ဂျပန်မှာ အသက် ၁၀၀ ကျော်သူ ဂျပန်လူမျိုး ၉၅,၀၀၀ ကျော်ရှိပြီး အများစုဟာ အမျိုးသမီးတွေဖြစ်နေ

 97

ရောင်နီ (NP News) - စက်တင်ဘာ ၁၈

ဂျပန်နိုင်ငံမှာ အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၉၅,၀၀၀ ကျော်ထိ စံချိန်တင် ရှိနေပြီး အဲဒီအသက်ရှည်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ အစိုးရအချက်အလက်တွေအရ စက်တင်ဘာ ၁၇ ရက်မှာ သိရပါတယ်။

စက်တင်ဘာလ ၁ ရက်အထိအတွင်း ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို ၉၅,၁၁၉ ဦး ရှိနေပြီး ၎င်းတို့ထဲမှာ အမျိုးသမီးက ၈၃,၉၅၈ ဦးနဲ့ အမျိုးသား ၁၁,၁၆၁ ဦးထိ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ သက်ကြီးရွယ်အို အရေအတွက်ကတော့ ပြီးခဲ့တဲ့နှစ်ကထက် အရေအတွက် ၂၉၈၀ ထပ်တိုးလာတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်က ရရှိတဲ့ သီးခြားအစိုးရအချက်အလက်တွေအရတော့ အသက် ၆၅ နှစ်အထက် လူအရေအတွက်ဟာ ၃၆ ဒသမ ၂၅ သန်းအထိ စံချိန်တင်မြင့်မားခဲ့ပြီး ဂျပန်လူဦးရေ စုစုပေါင်းရဲ့ ၂၉ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိတယ်လို့ သိရပါတယ်။ အမေရိကန်အခြေစိုက် Gerontology သုတေသနအဖွဲ့ရဲ့အဆိုအရ ဂျပန်နိုင်ငံဟာ လက်ရှိ
ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အသက် ၁၁၆ နှစ်အရွယ် တိုမီကိုအီကိုကာ နေထိုင်ရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုအရေအတွက် တိုးလာခြင်းကြောင့် ဆေးဝါးနဲ့ လူမှုဖူလုံရေး ကုန်ကျစရိတ် မြင့်မားလာနေပြီး အလုပ်သမားရှားပါးမှုလည်းဖြစ်နေကာ လူဦးရေ အကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Zawgyi Version;
ဂ်ပန္မွာ အသက္ ၁၀၀ ေက်ာ္သူ ဂ်ပန္လူမ်ိဳး ၉၅,၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုဟာ အမ်ိဳးသမီးေတြျဖစ္ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၈

ဂ်ပန္ႏိုင္ငံမွာ အသက္ ၁၀၀ နဲ႔ အထက္ လူေပါင္း ၉၅,၀၀၀ ေက်ာ္ထိ စံခ်ိန္တင္ ရွိေနၿပီး အဲဒီအသက္ရွည္သူေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းနီးပါးဟာ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ အစိုးရအခ်က္အလက္ေတြအရ စက္တင္ဘာ ၁၇ ရက္မွာ သိရပါတယ္။

စက္တင္ဘာလ ၁ ရက္အထိအတြင္း ဂ်ပန္ႏိုင္ငံမွာ သက္ႀကီး႐ြယ္အို ၉၅,၁၁၉ ဦး ရွိေနၿပီး ၎တို႔ထဲမွာ အမ်ိဳးသမီးက ၈၃,၉၅၈ ဦးနဲ႔ အမ်ိဳးသား ၁၁,၁၆၁ ဦးထိ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။ သက္ႀကီး႐ြယ္အို အေရအတြက္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကထက္ အေရအတြက္ ၂၉၈၀ ထပ္တိုးလာတယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၁၅ ရက္က ရရွိတဲ့ သီးျခားအစိုးရအခ်က္အလက္ေတြအရေတာ့ အသက္ ၆၅ ႏွစ္အထက္ လူအေရအတြက္ဟာ ၃၆ ဒသမ ၂၅ သန္းအထိ စံခ်ိန္တင္ျမင့္မားခဲ့ၿပီး ဂ်ပန္လူဦးေရ စုစုေပါင္းရဲ႕ ၂၉ ဒသမ ၃ ရာခိုင္ႏႈန္းထိ ရွိတယ္လို႔ သိရပါတယ္။ အေမရိကန္အေျခစိုက္ Gerontology သုေတသနအဖြဲ႕ရဲ႕အဆိုအရ ဂ်ပန္ႏိုင္ငံဟာ လက္ရွိ
ကမာၻ႔အသက္အႀကီးဆုံးပုဂၢိဳလ္ျဖစ္တဲ့ အသက္ ၁၁၆ ႏွစ္အ႐ြယ္ တိုမီကိုအီကိုကာ ေနထိုင္ရာေနရာျဖစ္တယ္လို႔ ဆိုပါတယ္။

ဂ်ပန္ႏိုင္ငံမွာ သက္ႀကီး႐ြယ္အိုအေရအတြက္ တိုးလာျခင္းေၾကာင့္ ေဆးဝါးနဲ႔ လူမႈဖူလုံေရး ကုန္က်စရိတ္ ျမင့္မားလာေနၿပီး အလုပ္သမားရွားပါးမႈလည္းျဖစ္ေနကာ လူဦးေရ အက်ပ္အတည္းနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

Related news

© 2021. All rights reserved.