငန္းကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္က စက္ တင္ဘာလ(၅)ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

ထို႔ျပင္ အဆိုပါကိစၥကို တ႐ုတ္ႏိုင္ငံႏွင့္လည္း ခ်စ္ၾကည္ရင္းႏွီးစြာ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း အန္ဝါ အီဘရာဟင္က ေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္တြင္ မေလးရွားအစိုးရပိုင္ ေရနံကုမၸဏီ Petronas သည္ ၎၏ သီးသန႔္စီးပြားေရးဇုန္အတြင္း ပင္လယ္ျပင္ရွိ ေရနံႏွင့္သဘာဝဓာတ္ေငြ႕တြင္းမ်ားကို လည္ပတ္လ်က္ရွိေၾကာင္းသိရသည္။

ေတာင္တ႐ုတ္ပင္လယ္ တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသကဲ့သို႔ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလး ရွား ႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္ လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ゞင္းတို႔ပိုင္ဆိုင္ ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။ အန္ဝါအီ ဘရာဟင္သည္ ႐ုရွားႏိုင္ငံသို႔အလည္အပတ္ခရီး ေရာက္ရွိေနစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ေျပာဆိုခဲ့ ျခင္းျဖစ္သည္။ အန္ဝါအီဘရာဟင္က "ေရနံနဲ႔သဘာဝဓာတ္ေငြ႕ရွာေဖြေရးနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ ခဲ့တာက ကြၽန္ေတာ္တို႔ရဲ႕ ေရပိုင္နက္အတြင္းမွာပါ။ ကြၽန္ေတာ္တို႔ဘက္က ရန္စတာမ်ိဳး၊ ရန္လိုတာမ်ိဳးေတြ ျဖစ္ေစဖို႔အတြက္ ရည္႐ြယ္ထားတာမဟုတ္ဘူး ဆို တာကို တ႐ုတ္ႏိုင္ငံကို ရွင္းျပသြားမွာပါ။ တ႐ုတ္ႏိုင္ငံ က မိတ္ဖက္ေကာင္း ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ဒါ ေပမဲ့ ေရနံတူးေဖာ္တာအပါအဝင္ စီးပြားေရးတိုးတက္ ေစဖို႔အတြက္ ဒီလိုလုပ္ငန္းေတြကိုေတာ့ ကြၽန္ေတာ္တို႔ ေရပိုင္နက္ထဲမွာ ဆက္လက္လည္ပတ္ေနရမွာပါ" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ဆာရာဝက္ ျပည္နယ္ ေဘာ္နီယိုကြၽန္းရွိ ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းအားလုံးကို ရပ္တန႔္ရန္ မေလးရွားကို တ ႐ုတ္အစိုးရက ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။ မေလးရွားႏိုင္ငံသည္ တ႐ုတ္ပိုင္နက္ကို က်ဴးေက်ာ္ ကာ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ရွာေဖြေရးလုပ္ငန္းကို လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း တ႐ုတ္ဘက္က စြပ္စြဲေျပာဆိုခဲ့သည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို မေလးရွားႏိုင္ငံျခားေရးဝန္ ႀကီးဌာနက မွတ္ခ်က္ျပဳ ေျပာဆိုတာမ်ိဳးမရွိေသး ေၾကာင္းသိရသည္။ အန္ဝါအီဘရာဟင္က "ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ရွာေဖြေရးကို ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္သြားမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒါကကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ စီးပြားေရးရွင္သန္မႈတစ္ခု ျဖစ္ေနလို႔ပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.