ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ် အိန္ဒိယနယ်မြေအတွင်း ထိုးဝင်လျက်ရှိသည့်နေရာ၌ တရုတ်က ရဟတ်ယာဉ်စခန်း တည်ဆောက်နေ

 1278

Htay Oung (NP News) - စက်တင်ဘာ ၂၄

နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပိုင်ဆိုင်မှု အငြင်းပွား အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းဒေသ အိန္ဒိယ ထိန်းချုပ်နယ်မြေအတွင်း “ဂငယ်ပုံသဏ္ဍာန်” ထိုးဝင်လျက်ရှိတဲ့နယ်မြေမှာ တရုတ်တို့က ရဟတ်ယာဉ်စခန်းသစ် တစ်ခုကို တည်ဆောက်နေတယ်လို့ နယူးဒေလီထောက်လှမ်းရေးရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ “အိန္ဒိယကာကွယ်ရေး သုတေသနဌာန” စက်တင်ဘာလ ၂၂ ရက်က ရေးသားပါတယ်။

အိန္ဒိယကာကွယ်ရေးသုတေသနဌာနကို ၂ဝဝ၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယသတင်းစာများက အလေး အနက်ထားခြင်းမရှိတဲ့ ကာကွယ်ရေးဆိုင်ရာသတင်းများကို တစ်နေရာတည်းမှာ စုစည်းဖော်ပြရန် ရည်ရွယ်ပါ တယ်။ ပြည်တွင်းပြည်ပမှ ဘက်လိုက်ရေးသားမှုနဲ့ အဆိုးမြင်ဖော်ပြချက်များကို တုံပြန်လျက်ရှိပြီး အိန္ဒိယ တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်များနဲ့ အရေးကြီးကြားဖြတ်သတင်းများကိုလည်း ဖော်ပြနေတဲ့ တရားဝင် အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များမှာ စိတ်ပါဝင်စားသူများရဲ့ ဝင်ရောက်ဖတ်ရှုမှု က တစ်နှစ်ထက် တစ်နှစ် တိုးမြင့်နေပြီး အစောဆုံးနဲ့ ယုံကြည်ရဆုံးသော အိန္ဒိယကာကွယ်ရေးသတင်းပေါ်တယ် တစ်ခုဖြစ်ပါတယ်။

အိန္ဒိယနယ်စပ်မှ ၁၃ မိုင်ခန့်သာ ကွာဝေးတဲ့နယ်မြေမှာ တည်ဆောက်နေတဲ့ အဆိုပါစခန်းဟာ ဒေသတွင်းရှိ တရုတ် ရဲ့စစ်ရေးစွမ်းရည်ကို သိသိသာသာ အားကောင်းလာစေမယ်လို့ မှတ်ယူရကြောင်း အိန္ဒိယထောက်လှမ်းရေးက ပြောပါတယ်။
ရဟတ်ယာဉ်စခန်းဟာ တရုတ်-အိန္ဒိယနယ်စပ်တစ်လျှောက် သူ့ရဲ့အခြေခံအဆောက်အအုံများကို အဆင့်မြှင့် မွမ်းမံပြင်ဆင်ရေး တရုတ်တို့ရဲ့ဆက်လက်ကြိုးပမ်းနေမှုမှာ တစ်စိတ်တစ်ပိုင်းဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေပြီး အချိန်မရွေး ထိပ်တိုက်တွေ့နိုင်တဲ့ဒေသမှာ တပ်ဖွဲ့ဝင်စစ်သည်များနဲ့ စက်ပစ္စည်း ကိရိယာများကို လျင်မြန်စွာ ဖြန့်ကျက် ပံ့ပိုးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ခြိမ်းခြောက်မှု (သို့မဟုတ်) ကျုးကျော်မှုဖြစ် နိုင်ချေများကို လျင်မြန်စွာ တုံ့ပြန်ရာမှာ ရဟတ်ယာဉ်ဟာ အဆီလျော်ဆုံးဖြစ်ပြီး တရုတ်နိုင်ငံရဲ့လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးပါလိမ့်မယ်။

အလားတူ ရဟတ်ယာဉ်စခန်းသစ်ဟာ တရုတ်နယ်ခြားစောင့်တပ်ရဲ့စွမ်းရည်ကိုလည်း မြင့်တက်စေလိမ့်မယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ တပ်ဖွဲ့ဝင်များနဲ့ ကင်းထောက်ကိရိယာများကို လျင်မြန်စွာ ဖြန့်ကျက် နိုင်စွမ်းနဲ့အတူ တရုတ်တို့ရဲ့နယ်စပ်စောင့်ကြည့်စစ်ဆေးရေးကို အားကောင်းစေပြီး နယ်စပ်ဖြတ်သန်းကျူးကျော် ရန် ကြိုးပမ်းမှုများကိုလည်း ဟန့်တားနိုင်ပါလိမ့်မယ်။
နယ်နိမိတ်အငြင်းပွားမှုကို ဖြေရှင်းရန် နှစ်နိုင်ငံ သံတမန်ရေးရာ ကြိုးပမ်းနေသည့်တိုင် အိန္ဒိယနဲ့ တရုတ်တို့ကြား အငြင်းပွားနယ်စပ်ဒေသတွင် တင်းမာမှုများ တိုးမြင့်လာနေပါတယ်။ ယခုလိုအခိုက်အတန့်မှာ ရဟတ်ယာဉ်ကွင်း တည်ဆောက်မှုမှာ နယ်စပ်တစ်လျှောက် ဖြစ်ပေါ်လာနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုများနဲ့ပတ်သက်ပြီး ရှုံ့ချမှုများ မြင့်တက်လာရပါတယ်။

အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ရဲ့ သူတို့ပိုင်နယ် ဧရိယာဖြစ်တယ်လို့ အိန္ဒိယက ပြောဆိုနေတဲ့နယ်မြေကို တရုတ် တို့ကလည်း သူတို့ပိုင် တောင်တိဗက်နယ်ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အဲဒီလိုနေရာအနီးမှာ ရဟတ်ယာဉ် စခန်းတည်ဆောက်မှုဟာ တရုတ်တို့အနေနဲ့ စစ်အင်အားတိုးချဲ့ရန် ဆုံးဖြတ်ထားကြောင်း အရိပ်လက္ခဏာ ထပ်မံ ပြသခြင်းလည်းဖြစ်ပါတယ်။
ပေကျင်းရဲ့မဟာဗျူဟာမြောက်တွက်ချက်မှုမှာ တရုတ်-အိန္ဒိယနယ်စပ်ရဲ့နယ်မြေလုံခြုံရေးအတွက် ရဟတ်ယာဉ် စခန်းရဲ့အရေးပါမှုကို အလေးပေးဖော်ပြသလို ရှိနေပါတယ်။ သူတို့ပိုင်ဖြစ်တယ်လို့ ပြောဆိုထားတဲ့နယ်မြေကို ကာကွယ်ဖို့ တရုတ်တို့ဖက်က ခြေလှမ်းပြင်လာတဲ့အတွက် အိန္ဒိယအနေနဲ့ကလည်း မိမိတို့ရဲ့ပိုင်နက် နယ်မြေတည် တန့်မှုကို ကာကွယ်ရန် ခိုင်မာတဲ့စစ်ရေးအနေအထားကို ထိန်းသိမ်းရန် လိုအပ်လာတယ်လို့ အိန္ဒိယ ထောက်လှမ်း ရေးက ရေးပါတယ်။

(ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာတဲ့ အိန္ဒိယနဲ့ ၁၉၄၉ ခုနှစ် တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ အာဏာရရှိလာပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ မတည်မငြိမ်ဖြစ် လာခဲ့ပါ တယ်။ ၁၉ ရာစု ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီဟာ အိန္ဒိယကို ခြေကုပ်ယူပြီး တရုတ်ပြည်တွင်း ဘိန်းကုန် ကူးခဲ့ခြင်း၊ ဂျပန်ကျူးကျော်မှုကို တွန်းလှန်ဖို့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ချန်ကေရှိတ်အစိုးရကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခဲ့ခြင်းဟာ မျက်မှောက်ခေတ် တရုတ်တို့အတွက် မေ့မရနိုင်ပဲ ရှိခဲ့ပါတယ်။

၁၉၅ဝ ပြည့်နှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရာမှာ နယူးဒေလီက ပေကျင်းကိုရော ထိုင်ဝမ်ကိုပါ အသိအမှတ်ပြုခဲ့ပါ တယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံဟာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ စစ်ရေး-စီးပွားရေးမှာ ပြိုင်ဘက်များ ဖြစ်လာကြပါတယ်။ ခေတ်သစ်တရုတ်နဲ့ အိန္ဒိယတို့အကြား ဆက်ဆံရေးတင်းမာရခြင်းရဲ့ အဓိက အချက်ဟာ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှုများပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား တည်ရှိနေတဲ့ တိဗက်ကို ၁၉၅၁ ခုနှစ် တရုတ်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အခါ နယူးဒေလီရဲ့ စိုးရိမ်မှုဟာ အထွဋ်အထိပ်ကို ရောက်ရှိသွားပါ တယ်။
ပေကျင်းဘက်က ကြည့်လျှင်လည်း တိဗက်အုပ်ချုပ်သူဟောင်း ဒလိုင်းလားမားကို နယူးဒေလီက လက်ခံထားခြင်း၊ အိန္ဒိယကို ခြေကုပ်ယူထားတဲ့ တိဗက်ပြည်ပြေးများက အနောက်နိုင်ငံများနဲ့ ဆက်သွယ်ပြီး တရုတ် ဆန့်ကျင်ရေး များ လုပ်ဆောင်လာခြင်းဟာ မကျေနပ်နိုင်စရာ ဖြစ်နေပါတယ်။
အထူးသဖြင့် ဗြိတိသျှအိန္ဒိယအစိုးရလက်ထက် အင်္ဂလိပ်တို့ ရေးဆွဲခဲ့တဲ့ မက်မဟွန်နယ်ခြားမျဉ်းကို ပေကျင်း က လက်မခံနိုင်ပဲ ရှိနေခဲ့ပြီး နှစ်နိုင်ငံနယ်ခြား အငြင်းပွားမှုများဟာ ပိုမိုပြင်းထန်လာပါတယ်။ ဒီအတွက် ၁၉၆၂ ခုနှစ်မှာ အိမ်နီးချင်းနှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းခဲ့ကြပါတယ်။ တစ်လကျော်အကြာမှာ အပစ်အခတ် တရားဝင် ရပ်စဲခဲ့တယ်ဆိုပေမယ့် နှစ်နိုင်ငံနယ်ခြားတစ်လျောက် အပြန်အလှန် ပစ်ခတ်မှုများ နှစ်အတော်ကြာအောင်ဖြစ်ပွား ခဲ့ပါတယ်။

တရုတ်က အုပ်ချုပ်နေတဲ့ ဟိမဝန္တာတောင်တန်းဒေသ အတ်ဆိုင်ချင်းနယ်မြေကို သူတို့ပိုင်အဖြစ် အိန္ဒိယက တောင်းဆိုနေပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ် အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိယ အာရူနာချယ်ပရာဒက်ရှ် ပြည်နယ်အစိတ်အပိုင်းအချို့ဟာ သူတို့ပိုင် တောင်တိဗက်ဒေသဖြစ်ကြောင်း တရုတ်က ကြေညာထားပါတယ်။
၄၅ နှစ်ခန့်ကြာ သေနတ်သံ တိတ်ဆိတ်နေခဲ့တဲ့ နယ်ခြားဒေသ “ အမှန်တကယ်ထိန်းချုပ်မျဉ်း” LAC နဲ့ ကပ်ပြီး နယူးဒေလီက ကားလမ်းများ ဖောက်လုပ်ခြင်းကို ပေကျင်းက ကန့်ကွက်နေပြီး နယ်စပ်တစ်လျှောက် တရုတ်ဘက် မှာ လူနေကျေးရွာများ ထူးထောင်လာခြင်းကိုလည်း အိန္ဒိယက စိုးရိမ်နေပါတယ်။

၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်များမှာ နှစ်ဘက်ရန်စောင်နေတဲ့ နယ်ခြားစောင့်စစ်တပ်အချင်းချင်း ကျောက်ခဲသစ်သားတုတ် များကို အသုံးပြုပြီး လုံးထွေး သတ်ပုတ်ခဲ့ကြပါတယ်။ ဟိမဝန္တာတောင်ပေါ်ဒေသ ဂယ်လွမ်ချိုင့်ဝှမ်းဒေသခိုက်ရန် ဖြစ်ပွားမှုများမှာ အိန္ဒိယဘက်က စစ်သား ၂ဝ ကျော်နဲ့ တရုတ်စစ်သား ၄၀ ကျော်သေ ဆုံးတယ်လို့ နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့ကြပေမယ့် ပေကျင်းက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ နှစ်စလုံးကို ယနေ့တိုင် ခြောက်လှန့်နေပါတယ်။

ဘူတန်နိုင်ငံ အရှေ့ဘက် အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်းမြို့အနီးမှာ ရေခဲဖုံး တောင်တန်းများ အောက် ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ကို အိန္ဒိယက ဖောက်လုပ်ခဲ့ပါတယ်။ အာသံပြည်နယ်နဲ့ ချိတ်ဆက်နိုင်ပြီး နှစ်ဖက်တပ်များ ရန်စောင်နေတဲ့ LAC အရောက် ရာသီမရွေး ရိက္ခာခဲယမ်းများ ထောက်ပံံ့နိုင်တဲ့ ဒီဥမင်ဟာ ပေကျင်းအတွက် ရတတ်မအေးစရာပဲဖြစ်ပါတယ်။ နယူးဒေလီအတွက်ကလည်း အဲဒီမြို့ကလေးဟာ မြန်မာနိုင်ငံ ပူတာအိုမြို့မှ မိုင် ၃၀၀ ကျော်မျှသာဝေးကွာပြီး တရုတ်သြဇာလွှမ်းမိုးတဲ့ ကချင်လက်နက်ကိုင်များ ကြီးစိုးရာ နယ်မြေရှိ တောင်ကြားလမ်း ၅ ခုနဲ့ ဆက်သွယ်နေခြင်းဟာ စိုးရိမ်စရာပဲဖြစ်ပါလိမ့်မယ်။ ။ သတင်းဘာသာပြန်သူ)

(India Defence Research Wing ., 22 September 2024,” China New Heliport near Arunachal Pradesh: A Strategic move” ကို #HtayOung, #OungMarine ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ပိုင္ဆိုင္မႈအျငင္းပြားနယ္စပ္ အိႏၵိယနယ္ေျမအတြင္း ထိုးဝင္လ်က္ရွိသည့္ေနရာ၌ တ႐ုတ္က ရဟတ္ယာဥ္စခန္း တည္ေဆာက္ေန
Htay Oung (NP News) - စက္တင္ဘာ ၂၄

နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ပိုင္ဆိုင္မႈ အျငင္းပြား အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ေျမာက္ပိုင္းေဒသ အိႏၵိယ ထိန္းခ်ဳပ္နယ္ေျမအတြင္း “ဂငယ္ပုံသ႑ာန္” ထိုးဝင္လ်က္ရွိတဲ့နယ္ေျမမွာ တ႐ုတ္တို႔က ရဟတ္ယာဥ္စခန္းသစ္ တစ္ခုကို တည္ေဆာက္ေနတယ္လို႔ နယူးေဒလီေထာက္လွမ္းေရးရဲ႕လက္ခြဲတစ္ခုျဖစ္တဲ့ “အိႏၵိယကာကြယ္ေရး သုေတသနဌာန” စက္တင္ဘာလ ၂၂ ရက္က ေရးသားပါတယ္။

အိႏၵိယကာကြယ္ေရးသုေတသနဌာနကို ၂ဝဝ၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး အိႏၵိယသတင္းစာမ်ားက အေလး အနက္ထားျခင္းမရွိတဲ့ ကာကြယ္ေရးဆိုင္ရာသတင္းမ်ားကို တစ္ေနရာတည္းမွာ စုစည္းေဖာ္ျပရန္ ရည္႐ြယ္ပါ တယ္။ ျပည္တြင္းျပည္ပမွ ဘက္လိုက္ေရးသားမႈနဲ႔ အဆိုးျမင္ေဖာ္ျပခ်က္မ်ားကို တုံျပန္လ်က္ရွိၿပီး အိႏၵိယ တပ္မေတာ္ရဲ႕သတင္းထုတ္ျပန္ခ်က္မ်ားနဲ႔ အေရးႀကီးၾကားျဖတ္သတင္းမ်ားကိုလည္း ေဖာ္ျပေနတဲ့ တရားဝင္ အဖြဲ႕ အစည္းတစ္ခုလည္းျဖစ္ပါတယ္။ ကာကြယ္ေရးဆိုင္ရာကိစၥရပ္မ်ားမွာ စိတ္ပါဝင္စားသူမ်ားရဲ႕ ဝင္ေရာက္ဖတ္ရႈမႈ က တစ္ႏွစ္ထက္ တစ္ႏွစ္ တိုးျမင့္ေနၿပီး အေစာဆုံးနဲ႔ ယုံၾကည္ရဆုံးေသာ အိႏၵိယကာကြယ္ေရးသတင္းေပၚတယ္ တစ္ခုျဖစ္ပါတယ္။

အိႏၵိယနယ္စပ္မွ ၁၃ မိုင္ခန႔္သာ ကြာေဝးတဲ့နယ္ေျမမွာ တည္ေဆာက္ေနတဲ့ အဆိုပါစခန္းဟာ ေဒသတြင္းရွိ တ႐ုတ္ ရဲ႕စစ္ေရးစြမ္းရည္ကို သိသိသာသာ အားေကာင္းလာေစမယ္လို႔ မွတ္ယူရေၾကာင္း အိႏၵိယေထာက္လွမ္းေရးက ေျပာပါတယ္။
ရဟတ္ယာဥ္စခန္းဟာ တ႐ုတ္-အိႏၵိယနယ္စပ္တစ္ေလွ်ာက္ သူ႔ရဲ႕အေျခခံအေဆာက္အအုံမ်ားကို အဆင့္ျမႇင့္ မြမ္းမံျပင္ဆင္ေရး တ႐ုတ္တို႔ရဲ႕ဆက္လက္ႀကိဳးပမ္းေနမႈမွာ တစ္စိတ္တစ္ပိုင္းျဖစ္မယ္လို႔ ယုံၾကည္ရပါတယ္။ ပိုင္ဆိုင္မႈအျငင္းပြားေနၿပီး အခ်ိန္မေ႐ြး ထိပ္တိုက္ေတြ႕ႏိုင္တဲ့ေဒသမွာ တပ္ဖြဲ႕ဝင္စစ္သည္မ်ားနဲ႔ စက္ပစၥည္း ကိရိယာမ်ားကို လ်င္ျမန္စြာ ျဖန႔္က်က္ ပံ့ပိုးေပးႏိုင္ဖို႔ လိုအပ္ပါတယ္။ ၿခိမ္းေျခာက္မႈ (သို႔မဟုတ္) က်ဳးေက်ာ္မႈျဖစ္ ႏိုင္ေခ်မ်ားကို လ်င္ျမန္စြာ တုံ႔ျပန္ရာမွာ ရဟတ္ယာဥ္ဟာ အဆီေလ်ာ္ဆုံးျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕လႈပ္ရွားႏိုင္စြမ္းကို ျမႇင့္တင္ေပးပါလိမ့္မယ္။

အလားတူ ရဟတ္ယာဥ္စခန္းသစ္ဟာ တ႐ုတ္နယ္ျခားေစာင့္တပ္ရဲ႕စြမ္းရည္ကိုလည္း ျမင့္တက္ေစလိမ့္မယ္လို႔ ကြၽမ္းက်င္သူမ်ားက ယုံၾကည္ၾကပါတယ္။ တပ္ဖြဲ႕ဝင္မ်ားနဲ႔ ကင္းေထာက္ကိရိယာမ်ားကို လ်င္ျမန္စြာ ျဖန႔္က်က္ ႏိုင္စြမ္းနဲ႔အတူ တ႐ုတ္တို႔ရဲ႕နယ္စပ္ေစာင့္ၾကည့္စစ္ေဆးေရးကို အားေကာင္းေစၿပီး နယ္စပ္ျဖတ္သန္းက်ဴးေက်ာ္ ရန္ ႀကိဳးပမ္းမႈမ်ားကိုလည္း ဟန႔္တားႏိုင္ပါလိမ့္မယ္။
နယ္နိမိတ္အျငင္းပြားမႈကို ေျဖရွင္းရန္ ႏွစ္ႏိုင္ငံ သံတမန္ေရးရာ ႀကိဳးပမ္းေနသည့္တိုင္ အိႏၵိယနဲ႔ တ႐ုတ္တို႔ၾကား အျငင္းပြားနယ္စပ္ေဒသတြင္ တင္းမာမႈမ်ား တိုးျမင့္လာေနပါတယ္။ ယခုလိုအခိုက္အတန႔္မွာ ရဟတ္ယာဥ္ကြင္း တည္ေဆာက္မႈမွာ နယ္စပ္တစ္ေလွ်ာက္ ျဖစ္ေပၚလာႏိုင္တဲ့ ထိပ္တိုက္ရင္ဆိုင္မႈမ်ားနဲ႔ပတ္သက္ၿပီး ရႈံ႕ခ်မႈမ်ား ျမင့္တက္လာရပါတယ္။

အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ရဲ႕ သူတို႔ပိုင္နယ္ ဧရိယာျဖစ္တယ္လို႔ အိႏၵိယက ေျပာဆိုေနတဲ့နယ္ေျမကို တ႐ုတ္ တို႔ကလည္း သူတို႔ပိုင္ ေတာင္တိဗက္နယ္ျဖစ္တယ္လို႔ ေၾကညာထားပါတယ္။ အဲဒီလိုေနရာအနီးမွာ ရဟတ္ယာဥ္ စခန္းတည္ေဆာက္မႈဟာ တ႐ုတ္တို႔အေနနဲ႔ စစ္အင္အားတိုးခ်ဲ႕ရန္ ဆုံးျဖတ္ထားေၾကာင္း အရိပ္လကၡဏာ ထပ္မံ ျပသျခင္းလည္းျဖစ္ပါတယ္။
ေပက်င္းရဲ႕မဟာဗ်ဴဟာေျမာက္တြက္ခ်က္မႈမွာ တ႐ုတ္-အိႏၵိယနယ္စပ္ရဲ႕နယ္ေျမလုံၿခဳံေရးအတြက္ ရဟတ္ယာဥ္ စခန္းရဲ႕အေရးပါမႈကို အေလးေပးေဖာ္ျပသလို ရွိေနပါတယ္။ သူတို႔ပိုင္ျဖစ္တယ္လို႔ ေျပာဆိုထားတဲ့နယ္ေျမကို ကာကြယ္ဖို႔ တ႐ုတ္တို႔ဖက္က ေျခလွမ္းျပင္လာတဲ့အတြက္ အိႏၵိယအေနနဲ႔ကလည္း မိမိတို႔ရဲ႕ပိုင္နက္ နယ္ေျမတည္ တန႔္မႈကို ကာကြယ္ရန္ ခိုင္မာတဲ့စစ္ေရးအေနအထားကို ထိန္းသိမ္းရန္ လိုအပ္လာတယ္လို႔ အိႏၵိယ ေထာက္လွမ္း ေရးက ေရးပါတယ္။

(ဒုတိယကမာၻစစ္အၿပီး ၁၉၄၇ ခုႏွစ္ ၿဗိတိသွ်ကိုလိုနီလက္ေအာက္မွ လြတ္ေျမာက္လာတဲ့ အိႏၵိယနဲ႔ ၁၉၄၉ ခုႏွစ္ တ႐ုတ္ႏိုင္ငံမွာ ကြန္ျမဴနစ္ပါတီ အာဏာရရွိလာၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ မတည္မၿငိမ္ျဖစ္ လာခဲ့ပါ တယ္။ ၁၉ ရာစု ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီဟာ အိႏၵိယကို ေျခကုပ္ယူၿပီး တ႐ုတ္ျပည္တြင္း ဘိန္းကုန္ ကူးခဲ့ျခင္း၊ ဂ်ပန္က်ဴးေက်ာ္မႈကို တြန္းလွန္ဖို႔ ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ခ်န္ေကရွိတ္အစိုးရကို လက္နက္ခဲယမ္း ေထာက္ပံ့ေပးခဲ့ျခင္းဟာ မ်က္ေမွာက္ေခတ္ တ႐ုတ္တို႔အတြက္ ေမ့မရႏိုင္ပဲ ရွိခဲ့ပါတယ္။

၁၉၅ဝ ျပည့္ႏွစ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံရာမွာ နယူးေဒလီက ေပက်င္းကိုေရာ ထိုင္ဝမ္ကိုပါ အသိအမွတ္ျပဳခဲ့ပါ တယ္။ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံဟာ လ်င္ျမန္စြာ ႀကီးထြားလာေနတဲ့ စစ္ေရး-စီးပြားေရးမွာ ၿပိဳင္ဘက္မ်ား ျဖစ္လာၾကပါတယ္။ ေခတ္သစ္တ႐ုတ္နဲ႔ အိႏၵိယတို႔အၾကား ဆက္ဆံေရးတင္းမာရျခင္းရဲ႕ အဓိက အခ်က္ဟာ ႏွစ္ႏိုင္ငံ နယ္နိမိတ္အျငင္းပြားမႈမ်ားပဲ ျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံအၾကား တည္ရွိေနတဲ့ တိဗက္ကို ၁၉၅၁ ခုႏွစ္ တ႐ုတ္က တိုက္ခိုက္သိမ္းပိုက္လိုက္တဲ့အခါ နယူးေဒလီရဲ႕ စိုးရိမ္မႈဟာ အထြဋ္အထိပ္ကို ေရာက္ရွိသြားပါ တယ္။
ေပက်င္းဘက္က ၾကည့္လွ်င္လည္း တိဗက္အုပ္ခ်ဳပ္သူေဟာင္း ဒလိုင္းလားမားကို နယူးေဒလီက လက္ခံထားျခင္း၊ အိႏၵိယကို ေျခကုပ္ယူထားတဲ့ တိဗက္ျပည္ေျပးမ်ားက အေနာက္ႏိုင္ငံမ်ားနဲ႔ ဆက္သြယ္ၿပီး တ႐ုတ္ ဆန႔္က်င္ေရး မ်ား လုပ္ေဆာင္လာျခင္းဟာ မေက်နပ္ႏိုင္စရာ ျဖစ္ေနပါတယ္။
အထူးသျဖင့္ ၿဗိတိသွ်အိႏၵိယအစိုးရလက္ထက္ အဂၤလိပ္တို႔ ေရးဆြဲခဲ့တဲ့ မက္မဟြန္နယ္ျခားမ်ဥ္းကို ေပက်င္း က လက္မခံႏိုင္ပဲ ရွိေနခဲ့ၿပီး ႏွစ္ႏိုင္ငံနယ္ျခား အျငင္းပြားမႈမ်ားဟာ ပိုမိုျပင္းထန္လာပါတယ္။ ဒီအတြက္ ၁၉၆၂ ခုႏွစ္မွာ အိမ္နီးခ်င္းႏွစ္ႏိုင္ငံအၾကား အတိအလင္း စစ္ခင္းခဲ့ၾကပါတယ္။ တစ္လေက်ာ္အၾကာမွာ အပစ္အခတ္ တရားဝင္ ရပ္စဲခဲ့တယ္ဆိုေပမယ့္ ႏွစ္ႏိုင္ငံနယ္ျခားတစ္ေလ်ာက္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ႏွစ္အေတာ္ၾကာေအာင္ျဖစ္ပြား ခဲ့ပါတယ္။

တ႐ုတ္က အုပ္ခ်ဳပ္ေနတဲ့ ဟိမဝႏၲာေတာင္တန္းေဒသ အတ္ဆိုင္ခ်င္းနယ္ေျမကို သူတို႔ပိုင္အျဖစ္ အိႏၵိယက ေတာင္းဆိုေနၿပီး ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ အေနာက္ပိုင္းနဲ႔ ထိစပ္ေနတဲ့ အိႏၵိယ အာ႐ူနာခ်ယ္ပရာဒက္ရွ္ ျပည္နယ္အစိတ္အပိုင္းအခ်ိဳ႕ဟာ သူတို႔ပိုင္ ေတာင္တိဗက္ေဒသျဖစ္ေၾကာင္း တ႐ုတ္က ေၾကညာထားပါတယ္။
၄၅ ႏွစ္ခန႔္ၾကာ ေသနတ္သံ တိတ္ဆိတ္ေနခဲ့တဲ့ နယ္ျခားေဒသ “ အမွန္တကယ္ထိန္းခ်ဳပ္မ်ဥ္း” LAC နဲ႔ ကပ္ၿပီး နယူးေဒလီက ကားလမ္းမ်ား ေဖာက္လုပ္ျခင္းကို ေပက်င္းက ကန႔္ကြက္ေနၿပီး နယ္စပ္တစ္ေလွ်ာက္ တ႐ုတ္ဘက္ မွာ လူေနေက်း႐ြာမ်ား ထူးေထာင္လာျခင္းကိုလည္း အိႏၵိယက စိုးရိမ္ေနပါတယ္။

၂ဝ၂ဝ-၂ဝ၂၁ ခုႏွစ္မ်ားမွာ ႏွစ္ဘက္ရန္ေစာင္ေနတဲ့ နယ္ျခားေစာင့္စစ္တပ္အခ်င္းခ်င္း ေက်ာက္ခဲသစ္သားတုတ္ မ်ားကို အသုံးျပဳၿပီး လုံးေထြး သတ္ပုတ္ခဲ့ၾကပါတယ္။ ဟိမဝႏၲာေတာင္ေပၚေဒသ ဂယ္လြမ္ခ်ိဳင့္ဝွမ္းေဒသခိုက္ရန္ ျဖစ္ပြားမႈမ်ားမွာ အိႏၵိယဘက္က စစ္သား ၂ဝ ေက်ာ္နဲ႔ တ႐ုတ္စစ္သား ၄၀ ေက်ာ္ေသ ဆုံးတယ္လို႔ ႏိုင္ငံတကာ မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကေပမယ့္ ေပက်င္းက တရားဝင္ သတင္းထုတ္ျပန္ျခင္းမရွိခဲ့ပါဘူး။ ဒီအျဖစ္အပ်က္ဟာ ႏွစ္စလုံးကို ယေန႔တိုင္ ေျခာက္လွန႔္ေနပါတယ္။

ဘူတန္ႏိုင္ငံ အေရွ႕ဘက္ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ တာဝမ္းၿမိဳ႕အနီးမွာ ေရခဲဖုံး ေတာင္တန္းမ်ား ေအာက္ ကမာၻ႔အရွည္ဆုံး ႏွစ္လမ္းသြားဥမင္ကို အိႏၵိယက ေဖာက္လုပ္ခဲ့ပါတယ္။ အာသံျပည္နယ္နဲ႔ ခ်ိတ္ဆက္ႏိုင္ၿပီး ႏွစ္ဖက္တပ္မ်ား ရန္ေစာင္ေနတဲ့ LAC အေရာက္ ရာသီမေ႐ြး ရိကၡာခဲယမ္းမ်ား ေထာက္ပံံ့ႏိုင္တဲ့ ဒီဥမင္ဟာ ေပက်င္းအတြက္ ရတတ္မေအးစရာပဲျဖစ္ပါတယ္။ နယူးေဒလီအတြက္ကလည္း အဲဒီၿမိဳ႕ကေလးဟာ ျမန္မာႏိုင္ငံ ပူတာအိုၿမိဳ႕မွ မိုင္ ၃၀၀ ေက်ာ္မွ်သာေဝးကြာၿပီး တ႐ုတ္ၾသဇာလႊမ္းမိုးတဲ့ ကခ်င္လက္နက္ကိုင္မ်ား ႀကီးစိုးရာ နယ္ေျမရွိ ေတာင္ၾကားလမ္း ၅ ခုနဲ႔ ဆက္သြယ္ေနျခင္းဟာ စိုးရိမ္စရာပဲျဖစ္ပါလိမ့္မယ္။ ။ သတင္းဘာသာျပန္သူ)

(India Defence Research Wing ., 22 September 2024,” China New Heliport near Arunachal Pradesh: A Strategic move” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.