ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို

 319

ယွန်း (NP News) - စက်တင်ဘာ ၁၆

ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုတို့နှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းကစက်တင်ဘာ(၁၅) ရက်နေ့တွင် မီဒီယာများကို ရှင်းလင်းပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိနေရာအချို့ အပါအဝင် မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းအထိ ရရှိစာရင်းများအရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ ရွှေ့ပြောင်းခဲ့ရသည့်နေအိမ် (၇၂,၉၀၀)ကျော်ရှိခဲ့ပြီး သေဆုံးသူ (၁၁၃)ဦး ရှိကြောင်း သိရသည်။

"စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းအထိ ရရှိစာရင်းများအရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ် (၇၂,၉၀၀) ကျော်ရှိခဲ့ပါတယ်။ အိမ်ထောင်စုပေါင်း (၇၈၀၀၀)ကျော်ရှိပါတယ်။ လူဦးရေအနေနဲ့ကတော့ (၃၂၀,၀၀၀) ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ (၁၁၃)ဦး၊ ပျောက်ဆုံးသူ (၆၄) ဦး၊ ဒဏ်ရာရရှိသူ (၁၄)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ကြိုးစားရှာဖွေလျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းများအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်ငွေနှုန်းထားများနှင့် သေ ဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမည်လည်းဖြစ်ကြောင်း သိရသည်။

"လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ကူညီကယ်ဆယ်ရေးနောက်ဆက်တွဲလုပ်ငန်းတွေအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်ငွေနှုန်းထားတွေနဲ့ သေဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမှာလည်းဖြစ်ပါတယ်။ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းမှာနေထိုင်ချိန်မှာ စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွက် အလှူငွေများလည်း ပေးအပ်နိုင်ပါတယ်" ဟု နစကပြောခွင့်ရက ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် ပြည်ဖျက်မီဒီယာ နှင့် မြန်မာနိုင်ငံအပေါ်ဖျက်လို့ဖျက်ဆီးလုပ်နေသူ များအနေဖြင့် ကောလာဟလနှင့် ပြည်သူများ ပိုမိုစိုးရိမ်ထိတ်လန့်ရန် ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထား သည်။

ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာတွင် လူ(၇၀၀)ခန့် သေဆုံးသည်ဟု ထုတ်လွှင့်နေမှုများ တွေ့ရပြီး ဖြစ်စဥ်အမှန်မှာ အဆိုပါကျေးရွာတွင် ကယ် ဆယ်ရေးအဖွဲ့များရောက်ရှိပြီးဖြစ်ပြီး သေဆုံးသူ(၈)ဦးနှင့် ဒဏ်ရာရသူအချို့သာရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁၄ ရက်နေ့တွင် တောင်ငူဒေသ ဇရပ်ကြီးအနောက်ဘက်ရွာများကို ရွှေ့ပြောင်းကယ်ထုတ်စဥ် ကယ် ဆယ်ရေးအဖွဲ့တွင်ပါရှိသည့် တပ်မတော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲ မျောပါပျောက်ဆုံးခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

zawgyi version
ေရႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံး၌ ေသဆုံးသူ (၁၁၃)ဦးရွိခဲ့ၿပီး ေပ်ာက္ဆုံးသူမ်ားကို ဆက္လက္ရွာေဖြေနေၾကာင္း နစကေျပာခြင့္ရဆို

ယြန္း (NP News) - စက္တင္ဘာ ၁၆

ေရႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံး၌ ေသဆုံးသူ (၁၁၃)ဦးရွိခဲ့ၿပီး ေပ်ာက္ဆုံးသူမ်ားကို ဆက္လက္ရွာေဖြေနေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့မႈႏွင့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ ႐ြက္ေနမႈတို႔ႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကစက္တင္ဘာ(၁၅) ရက္ေန႔တြင္ မီဒီယာမ်ားကို ရွင္းလင္းေျပာၾကားရာတြင္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္အပါအဝင္ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတိုင္းရွိေနရာအခ်ိဳ႕ အပါအဝင္ ၿမိဳ႕နယ္ ၅၆ ၿမိဳ႕နယ္တြင္ ေရႀကီး၊ ေရလွ်ံမႈေတြျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၄ ရက္ေန႔ ညပိုင္းအထိ ရရွိစာရင္းမ်ားအရ ေရႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံး၌ ေ႐ႊ႕ေျပာင္းခဲ့ရသည့္ေနအိမ္ (၇၂,၉၀၀)ေက်ာ္ရွိခဲ့ၿပီး ေသဆုံးသူ (၁၁၃)ဦး ရွိေၾကာင္း သိရသည္။

"စက္တင္ဘာလ ၁၄ ရက္ေန႔ ညပိုင္းအထိ ရရွိစာရင္းမ်ားအရ ေရႀကီး၊ ေရလွ်ံ၊ ေျမၿပိဳမႈေၾကာင့္ ႏိုင္ငံတစ္ဝန္းလုံးမွာ ေ႐ႊ႕ေျပာင္းခဲ့ရတဲ့ေနအိမ္ (၇၂,၉၀၀) ေက်ာ္ရွိခဲ့ပါတယ္။ အိမ္ေထာင္စုေပါင္း (၇၈၀၀၀)ေက်ာ္ရွိပါတယ္။ လူဦးေရအေနနဲ႔ကေတာ့ (၃၂၀,၀၀၀) ေက်ာ္ကို ေဘးကင္းရာ ယာယီကယ္ဆယ္ေရးစခန္းေတြကို ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ ႏိုင္ငံတစ္ဝန္းလုံးမွာ ေသဆုံးသူ (၁၁၃)ဦး၊ ေပ်ာက္ဆုံးသူ (၆၄) ဦး၊ ဒဏ္ရာရရွိသူ (၁၄)ဦးရွိခဲ့ၿပီး ေပ်ာက္ဆုံးသူမ်ားကို ႀကိဳးစားရွာေဖြလ်က္ရွိပါတယ္" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ သဘာဝေဘးအႏၲရာယ္ႏွင့္ပတ္သက္၍ ကူညီကယ္ဆယ္ေရး၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အျမန္ဆုံးႏွင့္ အေကာင္းဆုံးျဖစ္ေစေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနအေနျဖင့္လည္း ကူညီကယ္ဆယ္ေရးေနာက္ဆက္တြဲလုပ္ငန္းမ်ားအျဖစ္ ဆန္၊ ရိကၡာဖိုးမ်ားအတြက္ သတ္မွတ္ေငြႏႈန္းထားမ်ားႏွင့္ ေသ ဆုံး၊ ဒဏ္ရာရသူမ်ားကို ေငြေၾကးေထာက္ပံ့ေပးမည္လည္းျဖစ္ေၾကာင္း သိရသည္။

"လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနအေနနဲ႔ ကူညီကယ္ဆယ္ေရးေနာက္ဆက္တြဲလုပ္ငန္းေတြအျဖစ္ ဆန္၊ ရိကၡာဖိုးမ်ားအတြက္ သတ္မွတ္ေငြႏႈန္းထားေတြနဲ႔ ေသဆုံး၊ ဒဏ္ရာရသူမ်ားကို ေငြေၾကးေထာက္ပံ့ေပးမွာလည္းျဖစ္ပါတယ္။ အိမ္ဆုံးရႈံးသူမ်ားကို စာရင္းေကာက္ယူၿပီး အိမ္ပ်က္စီးမႈ ရာခိုင္ႏႈန္းအေပၚမူတည္ၿပီး သတ္မွတ္ႏႈန္းထားမ်ားအတိုင္းလည္း ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေရေဘးသင့္သူမ်ား ကယ္ဆယ္ေရးစခန္းမွာေနထိုင္ခ်ိန္မွာ စားေသာက္မႈအတြက္ စားေသာက္ဖြယ္ရာမ်ားကို သတ္မွတ္ႏႈန္းထားအတိုင္း ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။ ကူညီကယ္ဆယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ အလႉေငြမ်ားလည္း ေပးအပ္ႏိုင္ပါတယ္" ဟု နစကေျပာခြင့္ရက ထည့္သြင္းေျပာၾကားထားသည္။

ထို႔ျပင္ ျပည္ဖ်က္မီဒီယာ ႏွင့္ ျမန္မာႏိုင္ငံအေပၚဖ်က္လို႔ဖ်က္ဆီးလုပ္ေနသူ မ်ားအေနျဖင့္ ေကာလာဟလႏွင့္ ျပည္သူမ်ား ပိုမိုစိုးရိမ္ထိတ္လန႔္ရန္ ေဆာင္႐ြက္ေနသည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အသိေပးေျပာၾကားထား သည္။

ရမည္းသင္းၿမိဳ႕နယ္၊ သေျပပင္ေက်း႐ြာတြင္ လူ(၇၀၀)ခန႔္ ေသဆုံးသည္ဟု ထုတ္လႊင့္ေနမႈမ်ား ေတြ႕ရၿပီး ျဖစ္စဥ္အမွန္မွာ အဆိုပါေက်း႐ြာတြင္ ကယ္ ဆယ္ေရးအဖြဲ႕မ်ားေရာက္ရွိၿပီးျဖစ္ၿပီး ေသဆုံးသူ(၈)ဦးႏွင့္ ဒဏ္ရာရသူအခ်ိဳ႕သာရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ စက္တင္ဘာ ၁၄ ရက္ေန႔တြင္ ေတာင္ငူေဒသ ဇရပ္ႀကီးအေနာက္ဘက္႐ြာမ်ားကို ေ႐ႊ႕ေျပာင္းကယ္ထုတ္စဥ္ ကယ္ ဆယ္ေရးအဖြဲ႕တြင္ပါရွိသည့္ တပ္မေတာ္သားတစ္ဦးႏွင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ေရစီးထဲ ေမ်ာပါေပ်ာက္ဆုံးခဲ့ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

Related news

© 2021. All rights reserved.