လေ့လာမှုအရ ကမ္ဘာပေါ်တွင် ပလတ်စတစ်အမှိုက် အများဆုံးနိုင်ငံဟာ အိန္ဒိယဖြစ်လာ

 60

ရောင်နီ (NP News) - စက်တင်ဘာ ၂၁

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Nature လေ့လာမှုတစ်ခုမှာ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ်အမှိုက် အများဆုံးနိုင်ငံဖြစ်လာပြီး နှစ်စဉ် ပလတ်စတစ်အမှိုက်တန်ချိန် ၉.၃ သန်း (Mt) ထိ စွန့်ပစ်နေတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ကမ္ဘာတစ်ဝှမ်းက ပလတ်စတစ်ထုတ်လွှတ်မှုရဲ့ ငါးပုံတစ်ပုံခန့် ရှိနေပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ ပလတ်စတစ်အမှိုက် ထုတ်လွှတ်မှုဟာ အခြားနိုင်ငံတွေထက် အတိုင်းအတာတစ်ခုအထိ ကျော်လွန်နေပြီး အဲဒီကိန်း ဂဏန်းဟာ အရေးကြီးတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်စရာတွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။ အိန္ဒိယပြီးရင် ဒုတိယနဲ့ တတိယ ပလတ်စတစ် ထုတ်လွှတ်မှု အများဆုံးနိုင်ငံတွေကတော့ နိုင်ဂျီးရီးယားနဲ့ အင်ဒိုနီးရှားဖြစ်ပြီး နှစ်စဉ် ပလတ်စတစ်ထုတ်လွှတ်မှု ၃ ဒသမ ၅ တန် နဲ့ ၃ ဒသမ ၄ တန် အသီးသီး ရှိနေတယ်လို့ သိရပါတယ်။
အရင်ကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု ထိပ်တန်းနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အခုတော့ တရုတ်နိုင်ငံဟာ ပလတ်စတစ် ညစ်ညမ်းမှု စတုတ္ထအများဆုံးနိုင်ငံ အဆင့်ထိ လျော့ကျသွားပြီဖြစ်ပါတယ်။ ဒီသုတေသနဟာ ကမ္ဘာ့မြူနီစပါယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ၅၀,၇၀၂ ရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု အရင်းအမြစ်ငါးခုမှ ပလတ်စတစ်နဲ့ပတ်သက်တဲ့ ထိန်းသိမ်းမှုအဆင့်တွေကို လေ့လာပြီး အကဲဖြတ်ထားတာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏဟာ 52.1 Mt အထိ ရောက်ရှိခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ပလတ်စတစ် စွန့်ပစ်မှုရဲ့ ၆၉% သို့မဟုတ် တစ်နှစ်ကို 35.7 Mt ဟာ ၀င်ငွေနည်းတဲ့ နိုင်ငံ လေးနိုင်ငံ၊ အလယ် အလတ်ဝင်ငွေနည်းတဲ့ နိုင်ငံ ကိုးနိုင်ငံနဲ့ အလယ်အလတ် ၀င်ငွေမြင့်မားတဲ့နိုင်ငံ ခုနှစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ မှ လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်စီမံထားတဲ့ အမှိုက် စုဆောင်းခြင်းနဲ့ ထိန်းချုပ်စွန့်ပစ်စနစ်တွေကြောင့် ထိပ်တန်းညစ်ညမ်းမှုစာရင်းမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။

Zawgyi Version;
ေလ့လာမႈအရ ကမာၻေပၚတြင္ ပလတ္စတစ္အမႈိက္ အမ်ားဆုံးႏိုင္ငံဟာ အိႏၵိယျဖစ္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Nature ေလ့လာမႈတစ္ခုမွာ အိႏၵိယႏိုင္ငံဟာ ကမာၻေပၚမွာ ပလတ္စတစ္အမႈိက္ အမ်ားဆုံးႏိုင္ငံျဖစ္လာၿပီး ႏွစ္စဥ္ ပလတ္စတစ္အမႈိက္တန္ခ်ိန္ ၉.၃ သန္း (Mt) ထိ စြန႔္ပစ္ေနတယ္လို႔ ဆိုပါတယ္။

ဒီပမာဏဟာ ကမာၻတစ္ဝွမ္းက ပလတ္စတစ္ထုတ္လႊတ္မႈရဲ႕ ငါးပုံတစ္ပုံခန႔္ ရွိေနပါတယ္။ ဒါေၾကာင့္ အိႏၵိယရဲ႕ ပလတ္စတစ္အမႈိက္ ထုတ္လႊတ္မႈဟာ အျခားႏိုင္ငံေတြထက္ အတိုင္းအတာတစ္ခုအထိ ေက်ာ္လြန္ေနၿပီး အဲဒီကိန္း ဂဏန္းဟာ အေရးႀကီးတဲ့သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စိုးရိမ္ပူပန္စရာေတြကိုလည္း မီးေမာင္းထိုးျပေနပါတယ္။ အိႏၵိယၿပီးရင္ ဒုတိယနဲ႔ တတိယ ပလတ္စတစ္ ထုတ္လႊတ္မႈ အမ်ားဆုံးႏိုင္ငံေတြကေတာ့ ႏိုင္ဂ်ီးရီးယားနဲ႔ အင္ဒိုနီးရွားျဖစ္ၿပီး ႏွစ္စဥ္ ပလတ္စတစ္ထုတ္လႊတ္မႈ ၃ ဒသမ ၅ တန္ နဲ႔ ၃ ဒသမ ၄ တန္ အသီးသီး ရွိေနတယ္လို႔ သိရပါတယ္။
အရင္ကေတာ့ တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔ေလထုညစ္ညမ္းမႈ ထိပ္တန္းႏိုင္ငံအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ အခုေတာ့ တ႐ုတ္ႏိုင္ငံဟာ ပလတ္စတစ္ ညစ္ညမ္းမႈ စတုတၳအမ်ားဆုံးႏိုင္ငံ အဆင့္ထိ ေလ်ာ့က်သြားၿပီျဖစ္ပါတယ္။ ဒီသုေတသနဟာ ကမာၻ႔ျမဴနီစပါယ္အဆင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ၅၀,၇၀၂ ရဲ႕ ဓာတ္ေငြ႕ထုတ္လႊတ္မႈ အရင္းအျမစ္ငါးခုမွ ပလတ္စတစ္နဲ႔ပတ္သက္တဲ့ ထိန္းသိမ္းမႈအဆင့္ေတြကို ေလ့လာၿပီး အကဲျဖတ္ထားတာျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္မွာ ကမာၻလုံးဆိုင္ရာ ပလတ္စတစ္ စြန႔္ပစ္ပစၥည္း ပမာဏဟာ 52.1 Mt အထိ ေရာက္ရွိခဲ့ၿပီး ကမာၻလုံး ဆိုင္ရာ ပလတ္စတစ္ စြန႔္ပစ္မႈရဲ႕ ၆၉% သို႔မဟုတ္ တစ္ႏွစ္ကို 35.7 Mt ဟာ ၀င္ေငြနည္းတဲ့ ႏိုင္ငံ ေလးႏိုင္ငံ၊ အလယ္ အလတ္ဝင္ေငြနည္းတဲ့ ႏိုင္ငံ ကိုးႏိုင္ငံနဲ႔ အလယ္အလတ္ ၀င္ေငြျမင့္မားတဲ့ႏိုင္ငံ ခုႏွစ္ႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း ၂၀ မွ လာျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဝင္ေငြျမင့္မားတဲ့ ႏိုင္ငံေတြကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္စီမံထားတဲ့ အမႈိက္ စုေဆာင္းျခင္းနဲ႔ ထိန္းခ်ဳပ္စြန႔္ပစ္စနစ္ေတြေၾကာင့္ ထိပ္တန္းညစ္ညမ္းမႈစာရင္းမွာ မပါဝင္ဘူးလို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.