အမေရိကန်နဲ့တရုတ်တို့ရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေကြား ပထမဆုံးအကြိမ် video call ခေါ်ဆိုမှုပြုလုပ်

 783

Pika (NP News) - စက်တင်ဘာ ၁ဝ

အမေရိကန် နဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံကြားစစ်ရေးအရ ဆက်ဆံမှုတွေ တည်ငြိမ်စေဖို့နဲ့ စစ်ရေးအရနားလည်မှုလွဲမှားနေတာတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းနေမှုနဲ့အတူ စက်တင်ဘာလ(၁၀)ရက်နေ့မှာ နှစ်နိုင်ငံစလုံးရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတွေဟာ ပထမဆုံးအကြိမ် video call ခေါ်ဆိုမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ တရုတ်ရဲ့မိုးပျံပူဖောင်းတစ်လုံးကို ပစ်ချပြီးနောက်ပိုင်း ဆက် ဆံရေးတွေတင်းမာလာခဲ့ပြီးနောက် အမေရိကန်ဟာ တရုတ်နဲ့စစ်ရေးအရ ပုံမှန်ဆက်သွယ်မှု လမ်းကြောင်းအသစ်တွေကိုဖွင့်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ် Sam Paparo ဟာ တရုတ်စစ်တပ်ရဲ့တောင်ပိုင်းစစ်ကွပ်ကဲမှုဌာနချုပ်အကြီးအကဲ Wu Yanan နဲ့ video call ခေါ်ဆိုမှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင်နှစ်ဘက်စလုံးဟာ လက်ရှိဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ပတ်သက်တဲ့ အမြင်တွေကို နက်နက်ရှိုင်းရှိုင်းဖလှယ်ခဲ့ကြတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်ဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုတာတွေကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ စစ်ရေးအကြံပေးတို့ဟာ ပြီးခဲ့တဲ့လမှာ ဘေဂျင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် ယခုလိုဖုန်းခေါ်ဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်ရဲ့ တာဝန်နယ်ပယ်ထဲမှာ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ရေလက်ကြားတို့ပါဝင်တယ်လို့လည်း သိရပါတယ်။ အဲဒီနေရာနှစ်ခုဟာ တရုတ်နဲ့အမေရိကန်ကြား တင်းမာမှုတွေကို မြင့်တက်စေတဲ့ အဓိကနေရာနှစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်အစိုးရဟာ ယခုသီတင်းပတ်နှောင်းမှာ တရုတ်နိုင်ငံမှာကျင်းပမယ့် အဓိကလုံခြုံရေးဖိုရမ်တစ်ခုကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

zawgyi version
အေမရိကန္နဲ႔တ႐ုတ္တို႔ရဲ႕ ထိပ္တန္းစစ္ဘက္အရာရွိေတြၾကား ပထမဆုံးအႀကိမ္ video call ေခၚဆိုမႈျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၁ဝ

အေမရိကန္ နဲ႔ တ႐ုတ္တို႔ဟာ ႏွစ္ႏိုင္ငံၾကားစစ္ေရးအရ ဆက္ဆံမႈေတြ တည္ၿငိမ္ေစဖို႔နဲ႔ စစ္ေရးအရနားလည္မႈလြဲမွားေနတာေတြကို ကာကြယ္ဖို႔အတြက္ ႀကိဳးပမ္းေနမႈနဲ႔အတူ စက္တင္ဘာလ(၁၀)ရက္ေန႔မွာ ႏွစ္ႏိုင္ငံစလုံးရဲ႕ ထိပ္တန္းစစ္ဘက္အရာရွိေတြဟာ ပထမဆုံးအႀကိမ္ video call ေခၚဆိုမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ တ႐ုတ္ရဲ႕မိုးပ်ံပူေဖာင္းတစ္လုံးကို ပစ္ခ်ၿပီးေနာက္ပိုင္း ဆက္ ဆံေရးေတြတင္းမာလာခဲ့ၿပီးေနာက္ အေမရိကန္ဟာ တ႐ုတ္နဲ႔စစ္ေရးအရ ပုံမွန္ဆက္သြယ္မႈ လမ္းေၾကာင္းအသစ္ေတြကိုဖြင့္ဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း သိရပါတယ္။ အေမရိကန္ အင္ဒို-ပစိဖိတ္စစ္ဌာနခ်ဳပ္အႀကီးအကဲ ေရတပ္ဗိုလ္ခ်ဳပ္ Sam Paparo ဟာ တ႐ုတ္စစ္တပ္ရဲ႕ေတာင္ပိုင္းစစ္ကြပ္ကဲမႈဌာနခ်ဳပ္အႀကီးအကဲ Wu Yanan နဲ႔ video call ေခၚဆိုမႈလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ႏွစ္ဘက္စလုံးဟာ လက္ရွိျဖစ္ပြားေနတဲ့ျပႆနာေတြနဲ႔ပတ္သက္တဲ့ အျမင္ေတြကို နက္နက္ရႈိင္းရႈိင္းဖလွယ္ခဲ့ၾကတယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနကေျပာၾကားခဲ့ပါတယ္။ အေမရိကန္ အင္ဒို-ပစိဖိတ္စစ္ဌာနခ်ဳပ္ဟာ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုတာေတြကို ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးဂ်ိတ္ဆူလီဗန္နဲ႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ရဲ႕ စစ္ေရးအႀကံေပးတို႔ဟာ ၿပီးခဲ့တဲ့လမွာ ေဘဂ်င္းၿမိဳ႕မွာေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုဖုန္းေခၚဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

အေမရိကန္ အင္ဒို-ပစိဖိတ္စစ္ဌာနခ်ဳပ္ရဲ႕ တာဝန္နယ္ပယ္ထဲမွာ ေတာင္တ႐ုတ္ပင္လယ္နဲ႔ထိုင္ဝမ္ေရလက္ၾကားတို႔ပါဝင္တယ္လို႔လည္း သိရပါတယ္။ အဲဒီေနရာႏွစ္ခုဟာ တ႐ုတ္နဲ႔အေမရိကန္ၾကား တင္းမာမႈေတြကို ျမင့္တက္ေစတဲ့ အဓိကေနရာႏွစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္အစိုးရဟာ ယခုသီတင္းပတ္ေႏွာင္းမွာ တ႐ုတ္ႏိုင္ငံမွာက်င္းပမယ့္ အဓိကလုံၿခဳံေရးဖိုရမ္တစ္ခုကို အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕ အႀကီးတန္းအရာရွိတစ္ဦးကို ေစလႊတ္ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.