လက်ဘနွန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်နာဂျစ်မီကာတီပြော

 512

Pika (NP News) - စက်တင်ဘာ ၂ဝ

လက်ဘနွန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်နာဂျစ်မီကာတီက ထုတ်ဖော် ပြောဆိုခဲ့သည်။ လက်ဘနွန်နိုင်ငံတစ်ဝှမ်းတွင် အီလက်ထရွန်းနစ်ပစ္စည်းများ နှစ်ရက်ဆက်တိုက်ပေါက်ကွဲကာ လူ(၃၀)ကျော် သေဆုံးခဲ့ပြီး အခြားလူထောင်ချီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် နာဂျစ်မီကာတီက ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ(၁၇)ရက်တွင် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဝင်များ အသုံးပြုသည့် ပေဂျာများပေါက်ကွဲခဲ့ပြီး လူ(၁၂)ဦးသေဆုံးကာ အခြားလူ(၃၀၀၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ နောက်နေ့တွင် စကားပြောစက်များ၊ လက်ပ်တော့များနှင့် ရေဒီယိုများ အပါအဝင် ထောင်နှင့်ချီသော အီလက်ထရွန်းနစ်ပစ္စည်းများ ပေါက်ကွဲခဲ့ပြီးနောက် လူ(၂၀)ဦး သေဆုံးခဲ့ကာ အခြားလူ(၄၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဟစ်ဘိုလာ နှင့် လက်ဘနွန်အစိုးရတို့က အဆိုပါဖြစ်ရပ်များအတွက် အစ္စရေးနိုင်ငံကို အပြစ်တင်ခဲ့ကြကြောင်း လည်း သိရသည်။ သို့သော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်ရှိ/မရှိ ဆိုသည့်အချက်ကို အစ္စရေးအစိုးရဖက်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။

အစ္စရေးထောက်လှမ်းရေးဝန်ဆောင်မှုအဖွဲ့ Mossad သည် အဝေးထိန်းအချက်ပြမှုမှတစ်ဆင့် အဆိုပါ အီလက်ထရွန်းနစ်ပစ္စည်းထောင်ချီကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကဖော်ပြထားသည်။
စက်တင်ဘာလ(၁၈)ရက်တွင် ပေါက်ကွဲမှုများထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာချိန်တွင် နာဂျစ်မီကာတီသည် ပထမဆုံးဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူနေ သည့် ဆေးရုံသို့သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
နာဂျစ်မီကာတီက "ဒီလိုနည်းနဲ့အကာအကွယ်မဲ့နေတဲ့ပြည်သူတွေကို သတ်ဖြတ်တဲ့ရာဇဝတ်မှုဟာ ပြောမပြနိုင် လောက်အောင်ကို ဆိုးရွားတဲ့ ရာဇဝတ်မှုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ထို့ပြင် လက်ဘနွန်နိုင်ငံသည် အစ္စရေး နှင့် စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေမျိုးတွင်ရှိနေကြောင်း နာဂျစ်ကာတီက ထပ်မံပြောဆိုခဲ့သည်။ ၎င်းက "အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဟာ (၁၁)လလောက်ရှိပြီဖြစ်ပြီး ဒီစစ်ပွဲက ကျွန်တော်တို့နိုင်ငံတောင်ပိုင်းမှာရှိတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေအပေါ် သက်ရောက်မှု တွေ ရှိနေပါတယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက အစ္စရေးနှင့် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့တို့သည် ဒရုန်းများ၊ ဒုံးကျည်များဖြင့် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
နာဂျစ်မီကာတီက "ကျွန်တော်တို့က နိုင်ငံတကာနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကို ဂရုမစိုက်တဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတာပါ။ မေးချင်တာက ဒီလိုမျိုးတွေက ဆက်ဖြစ်နေဦးမှာလား ဆိုတာပါပဲ။ ငြိမ်းချမ်းရေးကို ဖြန့်ဝေမယ့် ကုလသမဂ္ဂက ဘယ်ကိုရောက်နေတာပါလဲ" ဟု ပြောခဲ့သည်။

Zawgyi Version;
လက္ဘႏြန္ႏိုင္ငံတြင္ စစ္ပြဲျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္နာဂ်စ္မီကာတီေျပာ
Pika (NP News) - စက္တင္ဘာ ၂ဝ

လက္ဘႏြန္ႏိုင္ငံတြင္ စစ္ပြဲျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း လက္ဘႏြန္ဝန္ႀကီးခ်ဳပ္နာဂ်စ္မီကာတီက ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ လက္ဘႏြန္ႏိုင္ငံတစ္ဝွမ္းတြင္ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ား ႏွစ္ရက္ဆက္တိုက္ေပါက္ကြဲကာ လူ(၃၀)ေက်ာ္ ေသဆုံးခဲ့ၿပီး အျခားလူေထာင္ခ်ီထိခိုက္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ နာဂ်စ္မီကာတီက ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာခဲ့ျခင္းျဖစ္သည္။

စက္တင္ဘာလ(၁၇)ရက္တြင္ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဝင္မ်ား အသုံးျပဳသည့္ ေပဂ်ာမ်ားေပါက္ကြဲခဲ့ၿပီး လူ(၁၂)ဦးေသဆုံးကာ အျခားလူ(၃၀၀၀)နီးပါး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း က်န္းမာေရး အာဏာပိုင္မ်ား၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ေနာက္ေန႔တြင္ စကားေျပာစက္မ်ား၊ လက္ပ္ေတာ့မ်ားႏွင့္ ေရဒီယိုမ်ား အပါအဝင္ ေထာင္ႏွင့္ခ်ီေသာ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ား ေပါက္ကြဲခဲ့ၿပီးေနာက္ လူ(၂၀)ဦး ေသဆုံးခဲ့ကာ အျခားလူ(၄၅၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ဟစ္ဘိုလာ ႏွင့္ လက္ဘႏြန္အစိုးရတို႔က အဆိုပါျဖစ္ရပ္မ်ားအတြက္ အစၥေရးႏိုင္ငံကို အျပစ္တင္ခဲ့ၾကေၾကာင္း လည္း သိရသည္။ သို႔ေသာ္လည္း ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ၎တို႔တြင္ တာဝန္ရွိ/မရွိ ဆိုသည့္အခ်က္ကို အစၥေရးအစိုးရဖက္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။

အစၥေရးေထာက္လွမ္းေရးဝန္ေဆာင္မႈအဖြဲ႕ Mossad သည္ အေဝးထိန္းအခ်က္ျပမႈမွတစ္ဆင့္ အဆိုပါ အီလက္ထ႐ြန္းနစ္ပစၥည္းေထာင္ခ်ီကို ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း မီဒီယာမ်ားကေဖာ္ျပထားသည္။
စက္တင္ဘာလ(၁၈)ရက္တြင္ ေပါက္ကြဲမႈမ်ားထပ္မံျဖစ္ပြားခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚလာခ်ိန္တြင္ နာဂ်စ္မီကာတီသည္ ပထမဆုံးျဖစ္ပြားခဲ့ေသာ ေပါက္ကြဲမႈအတြင္း ထိခိုက္ဒဏ္ရာရရွိသူမ်ား ေဆးကုသမႈခံယူေန သည့္ ေဆး႐ုံသို႔သြားေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
နာဂ်စ္မီကာတီက "ဒီလိုနည္းနဲ႔အကာအကြယ္မဲ့ေနတဲ့ျပည္သူေတြကို သတ္ျဖတ္တဲ့ရာဇဝတ္မႈဟာ ေျပာမျပႏိုင္ ေလာက္ေအာင္ကို ဆိုး႐ြားတဲ့ ရာဇဝတ္မႈျဖစ္ပါတယ္" ဟု ေျပာခဲ့သည္။
ထို႔ျပင္ လက္ဘႏြန္ႏိုင္ငံသည္ အစၥေရး ႏွင့္ စစ္ပြဲျဖစ္ပြားေနသည့္ အေျခအေနမ်ိဳးတြင္ရွိေနေၾကာင္း နာဂ်စ္ကာတီက ထပ္မံေျပာဆိုခဲ့သည္။ ၎က "အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာဟာ (၁၁)လေလာက္ရွိၿပီျဖစ္ၿပီး ဒီစစ္ပြဲက ကြၽန္ေတာ္တို႔ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ေတြအေပၚ သက္ေရာက္မႈ ေတြ ရွိေနပါတယ္" ဟု ေျပာခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္တြင္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက အစၥေရးႏွင့္ ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕တို႔သည္ ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈမ်ားကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။
နာဂ်စ္မီကာတီက "ကြၽန္ေတာ္တို႔က ႏိုင္ငံတကာနဲ႔လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒေတြကို ဂ႐ုမစိုက္တဲ့ ရန္သူနဲ႔ ရင္ဆိုင္ေနရတာပါ။ ေမးခ်င္တာက ဒီလိုမ်ိဳးေတြက ဆက္ျဖစ္ေနဦးမွာလား ဆိုတာပါပဲ။ ၿငိမ္းခ်မ္းေရးကို ျဖန႔္ေဝမယ့္ ကုလသမဂၢက ဘယ္ကိုေရာက္ေနတာပါလဲ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.