ဂရင်းလန်းမှာ မြေပြိုမှုက ကမ္ဘာမြေကို ကိုးရက် မြေငလျင် လှုပ်ခတ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များပြော

 10488

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂရင်းလန်းမှာ ဖြစ်ပွားခဲ့တဲ့မြေပြိုမှုဟာ ကမ္ဘာမြေကို ကိုးရက်ကြာ ငလျင် လှုပ်ခတ် စေခဲ့ပြီး ဆူနာမီတစ်ခုလည်း ဖြစ်ပေါ်စေခဲ့တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က ဂရင်းလန်း အရှေ့ပိုင်း ဒစ်ဆန်ဖော့ဂျ်ရှိ တောင်ထွတ်တစ်ခု ပြိုကျခဲ့ပြီး အဲဒီအရှိန်ဟာ အမြင့် ၂၀၀ မီတာရှိတဲ့ ပင်လယ်လှိုင်းလုံးကြီးကို ဖြစ်စေခဲ့ပါတယ်။ ပြိုကျခဲ့တဲ့တောင်ထိပ်မှာ ကျောက်တုံး ကုဗမီတာ ၂၅ သန်းခန့် ရှိပြီး အဲဒီကျောက်တုံးတွေရဲ့အရွယ်အစားဟာ အဆောက်အအုံ ၂၅ လုံးစာ ရှိတယ်လို့ ဆိုပါတယ်။
မြေပြိုမှုကြောင့်ဖြစ်တဲ့လှိုင်းလုံးကြီးဟာ ဖော့ဂျ်ရှိ ပင်လယ်ရေတွေကို အပြန်ပြန်အလှန်လှန် ရိုက်ခတ်စေပြီး ကမ္ဘာမြေမျက်နှာပြင်ကို ကိုးရက်ကြာ တုန်ခါမှုဖြစ်စေခဲ့ပါတယ်။ အဲဒီလှိုင်းအရှိန်ဟာ မိနစ်အနည်းငယ်အတွင်း လှိုင်းအမြင့် ၇ မီတာထိ ကျဆင်းသွားပေမယ့် ရေရဲ့ရွေ့လျားမှုကြောင့် ကမ္ဘာအနှံ့ ငလျင်လှိုင်းတွေကို ဖြစ်စေခဲ့ပါ တယ်။ အဲဒီနေရာကို အာတိတ်အပျော်စီးသင်္ဘောအချို့ လာရောက်လည်ပတ်လေ့ရှိပေမယ့် မြေပြိုမှုဖြစ်ပွားခဲ့တဲ့ အချိန်မှာတော့ အနီးအနားမှာ ဘယ်သူမှ မရှိနေခဲ့ဘူးလို့ သိရပါတယ်။ ဆူနာမီတွေဟာ များသောအားဖြင့် မြေအောက်ငလျင်ကြောင့်ဖြစ်တတ်ကြပေမယ့် ဒီအဖြစ်အပျက်ကတော့ ချွင်းချက်ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အပူချိန်တွေ ဆက်လက်မြင့်တက်နေတာကြောင့် ဒီလိုဖြစ်ရပ်တွေ ပိုအဖြစ်များလာနိုင်ဦးမယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလေ့လာမှုကို နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့ ဒိန်းမတ်ရေတပ်က ဦးဆောင်ခဲ့ကြခြင်းဖြစ်ပြီး Science ဂျာနယ်မှာ ထုတ်ဝေဖော်ပြခဲ့တာဖြစ်ပါတယ်။

Zawgyi Version
ဂရင္းလန္းမွာ ေျမၿပိဳမႈက ကမာၻေျမကို ကိုးရက္ ေျမငလ်င္ လႈပ္ခတ္ေစႏိုင္တယ္လို႔ သိပၸံပညာရွင္မ်ားေျပာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

၂၀၂၃ ခုႏွစ္ စက္တင္ဘာလက ဂရင္းလန္းမွာ ျဖစ္ပြားခဲ့တဲ့ေျမၿပိဳမႈဟာ ကမာၻေျမကို ကိုးရက္ၾကာ ငလ်င္ လႈပ္ခတ္ ေစခဲ့ၿပီး ဆူနာမီတစ္ခုလည္း ျဖစ္ေပၚေစခဲ့တာကို သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။

၂ဝ၂၃ ခုႏွစ္၊ စက္တင္ဘာ ၁၆ ရက္က ဂရင္းလန္း အေရွ႕ပိုင္း ဒစ္ဆန္ေဖာ့ဂ်္ရွိ ေတာင္ထြတ္တစ္ခု ၿပိဳက်ခဲ့ၿပီး အဲဒီအရွိန္ဟာ အျမင့္ ၂၀၀ မီတာရွိတဲ့ ပင္လယ္လႈိင္းလုံးႀကီးကို ျဖစ္ေစခဲ့ပါတယ္။ ၿပိဳက်ခဲ့တဲ့ေတာင္ထိပ္မွာ ေက်ာက္တုံး ကုဗမီတာ ၂၅ သန္းခန႔္ ရွိၿပီး အဲဒီေက်ာက္တုံးေတြရဲ႕အ႐ြယ္အစားဟာ အေဆာက္အအုံ ၂၅ လုံးစာ ရွိတယ္လို႔ ဆိုပါတယ္။
ေျမၿပိဳမႈေၾကာင့္ျဖစ္တဲ့လႈိင္းလုံးႀကီးဟာ ေဖာ့ဂ်္ရွိ ပင္လယ္ေရေတြကို အျပန္ျပန္အလွန္လွန္ ႐ိုက္ခတ္ေစၿပီး ကမာၻေျမမ်က္ႏွာျပင္ကို ကိုးရက္ၾကာ တုန္ခါမႈျဖစ္ေစခဲ့ပါတယ္။ အဲဒီလႈိင္းအရွိန္ဟာ မိနစ္အနည္းငယ္အတြင္း လႈိင္းအျမင့္ ၇ မီတာထိ က်ဆင္းသြားေပမယ့္ ေရရဲ႕ေ႐ြ႕လ်ားမႈေၾကာင့္ ကမာၻအႏွံ႔ ငလ်င္လႈိင္းေတြကို ျဖစ္ေစခဲ့ပါ တယ္။ အဲဒီေနရာကို အာတိတ္အေပ်ာ္စီးသေဘၤာအခ်ိဳ႕ လာေရာက္လည္ပတ္ေလ့ရွိေပမယ့္ ေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ အခ်ိန္မွာေတာ့ အနီးအနားမွာ ဘယ္သူမွ မရွိေနခဲ့ဘူးလို႔ သိရပါတယ္။ ဆူနာမီေတြဟာ မ်ားေသာအားျဖင့္ ေျမေအာက္ငလ်င္ေၾကာင့္ျဖစ္တတ္ၾကေပမယ့္ ဒီအျဖစ္အပ်က္ကေတာ့ ခြၽင္းခ်က္ျဖစ္ပါတယ္။

ကမာၻတစ္ဝွမ္းမွာ အပူခ်ိန္ေတြ ဆက္လက္ျမင့္တက္ေနတာေၾကာင့္ ဒီလိုျဖစ္ရပ္ေတြ ပိုအျဖစ္မ်ားလာႏိုင္ဦးမယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ ဒီေလ့လာမႈကို ႏိုင္ငံတကာသိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕နဲ႔ ဒိန္းမတ္ေရတပ္က ဦးေဆာင္ခဲ့ၾကျခင္းျဖစ္ၿပီး Science ဂ်ာနယ္မွာ ထုတ္ေဝေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.