မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ

 252

ရောင်နီ (NP News) - စက်တင်ဘာ ၁၈

မကာအိုမှာ အခန်းအတွင်း၌ ဆေးလိပ်သောက်ခဲ့တဲ့ ပုံရိပ်ကြောင့် တောင်ကိုရီးယား K Pop အဆိုတော် ဘဲ့ဟွန်းကို ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေရှိနေပြီး ၎င်းရဲ့အေဂျင်စီက ပြန်လည်တောင်းပန်ခဲ့ရပါတယ်။

ဘဲ့ဟွန်းဟာ စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မကာအိုရှိ စားသောက်ဆိုင်တစ်ခုမှာ vape သောက်ရင်း သူ့ရဲ့ဝန်ထမ်းလို့ ယူဆရတဲ့ လူတချို့နဲ့ စကားပြောနေတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တာပါ။ အဆိုပါ ဗီဒီယိုနဲ့ပတ်သက်ပြီး ပရိသတ်တွေက ဝေဖန်မှုတွေ ပြုလုပ်လာတာကြောင့် တုံ့ပြန်တဲ့အနေနဲ့ ဘဲ့ဟွန်းရဲ့အေဂျင်စီ INB100 မှ တရားဝင်တောင်းပန်ချက်ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ အနုပညာရှင် ဘဲ့ဟွန်းနဲ့ပတ်သက်ပြီး မကြာသေးခင်က အခန်းတွင်း ဆေးလိပ်သောက်တဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်ခဲ့ကြသူတိုင်းကို စိတ်ရင်းမှန်နဲ့ တောင်းပန်အပ်ပါတယ်၊ အဲဒီအချိန်တုန်းက ဘဲ့ဟွန်းနဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေ မကာအိုမှာ အီလက်ထရွန်းနစ်စီးကရက် သောက်သုံးခြင်းမျိူး တားမြစ်ထားတဲ့အကြောင်း လုံး၀ မသိရှိခဲ့ကြပါဘူး၊ ဘဲ့ဟွန်းဟာ မကာအိုမှာ ဖျော်ဖြေပြီးနောက် နားနေစဉ် ဝန်ထမ်းတွေနဲ့ စကားစမြည်ပြောဆိုရင်း အီလက်ထရွန်နစ်စီးကရက်ကို မသိစိတ်က သောက်ခဲ့မိတာ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဘဲ့ဟွန်းရဲ့ပေါ့ဆမှုဟာ ပရိသတ်များစွာကို စိတ်ပျက်စေခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ နောက်ထပ်ဒီလိုဖြစ်ရပ်များ မဖြစ်အောင် ဂရုစိုက်မယ့်အကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ celebrity တွေ ဆေးလိပ်သောက်၊ အရက်သောက်ပြီး ကားမောင်းခြင်းတို့နဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား ဝေဖန်ခံရလေ့ ရှိပါတယ်။

zawgyi version
မကာအိုမွာ အခန္းတြင္း ေဆးလိပ္ေသာက္ျခင္းေၾကာင့္ K Pop အဆိုေတာ္ ဘဲ့ဟြန္းရဲ႕ ေအဂ်င္စီ ေတာင္းပန္ခဲ့ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၈

မကာအိုမွာ အခန္းအတြင္း၌ ေဆးလိပ္ေသာက္ခဲ့တဲ့ ပုံရိပ္ေၾကာင့္ ေတာင္ကိုရီးယား K Pop အဆိုေတာ္ ဘဲ့ဟြန္းကို ဆိုရွယ္မီဒီယာမွာ ေဝဖန္မႈေတြရွိေနၿပီး ၎ရဲ႕ေအဂ်င္စီက ျပန္လည္ေတာင္းပန္ခဲ့ရပါတယ္။

ဘဲ့ဟြန္းဟာ စက္တင္ဘာ ၁၆ ရက္က တ႐ုတ္ႏိုင္ငံ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ မကာအိုရွိ စားေသာက္ဆိုင္တစ္ခုမွာ vape ေသာက္ရင္း သူ႔ရဲ႕ဝန္ထမ္းလို႔ ယူဆရတဲ့ လူတခ်ိဳ႕နဲ႔ စကားေျပာေနတဲ့ ဗီဒီယို အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနခဲ့တာပါ။ အဆိုပါ ဗီဒီယိုနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက ေဝဖန္မႈေတြ ျပဳလုပ္လာတာေၾကာင့္ တုံ႔ျပန္တဲ့အေနနဲ႔ ဘဲ့ဟြန္းရဲ႕ေအဂ်င္စီ INB100 မွ တရားဝင္ေတာင္းပန္ခ်က္ထုတ္ျပန္ခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔ရဲ႕ အႏုပညာရွင္ ဘဲ့ဟြန္းနဲ႔ပတ္သက္ၿပီး မၾကာေသးခင္က အခန္းတြင္း ေဆးလိပ္ေသာက္တဲ့ ဗီဒီယိုနဲ႔ပတ္သက္ၿပီး အဆင္မေျပျဖစ္ခဲ့ၾကသူတိုင္းကို စိတ္ရင္းမွန္နဲ႔ ေတာင္းပန္အပ္ပါတယ္၊ အဲဒီအခ်ိန္တုန္းက ဘဲ့ဟြန္းနဲ႔ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြ မကာအိုမွာ အီလက္ထ႐ြန္းနစ္စီးကရက္ ေသာက္သုံးျခင္းမ်ိဴး တားျမစ္ထားတဲ့အေၾကာင္း လုံး၀ မသိရွိခဲ့ၾကပါဘူး၊ ဘဲ့ဟြန္းဟာ မကာအိုမွာ ေဖ်ာ္ေျဖၿပီးေနာက္ နားေနစဥ္ ဝန္ထမ္းေတြနဲ႔ စကားစျမည္ေျပာဆိုရင္း အီလက္ထ႐ြန္နစ္စီးကရက္ကို မသိစိတ္က ေသာက္ခဲ့မိတာ ျဖစ္ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ ဘဲ့ဟြန္းရဲ႕ေပါ့ဆမႈဟာ ပရိသတ္မ်ားစြာကို စိတ္ပ်က္ေစခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း၊ ေနာက္ထပ္ဒီလိုျဖစ္ရပ္မ်ား မျဖစ္ေအာင္ ဂ႐ုစိုက္မယ့္အေၾကာင္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားမွာ celebrity ေတြ ေဆးလိပ္ေသာက္၊ အရက္ေသာက္ၿပီး ကားေမာင္းျခင္းတို႔နဲ႔ပတ္သက္ၿပီး ဆိုးဆိုး႐ြား႐ြား ေဝဖန္ခံရေလ့ ရွိပါတယ္။

Related news

© 2021. All rights reserved.