အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

 407

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝီ ဆူဘီယမ်တိုဟာ လာမယ့်လပိုင်းအတွင်း အင်ဒိုနီး ရှားနိုင်ငံရဲ့ ရွေးကောက်ခံသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မှာဖြစ်ပါတယ်။ ပရာဘိုဝီဟာ (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီအတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး ထောက်ခံမဲ (၆၀) ရာခိုင်နှုန်းနီးပါးရယူနိုင်ကာ အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ အဖြစ်ရွေးကောက်ခံခဲ့ရပြီး အောက်တိုဘာလ အတွင်း မှာ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ အသက် (၇၄) နှစ်အရွယ်ရှိ ပရာဘိုဝီဟာ လက်ရှိသမ္မတ ဝီဒိုဒို ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတသမိုင်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတိုအပြီး သမ္မတ အဖြစ် တာဝန်ယူတဲ့ (၃) ဦးမြောက် စစ်သားဟောင်းတစ်ဦးဖြစ်လာတော့မှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဏာရှင်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတသမိုင်းတစ် လျှောက်မှာ သမ္မတအဖြစ် တာဝန်ယူနိုင်ခဲ့သူ (၇)ဦးသာ ရှိနေသလို ပရာဘိုဝီက (၈) ဦးမြောက် သမ္မတ အဖြစ် တာဝန်ယူမှာလည်းဖြစ်ပါတယ်။ ပရာဘိုဝီကို (၁၉၅၁)ခုနှစ်မှာမွေးဖွားခဲ့ပြီး (၁၉၇၀)ပြည့်နှစ်မှာ အင်ဒိုနီးရှား စစ်တက္ကသိုလ်တက်ရောက်ကာ ဘွဲ့ရရှိ ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ အင်ဒိုနီးရှား မဟာဗျူဟာ မြောက် အရန်တပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်မယူခင် အင်ဒိုနီးရှားအထူးတပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ ကြာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ပရာဘိုဝီဟာ လက်ယာ ယိမ်းနိုင်ငံရေးသမားအဖြစ် သတ်မှတ်ပြောဆို ခံခဲ့ရပြီး (၂၀ဝ၈)ခုနှစ်အစောပိုင်းမှာ ဂျီရင်ဒရာပါတီကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။

အင်ဒိုနီးရှားစစ်တပ်မှာ တာဝန်ယူချိန်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ မကြာခဏစွပ်စွဲခံရပြီး အမေရိကန်နိုင်ငံအတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရကာ (၁၉ ၉၈)ခုနှစ်မှာ စစ်တပ်က အငြိမ်းစား ယူခဲ့သူဖြစ်ပါတယ်။ ပရာဘိုဝီဟာ နိုင်ငံရေးပါတီတည်ထောင်ခဲ့ပြီးနောက် (၂၀ဝ၉) ခုနှစ်မှာ ရွေးကောက်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး၊ (၂၀၁၄) ခုနှစ်မှာ ထပ်မံကျင်းပတဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပြန်ပါဘူး၊ ပရာဘိုဝီ ဟာ ရွေးကောက်ပွဲနှစ်ကြိမ်စလုံး ပါဝင်ယှဉ် ပြိုင်ခဲ့ပေမယ့် အောင်မြင်မှုမရခြင်းကို အားမလျှော့သေးဘဲ (၂၀၁၉)ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်မှုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲသုံးကြိမ်စလုံးမှာ အောင်မြင်မှုမရခဲ့ခြင်းကို လက်မလျှော့သေးဘဲ (၂၀၂၄) ခုနှစ်အစောပိုင်းမှာကျင်းပတဲ့ ရွးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခဲ့ရာ မဲအများ ဆုံးနဲ့အနိုင်ရခဲ့ပြီး လာမယ့် အောက်တိုဘာလအတွင်း သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသွားမှာဖြစ်ပါတယ်။

ပရာဘိုဝီဟာ အင်ဒိုနီးရှားစစ်တပ်က အနားယူခဲ့သလို ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးအဖြစ် (၂၀၁၉)ခုနှစ်ကနေ (၂၀၂၄)ခုနှစ်အတွင်း လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ ဝီဒိုဒိုဟာ အင်ဒိုနိးရှားအစိုးရအဖွဲ့ ဦး ဆောင်ဖွဲ့စည်းချိန်မှာ ပရာဘိုဝီရဲ့အတွေ့အကြုံတွေ ကို လိုအပ်မှုရှိတဲ့အတွက် အင်ဒိုနီးရှားကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ပေးခဲ့တာမျိုးဖြစ်ပါတယ်။ ပရာဘိုဝီရဲ့ ဖခင်ဖြစ်သူဟာ အင်ဒိုနီးရှားသမ္မတဟောင်း တွေဖြစ်တဲ့ ဆူကာနိုနဲ့ ဆူဟာတိုတို့လက်ထဲမှာ စီးပွားရေးဝန်ကြီး၊ နည်းပညာဆိုင်ရာဝန်ကြီးတွေကို တာဝန်ယူခဲ့ဖူးပြီး ငယ်စဉ်ကလေးဘဝကို ပုံမှန်အ တိုင်း ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။

ပရာဘိုဝီဟာ စစ်တပ်က အငြိမ်းစားယူခဲ့ပြီး နောက် အစ်ကိုဖြစ်သူနဲ့ ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး Kiani Kertas အမည်ရှိ စက္ကူ ပျော့ဖတ်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ခဲ့ပါ တယ်။ Kiani Kertas အမည်ရှိ ကုမ္ပဏီကို အခြေပြုပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကုမ္ပဏီပေါင်း (၂၇) ခုပါဝင် တဲ့ Nusantara Group စီးပွားရေးလုပ်ငန်းစုကိုလည်း တည်ထောင်ခဲ့ပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းစု လက်အောက်မှာရှိနေတဲ့ကုမ္ပဏီတွေဟာ အင်ဒိုနီးရှားမှာ သာမက ပြည်ပနိုင်ငံတွေမှာ ရှိနေဆဲဖြစ်ပါတယ်။

ပရာဘိုဝီဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အာဏာရှင်ဟောင်း အဖြစ်ဝေဖန်ခံရနေတဲ့ သမ္မတဟောင်း ဆူဟာတိုရဲ့သမီးဖြစ်သူနဲ့အိမ်ထောင်ပြုထားတဲ့အတွက် ဆူဟာတိုအနားယူချိန်မှာ ဆူဟာတိုနေရာကို ဆက်ခံမယ့်သူအဖြစ် ခန့်မှန်းပြောဆိုခံရဖူးသူဖြစ်ပါတယ်။ ပရာဘိုဝီဟာ သမ္မတအသစ်အဖြစ် တာဝန်ယူ ချိန်မှာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ချိန်တုန်းအတိုင်း ဆက်လက်လုပ်ဆောင်ဖွယ်ရှိ တယ် လို့ထင်ကြေးပေး သုံးသပ်မှုတွေရှိနေပါတယ်။ အင်ဒိုနီးရှားသမ္မတအဖြစ်တာဝန်ယူချိန်မှာ စိန်ခေါ်မှု များစွာ ရင်ဆိုင်ရဖွယ်ရှိနေပြီး အဲဒီစိန်ခေါ်မှုတွေထဲမှာ တရုတ်နိုင်ငံနဲ့အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် အရေးလည်းပါဝင်ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ပရာဘိုဝီက အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံအားလုံးကို လေးစားပြီး တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲ လား ပြောဆိုသလိုမျိုး “မင်းရဲ့ရန်သူတွေ ငါတို့ ရန်သူ မဖြစ်ရဘူး” ဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်တို့ ပူးပေါင်းပါဝင်တဲ့ AUKUS အဖွဲ့မှာ ပါဝင်ဖို့ အစီအစဉ်ရှိနေရာ အဲဒီအဖွဲ့အတွင်း ပါဝင်ခဲ့မယ်ဆိုရင် AUKUS အပေါ် အမြင်မကြည်မလင်နဲ့ တရုတ်နိုင်ငံနဲ့ အငြင်းပွား မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သမ္မတ ဝီဒိုဒို တာဝန်ယူချိန်အတွင်း ပြည်သူတွေရဲ့ ဘဝရှင်သန်နေထိုင်မှု ယခင်ထက် ပိုမိုကောင်း မွန်ခဲ့သလို နိုင်ငံ တကာ အသိုင်းအဝိုင်းကြားမှာလည်း စီးပွားရေးတိုးတက်မှုနဲ့ မဟာဗျူဟာမြောက် မူဝါဒ တွေကြောင့် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့ရာ ပရာဘိုဝီဟာ သမ္မတအဖြစ်တာဝန်ယူချိန်မှာ ယခင် သမ္မတဟောင်းတွေ လက်ထက်ကထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ဖို့လိုအပ်နေပါတယ်။

ပရာဘိုဝီဟာ အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီး မှာ အဓိကအရေးပါတဲ့ခေါင်းဆောင်တစ်ဦးနဲ့ နိုင်ငံ အကျိုးစီးပွားရေးပိုမိုဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ အစ္စလာမ်ဘာသာဝင်အများဆုံး နိုင်ငံဖြစ်ရာ ဘာသာရေးကိစ္စတွေကလည်း ပရာဘိုဝီ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာဖွယ်ရှိနေသလို အာဏာရှင်နိုင်ငံအဖြစ်ကနေ ဒီမိုကရေစီ နိုင်ငံအဖြစ်ကို အသွင်ကူးပြောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီမို ကရေစီနောက်ကြောင်းပြန်မလှည့်သွားဖို့ ပြဿနာကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ် နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည် ဆောက်ထားနိုင်ခဲ့ရာ ပရာဘိုဝီ သမ္မတအဖြစ် တာဝန်ယူချိန် အတွင်း ပြိုင်ဘက်အသွင်ဖြစ်နေတဲ့ အမေရိ ကန်၊ တရုတ်နိုင်ငံတို့နဲ့ဆက်ဆံရေးကို ဟန်ချက်ညီ အောင် ထိန်းကျောင်းနိုင်ဖို့ လိုအပ်နေသလို အင်အားကြီးနိုင်ငံတွေကြား အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ မှာ တစ်ဖက်ဖက်မှာ ရပ်တည်တဲ့ ပုံစံမျိုး ရှောင်ရှားဖို့ လိုအပ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဝီဒိုဒို ဟာ လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေး နဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကတစ်ဆင့် ချဉ်းကပ်တဲ့ ပုံစံမျိုးလုပ်ဆောင်နေပြီး တရုတ်နဲ့အမေရိကန်နိုင်ငံ ကြားမှာလည်း ဟန်ချက်ညီအောင် ထိန်းကျောင်းလုပ် ဆောင်နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား သမ္မတအသစ် အ ဖြစ်တာဝန်ယူမယ့် ပရာဘိုဝီဟာ အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲမှာ ပေးထားတဲ့ကတိတွေကို ဘယ် လောက်အထိ အကောင်ထည်ဖော်ပေးနိုင်မလဲ ဆိုတဲ့ အချက်နဲ့ သမ္မတ ဝီဒိုဒို လက်ထက်က လုပ်ဆောင်တဲ့ မူဝါဒ တွေအတိုင်း ဆက်လက်လုပ်ဆောင်မှာလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

zawgyi version
အင္ဒိုနီးရွားသမၼတအျဖစ္ ေတြ႕ျမင္ရမယ့္ ဗိုလ္ခ်ဴပ္ႀကီးေဟာင္း “ပရာဘိုဝီ” အေၾကာင္း တေစ့တေစာင္း (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာဘိုဝီ ဆူဘီယမ္တိုဟာ လာမယ့္လပိုင္းအတြင္း အင္ဒိုနီး ရွားႏိုင္ငံရဲ႕ ေ႐ြးေကာက္ခံသမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုေတာ့မွာျဖစ္ပါတယ္။ ပရာဘိုဝီဟာ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီအတြင္းက်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဘက္ေတြကိုေက်ာ္ျဖတ္ၿပီး ေထာက္ခံမဲ (၆၀) ရာခိုင္ႏႈန္းနီးပါးရယူႏိုင္ကာ အင္ဒိုနီးရွားႏိုင္ငံရဲ႕သမၼတ အျဖစ္ေ႐ြးေကာက္ခံခဲ့ရၿပီး ေအာက္တိုဘာလ အတြင္း မွာ သမၼတအသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုေတာ့မွာ ျဖစ္ပါတယ္။ အသက္ (၇၄) ႏွစ္အ႐ြယ္ရွိ ပရာဘိုဝီဟာ လက္ရွိသမၼတ ဝီဒိုဒို ဦးေဆာင္တဲ့ အစိုးရအဖြဲ႕မွာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ကာကြယ္ေရးဝန္ႀကီး အျဖစ္ တာဝန္ယူေနၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕သမၼတသမိုင္းမွာ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဆူဟာတိုအၿပီး သမၼတ အျဖစ္ တာဝန္ယူတဲ့ (၃) ဦးေျမာက္ စစ္သားေဟာင္းတစ္ဦးျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ အာဏာရွင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕သမၼတသမိုင္းတစ္ ေလွ်ာက္မွာ သမၼတအျဖစ္ တာဝန္ယူႏိုင္ခဲ့သူ (၇)ဦးသာ ရွိေနသလို ပရာဘိုဝီက (၈) ဦးေျမာက္ သမၼတ အျဖစ္ တာဝန္ယူမွာလည္းျဖစ္ပါတယ္။ ပရာဘိုဝီကို (၁၉၅၁)ခုႏွစ္မွာေမြးဖြားခဲ့ၿပီး (၁၉၇၀)ျပည့္ႏွစ္မွာ အင္ဒိုနီးရွား စစ္တကၠသိုလ္တက္ေရာက္ကာ ဘြဲ႕ရရွိ ခဲ့ၿပီး (၁၉၉၈)ခုႏွစ္မွာ အင္ဒိုနီးရွား မဟာဗ်ဴဟာ ေျမာက္ အရန္တပ္ဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္မယူခင္ အင္ဒိုနီးရွားအထူးတပ္ဖြဲ႕မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာ တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ပရာဘိုဝီဟာ လက္ယာ ယိမ္းႏိုင္ငံေရးသမားအျဖစ္ သတ္မွတ္ေျပာဆို ခံခဲ့ရၿပီး (၂၀ဝ၈)ခုႏွစ္အေစာပိုင္းမွာ ဂ်ီရင္ဒရာပါတီကို ဦးေဆာင္တည္ေထာင္ခဲ့သူျဖစ္ပါတယ္။

အင္ဒိုနီးရွားစစ္တပ္မွာ တာဝန္ယူခ်ိန္အတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္လို႔ မၾကာခဏစြပ္စြဲခံရၿပီး အေမရိကန္ႏိုင္ငံအတြင္းကို ဝင္ေရာက္ခြင့္ ပိတ္ပင္ခံခဲ့ရကာ (၁၉ ၉၈)ခုႏွစ္မွာ စစ္တပ္က အၿငိမ္းစား ယူခဲ့သူျဖစ္ပါတယ္။ ပရာဘိုဝီဟာ ႏိုင္ငံေရးပါတီတည္ေထာင္ခဲ့ၿပီးေနာက္ (၂၀ဝ၉) ခုႏွစ္မွာ ေ႐ြးေကာက္ပြဲကို ပထမဆုံးအႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး၊ (၂၀၁၄) ခုႏွစ္မွာ ထပ္မံက်င္းပတဲ့ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ျပန္ပါဘူး၊ ပရာဘိုဝီ ဟာ ေ႐ြးေကာက္ပြဲႏွစ္ႀကိမ္စလုံး ပါဝင္ယွဥ္ ၿပိဳင္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရျခင္းကို အားမေလွ်ာ့ေသးဘဲ (၂၀၁၉)ခုႏွစ္မွာက်င္းပတဲ့ ေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္ခဲ့ရာ ရႈံးနိမ့္မႈနဲ႔ ထပ္မံရင္ဆိုင္ခဲ့ရပါတယ္။ ယွဥ္ၿပိဳင္ခဲ့တဲ့ ေ႐ြးေကာက္ပြဲသုံးႀကိမ္စလုံးမွာ ေအာင္ျမင္မႈမရခဲ့ျခင္းကို လက္မေလွ်ာ့ေသးဘဲ (၂၀၂၄) ခုႏွစ္အေစာပိုင္းမွာက်င္းပတဲ့ ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္ခဲ့ရာ မဲအမ်ား ဆုံးနဲ႔အႏိုင္ရခဲ့ၿပီး လာမယ့္ ေအာက္တိုဘာလအတြင္း သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုသြားမွာျဖစ္ပါတယ္။

ပရာဘိုဝီဟာ အင္ဒိုနီးရွားစစ္တပ္က အနားယူခဲ့သလို ေ႐ြးေကာက္ပြဲေတြမွာ ရႈံးနိမ့္ခဲ့ေပမယ့္ အင္ဒိုနီးရွားကာကြယ္ေရးဝန္ႀကီးအျဖစ္ (၂၀၁၉)ခုႏွစ္ကေန (၂၀၂၄)ခုႏွစ္အတြင္း လုပ္ကိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ (၂၀၁၉)ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ သမၼတ ဝီဒိုဒိုဟာ အင္ဒိုနိးရွားအစိုးရအဖြဲ႕ ဦး ေဆာင္ဖြဲ႕စည္းခ်ိန္မွာ ပရာဘိုဝီရဲ႕အေတြ႕အႀကဳံေတြ ကို လိုအပ္မႈရွိတဲ့အတြက္ အင္ဒိုနီးရွားကာကြယ္ေရး ဝန္ႀကီးအျဖစ္ တာဝန္ေပးခဲ့တာမ်ိဳးျဖစ္ပါတယ္။ ပရာဘိုဝီရဲ႕ ဖခင္ျဖစ္သူဟာ အင္ဒိုနီးရွားသမၼတေဟာင္း ေတြျဖစ္တဲ့ ဆူကာႏိုနဲ႔ ဆူဟာတိုတို႔လက္ထဲမွာ စီးပြားေရးဝန္ႀကီး၊ နည္းပညာဆိုင္ရာဝန္ႀကီးေတြကို တာဝန္ယူခဲ့ဖူးၿပီး ငယ္စဥ္ကေလးဘဝကို ပုံမွန္အ တိုင္း ျဖတ္သန္းခဲ့သူလည္း ျဖစ္ပါတယ္။

ပရာဘိုဝီဟာ စစ္တပ္က အၿငိမ္းစားယူခဲ့ၿပီး ေနာက္ အစ္ကိုျဖစ္သူနဲ႔ ပူးေပါင္းကာ စီးပြားေရး လုပ္ငန္းေတြကို လုပ္ကိုင္ခဲ့ၿပီး Kiani Kertas အမည္ရွိ စကၠဴ ေပ်ာ့ဖတ္လုပ္ငန္းကို ဦးေဆာင္လုပ္ကိုင္ခဲ့ပါ တယ္။ Kiani Kertas အမည္ရွိ ကုမၸဏီကို အေျချပဳၿပီး အင္ဒိုနီးရွားႏိုင္ငံမွာ ကုမၸဏီေပါင္း (၂၇) ခုပါဝင္ တဲ့ Nusantara Group စီးပြားေရးလုပ္ငန္းစုကိုလည္း တည္ေထာင္ခဲ့ပါတယ္။ အဲဒီ စီးပြားေရးလုပ္ငန္းစု လက္ေအာက္မွာရွိေနတဲ့ကုမၸဏီေတြဟာ အင္ဒိုနီးရွားမွာ သာမက ျပည္ပႏိုင္ငံေတြမွာ ရွိေနဆဲျဖစ္ပါတယ္။

ပရာဘိုဝီဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕အာဏာရွင္ေဟာင္း အျဖစ္ေဝဖန္ခံရေနတဲ့ သမၼတေဟာင္း ဆူဟာတိုရဲ႕သမီးျဖစ္သူနဲ႔အိမ္ေထာင္ျပဳထားတဲ့အတြက္ ဆူဟာတိုအနားယူခ်ိန္မွာ ဆူဟာတိုေနရာကို ဆက္ခံမယ့္သူအျဖစ္ ခန႔္မွန္းေျပာဆိုခံရဖူးသူျဖစ္ပါတယ္။ ပရာဘိုဝီဟာ သမၼတအသစ္အျဖစ္ တာဝန္ယူ ခ်ိန္မွာလည္း ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူ ခ်ိန္တုန္းအတိုင္း ဆက္လက္လုပ္ေဆာင္ဖြယ္ရွိ တယ္ လို႔ထင္ေၾကးေပး သုံးသပ္မႈေတြရွိေနပါတယ္။ အင္ဒိုနီးရွားသမၼတအျဖစ္တာဝန္ယူခ်ိန္မွာ စိန္ေခၚမႈ မ်ားစြာ ရင္ဆိုင္ရဖြယ္ရွိေနၿပီး အဲဒီစိန္ေခၚမႈေတြထဲမွာ တ႐ုတ္ႏိုင္ငံနဲ႔အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ ပင္လယ္ အေရးလည္းပါဝင္ဖြယ္ရွိေနပါတယ္။ ဒါေပမဲ့ ပရာဘိုဝီက အင္ဒိုနီးရွားႏိုင္ငံဟာ ႏိုင္ငံအားလုံးကို ေလးစားၿပီး ေတာင္အာဖရိကသမၼတေဟာင္း နယ္ဆင္မင္ဒဲ လား ေျပာဆိုသလိုမ်ိဳး “မင္းရဲ႕ရန္သူေတြ ငါတို႔ ရန္သူ မျဖစ္ရဘူး” ဆိုတဲ့ အယူအဆကို လက္ခံက်င့္သုံးမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ အေမရိကန္၊ ဩစေၾတးလ်၊ ၿဗိတိန္တို႔ ပူးေပါင္းပါဝင္တဲ့ AUKUS အဖြဲ႕မွာ ပါဝင္ဖို႔ အစီအစဥ္ရွိေနရာ အဲဒီအဖြဲ႕အတြင္း ပါဝင္ခဲ့မယ္ဆိုရင္ AUKUS အေပၚ အျမင္မၾကည္မလင္နဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ အျငင္းပြား မႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ သမၼတ ဝီဒိုဒို တာဝန္ယူခ်ိန္အတြင္း ျပည္သူေတြရဲ႕ ဘဝရွင္သန္ေနထိုင္မႈ ယခင္ထက္ ပိုမိုေကာင္း မြန္ခဲ့သလို ႏိုင္ငံ တကာ အသိုင္းအဝိုင္းၾကားမွာလည္း စီးပြားေရးတိုးတက္မႈနဲ႔ မဟာဗ်ဴဟာေျမာက္ မူဝါဒ ေတြေၾကာင့္ ဂုဏ္သိကၡာရွိရွိရပ္တည္ႏိုင္ခဲ့ရာ ပရာဘိုဝီဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ ယခင္ သမၼတေဟာင္းေတြ လက္ထက္ကထက္ ပိုမိုေကာင္းမြန္ေအာင္ စြမ္းေဆာင္ႏိုင္ဖို႔လိုအပ္ေနပါတယ္။

ပရာဘိုဝီဟာ အင္ဒိုနီးရွားသမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ကမာၻႀကီး မွာ အဓိကအေရးပါတဲ့ေခါင္းေဆာင္တစ္ဦးနဲ႔ ႏိုင္ငံ အက်ိဳးစီးပြားေရးပိုမိုျဖစ္ထြန္းေအာင္ လုပ္ေဆာင္ဖို႔ စိန္ေခၚမႈေတြ ရွိေနပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ ကမာၻ႔ႏိုင္ငံေတြထဲမွာ အစၥလာမ္ဘာသာဝင္အမ်ားဆုံး ႏိုင္ငံျဖစ္ရာ ဘာသာေရးကိစၥေတြကလည္း ပရာဘိုဝီ အတြက္ စိန္ေခၚမႈတစ္ခုျဖစ္လာဖြယ္ရွိေနသလို အာဏာရွင္ႏိုင္ငံအျဖစ္ကေန ဒီမိုကေရစီ ႏိုင္ငံအျဖစ္ကို အသြင္ကူးေျပာင္းခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ ဒီမို ကေရစီေနာက္ေၾကာင္းျပန္မလွည့္သြားဖို႔ ျပႆနာကို ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ တ႐ုတ္ ႏိုင္ငံတို႔နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ ေဆာက္ထားႏိုင္ခဲ့ရာ ပရာဘိုဝီ သမၼတအျဖစ္ တာဝန္ယူခ်ိန္ အတြင္း ၿပိဳင္ဘက္အသြင္ျဖစ္ေနတဲ့ အေမရိ ကန္၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔ဆက္ဆံေရးကို ဟန္ခ်က္ညီ ေအာင္ ထိန္းေက်ာင္းႏိုင္ဖို႔ လိုအပ္ေနသလို အင္အားႀကီးႏိုင္ငံေတြၾကား အျငင္းပြားမႈေတြ၊ ၿပိဳင္ဆိုင္မႈေတြ မွာ တစ္ဖက္ဖက္မွာ ရပ္တည္တဲ့ ပုံစံမ်ိဳး ေရွာင္ရွားဖို႔ လိုအပ္ေနပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ သမၼတ ဝီဒိုဒို ဟာ လက္ရွိအခ်ိန္မွာ ေတာင္တ႐ုတ္ပင္လယ္အေရး နဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ကတစ္ဆင့္ ခ်ဥ္းကပ္တဲ့ ပုံစံမ်ိဳးလုပ္ေဆာင္ေနၿပီး တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံ ၾကားမွာလည္း ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းလုပ္ ေဆာင္ႏိုင္ခဲ့ပါတယ္။ အင္ဒိုနီးရွား သမၼတအသစ္ အ ျဖစ္တာဝန္ယူမယ့္ ပရာဘိုဝီဟာ အင္ဒိုနီးရွား သမၼတ ေ႐ြးေကာက္ပြဲမွာ ေပးထားတဲ့ကတိေတြကို ဘယ္ ေလာက္အထိ အေကာင္ထည္ေဖာ္ေပးႏိုင္မလဲ ဆိုတဲ့ အခ်က္နဲ႔ သမၼတ ဝီဒိုဒို လက္ထက္က လုပ္ေဆာင္တဲ့ မူဝါဒ ေတြအတိုင္း ဆက္လက္လုပ္ေဆာင္မွာလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.