အသက်မပြည့်သေးသော ကျောင်းသားများအကြား မူးယစ်ဆေးသုံးစွဲမှု တိုးပွားလာသည့်အတွက် အထူးကြပ်မတ် စောင့်ကြည့်ရန် လိုအပ်လာ
1980
သုတကျော် (NP News) - စက်တင်ဘာ ၁၃
အသက်မပြည့်သေးသော ကျောင်းသားများအကြား မူးယစ်ဆေးသုံးစွဲမှု တိုးပွားလာသည့်အတွက် အထူးကြပ်မတ် စောင့်ကြည့်ရန် လိုအပ်လာကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြေခံပညာ ကျောင်းအချို့ရှိ ကျောင်းသားများလက်တွင်း တရားမဝင် မူးယစ်ဆေးများ ပျံ့နှံ့နေကြောင်း NP News က စုံစမ်းသိရှိရကာ နောက်ပိုင်းကာလများတွင် ပိုမိုတွင်ကျယ်လာနေခြင်းဖြစ်သည်။ တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်အတွင်း “ K ” ဟု ခေါ်နေကြသော ကတ်တမင်း၊ “E” ဟု ခေါ်နေကြသော အတ်စ်တစီ၊ “ ရာဘ” မှ အစပြုကာ Happy Water ၊ သကြားလုံးများ၊ ဘီစကစ်မုန့်များ၊ အသွင်ပြောင်းလဲဖန်တီးထားသော မူးယစ်ဆေး ရောစပ်ထားသော ပစ္စည်းများစသည်ဖြင့် အများအပြားတွင်ကျယ်လာခြင်းဖြစ်သည်။
ထိုသို့ ကျောင်းသားများထံ မူးယစ်ဆေးများ စတင်ထိတွေ့စေသော အကြောင်းအရာများအနက် အရေးကြီးသော အချက်တစ်ချက်မှာ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာသော အရာများကြောင့်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်နေသူ တစ်ဦးက ဆို သည်။
“(၂၀၂၃-၂၄) ထဲမှာ ပိုဆိုးလာတယ်။ Day Club တွေ ပေါ်လာတယ်။ Day Club တွေမှာ ကျောင်းတက်တဲ့ ရက်တွေပေါ့နော်။ တနင်္လာကနေ သောကြာနေ့အထိ Day ကလပ်တွေက (၁၁) နာရီလောက်ကနေ ညနေ (၅)နာရီအထိ ပက်ကေ့ချ်တစ်ခုနဲ့ရောင်းတယ်။ အွန်လိုင်းကနေ အပေါင်း အသင်းတွေနဲ့ချိတ်ပြီးတော့ လာကြတယ်။ စနေ၊ တနင်္ဂနွေတွေမှာဆို မနက် (၁၀)နာရီကနေ ည(၉)နာရီအထိ အဲဒီအချိန်အထိ သီးသန့်ဖွင့်တယ်ဗျ။ အရက်ရတယ်။ အရက်မသောက်ဘူး အိမ်တွေကပြောတယ်ဆိုရင် မူးယစ်ဆေးဝါးပေါ့။ အစမ်းသဘောမျိုး အီးတို့၊ ကေ တို့ရကြတယ်။ တချို့က ဟိုင်းခန်းလို သီးသန့်ပေးတယ်။ ဘာယူမလဲ ပေးတယ်။ နောက်တစ်မျိုးက KTV လိုလုပ်ထားပြီး သီချင်းဆိုခါနီး ယူမလားလို့ မေးလို့ ယူမယ်ဆို အဲဒီလိုပစ္စည်းတွေ ရောက်လာတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ အသက်မပြည့်သေးသူများ မူးယစ်ဆေး၏ သားကောင်ဖြစ်သွားပါက ငွေလိုလာသောအခါ ကျားချောင်း ချောင်းသော ကာမဘီလူးများ၏ လက်တွင်း ငွေကြေးအတွက် သက်ဆင်းသွားရခြင်းများ လည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ “ အဓိကတော့ ငွေလိုလာတယ်။ အဲဒီကလပ်မှာက သူတို့အရွယ်ချည်းပဲ မဟုတ်ဘူး။ သူတို့ခွင်ကို သိနေတဲ့သူတွေကလည်း လာကြတာပဲလေ။ အသက်ကြီးပိုင်းတွေလာတော့ ခရီးသွားတယ်လို့ ပြောလိုက်ဘာညာဆိုပြီး ညာခေါ်သွားတယ်။ ပွဲစားလုပ်ပေးတဲ့သူလည်း ပိုက်ဆံရတယ်။ အဲဒါတွေလည်း ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
ထိုသို့ဖြစ်နေသည့်အတွက် ဆရာများအနေဖြင့်လည်း ယခုနောက်ပိုင်းတွင် ပိုမိုသတိထားလာပြီး ကျောင်း သို့မဟုတ် ကျူရှင်ပျက်သည်ဟုဆိုပါက မိဘများကို ဆက်သွယ်ခြင်းမျိုးဖြင့် ကာကွယ်လာကြကြောင်းလည်း သိရသည်။ ယခင်ကပင် အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးပျံ့နှံ့ခြင်းမျိုးရှိသော် လည်း လက်ရှိအနေအထားကဲ့သို့ မဟုတ်ဘဲ အနည်းစုမျှသာဖြစ်သည်။ ပျံ့နှံ့ခြင်းမရှိသကဲ့သို့ မူးယစ်ဆေးကို တားဆီးရန်အတွက် ရှာဖွေရလည်း လွယ်သည်။
“ ၇ တန်းမှာက နည်းနည်းငယ်သေးတယ်။ ၈ တန်း၊ ၉ တန်းမှာက အရမ်းဆိုးတဲ့ အရွယ်ပေါ့။ ဆယ်တန်းရောက်တော့ မဖြစ်မနေအောင်ရမယ်ဆိုတဲ့ ဖိအားရှိတော့ ငြိမ်သွားတယ်လေ။ ယောကျာ်းလေး တွေကလည်း လူပျိုဖော်ဝင်ခါစဆိုတော့ လူကြီးပုံ ဖြစ်နေပြီပေါ့။ ယောကျာ်းလေးတွေက ဝယ်ပေးတာပါ။ ဆေးပုံစံက အဖြူရှိတယ်။ ပြီးတော့ ပန်းရောင်ပုံစံရှိ တယ်။ အဲဒီဟာက သောက်လိုက်ရင် နာရီပိုင်း အတွင်း အရမ်းလန်းဆန်းတယ်။ ပြီးရင်တော့ အရမ်းအိပ်တာ” ဟု (၂၀ဝ၈) ခုနှစ်ကာလများက အခြေခံ ပညာ အထက်တန်းတက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ၎င်းစမ်းသပ်သုံးစွဲခဲ့ဖူးသော မူးယစ်ဆေးနှင့်ပတ်သက်၍ ရှင်းပြသည်။
ယခုနောက်ပိုင်း အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးများ တွင်တွင်ကျယ်ကျယ် ရောက်ရှိ သွားခြင်းမှာမူ အင်တာနက်ဆက်သွယ်ရေးကွန်ရက် ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ကြောင်း အထက်ပါ မူး ယစ်ဆေးတိုက်ဖျက်သူက ဆိုသည်။ “ ကလေးတွေက အင်တာနက်မှာတင် အပေါင်းအသင်းတွေရလာတယ်။ ကလေးတွေကို မက်လုံးပေးပြီး ဆေးရောင်းသူတွေ စပေါ်လာတယ်။ ဒီကျောင်းသား တစ်ယောက် ကို အလကားပေးလိုက်ပြီး မင်းသူငယ်ချင်းတွေကို ဆွယ်နိုင်ရင် အလကားပေးမယ်ဆိုပြီး ထပ်လုပ်လာ တယ်ဗျာ။ အဲဒီမှာတင် ကလေးကအထဲမှာ ဖောက်သည်ချသလို ဖြစ်လာတယ်” ဟု ကျောင်းများတွင် မူးယစ်ဆေးပျံ့နှံ့လာခြင်း၏ အကြောင်းအရင်း တစ်ခုကို ပြောပြသည်။
အသက်မပြည့်သေးသူများအနေဖြင့် အရက် သို့မဟုတ် ဘီယာကို သောက်သုံးပါက အိမ်ပြန် ရောက်သည့်အခါ အနံ့ထွက်လျှင် မိဘများက ရိပ်မိမည် စိုးသောကြောင့် မူးယစ်ဆေးကို အလွယ်ထိတွေ့ နိုင်ပါက သုံးစွဲခြင်းမျိုးဖြစ်လာနိုင်ကြောင်းလည်း ၎င်းက စိုးရိမ်တကြီး သတိပေးစကားပြောကြားသည်။
“ အခုက ဘာတွေပါတွေ့လာသလဲဆိုတော့ မင်းမှာ ပါလား၊ ပါတယ်ဆိုရင် အုပ်စုလိုက်လေး အသာလေးထွက်သွားပြီး ဟိုတယ်တို့၊ တည်းခိုခန်းတို့မှာ စုပြီး သုံးတာမျိုးလည်း ရှိနေတယ်။ မိန်းကလေး တွေက ဟိုတယ်တွေမှာ သုံးတယ်လို့လည်း ကျွန်တော် သိရတယ်” ဟု ၎င်းက ဆိုသည်။ မူးယစ်စိတ်ကြွဆေးများအနက် အသက်မပြည့်သူ ကလေးငယ်များအကြား အများဆုံး တွေ့နေရ သော မူးယစ်ဆေးမှာ Happy Water ဖြစ်ပြီး မသိသာကြောင့် ဖမ်းရခက်ကြောင်းလည်း ၎င်းက ဆိုသည်။
“ ပျော်ရွှင်စေတဲ့ ရေဆိုပြီး သောက်တာနဲ့ ဖြည်းဖြည်းချင်း တက်လာတာ။ ရေဘူးထဲမှာ ရော ထည့်သွားရင် မသိသာဘူး။ ရေဘူးဆို ဆရာမတွေလည်း မစစ်တော့ဘူးဗျာ။ ဆရာမ ကြည့်ရင် ရေဆာလို့ ရေသောက်နေတယ်ပေါ့။ သူက အရောင်အဆင်း မရှိတော့ မသိသာဘူး။ အဓိက သကြားလုံးထက် လူ ငယ်တွေကြားထဲ ပျံ့နှံ့ရောက်နေတာ Happy Water ပဲ” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်တက်နေသည် ဆိုသော်လည်း မူးယစ်ဆေးဝါးဈေးမှာမူ ယခင်ထက် ပိုမို ကျဆင်းလာပြီး ပုံပြောင်းထုတ် လုပ်မှုများလည်း ရှိနေသည့်အတွက် အဆိုပါအချက်မှာ ပေါပေါ များများ ဖြစ်သွားစေသည့် အကြောင်းအရင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ဆရာ၊ ဆရာမတွေ အနေနဲ့လည်း အရင်ကလိုစာသင်တာထက် စာရင် အွန်လိုင်းကနေ စောင့်ကြည့်တာမျိုး လုပ်လာသင့် တယ်။ ကျွန်တော့်သူငယ်ချင်းတွေဆို အကောင့်တုတွေ ဖွင့်ထားပြီး ပြန်လိုက်တယ်။ အကုန်လုံး မဟုတ် ရင်တောင် ကလေးတစ်ယောက်က ရှစ်တန်း၊ ကိုးတန်းမှာ အများကြီး မလုပ်နိုင်ဘူး။ သေချာလိုက်ရင် သုံးလနဲ့ ခြောက် လလောက်မှာ ပေါ်တယ်ပေါ့။ ဘာတွေ လျော့နေလဲ ဘာညာဆိုပြီး လိုက်ရင်တော့ ပေါ်တာပဲလို့ ကျွန်တော့်သူငယ်ချင်း ကျူရှင်ဆရာတွေက ပြောတယ်” ဟု ၎င်းက ဆိုသည်။
တားဆီးနိုင်မှုစွမ်းရည် နှင့် ထိုးဖောက်နိုင်မှုသည် ဝန်နှင့်အား မမျှသောကြောင့် ယခုမူးယစ်ဆေး သံသရာဆိုးကြီးမှာ ကျယ်ပြန်သကဲ့သို့ဖြစ်လာခြင်း ဖြစ်ကြောင်း အငြိမ်းစား ရဲမှူးကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။ “လွန်ခဲ့သော ဆယ်နှစ်လောက်က တရားစခန်းဝင်တော့ အဲဒီကလေးက ဆေးကျောင်း ဒုတိယနှစ် ကနေ တရားစခန်းလာဝင်တာ။ သူ့ကို တီးခေါက်ကြည့်တော့ သူဆေးပြတ်ပြီးတော့ တရားစခန်းလာဝင်တာ။ အန်ကယ်တို့ စပ်စုတာပေါ့။ မူးယစ်ဆေးဝါး အဲဒီလောက် လွယ်လွယ်ရသလားဆိုတော့ State ကျောင်းမှာတောင်ရတယ်တဲ့။ ရောက်လာတာကို မရောက်လာအောင်တားဖို့ ဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတယ်။ အခုက မြန်မာပြည်ရဲ့အင်အားနဲ့ လူတွေနဲ့ ရဲတပ်ဖွဲ့က မမျှမတဖြစ်နေတော့ မိဘ၊ ဆရာ၊ ဒီလိုမျိုး အသိအမြင်ရှိသူတွေက ဝိုင်းတားဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါးတားဆီးရေးကို ကိုယ်တိုင် မလုပ်နိုင်ပါက သတင်းပေးရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။
“ သတင်းတွေ၊ အချက်အလက်တွေရခဲ့ရင် သက်ဆိုင်ရာ တားဆီးနှိမ်နင်းရေးအဖွဲ့တွေက လုပ် ကြမယ်ဆိုရင် သုံးစွဲသူလက်ထဲကို မရောက်တော့ဘူး။ မရောက်ရင် ဒါကြီးက လုံးဝပပျောက်သွားခြင်း မရှိ တောင် လျော့နည်း၊ ကျဆင်းသွားအောင် လုပ်လို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။
zawgyi version
အသက္မျပည့္ေသးေသာ ေက်ာင္းသားမ်ားအၾကား မူးယစ္ေဆးသုံးစြဲမႈ တိုးပြားလာသည့္အတြက္ အထူးၾကပ္မတ္ ေစာင့္ၾကည့္ရန္ လိုအပ္လာ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၃
အသက္မျပည့္ေသးေသာ ေက်ာင္းသားမ်ားအၾကား မူးယစ္ေဆးသုံးစြဲမႈ တိုးပြားလာသည့္အတြက္ အထူးၾကပ္မတ္ ေစာင့္ၾကည့္ရန္ လိုအပ္လာေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းက အေျခခံပညာ ေက်ာင္းအခ်ိဳ႕ရွိ ေက်ာင္းသားမ်ားလက္တြင္း တရားမဝင္ မူးယစ္ေဆးမ်ား ပ်ံ႕ႏွံ႔ေနေၾကာင္း NP News က စုံစမ္းသိရွိရကာ ေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုတြင္က်ယ္လာေနျခင္းျဖစ္သည္။ တရားမဝင္ မူးယစ္ေဆးဝါး ေဈးကြက္အတြင္း “ K ” ဟု ေခၚေနၾကေသာ ကတ္တမင္း၊ “E” ဟု ေခၚေနၾကေသာ အတ္စ္တစီ၊ “ ရာဘ” မွ အစျပဳကာ Happy Water ၊ သၾကားလုံးမ်ား၊ ဘီစကစ္မုန႔္မ်ား၊ အသြင္ေျပာင္းလဲဖန္တီးထားေသာ မူးယစ္ေဆး ေရာစပ္ထားေသာ ပစၥည္းမ်ားစသည္ျဖင့္ အမ်ားအျပားတြင္က်ယ္လာျခင္းျဖစ္သည္။
ထိုသို႔ ေက်ာင္းသားမ်ားထံ မူးယစ္ေဆးမ်ား စတင္ထိေတြ႕ေစေသာ အေၾကာင္းအရာမ်ားအနက္ အေရးႀကီးေသာ အခ်က္တစ္ခ်က္မွာ ေျပာင္းလဲလာေသာ ေခတ္ေရစီးေၾကာင္းအရ ေပၚေပါက္လာေသာ အရာမ်ားေၾကာင့္ျဖစ္ေၾကာင္း မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေဆာင္႐ြက္ေနသူ တစ္ဦးက ဆို သည္။
“(၂၀၂၃-၂၄) ထဲမွာ ပိုဆိုးလာတယ္။ Day Club ေတြ ေပၚလာတယ္။ Day Club ေတြမွာ ေက်ာင္းတက္တဲ့ ရက္ေတြေပါ့ေနာ္။ တနလၤာကေန ေသာၾကာေန႔အထိ Day ကလပ္ေတြက (၁၁) နာရီေလာက္ကေန ညေန (၅)နာရီအထိ ပက္ေက့ခ်္တစ္ခုနဲ႔ေရာင္းတယ္။ အြန္လိုင္းကေန အေပါင္း အသင္းေတြနဲ႔ခ်ိတ္ၿပီးေတာ့ လာၾကတယ္။ စေန၊ တနဂၤေႏြေတြမွာဆို မနက္ (၁၀)နာရီကေန ည(၉)နာရီအထိ အဲဒီအခ်ိန္အထိ သီးသန႔္ဖြင့္တယ္ဗ်။ အရက္ရတယ္။ အရက္မေသာက္ဘူး အိမ္ေတြကေျပာတယ္ဆိုရင္ မူးယစ္ေဆးဝါးေပါ့။ အစမ္းသေဘာမ်ိဳး အီးတို႔၊ ေက တို႔ရၾကတယ္။ တခ်ိဳ႕က ဟိုင္းခန္းလို သီးသန႔္ေပးတယ္။ ဘာယူမလဲ ေပးတယ္။ ေနာက္တစ္မ်ိဳးက KTV လိုလုပ္ထားၿပီး သီခ်င္းဆိုခါနီး ယူမလားလို႔ ေမးလို႔ ယူမယ္ဆို အဲဒီလိုပစၥည္းေတြ ေရာက္လာတာ ရွိတယ္” ဟု ၎က ဆိုသည္။
ထိုသို႔ အသက္မျပည့္ေသးသူမ်ား မူးယစ္ေဆး၏ သားေကာင္ျဖစ္သြားပါက ေငြလိုလာေသာအခါ က်ားေခ်ာင္း ေခ်ာင္းေသာ ကာမဘီလူးမ်ား၏ လက္တြင္း ေငြေၾကးအတြက္ သက္ဆင္းသြားရျခင္းမ်ား လည္း ရွိေနေၾကာင္း ၎က ဆိုသည္။ “ အဓိကေတာ့ ေငြလိုလာတယ္။ အဲဒီကလပ္မွာက သူတို႔အ႐ြယ္ခ်ည္းပဲ မဟုတ္ဘူး။ သူတို႔ခြင္ကို သိေနတဲ့သူေတြကလည္း လာၾကတာပဲေလ။ အသက္ႀကီးပိုင္းေတြလာေတာ့ ခရီးသြားတယ္လို႔ ေျပာလိုက္ဘာညာဆိုၿပီး ညာေခၚသြားတယ္။ ပြဲစားလုပ္ေပးတဲ့သူလည္း ပိုက္ဆံရတယ္။ အဲဒါေတြလည္း ျဖစ္ေနတယ္”ဟု ၎က ဆိုသည္။
ထိုသို႔ျဖစ္ေနသည့္အတြက္ ဆရာမ်ားအေနျဖင့္လည္း ယခုေနာက္ပိုင္းတြင္ ပိုမိုသတိထားလာၿပီး ေက်ာင္း သို႔မဟုတ္ က်ဴရွင္ပ်က္သည္ဟုဆိုပါက မိဘမ်ားကို ဆက္သြယ္ျခင္းမ်ိဳးျဖင့္ ကာကြယ္လာၾကေၾကာင္းလည္း သိရသည္။ ယခင္ကပင္ အေျခခံပညာေက်ာင္းမ်ားတြင္ မူးယစ္ေဆးပ်ံ႕ႏွံ႔ျခင္းမ်ိဳးရွိေသာ္ လည္း လက္ရွိအေနအထားကဲ့သို႔ မဟုတ္ဘဲ အနည္းစုမွ်သာျဖစ္သည္။ ပ်ံ႕ႏွံ႔ျခင္းမရွိသကဲ့သို႔ မူးယစ္ေဆးကို တားဆီးရန္အတြက္ ရွာေဖြရလည္း လြယ္သည္။
“ ၇ တန္းမွာက နည္းနည္းငယ္ေသးတယ္။ ၈ တန္း၊ ၉ တန္းမွာက အရမ္းဆိုးတဲ့ အ႐ြယ္ေပါ့။ ဆယ္တန္းေရာက္ေတာ့ မျဖစ္မေနေအာင္ရမယ္ဆိုတဲ့ ဖိအားရွိေတာ့ ၿငိမ္သြားတယ္ေလ။ ေယာက်ာ္းေလး ေတြကလည္း လူပ်ိဳေဖာ္ဝင္ခါစဆိုေတာ့ လူႀကီးပုံ ျဖစ္ေနၿပီေပါ့။ ေယာက်ာ္းေလးေတြက ဝယ္ေပးတာပါ။ ေဆးပုံစံက အျဖဴရွိတယ္။ ၿပီးေတာ့ ပန္းေရာင္ပုံစံရွိ တယ္။ အဲဒီဟာက ေသာက္လိုက္ရင္ နာရီပိုင္း အတြင္း အရမ္းလန္းဆန္းတယ္။ ၿပီးရင္ေတာ့ အရမ္းအိပ္တာ” ဟု (၂၀ဝ၈) ခုႏွစ္ကာလမ်ားက အေျခခံ ပညာ အထက္တန္းတက္ေရာက္ခဲ့သူ အမ်ိဳးသမီးတစ္ဦးက ၎စမ္းသပ္သုံးစြဲခဲ့ဖူးေသာ မူးယစ္ေဆးႏွင့္ပတ္သက္၍ ရွင္းျပသည္။
ယခုေနာက္ပိုင္း အေျခခံပညာေက်ာင္းမ်ားတြင္ မူးယစ္ေဆးမ်ား တြင္တြင္က်ယ္က်ယ္ ေရာက္ရွိ သြားျခင္းမွာမူ အင္တာနက္ဆက္သြယ္ေရးကြန္ရက္ က်ယ္ျပန႔္လာျခင္းေၾကာင့္ ျဖစ္ေၾကာင္း အထက္ပါ မူး ယစ္ေဆးတိုက္ဖ်က္သူက ဆိုသည္။ “ ကေလးေတြက အင္တာနက္မွာတင္ အေပါင္းအသင္းေတြရလာတယ္။ ကေလးေတြကို မက္လုံးေပးၿပီး ေဆးေရာင္းသူေတြ စေပၚလာတယ္။ ဒီေက်ာင္းသား တစ္ေယာက္ ကို အလကားေပးလိုက္ၿပီး မင္းသူငယ္ခ်င္းေတြကို ဆြယ္ႏိုင္ရင္ အလကားေပးမယ္ဆိုၿပီး ထပ္လုပ္လာ တယ္ဗ်ာ။ အဲဒီမွာတင္ ကေလးကအထဲမွာ ေဖာက္သည္ခ်သလို ျဖစ္လာတယ္” ဟု ေက်ာင္းမ်ားတြင္ မူးယစ္ေဆးပ်ံ႕ႏွံ႔လာျခင္း၏ အေၾကာင္းအရင္း တစ္ခုကို ေျပာျပသည္။
အသက္မျပည့္ေသးသူမ်ားအေနျဖင့္ အရက္ သို႔မဟုတ္ ဘီယာကို ေသာက္သုံးပါက အိမ္ျပန္ ေရာက္သည့္အခါ အနံ႔ထြက္လွ်င္ မိဘမ်ားက ရိပ္မိမည္ စိုးေသာေၾကာင့္ မူးယစ္ေဆးကို အလြယ္ထိေတြ႕ ႏိုင္ပါက သုံးစြဲျခင္းမ်ိဳးျဖစ္လာႏိုင္ေၾကာင္းလည္း ၎က စိုးရိမ္တႀကီး သတိေပးစကားေျပာၾကားသည္။
“ အခုက ဘာေတြပါေတြ႕လာသလဲဆိုေတာ့ မင္းမွာ ပါလား၊ ပါတယ္ဆိုရင္ အုပ္စုလိုက္ေလး အသာေလးထြက္သြားၿပီး ဟိုတယ္တို႔၊ တည္းခိုခန္းတို႔မွာ စုၿပီး သုံးတာမ်ိဳးလည္း ရွိေနတယ္။ မိန္းကေလး ေတြက ဟိုတယ္ေတြမွာ သုံးတယ္လို႔လည္း ကြၽန္ေတာ္ သိရတယ္” ဟု ၎က ဆိုသည္။ မူးယစ္စိတ္ႂကြေဆးမ်ားအနက္ အသက္မျပည့္သူ ကေလးငယ္မ်ားအၾကား အမ်ားဆုံး ေတြ႕ေနရ ေသာ မူးယစ္ေဆးမွာ Happy Water ျဖစ္ၿပီး မသိသာေၾကာင့္ ဖမ္းရခက္ေၾကာင္းလည္း ၎က ဆိုသည္။
“ ေပ်ာ္႐ႊင္ေစတဲ့ ေရဆိုၿပီး ေသာက္တာနဲ႔ ျဖည္းျဖည္းခ်င္း တက္လာတာ။ ေရဘူးထဲမွာ ေရာ ထည့္သြားရင္ မသိသာဘူး။ ေရဘူးဆို ဆရာမေတြလည္း မစစ္ေတာ့ဘူးဗ်ာ။ ဆရာမ ၾကည့္ရင္ ေရဆာလို႔ ေရေသာက္ေနတယ္ေပါ့။ သူက အေရာင္အဆင္း မရွိေတာ့ မသိသာဘူး။ အဓိက သၾကားလုံးထက္ လူ ငယ္ေတြၾကားထဲ ပ်ံ႕ႏွံ႔ေရာက္ေနတာ Happy Water ပဲ” ဟု ၎က ဆိုသည္။ လက္ရွိတြင္ ကုန္ေဈးႏႈန္းျမင့္တက္ေနသည္ ဆိုေသာ္လည္း မူးယစ္ေဆးဝါးေဈးမွာမူ ယခင္ထက္ ပိုမို က်ဆင္းလာၿပီး ပုံေျပာင္းထုတ္ လုပ္မႈမ်ားလည္း ရွိေနသည့္အတြက္ အဆိုပါအခ်က္မွာ ေပါေပါ မ်ားမ်ား ျဖစ္သြားေစသည့္ အေၾကာင္းအရင္း ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ဆရာ၊ ဆရာမေတြ အေနနဲ႔လည္း အရင္ကလိုစာသင္တာထက္ စာရင္ အြန္လိုင္းကေန ေစာင့္ၾကည့္တာမ်ိဳး လုပ္လာသင့္ တယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြဆို အေကာင့္တုေတြ ဖြင့္ထားၿပီး ျပန္လိုက္တယ္။ အကုန္လုံး မဟုတ္ ရင္ေတာင္ ကေလးတစ္ေယာက္က ရွစ္တန္း၊ ကိုးတန္းမွာ အမ်ားႀကီး မလုပ္ႏိုင္ဘူး။ ေသခ်ာလိုက္ရင္ သုံးလနဲ႔ ေျခာက္ လေလာက္မွာ ေပၚတယ္ေပါ့။ ဘာေတြ ေလ်ာ့ေနလဲ ဘာညာဆိုၿပီး လိုက္ရင္ေတာ့ ေပၚတာပဲလို႔ ကြၽန္ေတာ့္သူငယ္ခ်င္း က်ဴရွင္ဆရာေတြက ေျပာတယ္” ဟု ၎က ဆိုသည္။
တားဆီးႏိုင္မႈစြမ္းရည္ ႏွင့္ ထိုးေဖာက္ႏိုင္မႈသည္ ဝန္ႏွင့္အား မမွ်ေသာေၾကာင့္ ယခုမူးယစ္ေဆး သံသရာဆိုးႀကီးမွာ က်ယ္ျပန္သကဲ့သို႔ျဖစ္လာျခင္း ျဖစ္ေၾကာင္း အၿငိမ္းစား ရဲမႉးႀကီး တစ္ဦးက သုံးသပ္ ေျပာၾကားသည္။ “လြန္ခဲ့ေသာ ဆယ္ႏွစ္ေလာက္က တရားစခန္းဝင္ေတာ့ အဲဒီကေလးက ေဆးေက်ာင္း ဒုတိယႏွစ္ ကေန တရားစခန္းလာဝင္တာ။ သူ႔ကို တီးေခါက္ၾကည့္ေတာ့ သူေဆးျပတ္ၿပီးေတာ့ တရားစခန္းလာဝင္တာ။ အန္ကယ္တို႔ စပ္စုတာေပါ့။ မူးယစ္ေဆးဝါး အဲဒီေလာက္ လြယ္လြယ္ရသလားဆိုေတာ့ State ေက်ာင္းမွာေတာင္ရတယ္တဲ့။ ေရာက္လာတာကို မေရာက္လာေအာင္တားဖို႔ ဥပေဒစိုးမိုးေရးမွာ တာဝန္ရွိတယ္။ အခုက ျမန္မာျပည္ရဲ႕အင္အားနဲ႔ လူေတြနဲ႔ ရဲတပ္ဖြဲ႕က မမွ်မတျဖစ္ေနေတာ့ မိဘ၊ ဆရာ၊ ဒီလိုမ်ိဳး အသိအျမင္ရွိသူေတြက ဝိုင္းတားဖို႔ လိုတယ္”ဟု ၎က ဆိုသည္။
ထို႔ျပင္ မူးယစ္ေဆးဝါးတားဆီးေရးကို ကိုယ္တိုင္ မလုပ္ႏိုင္ပါက သတင္းေပးရန္ လိုအပ္ေၾကာင္း ၎က အႀကံျပဳသည္။
“ သတင္းေတြ၊ အခ်က္အလက္ေတြရခဲ့ရင္ သက္ဆိုင္ရာ တားဆီးႏွိမ္နင္းေရးအဖြဲ႕ေတြက လုပ္ ၾကမယ္ဆိုရင္ သုံးစြဲသူလက္ထဲကို မေရာက္ေတာ့ဘူး။ မေရာက္ရင္ ဒါႀကီးက လုံးဝပေပ်ာက္သြားျခင္း မရွိ ေတာင္ ေလ်ာ့နည္း၊ က်ဆင္းသြားေအာင္ လုပ္လို႔ရတာေပါ့” ဟု ၎က ဆိုသည္။