ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့် နှင့် စာတိုပေးပို့ခွင့်များကို တစ်ပတ်တာ အခမဲ့အသုံးပြုခွင့်ပေးမည်

 1964

ယွန်း (NP News) - စက်တင်ဘာ ၁၄

ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် မိုဘိုင်းဆက်သွယ်ရေးအော်ပ ရေတာ(၄)ခုမှ အခမဲ့ဖုန်းပြောဆိုခွင့်မိနစ်များနှင့် စာတိုပေးပို့ခွင့်များကို တစ်ပတ်အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့် အတွက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူများအဆင်ပြေစေရေးအတွက် အထက်ပါကဲ့သို့ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

MPT အနေဖြင့် မိုးဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့်အစောင်(၇၀၀)၊ အက်တမ်မြန်မာလီမိတက်(ATOM)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၅၀၀)နှင့် စာတိုပေးပို့ခွင့် အစောင်(၅၀၀) ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အော်ရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့ နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့် အသတ်မဲ့၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့်မိနစ်(၁၀၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင်(၁၀၀၀)တို့အား အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်နှင့် အခမဲ့စာတိုပေးပို့ခွင့်များကို စက် တင်ဘာ(၁၃)ရက်နေ့မှစ၍ တစ်ပတ်တိတိအသုံးပြုခွင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါအသုံးပြုခွင့်ကို နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်၊ ပျဥ်းမနားမြို့နယ်၊ ဇေယျာသီရိမြို့နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင်ရရှိနေပြီး မန္တလေး တိုင်းဒေသကြီး အပါအဝင် ရေးဘေးသင့်ဒေသများဖြစ်သည့် အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များကိုလည်း ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

Related news

© 2021. All rights reserved.