Gold Trading လုပ်လျှင် အမြတ်များများရမည်ဆိုကာ အင်တာနက်မှတစ်ဆင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးများကို ပစ်မှတ်ထား လိမ်လည်မှုများရှိနေ

 989

သန့်ဇင် (NP News) - စက်တင်ဘာ ၁၃

Gold Trading လုပ်လျှင် အမြတ်များများရမည်ဆိုကာ အင်တာနက်မှတစ်ဆင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးများကို ပစ်မှတ်ထားလိမ်လည်မှု များရှိနေပြီး အလိမ်ခံရသူ ပမာဏများလာကြောင်း NP News က မေးမြန်းထားချက်များအရ သိရသည်။

NP News က လေ့လာချက်များအရ ထိုသို့ လိမ်လည်သော ဖြစ်စဉ်များမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကိုအများဆုံး အသုံးပြု ဆောင်ရွက်ကြကြောင်း တွေ့မြင်ရပြီး အလိမ်ခံရသူ အများစုမှာ သက်လတ်ပိုင်းအရွယ်နှင့် အထက်များ ဖြစ်ကြသည်။ ထို့အပြင် အချို့မှာ ၎င်းတို့ အလိမ်ခံခဲ့ရကြောင်းကို မီဒီယာမှတဆင့် ပြန်လည်ပြောပြရန်အတွက် ရှက်ရွံ့နေကြသည်။

လိမ်လည်နည်းမှာတဆင့်ပြီး တစ်ဆင့်သွားသည့် ပုံစံမျိုးဖြစ်ပြီး ကနဦးတွင် အခြားလူ တစ်ဦး၏ ဓာတ်ပုံကို အသုံးပြုထားသော ဖေ့စ်ဘွတ်ခ် အကောင့်ဖြင့် မိတ်ဖွဲ့ပြီးနောက် စီးပွားရေး အဆင်ပြေသူ တစ်ဦး အသွင်ယူထားကြောင်း မေးမြန်းထားချက်များ အရ သိရသည်။ “ကျွန်မကလည်း အင်တာနက်ကို ကောင်းကောင်း သုံးတတ်တယ်လေ။ အဲ့ဒီတော့ သူတင်ထားတဲ့ ဓာတ်ပုံတွေ၊ သူစားတယ်၊ သွားတယ်၊ သောက်တယ်ဆိုတဲ့ပုံတွေကို Google image နဲ့ ရှာလိုက်တော့ တခြားလူ တစ်ယောက်ရဲ့ အကောင့်က ပုံတွေ ဖြစ်နေတယ်။ ထိုင်းဘက်က လူတစ်ယောက် အကောင့်က ပုံယူသုံးထားတာ” ဟု လက်ရှိတွင် အထက်ပါလူလိမ်များ၏ ပစ်မှတ်ထားခြင်းကို ခံနေရသော အမျိုးသမီးတစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် မခင်သော်တာက ဆိုသည်။

ပထမအဆင့် အကောင့်မိတ်ဖွဲ့ပြီးနောက် လက်ခံလိုက်ပြီဆိုပါက ယဉ်ကျေးသော အသုံးအနှုန်း များဖြင့် စတင်မိတ်ဆက်ကာ ဆွယ်လေ့ရှိကြောင်း ၎င်းကဆိုသည်။

“သူတို့ Profile ကိုကြည့်လိုက်ရင် နံပါတ်(၁)သူတို့က GYM ကစားတယ်။ နံပါတ်(၂)က သူတို့က ထိုင်းကိုအရမ်းသွားတယ်။ တချို့ကလည်း ထိုင်းမှာ လည်းနေတယ်။ သူတို့က ရန်ကုန်မှာနေပြီး ထိုင်းကို အလည်သွားတယ်ပေါ့နော်။ ပထမတော့ ယဉ်ယဉ်ကျေးကျေးနဲ့လာနှုတ်ဆက်တယ်။ စကားပြော ရင် လည်း အရမ်းကိုမှ ယဉ်ကျေးချိုသာတယ်။ စကားတွေပြောပြီးတော့ ဘာလုပ်ငန်းလုပ်သလဲ။ အဆင်ပြေ လား အဲဒီလိုမျိုးတွေ လာမေးတယ်။ အရမ်းကူညီချင်တဲ့လူပုံစံမျိုးနဲ့ စကားတွေပြောပြီးတော့ သူတို့ကို ဘာအလုပ်လုပ်သလဲလို့ ပြန်မေးရင် သူတို့က ရွှေရင်းနှီးမြုပ်နှံမှုလုပ်တယ်။ ရွှေကုန်သွယ်မှု လုပ်တယ်။ အဲဒီလိုမျိုးပြောတာ။ အစ်မဆို (၄)ယောက်လောက်ရှိပြီတွေ့ဖူးတာ” ဟု ၎င်းက ပြောသည်။

ထို့နောက် ဒုတိယအဆင့်အနေဖြင့် ၎င်းတို့၏လုပ်ငန်းများအကြောင်းနှင့် မည်သို့မည်ပုံ အဆင် ပြေနေကြောင်းကို မက်လုံးပေးပြောပြီးနောက် ၎င်း အသုံးပြုနေသည်ဆိုသော Gold Trading Website အတု(သိုမဟုတ်) Application များကို ပို့ဆောင် ဆက်သွယ်စေခြင်းဖြစ်ကြောင်း သိရသည်။

“ သူက Application တွေလည်း Download ဆွဲခိုင်းတော့ အစ်မလည်း Download လုပ်တယ်။ အဲဒီမှာ အစ်မက Trading တွေကို လေ့လာဖူးတဲ့အခါမှာ အစ်မကသူ့ကိုမေးတာ။ အစ်မက စနေ၊ တနင်္ဂနွေ နားရတဲ့အလုပ်ကို သဘောကျတယ်လို့ပြောတော့ သူက စနေ၊ တနင်္ဂနွေမနားရဘူးတဲ့။ တောက်လျှောက် Trade လုပ်လို့ရတယ်တဲ့။ အဲဒီတော့ ရွှေ Market က စနေ၊ တနင်္ဂနွေပိတ်တာ လူတိုင်းသိတယ်။ အဲဒီမှာ လူလိမ်လားမသိဘူးလားဆိုပြီး စဉ်းစားမိတာ။ ပြီးတော့ သူက ကုန်သွယ်မှုလုပ်လိုက်ဦး မယ်တို့လည်း ပြောသေးတယ်။ အစ်မက လုပ်မယ်ဆို မြတ်မယ့် Note ကိုသူမေးမှာတဲ့။ အဲဒီမှာ အစ်မက ငါ့ကိုလိမ်လို့မရဘူးဆိုတော့ သူက အစ်မကိုလိမ်တော့ ဘာလုပ်လို့ရမှာ လည်းလို့ ပိုက်ဆံက အသွင်း အထုတ်အစ်မကိုယ်တိုင်လုပ်ရမှာတဲ့။ သူက ဘာမှဝင်ပါတာမဟုတ်ဘူးဆိုပြီး အဲလိုတွေပြောတာ” ဟု မခင်သော်တာက ဆိုသည်။

မခင်သော်တာသည် ၎င်းထံလာလိ မ်သော လူလိမ်တစ်ဦးကို ပထမအကြိမ် ငြင်းဆိုလိုက်ပြီး နောက်လပိုင်းအတွင်း အလားတူ ပုံဖမ်းထားသော အကောင့်လေးခု၏ ဆက်သွယ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

“ Facebook Friend လာအပ်ခဲ့တဲ့အတွက် လက်ခံလိုက်တဲ့အခါ Messenger ကနေ ခင်မင်ဖို့ မိတ်ဆက်စကား စရေးလာပါတယ်။ နောက်တော့ သူ့အကြောင်းကိုယ့်အကြောင်း ပြောကြရင်း သူက ကိုဗစ်ပြီးကတည်းက အလုပ်တွေမကောင်းတော့လို့ gold trade ကိုစကစားခဲ့ကြောင်းကစပြီး နေ့တိုင်း စိတ်ဝင်စားလာအောင် နည်းနည်းချင်း ဘယ်လိုကစား ရကြောင်း ဘယ်လိုတွေ လမ်းကြောင်းကြည့်ရ ကြောင်း ပြောလာတယ်။ ကစားတဲ့နေရာမှာလည်း ကိုယ့်ဖုန်း ကနေပဲ ကိုယ့်ဖုန်းနံပါတ် ကိုယ့် password ကိုယ့် ID နဲ့ ကိုယ့်လက်နဲ့ကိုယ် ငွေသွင်းငွေထုတ်လုပ်ရတဲ့အတွက် တကယ့်ကို မထင်ရလောက်တဲ့ အဆင့်မြင့် လိမ်လည်နည်းပါ။ ကနဦး အကောင့်ဖွင့်ဖို့ အဲဒီလူက ကူညီပေးပြီး သိန်း (၃၀) ကို kpay ကနေတစ်ဆင့် ငွေသွင်းခဲ့ပါတယ်။ အဲဒီလိုသွင်းလိုက်ရင် ကိုယ့်အကောင့်ထဲကို သိန်း (၃၀) နဲ့ညီမျှတဲ့ ဒေါ်လာဝင်လာပါတယ်။ အကောင့်စဖွင့်တဲ့နေ့မှာပဲ သူ့အကူညီနဲ့ trade နှစ်ခါကစားတဲ့အခါ ဒေါ်လာ ၉၀ မြတ်ခဲ့ပါတယ်” ဟု အလိမ်ခံခဲ့ရသူ အမျိုးသမီး နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ငွေဝင်လာသည့်အတွက် စိတ်တက်ြွကကာ ပိုက်ဆံထည့်ပြီးနောက် ထပ်မံဆော့ကစားရာတွင် အရှုံးများကိုသာ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

“ နောက်ရက်တွေကျတော့ မျိုးစုံမျိုးစုံသော အကြောင်းပြချက်တွေပေးပြီး trade ကိုထပ်မလုပ် ပေးတော့ပါဘူး။ စိတ်ထဲမသင်္ကာဖြစ်ပြီး ဟိုမေးဒီမေး လျှောက်မေးလိုက်တဲ့အခါ နှစ်ပတ်နေတော့ အလိုလို ဆက်သွယ်လို့ မရအောင်ဖြတ်တောက်သွားခဲ့ပါတယ်။ တစ်လပြည့်တော့ မဟုတ်တော့ဘူးဆိုပြီး သွင်းထား ငွေကိုပြန်ထုတ်ဖို့ ကြိုးစားတော့ အကောင့်ဖွင့် ထားတာ မကြာသေးလို့ ငွေထုတ်ဖို့ စပေါ် ဒေါ်လာ (၅၀ဝ)တင်မှဆိုပြီး ယုတ္တိမရှိရှိအောင် တောင်းပါတယ်။ အဲဒီ စပါ်ထပ်တင်လည်း ထုတ်မပေး ပါဘူး trade ကို ဆက်ကစားလည်း အရှုံးပဲပြပါတော့တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

zawgyi version
Gold Trading လုပ္လွ်င္ အျမတ္မ်ားမ်ားရမည္ဆိုကာ အင္တာနက္မွတစ္ဆင့္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးမ်ားကို ပစ္မွတ္ထား လိမ္လည္မႈမ်ားရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၃

Gold Trading လုပ္လွ်င္ အျမတ္မ်ားမ်ားရမည္ဆိုကာ အင္တာနက္မွတစ္ဆင့္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးမ်ားကို ပစ္မွတ္ထားလိမ္လည္မႈ မ်ားရွိေနၿပီး အလိမ္ခံရသူ ပမာဏမ်ားလာေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

NP News က ေလ့လာခ်က္မ်ားအရ ထိုသို႔ လိမ္လည္ေသာ ျဖစ္စဥ္မ်ားမွာ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ယက္ကိုအမ်ားဆုံး အသုံးျပဳ ေဆာင္႐ြက္ၾကေၾကာင္း ေတြ႕ျမင္ရၿပီး အလိမ္ခံရသူ အမ်ားစုမွာ သက္လတ္ပိုင္းအ႐ြယ္ႏွင့္ အထက္မ်ား ျဖစ္ၾကသည္။ ထို႔အျပင္ အခ်ိဳ႕မွာ ၎တို႔ အလိမ္ခံခဲ့ရေၾကာင္းကို မီဒီယာမွတဆင့္ ျပန္လည္ေျပာျပရန္အတြက္ ရွက္႐ြံ႕ေနၾကသည္။

လိမ္လည္နည္းမွာတဆင့္ၿပီး တစ္ဆင့္သြားသည့္ ပုံစံမ်ိဳးျဖစ္ၿပီး ကနဦးတြင္ အျခားလူ တစ္ဦး၏ ဓာတ္ပုံကို အသုံးျပဳထားေသာ ေဖ့စ္ဘြတ္ခ္ အေကာင့္ျဖင့္ မိတ္ဖြဲ႕ၿပီးေနာက္ စီးပြားေရး အဆင္ေျပသူ တစ္ဦး အသြင္ယူထားေၾကာင္း ေမးျမန္းထားခ်က္မ်ား အရ သိရသည္။ “ကြၽန္မကလည္း အင္တာနက္ကို ေကာင္းေကာင္း သုံးတတ္တယ္ေလ။ အဲ့ဒီေတာ့ သူတင္ထားတဲ့ ဓာတ္ပုံေတြ၊ သူစားတယ္၊ သြားတယ္၊ ေသာက္တယ္ဆိုတဲ့ပုံေတြကို Google image နဲ႔ ရွာလိုက္ေတာ့ တျခားလူ တစ္ေယာက္ရဲ႕ အေကာင့္က ပုံေတြ ျဖစ္ေနတယ္။ ထိုင္းဘက္က လူတစ္ေယာက္ အေကာင့္က ပုံယူသုံးထားတာ” ဟု လက္ရွိတြင္ အထက္ပါလူလိမ္မ်ား၏ ပစ္မွတ္ထားျခင္းကို ခံေနရေသာ အမ်ိဳးသမီးတစ္ဦးျဖစ္သူ အသက္ ၄၀ အ႐ြယ္ မခင္ေသာ္တာက ဆိုသည္။

ပထမအဆင့္ အေကာင့္မိတ္ဖြဲ႕ၿပီးေနာက္ လက္ခံလိုက္ၿပီဆိုပါက ယဥ္ေက်းေသာ အသုံးအႏႈန္း မ်ားျဖင့္ စတင္မိတ္ဆက္ကာ ဆြယ္ေလ့ရွိေၾကာင္း ၎ကဆိုသည္။

“သူတို႔ Profile ကိုၾကည့္လိုက္ရင္ နံပါတ္(၁)သူတို႔က GYM ကစားတယ္။ နံပါတ္(၂)က သူတို႔က ထိုင္းကိုအရမ္းသြားတယ္။ တခ်ိဳ႕ကလည္း ထိုင္းမွာ လည္းေနတယ္။ သူတို႔က ရန္ကုန္မွာေနၿပီး ထိုင္းကို အလည္သြားတယ္ေပါ့ေနာ္။ ပထမေတာ့ ယဥ္ယဥ္ေက်းေက်းနဲ႔လာႏႈတ္ဆက္တယ္။ စကားေျပာ ရင္ လည္း အရမ္းကိုမွ ယဥ္ေက်းခ်ိဳသာတယ္။ စကားေတြေျပာၿပီးေတာ့ ဘာလုပ္ငန္းလုပ္သလဲ။ အဆင္ေျပ လား အဲဒီလိုမ်ိဳးေတြ လာေမးတယ္။ အရမ္းကူညီခ်င္တဲ့လူပုံစံမ်ိဳးနဲ႔ စကားေတြေျပာၿပီးေတာ့ သူတို႔ကို ဘာအလုပ္လုပ္သလဲလို႔ ျပန္ေမးရင္ သူတို႔က ေ႐ႊရင္းႏွီးျမဳပ္ႏွံမႈလုပ္တယ္။ ေ႐ႊကုန္သြယ္မႈ လုပ္တယ္။ အဲဒီလိုမ်ိဳးေျပာတာ။ အစ္မဆို (၄)ေယာက္ေလာက္ရွိၿပီေတြ႕ဖူးတာ” ဟု ၎က ေျပာသည္။

ထို႔ေနာက္ ဒုတိယအဆင့္အေနျဖင့္ ၎တို႔၏လုပ္ငန္းမ်ားအေၾကာင္းႏွင့္ မည္သို႔မည္ပုံ အဆင္ ေျပေနေၾကာင္းကို မက္လုံးေပးေျပာၿပီးေနာက္ ၎ အသုံးျပဳေနသည္ဆိုေသာ Gold Trading Website အတု(သိုမဟုတ္) Application မ်ားကို ပို႔ေဆာင္ ဆက္သြယ္ေစျခင္းျဖစ္ေၾကာင္း သိရသည္။

“ သူက Application ေတြလည္း Download ဆြဲခိုင္းေတာ့ အစ္မလည္း Download လုပ္တယ္။ အဲဒီမွာ အစ္မက Trading ေတြကို ေလ့လာဖူးတဲ့အခါမွာ အစ္မကသူ႔ကိုေမးတာ။ အစ္မက စေန၊ တနဂၤေႏြ နားရတဲ့အလုပ္ကို သေဘာက်တယ္လို႔ေျပာေတာ့ သူက စေန၊ တနဂၤေႏြမနားရဘူးတဲ့။ ေတာက္ေလွ်ာက္ Trade လုပ္လို႔ရတယ္တဲ့။ အဲဒီေတာ့ ေ႐ႊ Market က စေန၊ တနဂၤေႏြပိတ္တာ လူတိုင္းသိတယ္။ အဲဒီမွာ လူလိမ္လားမသိဘူးလားဆိုၿပီး စဥ္းစားမိတာ။ ၿပီးေတာ့ သူက ကုန္သြယ္မႈလုပ္လိုက္ဦး မယ္တို႔လည္း ေျပာေသးတယ္။ အစ္မက လုပ္မယ္ဆို ျမတ္မယ့္ Note ကိုသူေမးမွာတဲ့။ အဲဒီမွာ အစ္မက ငါ့ကိုလိမ္လို႔မရဘူးဆိုေတာ့ သူက အစ္မကိုလိမ္ေတာ့ ဘာလုပ္လို႔ရမွာ လည္းလို႔ ပိုက္ဆံက အသြင္း အထုတ္အစ္မကိုယ္တိုင္လုပ္ရမွာတဲ့။ သူက ဘာမွဝင္ပါတာမဟုတ္ဘူးဆိုၿပီး အဲလိုေတြေျပာတာ” ဟု မခင္ေသာ္တာက ဆိုသည္။

မခင္ေသာ္တာသည္ ၎ထံလာလိ မ္ေသာ လူလိမ္တစ္ဦးကို ပထမအႀကိမ္ ျငင္းဆိုလိုက္ၿပီး ေနာက္လပိုင္းအတြင္း အလားတူ ပုံဖမ္းထားေသာ အေကာင့္ေလးခု၏ ဆက္သြယ္ျခင္းကို ခံခဲ့ရသူ ျဖစ္သည္။

“ Facebook Friend လာအပ္ခဲ့တဲ့အတြက္ လက္ခံလိုက္တဲ့အခါ Messenger ကေန ခင္မင္ဖို႔ မိတ္ဆက္စကား စေရးလာပါတယ္။ ေနာက္ေတာ့ သူ႔အေၾကာင္းကိုယ့္အေၾကာင္း ေျပာၾကရင္း သူက ကိုဗစ္ၿပီးကတည္းက အလုပ္ေတြမေကာင္းေတာ့လို႔ gold trade ကိုစကစားခဲ့ေၾကာင္းကစၿပီး ေန႔တိုင္း စိတ္ဝင္စားလာေအာင္ နည္းနည္းခ်င္း ဘယ္လိုကစား ရေၾကာင္း ဘယ္လိုေတြ လမ္းေၾကာင္းၾကည့္ရ ေၾကာင္း ေျပာလာတယ္။ ကစားတဲ့ေနရာမွာလည္း ကိုယ့္ဖုန္း ကေနပဲ ကိုယ့္ဖုန္းနံပါတ္ ကိုယ့္ password ကိုယ့္ ID နဲ႔ ကိုယ့္လက္နဲ႔ကိုယ္ ေငြသြင္းေငြထုတ္လုပ္ရတဲ့အတြက္ တကယ့္ကို မထင္ရေလာက္တဲ့ အဆင့္ျမင့္ လိမ္လည္နည္းပါ။ ကနဦး အေကာင့္ဖြင့္ဖို႔ အဲဒီလူက ကူညီေပးၿပီး သိန္း (၃၀) ကို kpay ကေနတစ္ဆင့္ ေငြသြင္းခဲ့ပါတယ္။ အဲဒီလိုသြင္းလိုက္ရင္ ကိုယ့္အေကာင့္ထဲကို သိန္း (၃၀) နဲ႔ညီမွ်တဲ့ ေဒၚလာဝင္လာပါတယ္။ အေကာင့္စဖြင့္တဲ့ေန႔မွာပဲ သူ႔အကူညီနဲ႔ trade ႏွစ္ခါကစားတဲ့အခါ ေဒၚလာ ၉၀ ျမတ္ခဲ့ပါတယ္” ဟု အလိမ္ခံခဲ့ရသူ အမ်ိဳးသမီး ႏွင့္ နီးစပ္သူ တစ္ဦးက ဆိုသည္။

ေငြဝင္လာသည့္အတြက္ စိတ္တက္ျြကကာ ပိုက္ဆံထည့္ၿပီးေနာက္ ထပ္မံေဆာ့ကစားရာတြင္ အရႈံးမ်ားကိုသာ ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္သည္။

“ ေနာက္ရက္ေတြက်ေတာ့ မ်ိဳးစုံမ်ိဳးစုံေသာ အေၾကာင္းျပခ်က္ေတြေပးၿပီး trade ကိုထပ္မလုပ္ ေပးေတာ့ပါဘူး။ စိတ္ထဲမသကၤာျဖစ္ၿပီး ဟိုေမးဒီေမး ေလွ်ာက္ေမးလိုက္တဲ့အခါ ႏွစ္ပတ္ေနေတာ့ အလိုလို ဆက္သြယ္လို႔ မရေအာင္ျဖတ္ေတာက္သြားခဲ့ပါတယ္။ တစ္လျပည့္ေတာ့ မဟုတ္ေတာ့ဘူးဆိုၿပီး သြင္းထား ေငြကိုျပန္ထုတ္ဖို႔ ႀကိဳးစားေတာ့ အေကာင့္ဖြင့္ ထားတာ မၾကာေသးလို႔ ေငြထုတ္ဖို႔ စေပၚ ေဒၚလာ (၅၀ဝ)တင္မွဆိုၿပီး ယုတၱိမရွိရွိေအာင္ ေတာင္းပါတယ္။ အဲဒီ စပၚထပ္တင္လည္း ထုတ္မေပး ပါဘူး trade ကို ဆက္ကစားလည္း အရႈံးပဲျပပါေတာ့တယ္” ဟု ၎ကဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.