Jake Sullivan ၏ခရီးစဉ်မှ အမေရိကန်-တရုတ် ဆက်ဆံရေးကို ခြေရာခံကြည့်ခြင်း (ဘာသာပြန်ဆောင်းပါး)

 614

သန်းထိုက်စိုး (NP News) - စက်တင်ဘာ ၁၃

နှစ်နိုင်ငံဆက်ဆံရေးကိုလေ့လာရာတွင် ကမ္ဘာ့ နိုင်ငံများအပေါ် အကျိုးသက်ရောက်မှုကြီးမား သော အမေရိကန်နှင့်တရုတ် အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့ ရှိကြသည်။ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်စုခန့်က ပိုမိုတင်းမာလာ ခဲ့သည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ သည် လက်ရှိအမေရိကန် သမ္မတ ဂျိုးဘိုင် ဒန် လက်ထက်အထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ အမေရိကန်တို့သည် တရုတ်နိုင်ငံကို ထိန်းချုပ် ရန်အတွက် အင်ဒိုပစိဖိတ်ဒေသတွင်းတွင် လုံခြုံရေးမဟာ မိတ်များဖွဲ့စည်းမှုကို အရှိန်မြှင့်ဆောင်ရွက် လာခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၏ ထိပ်တန်းလက်ထောက် တစ်ဦး ဖြစ်သူ Sullivan သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ သည့်ခရီးစဉ်နှင့်ပတ်သက်၍လည်း ကမ္ဘာ့ သတင်း မီဒီယာများတွင် ရှုထောင့်အမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့် ပြန့်ဖော်ပြခဲ့ကြသည်။ သမ္မတ ဂျိုးဘိုင် ဒန်သည် သမ္မတ ဂျင်မီကာတာပြီးလျှင် တရုတ်နိုင်ငံသို့ ကိုယ်တိုင် လာရောက်ခြင်းမရှိသည့် သမ္မတ တစ်ဦးလည်း ဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး အကြံပေးတစ်ဦးဖြစ်သည့် Sullivan အနေဖြင့် တရုတ်နိုင်ငံခြားရေးကြီး ဝမ်ယိ၊ တရုတ်ထိပ်တန်း စစ် ဘက်ခေါင်းဆောင်များအပြင် သမ္မတ ရှီကျင့်ဖျင်နှင့်ပါ တွေ့ဆုံခွင့်ရရှိခဲ့သည်။ Jake Sullivan သည် (၂၀၁၆) ခုနှစ်နောက်ပိုင်း တရုတ် နိုင်ငံသို့ လာရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန်အမျိုးသားလုံခြုံ ရေးအကြံပေးတစ်ဦးလည်းဖြစ်သည်။ Jake Sullivan သည် သမ္မတဂျိုးဘိုင်ဒန်နှင့် သမ္မတရှီကျင့်ဖျင်တို့နှစ်ဦး ထိပ်သီးချင်းတွေ့ဆုံနိုင်ရေး အတွက် အကြိုလာရောက် တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်ဟုလည်း သတင်းများတွင် ဖော်ပြကြသည်။

သမ္မတရှီကျင့်ဖျင်ကမူ Jake Sullivan ကို လက်ခံတွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် အမေရိ ကန်နိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ် ရရှိထားမှုကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ကတိပြု ပြောဆိုခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသည့် အပြောင်းအလဲများရှိနေသော်လည်း တည်ငြိမ် ခိုင်မာပြီး စဉ်ဆက်မပြတ်တိုးတက်နေသည့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေခံရရှိထားမှုမှာ မပြောင်းမလဲရှိနေ မည်ဟု သမ္မတ ရှီကျင့်ဖျင်ကပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုများရှိသော်လည်း အဆိုပါယှဉ်ပြိုင်မှု များသည် ပဋိပက္ခသို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများဆီ ရောက်ရှိမလာစေရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွား ဆုံမှတ်ရှိသည့်နေရာများတွင် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် သမ္မတဂျိုးဘိုင်ဒန်က သတင်း စကားပါး လိုက်ကြောင်း Jake Sullivan က ပြောဆိုခဲ့သည်။ Jake Sullivan နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့သည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး တွေ့ဆုံနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

Jake Sullivan သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် Zhang Youxia နှင့်လည်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရုံးတွင်တွေ့ဆုံခဲ့ သည်။ ထိုသို့တွေ့ဆုံချိန်တွင် ထိုင်ဝမ် (တရုတ်တိုင် ပေ)ကိစ္စနှင့် စစ်မီးထတောက်နိုင်သည့် အခြားကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီက တရုတ်နှင့် ဖိလစ်ပိုင်တို့ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ ကြသည့် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ထိုင်ဝမ် (တရုတ်တိုင်ပေ) ရေလက်ကြားတည်ငြိမ်ရေး အရေးကြီးကြောင်း Jake Sulli­van က ပြောဆိုခဲ့သည်။ ထိုင်ဝမ်(တရုတ် တိုင်ပေ)သည် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ဖြတ်၍ မရသော မီးနီမျဉ်းဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Zhang Youxia ကလည်း သတိပေးပြောဆိုခဲ့သည်။ တရုတ် နိုင်ငံအနေဖြင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)ရေ လက်ကြား တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေး ထိန်းသိမ်း ရန် အမြဲတစေ အလေးအနက်ထားကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ် ပြန်ခဲ့သည်။ သို့သော် ထိုင်ဝမ်(တရုတ်တိုင်ပေ) တည် ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည်မှာ ထိုင်ဝမ်(တ ရုတ်တိုင်ပေ) သီးခြားခွဲထွက်ရေးမဟုတ်ကြောင်းလည်း Zhang Youxia က ပြောဆိုခဲ့သည်။ အမေရိ ကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့် စစ် ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန်၊ လက် နက်ထောက်ပံ့မှုရပ်ဆိုင်းရန်နှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့်ပတ်သက်၍ သတင်းမှားများဖြန့်ချိနေမှုကို လည်း ရပ်တန့်ရန် တရုတ်နိုင်ငံဘက်ကတောင်းဆိုခဲ့ သည်။ တရုတ်နှင့်အမေရိကန်နိုင်ငံတို့သည် အင်အား ကြီးနိုင်ငံများဖြစ်သည်နှင့်အညီ တာဝန်ယူမှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံစစ်ဘက်နှစ်ရပ်ကြား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် အပြန် အလှန်ဖလှယ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း Zhang Youxia က Jake Sullivan ကို ပြောဆိုခဲ့သည်။ ထိုင်ဝမ် (တရုတ်တိုင်ပေ)အနေဖြင့် တရုတ်ပြည်မကြီး နှင့် ပြန်လည်ပေါင်းစည်းရေးမှာ တရုတ်နိုင်ငံ၏ ရည်မှန်း ချက်ဖြစ်ပြီး တရုတ်တပ်မတော်၏ တာဝန်လည်း ဖြစ်ကြောင်း ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး Zhang Youxia က ပြောဆိုခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီသည် (၂၀၂၂) ခုနှစ် ဩဂုတ်လတွင် ထိုင် ဝမ် (တရုတ်တိုင်ပေ) သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုများကို ဆိုင်းငံ့ခဲ့သည်။ သမ္မတရှီကျင့်ဖျင် နှင့် သမ္မတဘိုင်ဒန် တို့ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကို မြို့တွင်တွေ့ဆုံအပြီး နောက်တစ်နှစ်ကျော်အကြာ မှသာလျှင် ဆွေးနွေးမှုများ တဖြည်းဖြည်း ပြန်လည် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်သင်္ဘောများနှင့် ဖိလစ် ပိုင် ရေတပ်သင်္ဘောများ မကြာခဏဆိုသကဲ့သို့ ထိတွေ့မှုဖြစ်ပွားနေခြင်းသည် ဆက်သွယ်ရေး လမ်း ကြောင်း လိုအပ်နေခြင်းဖြစ်သည်ကို အချက်ပြနေခြင်းပင်ဖြစ်သည်။

အမေရိကန်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် အပြန်အလှန်အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုထား ကြသည်။ အကယ်၍ ဖိလစ်ပိုင်အတိုက်ခံရပါက အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏မဟာမိတ်ကို အကာအ ကွယ်ပေးရန်တာဝန်ရှိသည်။ တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံ၏ အပြုအမူများနှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့သော်လည်း အမေရိကန်-ဖိလစ်ပိုင်အပြန်အလှန်အကာအကွယ်ပေးရေး စာ ချုပ်ကို အသုံးချပြီး တရုတ်နိုင်ငံ၏အချုပ်အခြာ အာဏာ ထိခိုက်အောင်ပြုလုပ်မည်မဟုတ်ကြောင်း Jake Sullivan က ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ရုရှားနိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းတွင် ထောက်ပံ့ ပေးနေခြင်းနှင့်ပတ်သက်၍စိုးရိမ်မိကြောင်း Jake Sullivan ကလည်း ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံ ၏ အဆိုပါစွပ်စွဲမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ပယ်ချခဲ့သည်။ ထို့ပြင် ဂါဇာဒေသ ငြိမ်းချမ်းရေး ဆက် လက်ကြိုးပမ်းအားထုတ်နေမှု၊ ဆိုက်ဘာနယ်ပယ်တွင် အရှိန်မြင့်လာမှုနှင့် တွက်ချက်မှု လွဲမှားနိုင်ခြေကို ရှောင်လွှဲရန်လိုအပ်ကြောင်းလည်း သမ္မတ အိမ်ဖြူတော်ကလည်း သတင်းပြန်ခဲ့သည်။

နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိဟုဆိုကြသည့်အတိုင်း Jake Sullivan ၏ ခရီးစဉ်မှာလည်း နိုဝင်ဘာ လတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲမတိုင် မီတွင် လာရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လည်း အမေရိကန်ရွေးကောက်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်နေမည်မှာ သေချာ သည်။ ဇန်နဝါရီလတွင် အစိုးရအပြောင်းအလဲသည် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ၏ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားမည်ဖြစ်သည်။ ဒီမိုကရက်သမ္မတလောင်း ကဲမလာဟားရစ် အနိုင်ရခဲ့ပါက တရုတ်နှင့် ဆွေးနွေးရေး နည်းလမ်းကိုရှာဖွေနေသည့် သမ္မတဂျိုးဘိုင်ဒန်၏ ချဉ်းကပ်နည်းလမ်းအတိုင်း ဆက်လက်ကျင့်သုံးနိုင် ရေး သတင်းစကားလာပေးခြင်းဖြစ်သည်ဟုလည်း သုံးသပ်ချက်များရှိသည်။ ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကမူ တရုတ်နိုင်ငံနှင့် ပတ်သက်၍ တင်းမာ သည့်သဘောထားရှိသူဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် အမေရိကန်-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း Jake Sullivan က ထပ်ဖန်တ လဲလဲပြောဆိုခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့နှစ်ဦး၏တွေ့ဆုံမှုမှာ ပီရူးနိုင်ငံတွင် ကျင်းပမည့် Asia-Pacific Economic Cooperation Forum သို့မဟုတ် နိုဝင်ဘာလတွင် ဘရာဇီးလ် နိုင်ငံ၌ ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံများ G-20 ထိပ်သီးဆွေးနွေးပွဲတွင်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြော ဆိုမှုများလည်းရှိသည်။ ရီပတ်ဘလစ်ကန် ခေါင်းဆောင်အချို့ကမူ အမေရိကန်နိုင်ငံ ၏ တရုတ် နိုင်ငံ နှင့်တွေ့ဆုံနေမှုများကို အချိန်ဖြုန်းသည့် ကြိုးပမ်းအားထုတ်မှုများအဖြစ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

Jake Sullivan က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ် အကြောင်းပြောဆိုရာတွင် တောင်တရုတ် ပင်လယ် အရေးနှင့်ပတ်သက်၍ သဘောတူညီချက်အသစ်များ မရရှိခဲ့ကြောင်း၊ သို့သော် စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စများနှင့်ပတ်သက်၍ ခိုင်မာသည့်အပေးအယူ ပြုလုပ်မှုများရရှိခဲ့ကြောင်း၊ ရွေးကောက် ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများမှာ အကန့် အသတ်ဖြင့် ရှိနေဆဲဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့၏ ထိပ်သီးတွေ့ဆုံမှုတွင် ဆွေးနွေးစရာ၊ ဆောင်ရွက်စရာ များစွာလိုအပ်သည်။ သို့သော် Jake Sullivan တရုတ်နိုင်ငံသို့ ရောက်ရှိ လာခြင်းနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ခြင်းတို့မှာ အပြု သဘော တိုးတက်မှုများအဖြစ် ယူဆနိုင်စရာရှိပါကြောင်း Jake Sullivan ၏ ခရီးစဉ်မှ အမေရိကန်-တရုတ်ဆက်ဆံရေးကို ခြေရာခံမိသမျှ စုစည်းတင်ပြရပါသည်။

zawgyi version
Jake Sullivan ၏ခရီးစဥ္မွ အေမရိကန္-တ႐ုတ္ ဆက္ဆံေရးကို ေျခရာခံၾကည့္ျခင္း (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - စက္တင္ဘာ ၁၃

ႏွစ္ႏိုင္ငံဆက္ဆံေရးကိုေလ့လာရာတြင္ ကမာၻ႔ ႏိုင္ငံမ်ားအေပၚ အက်ိဳးသက္ေရာက္မႈႀကီးမား ေသာ အေမရိကန္ႏွင့္တ႐ုတ္ အင္အားႀကီးႏွစ္ႏိုင္ငံ၏ ဆက္ဆံေရးကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေလ့ ရွိၾကသည္။ အေမရိကန္-တ႐ုတ္ဆက္ဆံေရးမွာ လြန္ခဲ့သည့္ဆယ္စုႏွစ္တစ္စုခန႔္က ပိုမိုတင္းမာလာ ခဲ့သည္။ သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ ကုန္သြယ္ေရးစစ္ပြဲ သည္ လက္ရွိအေမရိကန္ သမၼတ ဂ်ိဳးဘိုင္ ဒန္ လက္ထက္အထိ ဆက္လက္က်င့္သုံးေနဆဲျဖစ္သည္။ အေမရိကန္တို႔သည္ တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ ရန္အတြက္ အင္ဒိုပစိဖိတ္ေဒသတြင္းတြင္ လုံၿခဳံေရးမဟာ မိတ္မ်ားဖြဲ႕စည္းမႈကို အရွိန္ျမႇင့္ေဆာင္႐ြက္ လာခဲ့သည္။

မၾကာေသးမီရက္ပိုင္းအတြင္းက အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္၏ ထိပ္တန္းလက္ေထာက္ တစ္ဦး ျဖစ္သူ Sullivan သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ သည့္ခရီးစဥ္ႏွင့္ပတ္သက္၍လည္း ကမာၻ႔ သတင္း မီဒီယာမ်ားတြင္ ရႈေထာင့္အမ်ိဳးမ်ိဳးျဖင့္ က်ယ္က်ယ္ျပန႔္ ျပန႔္ေဖာ္ျပခဲ့ၾကသည္။ သမၼတ ဂ်ိဳးဘိုင္ ဒန္သည္ သမၼတ ဂ်င္မီကာတာၿပီးလွ်င္ တ႐ုတ္ႏိုင္ငံသို႔ ကိုယ္တိုင္ လာေရာက္ျခင္းမရွိသည့္ သမၼတ တစ္ဦးလည္း ျဖစ္သည္။ သမၼတဂ်ိဳးဘိုင္ဒန္၏ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးတစ္ဦးျဖစ္သည့္ Sullivan အေနျဖင့္ တ႐ုတ္ႏိုင္ငံျခားေရးႀကီး ဝမ္ယိ၊ တ႐ုတ္ထိပ္တန္း စစ္ ဘက္ေခါင္းေဆာင္မ်ားအျပင္ သမၼတ ရွီက်င့္ဖ်င္ႏွင့္ပါ ေတြ႕ဆုံခြင့္ရရွိခဲ့သည္။ Jake Sullivan သည္ (၂၀၁၆) ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ ႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ ပထမဆုံးေသာ အေမရိကန္အမ်ိဳးသားလုံၿခဳံ ေရးအႀကံေပးတစ္ဦးလည္းျဖစ္သည္။ Jake Sullivan သည္ သမၼတဂ်ိဳးဘိုင္ဒန္ႏွင့္ သမၼတရွီက်င့္ဖ်င္တို႔ႏွစ္ဦး ထိပ္သီးခ်င္းေတြ႕ဆုံႏိုင္ေရး အတြက္ အႀကိဳလာေရာက္ ေတြ႕ဆုံညႇိႏႈိင္းျခင္းျဖစ္သည္ဟုလည္း သတင္းမ်ားတြင္ ေဖာ္ျပၾကသည္။

သမၼတရွီက်င့္ဖ်င္ကမူ Jake Sullivan ကို လက္ခံေတြ႕ဆုံရာတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိ ကန္ႏိုင္ငံႏွင့္ ခိုင္မာသည့္ဆက္ဆံေရးတစ္ရပ္ ရရွိထားမႈကို ဆက္လက္ထိန္းသိမ္းထားမည္ဟု ကတိျပဳ ေျပာဆိုခဲ့သည္။ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ ႀကီးမားသည့္ အေျပာင္းအလဲမ်ားရွိေနေသာ္လည္း တည္ၿငိမ္ ခိုင္မာၿပီး စဥ္ဆက္မျပတ္တိုးတက္ေနသည့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးအေျခခံရရွိထားမႈမွာ မေျပာင္းမလဲရွိေန မည္ဟု သမၼတ ရွီက်င့္ဖ်င္ကေျပာဆိုခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္မီဒီယာမ်ားတြင္ ထုတ္ျပန္ခဲ့သည္။
အေမရိကန္ႏိုင္ငံအေနျဖင့္လည္း တ႐ုတ္ႏိုင္ငံႏွင့္ ယွဥ္ၿပိဳင္မႈမ်ားရွိေသာ္လည္း အဆိုပါယွဥ္ၿပိဳင္မႈ မ်ားသည္ ပဋိပကၡသို႔မဟုတ္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားဆီ ေရာက္ရွိမလာေစရန္ႏွင့္ ႏွစ္ႏိုင္ငံအက်ိဳးစီးပြား ဆုံမွတ္ရွိသည့္ေနရာမ်ားတြင္ အတူတကြပူးေပါင္းေဆာင္႐ြက္ၾကရန္ သမၼတဂ်ိဳးဘိုင္ဒန္က သတင္း စကားပါး လိုက္ေၾကာင္း Jake Sullivan က ေျပာဆိုခဲ့သည္။ Jake Sullivan ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ဝမ္ယိတို႔သည္ လာမည့္သီတင္းပတ္အနည္းငယ္အတြင္း ႏွစ္ႏိုင္ငံ ထိပ္ပိုင္းေခါင္းေဆာင္ႏွစ္ဦး ေတြ႕ဆုံႏိုင္ေရးအတြက္လည္း ေဆြးေႏြးခဲ့ၾကသည္။

Jake Sullivan သည္ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း တ႐ုတ္ႏိုင္ငံဗဟိုစစ္ေကာ္မရွင္ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္သည့္ Zhang Youxia ႏွင့္လည္း တ႐ုတ္ႏိုင္ငံ ဗဟိုစစ္ေကာ္မရွင္႐ုံးတြင္ေတြ႕ဆုံခဲ့ သည္။ ထိုသို႔ေတြ႕ဆုံခ်ိန္တြင္ ထိုင္ဝမ္ (တ႐ုတ္တိုင္ ေပ)ကိစၥႏွင့္ စစ္မီးထေတာက္ႏိုင္သည့္ အျခားကိစၥ ရပ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။ မၾကာေသးမီက တ႐ုတ္ႏွင့္ ဖိလစ္ပိုင္တို႔ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားရွိခဲ့ ၾကသည့္ ေတာင္တ႐ုတ္ပင္လယ္တြင္ လြတ္လပ္စြာ ေရေၾကာင္းသြားလာမႈႏွင့္ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ) ေရလက္ၾကားတည္ၿငိမ္ေရး အေရးႀကီးေၾကာင္း Jake Sulli­van က ေျပာဆိုခဲ့သည္။ ထိုင္ဝမ္(တ႐ုတ္ တိုင္ေပ)သည္ တ႐ုတ္-အေမရိကန္ဆက္ဆံေရးတြင္ ျဖတ္၍ မရေသာ မီးနီမ်ဥ္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ ဗဟိုစစ္ေကာ္မရွင္ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး Zhang Youxia ကလည္း သတိေပးေျပာဆိုခဲ့သည္။ တ႐ုတ္ ႏိုင္ငံအေနျဖင့္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ေရ လက္ၾကား တည္ၿငိမ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ထိန္းသိမ္း ရန္ အၿမဲတေစ အေလးအနက္ထားေၾကာင္း တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနကလည္း သတင္းထုတ္ ျပန္ခဲ့သည္။ သို႔ေသာ္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ) တည္ ၿငိမ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဆိုသည္မွာ ထိုင္ဝမ္(တ ႐ုတ္တိုင္ေပ) သီးျခားခြဲထြက္ေရးမဟုတ္ေၾကာင္းလည္း Zhang Youxia က ေျပာဆိုခဲ့သည္။ အေမရိ ကန္ႏိုင္ငံအေနျဖင့္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ႏွင့္ စစ္ ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈကို ရပ္တန႔္ရန္၊ လက္ နက္ေထာက္ပံ့မႈရပ္ဆိုင္းရန္ႏွင့္ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ႏွင့္ပတ္သက္၍ သတင္းမွားမ်ားျဖန႔္ခ်ိေနမႈကို လည္း ရပ္တန႔္ရန္ တ႐ုတ္ႏိုင္ငံဘက္ကေတာင္းဆိုခဲ့ သည္။ တ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံတို႔သည္ အင္အား ႀကီးႏိုင္ငံမ်ားျဖစ္သည္ႏွင့္အညီ တာဝန္ယူမႈရွိရွိျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္၊ ႏွစ္ႏိုင္ငံစစ္ဘက္ႏွစ္ရပ္ၾကား ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ အျပန္ အလွန္ဖလွယ္မႈ ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ေရး တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္လည္း Zhang Youxia က Jake Sullivan ကို ေျပာဆိုခဲ့သည္။ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ)အေနျဖင့္ တ႐ုတ္ျပည္မႀကီး ႏွင့္ ျပန္လည္ေပါင္းစည္းေရးမွာ တ႐ုတ္ႏိုင္ငံ၏ ရည္မွန္း ခ်က္ျဖစ္ၿပီး တ႐ုတ္တပ္မေတာ္၏ တာဝန္လည္း ျဖစ္ေၾကာင္း ဗဟိုစစ္ေကာ္မရွင္ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ ႀကီး Zhang Youxia က ေျပာဆိုခဲ့သည္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ေဟာင္း နန္စီပလိုစီသည္ (၂၀၂၂) ခုႏွစ္ ဩဂုတ္လတြင္ ထိုင္ ဝမ္ (တ႐ုတ္တိုင္ေပ) သို႔ သြားေရာက္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက အေမရိကန္ႏိုင္ငံႏွင့္ စစ္ဘက္ဆိုင္ရာ ဆက္သြယ္မႈမ်ားကို ဆိုင္းငံ့ခဲ့သည္။ သမၼတရွီက်င့္ဖ်င္ ႏွင့္ သမၼတဘိုင္ဒန္ တို႔ အေမရိကန္ႏိုင္ငံ ဆန္ဖရန္ စစၥကို ၿမိဳ႕တြင္ေတြ႕ဆုံအၿပီး ေနာက္တစ္ႏွစ္ေက်ာ္အၾကာ မွသာလွ်င္ ေဆြးေႏြးမႈမ်ား တျဖည္းျဖည္း ျပန္လည္ စတင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ေတာင္တ႐ုတ္ပင္လယ္တြင္ တ႐ုတ္ေရတပ္သေဘၤာမ်ားႏွင့္ ဖိလစ္ ပိုင္ ေရတပ္သေဘၤာမ်ား မၾကာခဏဆိုသကဲ့သို႔ ထိေတြ႕မႈျဖစ္ပြားေနျခင္းသည္ ဆက္သြယ္ေရး လမ္း ေၾကာင္း လိုအပ္ေနျခင္းျဖစ္သည္ကို အခ်က္ျပေနျခင္းပင္ျဖစ္သည္။

အေမရိကန္ႏွင့္ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ အျပန္အလွန္အကာအကြယ္ေပးေရး စာခ်ဳပ္ခ်ဳပ္ဆိုထား ၾကသည္။ အကယ္၍ ဖိလစ္ပိုင္အတိုက္ခံရပါက အေမရိကန္ႏိုင္ငံအေနျဖင့္ ၎၏မဟာမိတ္ကို အကာအ ကြယ္ေပးရန္တာဝန္ရွိသည္။ ေတာင္တ႐ုတ္ပင္လယ္ အတြင္း တ႐ုတ္ႏိုင္ငံ၏ အျပဳအမူမ်ားႏွင့္ ပတ္သက္ ၍ စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း အေမရိကန္-ဖိလစ္ပိုင္အျပန္အလွန္အကာအကြယ္ေပးေရး စာ ခ်ဳပ္ကို အသုံးခ်ၿပီး တ႐ုတ္ႏိုင္ငံ၏အခ်ဳပ္အျခာ အာဏာ ထိခိုက္ေအာင္ျပဳလုပ္မည္မဟုတ္ေၾကာင္း Jake Sullivan က ေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံက ႐ုရွားႏိုင္ငံ၏ ကာကြယ္ေရးလုပ္ငန္းတြင္ ေထာက္ပံ့ ေပးေနျခင္းႏွင့္ပတ္သက္၍စိုးရိမ္မိေၾကာင္း Jake Sullivan ကလည္း ေျပာဆိုခဲ့သည္။ အေမရိကန္ ႏိုင္ငံ ၏ အဆိုပါစြပ္စြဲမႈႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံက ပယ္ခ်ခဲ့သည္။ ထို႔ျပင္ ဂါဇာေဒသ ၿငိမ္းခ်မ္းေရး ဆက္ လက္ႀကိဳးပမ္းအားထုတ္ေနမႈ၊ ဆိုက္ဘာနယ္ပယ္တြင္ အရွိန္ျမင့္လာမႈႏွင့္ တြက္ခ်က္မႈ လြဲမွားႏိုင္ေျခကို ေရွာင္လႊဲရန္လိုအပ္ေၾကာင္းလည္း သမၼတ အိမ္ျဖဴေတာ္ကလည္း သတင္းျပန္ခဲ့သည္။

ႏိုင္ငံေရးတြင္ တိုက္ဆိုင္မႈမရွိဟုဆိုၾကသည့္အတိုင္း Jake Sullivan ၏ ခရီးစဥ္မွာလည္း ႏိုဝင္ဘာ လတြင္က်င္းပမည့္ အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္ မီတြင္ လာေရာက္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္ လည္း အေမရိကန္ေ႐ြးေကာက္ပြဲကို မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေနမည္မွာ ေသခ်ာ သည္။ ဇန္နဝါရီလတြင္ အစိုးရအေျပာင္းအလဲသည္ ကမာၻ႔အင္အားႀကီး ႏွစ္ႏိုင္ငံ၏ဆက္ဆံေရးအေပၚ အက်ိဳးသက္ေရာက္မႈ ႀကီးမားမည္ျဖစ္သည္။ ဒီမိုကရက္သမၼတေလာင္း ကဲမလာဟားရစ္ အႏိုင္ရခဲ့ပါက တ႐ုတ္ႏွင့္ ေဆြးေႏြးေရး နည္းလမ္းကိုရွာေဖြေနသည့္ သမၼတဂ်ိဳးဘိုင္ဒန္၏ ခ်ဥ္းကပ္နည္းလမ္းအတိုင္း ဆက္လက္က်င့္သုံးႏိုင္ ေရး သတင္းစကားလာေပးျခင္းျဖစ္သည္ဟုလည္း သုံးသပ္ခ်က္မ်ားရွိသည္။ ၿပိဳင္ဘက္ ရီပတ္ဘလစ္ကန္ သမၼတေလာင္း ေဒၚနယ္ထရမ့္ကမူ တ႐ုတ္ႏိုင္ငံႏွင့္ ပတ္သက္၍ တင္းမာ သည့္သေဘာထားရွိသူျဖစ္သည္။ သမၼတဂ်ိဳးဘိုင္ဒန္အေနျဖင့္ အေမရိကန္-တ႐ုတ္ ႏွစ္ႏိုင္ငံၾကား ရွိရင္းစြဲ ဆက္သြယ္ေရးလမ္းေၾကာင္းကို ဆက္လက္ထိန္းသိမ္းထားလိုေၾကာင္း Jake Sullivan က ထပ္ဖန္တ လဲလဲေျပာဆိုခဲ့သည္။ သမၼတ ရွီက်င့္ဖ်င္ႏွင့္ သမၼတဂ်ိဳးဘိုင္ဒန္တို႔ႏွစ္ဦး၏ေတြ႕ဆုံမႈမွာ ပီ႐ူးႏိုင္ငံတြင္ က်င္းပမည့္ Asia-Pacific Economic Cooperation Forum သို႔မဟုတ္ ႏိုဝင္ဘာလတြင္ ဘရာဇီးလ္ ႏိုင္ငံ၌ က်င္းပမည့္ စက္မႈထိပ္သီးႏိုင္ငံမ်ား G-20 ထိပ္သီးေဆြးေႏြးပြဲတြင္ျဖစ္ႏိုင္ေၾကာင္း ခန႔္မွန္းေျပာ ဆိုမႈမ်ားလည္းရွိသည္။ ရီပတ္ဘလစ္ကန္ ေခါင္းေဆာင္အခ်ိဳ႕ကမူ အေမရိကန္ႏိုင္ငံ ၏ တ႐ုတ္ ႏိုင္ငံ ႏွင့္ေတြ႕ဆုံေနမႈမ်ားကို အခ်ိန္ျဖဳန္းသည့္ ႀကိဳးပမ္းအားထုတ္မႈမ်ားအျဖစ္ ျပစ္တင္ေဝဖန္ခဲ့ၾကသည္။

Jake Sullivan က ၎၏ တ႐ုတ္ႏိုင္ငံခရီးစဥ္ အေၾကာင္းေျပာဆိုရာတြင္ ေတာင္တ႐ုတ္ ပင္လယ္ အေရးႏွင့္ပတ္သက္၍ သေဘာတူညီခ်က္အသစ္မ်ား မရရွိခဲ့ေၾကာင္း၊ သို႔ေသာ္ စီးပြားေရး၊ ကုန္သြယ္ေရး ကိစၥမ်ားႏွင့္ပတ္သက္၍ ခိုင္မာသည့္အေပးအယူ ျပဳလုပ္မႈမ်ားရရွိခဲ့ေၾကာင္း၊ ေ႐ြးေကာက္ ပြဲႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ျခင္းမရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေတာင္တ႐ုတ္ပင္လယ္ကိစၥ၊ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ကြၽန္းမ်ားကိစၥႏွင့္ပတ္သက္၍ ျဖစ္ေပၚတိုးတက္မႈမ်ားမွာ အကန႔္ အသတ္ျဖင့္ ရွိေနဆဲျဖစ္သည္။ သမၼတ ရွီက်င့္ဖ်င္ႏွင့္ သမၼတဂ်ိဳးဘိုင္ဒန္တို႔၏ ထိပ္သီးေတြ႕ဆုံမႈတြင္ ေဆြးေႏြးစရာ၊ ေဆာင္႐ြက္စရာ မ်ားစြာလိုအပ္သည္။ သို႔ေသာ္ Jake Sullivan တ႐ုတ္ႏိုင္ငံသို႔ ေရာက္ရွိ လာျခင္းႏွင့္ စစ္ဘက္ဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္း ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ ျခင္းတို႔မွာ အျပဳ သေဘာ တိုးတက္မႈမ်ားအျဖစ္ ယူဆႏိုင္စရာရွိပါေၾကာင္း Jake Sullivan ၏ ခရီးစဥ္မွ အေမရိကန္-တ႐ုတ္ဆက္ဆံေရးကို ေျခရာခံမိသမွ် စုစည္းတင္ျပရပါသည္။

Related news

© 2021. All rights reserved.