မုံရွာတွင် PDF အဖွဲ့များနှင့် ချိတ်ဆက်၍ ဖောက်ထွင်း၊ လုယက်မှုများကို လတိုင်း အကြိမ်(၃၀)ထက်မနည်း ကျူးလွန်နေသော အဖွဲ့ပေါင်း(၂၀)ကျော်ရှိနေ

 6381

သန့်ဇင် (NP News) - စက်တင်ဘာ ၁၁

မြန်မာနိုင်ငံအလယ်ပိုင်း၏ မြို့ကြီးတစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတွင် PDF အဖွဲ့များနှင့် ချိတ်ဆက်နေသည့် အဖွဲ့ပေါင်း(၂၀)ကျော်က နေအိမ်ဖောက်ထွင်းမှုနှင့် ခိုးဆိုးလုယက်မှုများကို တစ်လလျှင် အကြိမ်(၃၀) ထက်မနည်း ကျူးလွန်နေကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစ၍ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုများနှင့် နေအိမ်ဖောက် ထွင်းခံရမှု များ စတင်ဖြစ်ပွားခဲ့ရာတွင် ယခုနောက် ပိုင်း ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘မုံရွာမှာတော့ နေတိုင်းကိုဖြစ်နေတာ။ အိမ်တွေ ဖောက်ထွင်းခံရတာတို့ ဆိုင်ကယ်လုတာတို့ တခြားလု တာတို့ ခိုးတာတို့က နေ့တိုင်းလိုလို ဖြစ်နေတာ။ အဖြစ်များဆုံးက စက်မှုကွက်သစ်ဘက်မှာ အများဆုံးအဖြစ်များတာ။ ကိုယ်ဟာ့ကိုယ်အိမ်ထဲမှာနေရင်တောင် အိမ်ထဲဝင်ပြီး လုတာတွေလည်းရှိတယ်’ ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ထို့သို့ကျူးလွန်သူများသည် နယ်မြေခံ PDF များနှင့်ပူးပေါင်းကာ လုယက်မှု၊ ခိုးယူမှုနှင့် ဓားပြတိုက်မှုများကို အုပ်စုဖွဲ့ကျူးလွန်နေပြီး ထိုသို့ဆောင်ရွက်နေသော အဖွဲ့ပေါင်း (၂၀)ထက်မနည်းရှိကြောင်း အထက်ပါဒေသခံက ရှင်းပြ သည်။

‘ပွင့်ပွင့်လင်းလင်းပြောရရင်တော့ PDF လိုလို အဖွဲ့တွေနဲ့ပေါင်းပြီး အခုလိုတွေလုပ်နေကြတာ။ လုပ်လုပ်ပြီး တောထဲမှာ သွားသွားလူစုကြတယ်လို့ ကြားမိတယ်။ ပေါ်ပေါ်ထင်ထင်လုပ်နေတော့ ဘယ်သူမှလည်း မပြောရဲကြဘူး။ အရင်ကဆို ကောင်မလေး တစ်ယောက် ဆိတ်ကျောင်းနေတာကို ဘေးတွဲနဲ့ အဲဒီကောင်တွေရောက်လာပြီး ဆိတ်တစ်ကောင်ကို ပေါ်တင်ကြီး ကောက်ယူသွားတာ။ ကောင်မလေးကလည်း ဘာမှမပြောရဲဘဲငြိမ်နေလိုက်ရတယ်။ ဒါပေမဲ့ ဆိတ်ပိုင်ရှင်က လျော်ခိုင်းလို့ မလျော်နိုင်လို့ အဲဒီအ လုပ်မလုပ်ရတော့ဘူး’ဟု ၎င်းကဆက်လက် ပြောသည်။

အထက်ပါကျူးလွန်သူများသည် ခိုးဆိုးလုယက် မှုများသာမက ဓားပြမှုနှင့် မုဒိမ်းမှုများလည်း ကျူး လွန်နေကြသည့်အပြင် ပြန်ပေးဆွဲမှုများကိုလည်း ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြကြောင်း အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။

‘အရင်က လူငယ်လင်မယား(၂)ယောက်ကို စက်မှုကွက်သစ်ဘက်မှာပဲ ကောင်းလေးကို ရိုက်နှက် ပြီးကောင် မလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တာရှိတယ်။ မကြာပါဘူး အဲဒီလင်မယားနေတဲ့ဝင်းထဲက အဒေါ်ကြီးတစ်ယောက်ကို လည်း ပြန်ပေးဆွဲသွားပြီး သူ့ယောကျာ်းကို ကျပ်သိန်း(၁၀ဝဝ)နဲ့လာရွေးဖို့ပြောတယ်။ အဲဒီ ဦးလေးကြီးကလည်း မရှိ၊ရှိတာလေးတွေ ရောင်းချပြီး သိန်း(၂၀)၊(၃၀)လောက်ပေးပါ့မယ် ပြော တာကို မရဘူး။ အဲဒါနဲ့ သူ့မိန်းမနဲ့ဖုန်းပြောချင် ပါ တယ်လို့ ပြောတော့လည်း မင်းမိန်းမကို သွားလေး ချောင်းချွတ်ပေးထားတယ်။ စကားမပြောနိုင်ဘူးလို့ ပြန်ပြောတယ်တဲ့။ အဲဒီ ဦးလေးလည်း သတိလစ်ပြီး မုံရွာဆေးရုံတင်လိုက်ရတယ်’ဟု ၎င်း ကဆက်လက်ပြောသည်။ မုံရွာမြို့သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးထိုင်သည့် မြို့ဖြစ်သည့်အပြင် တိုင်းစစ်ဌာနချုပ်ပါ အခြေစိုက်သည့် မြို့ကြီးတစ်မြို့လည်း ဖြစ် သည်။

zawgyi version
မုံ႐ြာတြင္ PDF အဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္၍ ေဖာက္ထြင္း၊ လုယက္မႈမ်ားကို လတိုင္း အႀကိမ္(၃၀)ထက္မနည္း က်ဴးလြန္ေနေသာ အဖြဲ႕ေပါင္း(၂၀)ေက်ာ္ရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၁

ျမန္မာႏိုင္ငံအလယ္ပိုင္း၏ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ေသာ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာတြင္ PDF အဖြဲ႕မ်ားႏွင့္ ခ်ိတ္ဆက္ေနသည့္ အဖြဲ႕ေပါင္း(၂၀)ေက်ာ္က ေနအိမ္ေဖာက္ထြင္းမႈႏွင့္ ခိုးဆိုးလုယက္မႈမ်ားကို တစ္လလွ်င္ အႀကိမ္(၃၀) ထက္မနည္း က်ဴးလြန္ေနေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

(၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းမွစ၍ ခိုးဆိုးလုယက္မႈ၊ ဓားျပတိုက္မႈမ်ားႏွင့္ ေနအိမ္ေဖာက္ ထြင္းခံရမႈ မ်ား စတင္ျဖစ္ပြားခဲ့ရာတြင္ ယခုေနာက္ ပိုင္း ပိုမိုျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

‘မုံ႐ြာမွာေတာ့ ေနတိုင္းကိုျဖစ္ေနတာ။ အိမ္ေတြ ေဖာက္ထြင္းခံရတာတို႔ ဆိုင္ကယ္လုတာတို႔ တျခားလု တာတို႔ ခိုးတာတို႔က ေန႔တိုင္းလိုလို ျဖစ္ေနတာ။ အျဖစ္မ်ားဆုံးက စက္မႈကြက္သစ္ဘက္မွာ အမ်ားဆုံးအျဖစ္မ်ားတာ။ ကိုယ္ဟာ့ကိုယ္အိမ္ထဲမွာေနရင္ေတာင္ အိမ္ထဲဝင္ၿပီး လုတာေတြလည္းရွိတယ္’ ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထို႔သို႔က်ဴးလြန္သူမ်ားသည္ နယ္ေျမခံ PDF မ်ားႏွင့္ပူးေပါင္းကာ လုယက္မႈ၊ ခိုးယူမႈႏွင့္ ဓားျပတိုက္မႈမ်ားကို အုပ္စုဖြဲ႕က်ဴးလြန္ေနၿပီး ထိုသို႔ေဆာင္႐ြက္ေနေသာ အဖြဲ႕ေပါင္း (၂၀)ထက္မနည္းရွိေၾကာင္း အထက္ပါေဒသခံက ရွင္းျပ သည္။

‘ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ PDF လိုလို အဖြဲ႕ေတြနဲ႔ေပါင္းၿပီး အခုလိုေတြလုပ္ေနၾကတာ။ လုပ္လုပ္ၿပီး ေတာထဲမွာ သြားသြားလူစုၾကတယ္လို႔ ၾကားမိတယ္။ ေပၚေပၚထင္ထင္လုပ္ေနေတာ့ ဘယ္သူမွလည္း မေျပာရဲၾကဘူး။ အရင္ကဆို ေကာင္မေလး တစ္ေယာက္ ဆိတ္ေက်ာင္းေနတာကို ေဘးတြဲနဲ႔ အဲဒီေကာင္ေတြေရာက္လာၿပီး ဆိတ္တစ္ေကာင္ကို ေပၚတင္ႀကီး ေကာက္ယူသြားတာ။ ေကာင္မေလးကလည္း ဘာမွမေျပာရဲဘဲၿငိမ္ေနလိုက္ရတယ္။ ဒါေပမဲ့ ဆိတ္ပိုင္ရွင္က ေလ်ာ္ခိုင္းလို႔ မေလ်ာ္ႏိုင္လို႔ အဲဒီအ လုပ္မလုပ္ရေတာ့ဘူး’ဟု ၎ကဆက္လက္ ေျပာသည္။

အထက္ပါက်ဴးလြန္သူမ်ားသည္ ခိုးဆိုးလုယက္ မႈမ်ားသာမက ဓားျပမႈႏွင့္ မုဒိမ္းမႈမ်ားလည္း က်ဴး လြန္ေနၾကသည့္အျပင္ ျပန္ေပးဆြဲမႈမ်ားကိုလည္း ေပၚေပၚထင္ထင္က်ဴးလြန္ေနၾကေၾကာင္း အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။

‘အရင္က လူငယ္လင္မယား(၂)ေယာက္ကို စက္မႈကြက္သစ္ဘက္မွာပဲ ေကာင္းေလးကို ႐ိုက္ႏွက္ ၿပီးေကာင္ မေလးကို အုပ္စုဖြဲ႕ မုဒိမ္းက်င့္ခဲ့တာရွိတယ္။ မၾကာပါဘူး အဲဒီလင္မယားေနတဲ့ဝင္းထဲက အေဒၚႀကီးတစ္ေယာက္ကို လည္း ျပန္ေပးဆြဲသြားၿပီး သူ႔ေယာက်ာ္းကို က်ပ္သိန္း(၁၀ဝဝ)နဲ႔လာေ႐ြးဖို႔ေျပာတယ္။ အဲဒီ ဦးေလးႀကီးကလည္း မရွိ၊ရွိတာေလးေတြ ေရာင္းခ်ၿပီး သိန္း(၂၀)၊(၃၀)ေလာက္ေပးပါ့မယ္ ေျပာ တာကို မရဘူး။ အဲဒါနဲ႔ သူ႔မိန္းမနဲ႔ဖုန္းေျပာခ်င္ ပါ တယ္လို႔ ေျပာေတာ့လည္း မင္းမိန္းမကို သြားေလး ေခ်ာင္းခြၽတ္ေပးထားတယ္။ စကားမေျပာႏိုင္ဘူးလို႔ ျပန္ေျပာတယ္တဲ့။ အဲဒီ ဦးေလးလည္း သတိလစ္ၿပီး မုံ႐ြာေဆး႐ုံတင္လိုက္ရတယ္’ဟု ၎ ကဆက္လက္ေျပာသည္။ မုံ႐ြာၿမိဳ႕သည္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္႐ုံးထိုင္သည့္ ၿမိဳ႕ျဖစ္သည့္အျပင္ တိုင္းစစ္ဌာနခ်ဳပ္ပါ အေျခစိုက္သည့္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္း ျဖစ္ သည္။

Related news

© 2021. All rights reserved.