မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ

 596

သန့်ဇင် (NP News) - စက်တင်ဘာ ၂ဝ

မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအထူထပ်ဆုံးဖြစ်သော မန္တလေးမြို့ရှိ လူနေထူထပ်သောနေရာများနှင့် လူကုန်ထံများနေထိုင်ရာနေရာ အချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများစိုးရိမ်စိတ်မြင့်တက်လာနေကြောင်း NP News က မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။

(၃)နှစ်ခွဲကျော်ကာလအတွင်း မန္တလေးမြို့တို့တွင် ရွှေဆိုင်၊ ရွှေပန်းတိမ်ဆိုင်နှင့် နေအိမ်ဓားပြတိုက်ခံရမှု (၁၃)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဓားပြတိုက်ခံရမှုများတွင် ရွှေဆိုင်ဓားပြတိုက်ခံရမှုမှာ အများဆုံးဖြစ်ပြီး အချို့သောရွှေဆိုင်များမှာ တစ်ကြိမ်ထက်မနည်း ဓားပြတိုက်ခံနေရကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။

“မောသစ်ရွှေဆိုင်ဆို (၂)ခါ ဓားပြတိုက်ခံရတယ်။ အောင်ရွှေဆိုင်လည်း အတိုက်ခံရတယ်။ အခုအကြိမ်နဲ့ဆို ချောင်ချောင်ရွှေဆိုင်ဆိုလည်း (၂)ခါရှိပြီပေါ့။ ဆယ်သန်းလည်းရှိတယ်။ ဆယ်သန်းဆိုရင် မန်းမြို့ဈေးထဲမှာ ဝင်တိုက် တာဆိုတော့ တော်တော်လေးကိုမှ ကြောက်ဖို့ကောင်းတယ်။ မန်းမြို့ဈေးဆိုတာ မန္တလေးမြို့မှာ အကြီးဆုံးဈေးထဲမှာပါတာပေါ့။ ဈေးချိုပြီးရင် မန်းမြို့ဈေးပဲ။ တော်တော်ကြီးတဲ့ဈေးပါ။ အဲဒီလိုဈေးထဲမှာတောင် တိုက်နေကြတာဗျ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့လို ရပ်ကွက်လေးထဲမှာနေတဲ့ အခြေခံလူတန်းစာတွေက ပိုပြီးစိုးရိမ်ရတာပေါ့ဗျာ”ဟု ၎င်းက ဆိုသည်။

ရွှေဆိုင်ဓားပြတိုက်လုယက်သူများသည့် အုပ်စုဖွဲ့၍ လုပ်ဆောင်ကြပြီး အများစုမှာ ကားများကိုအဓိကအသုံးပြု ကျူးလွန်နေကြခြင်းဖြစ်သည်။ ၎င်းတို့ကို ဖမ်းဆီးရမိမှု နည်းပါးခြင်းကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ဒေသခံများက မေးခွန်းထုတ်လျက် ရှိနေသည်။

“နောက်ဆုံးသိရတာတွေက အဲဒီဓားပြတိုက်တဲ့ကားတွေက လိုင်စင်မဲ့ကားတွေလို့ပြောတယ်ဗျ။ ဒီလိုင်စင်မဲ့ကားတွေဆိုတာလည်း မန္တလေးမှာတော် တော်ကိုများတယ်ဗျ။ ဘယ်လမ်းကြောင်းကနေ ဘယ်လိုဝင်ပြီး ဘယ်လိုတွေ့တာလည်းမသိဘူး။ ဆိုင်ကယ်တို့ အိုးဝေတို့သာ လိုင်စင်မပါရင် လမ်းမှာအစစ်အဆေးတွေက အများကြီးရှိတာ။ အဲဒီကြားတည်းက အခုလိုတွေဖြစ်တာဆိုတာက ဖြစ်ကိုမဖြစ်သင့်ဘူး။ ဒီလို အစစ်အဆေးတွေများနေတဲ့ကြားထဲကနေ ဒီလိုတွေဖြစ်နေတာက ဘာကြောင့်လဲဗျ။ နောက်ပြီး တရားခံတွေမိတယ်ဆိုတာလည်း ကျွန်တော်တို့ကြားချင်တယ်ဗျာ။ အခုနောက်ပိုင်းက နေ့စဉ်လက်လုပ်လက်စားလုပ်နေတဲ့လူတွေက သူခိုးရန်ကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ ဓားပြတိုက်လုယက်ခံရမှုပိုမိုဖြစ်ပွားလာသောကြောင့် ရွှေဆိုင်နှင့် ရွှေ ပန်းတိမ်ဆိုင်များတွင် ယခင်ထက်ပိုမိုကာ လုံခြုံရေးကို တင်းကြပ်လာကြကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။

“အခုနောက်ပိုင်းတော့ ရွှေဆိုင်တွေ၊ ဘဏ်တွေ၊ ငွေလဲလှယ်တဲ့ ဆိုင်တွေမှာဆိုရင် တံခါးတောင်ပိတ်ထားရတဲ့အနေအထားဖြစ်နေတာ။ အဲလိုလုပ်ပြီး လုံခြုံရေးတစ်ယောက်ကို ဆိုင်ရှေ့မှာထိုင်ခိုင်းပြီး တစ်ယောက်ကို အတွင်းထဲကနေ တံခါးဖွင့်ခိုင်းထားတဲ့ အဲဒီလို အနေအထားမျိုးတွေ တွေ့ရတယ်။ ရွှေဆိုင်တွေဆိုရင်လည်း အကာအရံတွေလုပ်ထားတာရှိတယ်။ လုံခြုံရေးအထပ်အထပ်နဲ့ပေါ့”ဟု ၎င်းကဆိုသည်။

အနီးစပ်ဆုံး ဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၁ဝ ရက်၊ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ မြိုသစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B)လမ်း ထောင့်ရှိ “ချောင်ချောင်”ရွှေဆိုင်ပိုင်ဆိုင်ရှင်၏ နေအိမ်တွင်ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

ထို့ပြင် မတ်လ ၂၉ ရက်တွင် အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါရွှေပန်းတိမ်ဆိုင်နှင့် မေလ ၃၁ ရက်က မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား၊ ၃၉ လမ်းနှင့် လမ်း ၄ဝ ကြား မန်းမြို့ဈေးအတွင်းရှိ 'ဆယ်သန်း'ရွှေဆိုင်တို့သည်လည်း ယခုနှစ်အတွင်း ဓားပြတိုက်ခံခဲ့ရဖူး သည်။

နိုင်ငံတစ်ဝန်းလုံးတွင် တပ်မတော်က အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ (၃)နှစ်ခွဲကျော်ကာလအတွင်း ရွှေဆိုင်ဓားပြတိုက်ခံရမှုဖြစ်စဉ်ပေါင်း (၆၀)ကျော်ထိရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့သည်။

zawgyi version
မႏၲေလးရွိ လူေနထူထပ္ေသာေနရာမ်ား ႏွင့္ လူကုန္ထံမ်ားေနထိုင္ရာေနရာအခ်ိဳ႕၌ပင္ ဓားျပတိုက္လုယက္သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားေနေသာေၾကာင့္ ျပည္သူမ်ား စိုးရိမ္စိတ္ ျမင့္တက္လာ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂ဝ

ျမန္မာႏိုင္ငံ၏ ဒုတိယလူဦးေရအထူထပ္ဆုံးျဖစ္ေသာ မႏၲေလးၿမိဳ႕ရွိ လူေနထူထပ္ေသာေနရာမ်ားႏွင့္ လူကုန္ထံမ်ားေနထိုင္ရာေနရာ အခ်ိဳ႕၌ပင္ ဓားျပတိုက္လုယက္သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားေနေသာေၾကာင့္ ျပည္သူမ်ားစိုးရိမ္စိတ္ျမင့္တက္လာေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။

(၃)ႏွစ္ခြဲေက်ာ္ကာလအတြင္း မႏၲေလးၿမိဳ႕တို႔တြင္ ေ႐ႊဆိုင္၊ ေ႐ႊပန္းတိမ္ဆိုင္ႏွင့္ ေနအိမ္ဓားျပတိုက္ခံရမႈ (၁၃)ႀကိမ္ထက္ မနည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ဓားျပတိုက္ခံရမႈမ်ားတြင္ ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈမွာ အမ်ားဆုံးျဖစ္ၿပီး အခ်ိဳ႕ေသာေ႐ႊဆိုင္မ်ားမွာ တစ္ႀကိမ္ထက္မနည္း ဓားျပတိုက္ခံေနရေၾကာင္းလည္း အထက္ပါေဒသခံက ဆိုသည္။

“ေမာသစ္ေ႐ႊဆိုင္ဆို (၂)ခါ ဓားျပတိုက္ခံရတယ္။ ေအာင္ေ႐ႊဆိုင္လည္း အတိုက္ခံရတယ္။ အခုအႀကိမ္နဲ႔ဆို ေခ်ာင္ေခ်ာင္ေ႐ႊဆိုင္ဆိုလည္း (၂)ခါရွိၿပီေပါ့။ ဆယ္သန္းလည္းရွိတယ္။ ဆယ္သန္းဆိုရင္ မန္းၿမိဳ႕ေဈးထဲမွာ ဝင္တိုက္ တာဆိုေတာ့ ေတာ္ေတာ္ေလးကိုမွ ေၾကာက္ဖို႔ေကာင္းတယ္။ မန္းၿမိဳ႕ေဈးဆိုတာ မႏၲေလးၿမိဳ႕မွာ အႀကီးဆုံးေဈးထဲမွာပါတာေပါ့။ ေဈးခ်ိဳၿပီးရင္ မန္းၿမိဳ႕ေဈးပဲ။ ေတာ္ေတာ္ႀကီးတဲ့ေဈးပါ။ အဲဒီလိုေဈးထဲမွာေတာင္ တိုက္ေနၾကတာဗ်။ အဲဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔လို ရပ္ကြက္ေလးထဲမွာေနတဲ့ အေျခခံလူတန္းစာေတြက ပိုၿပီးစိုးရိမ္ရတာေပါ့ဗ်ာ”ဟု ၎က ဆိုသည္။

ေ႐ႊဆိုင္ဓားျပတိုက္လုယက္သူမ်ားသည့္ အုပ္စုဖြဲ႕၍ လုပ္ေဆာင္ၾကၿပီး အမ်ားစုမွာ ကားမ်ားကိုအဓိကအသုံးျပဳ က်ဴးလြန္ေနၾကျခင္းျဖစ္သည္။ ၎တို႔ကို ဖမ္းဆီးရမိမႈ နည္းပါးျခင္းကိုလည္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေပၚ ေဒသခံမ်ားက ေမးခြန္းထုတ္လ်က္ ရွိေနသည္။

“ေနာက္ဆုံးသိရတာေတြက အဲဒီဓားျပတိုက္တဲ့ကားေတြက လိုင္စင္မဲ့ကားေတြလို႔ေျပာတယ္ဗ်။ ဒီလိုင္စင္မဲ့ကားေတြဆိုတာလည္း မႏၲေလးမွာေတာ္ ေတာ္ကိုမ်ားတယ္ဗ်။ ဘယ္လမ္းေၾကာင္းကေန ဘယ္လိုဝင္ၿပီး ဘယ္လိုေတြ႕တာလည္းမသိဘူး။ ဆိုင္ကယ္တို႔ အိုးေဝတို႔သာ လိုင္စင္မပါရင္ လမ္းမွာအစစ္အေဆးေတြက အမ်ားႀကီးရွိတာ။ အဲဒီၾကားတည္းက အခုလိုေတြျဖစ္တာဆိုတာက ျဖစ္ကိုမျဖစ္သင့္ဘူး။ ဒီလို အစစ္အေဆးေတြမ်ားေနတဲ့ၾကားထဲကေန ဒီလိုေတြျဖစ္ေနတာက ဘာေၾကာင့္လဲဗ်။ ေနာက္ၿပီး တရားခံေတြမိတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ၾကားခ်င္တယ္ဗ်ာ။ အခုေနာက္ပိုင္းက ေန႔စဥ္လက္လုပ္လက္စားလုပ္ေနတဲ့လူေတြက သူခိုးရန္ေၾကာက္ေနရတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ထိုသို႔ ဓားျပတိုက္လုယက္ခံရမႈပိုမိုျဖစ္ပြားလာေသာေၾကာင့္ ေ႐ႊဆိုင္ႏွင့္ ေ႐ႊ ပန္းတိမ္ဆိုင္မ်ားတြင္ ယခင္ထက္ပိုမိုကာ လုံၿခဳံေရးကို တင္းၾကပ္လာၾကေၾကာင္းလည္း အထက္ပါ ေဒသခံက ဆိုသည္။

“အခုေနာက္ပိုင္းေတာ့ ေ႐ႊဆိုင္ေတြ၊ ဘဏ္ေတြ၊ ေငြလဲလွယ္တဲ့ ဆိုင္ေတြမွာဆိုရင္ တံခါးေတာင္ပိတ္ထားရတဲ့အေနအထားျဖစ္ေနတာ။ အဲလိုလုပ္ၿပီး လုံၿခဳံေရးတစ္ေယာက္ကို ဆိုင္ေရွ႕မွာထိုင္ခိုင္းၿပီး တစ္ေယာက္ကို အတြင္းထဲကေန တံခါးဖြင့္ခိုင္းထားတဲ့ အဲဒီလို အေနအထားမ်ိဳးေတြ ေတြ႕ရတယ္။ ေ႐ႊဆိုင္ေတြဆိုရင္လည္း အကာအရံေတြလုပ္ထားတာရွိတယ္။ လုံၿခဳံေရးအထပ္အထပ္နဲ႔ေပါ့”ဟု ၎ကဆိုသည္။

အနီးစပ္ဆုံး ျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁ဝ ရက္၊ နံနက္ပိုင္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳသစ္(၁)ရပ္ကြက္၊ ၇၁ လမ္းႏွင့္ ၁၀၁ (B)လမ္း ေထာင့္ရွိ “ေခ်ာင္ေခ်ာင္”ေ႐ႊဆိုင္ပိုင္ဆိုင္ရွင္၏ ေနအိမ္တြင္ဓားျပတိုက္ခံရမႈျဖစ္ပြားခဲ့သည္။

ထို႔ျပင္ မတ္လ ၂၉ ရက္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ လင္းလက္ဝါေ႐ႊပန္းတိမ္ဆိုင္ႏွင့္ ေမလ ၃၁ ရက္က မႏၲေလးၿမိဳ႕ ၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၈၄ လမ္းႏွင့္ ၈၅ လမ္းၾကား၊ ၃၉ လမ္းႏွင့္ လမ္း ၄ဝ ၾကား မန္းၿမိဳ႕ေဈးအတြင္းရွိ 'ဆယ္သန္း'ေ႐ႊဆိုင္တို႔သည္လည္း ယခုႏွစ္အတြင္း ဓားျပတိုက္ခံခဲ့ရဖူး သည္။

ႏိုင္ငံတစ္ဝန္းလုံးတြင္ တပ္မေတာ္က အာဏာရယူခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ကာ (၃)ႏွစ္ခြဲေက်ာ္ကာလအတြင္း ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈျဖစ္စဥ္ေပါင္း (၆၀)ေက်ာ္ထိရွိခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီးတြင္ အမ်ားဆုံးျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.