ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့က (၂၀၂၅) ခုနှစ် ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်ကို ထုတ်ပြန်

 141

Pika (NP News) - စက်တင်ဘာ ၂၅

ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သည် ဂင်းနစ်စံချိန်မှတ်တမ်းများပါဝင်သော ၎င်း၏နှစ်ပတ် လည်စာအုပ်ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ (၂၀၂၅) ခုနှစ် ဂင်းနစ်စံချိန် မှတ်တမ်းများဆိုသည့်စာအုပ်တွင် ခွေးတစ်ကောင်က ၎င်း၏ကျွမ်းကျင်မှုများကိုပြသခြင်း၊ မျက်လှည့်ပြခြင်း၊ စကိတ်စီးခြင်းနှင့် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်သွားတိုက်တံအပါအဝင် စံချိန်သစ်များစွာပါဝင်ကြောင်း သိရသည်။

အဆိုပါစာအုပ်တွင် စံချိန်အသစ်ချိုးဖျက်ထားသူ အများအပြား၏ ဂင်းနစ်စံချိန်များအပါအဝင် ဂင်းနစ်စံချိန်စု စုပေါင်း(၂၁၁၅)ခုပါဝင်ကြောင်း လည်းသိရသည်။ ဘွန်နီနှင့်ဆင်ဘာဟု အမည်ပေးထားသော ဗြိတိန်ခွေးလေးနှစ်ကောင် သည် 10 side leapfrog jumps ကို အချိန်(၁၆ ဒသမ ၇၈)စက္ကန့်အတွင်း ခုန်ပြခဲ့ပြီးနောက် 10 side leap frog jumps ကို အမြန်ဆုံးခုန်ပြနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။
ဗြိတိန်နိုင်ငံသားများဖြစ်သည့် Ruth Amos နှင့် Shawn Brown တို့သည် အမြင့်(၆)ပေနှင့် (၇)လက်မရှိသော ကမ္ဘာ့အကြီးဆုံးလျှပ်စစ်သွား တိုက်တံကို ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့သည်။ အမေရိကန် cosplay ဝါသနာရှင် သောမတ်စ်ဒီပီထရီလီယိုသည် အရပ်(၁၀)ပေ နှင့် (၃)လက်မရှိသော အမြင့်ဆုံး cosplay Gundam စက်ရုပ်အပါအဝင် ဂင်းနစ်စံချိန်များစွာကို တင်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မီချီဂန်ပြည်နယ်တွင် နေထိုင်သော အသက် (၁၆)နှစ်အရွယ် အဲရစ်ကေးလ်ဘမ်းသည် ဆယ်ကျော်သက်အမျိုးသားများထဲတွင် လက်အကြီးဆုံး(၉ဒသမ ၁၃)လက်မ နှင့် ဆယ်ကျော်သက်အမျိုးသားများထဲတွင် ခြေဖဝါးအကြီးဆုံး(၁၃ ဒသမ ၅)လက်မတို့ဖြင့် ဂင်းနစ်စံချိန် သစ်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

အခြားဆယ်ကျော်သက်တစ်ဦးဖြစ်သော အသက်(၁၅)နှစ်အရွယ် စီလီယန်အိုကော်နာသည် အသက်(၁၆)နှစ် အောက် လူငယ်များကြားတွင် အချိန်(၁)မိနစ်အတွင်း မျက်လှည့်ပြကွက်အများဆုံး (၂၈)ကွက်အထိ ပြသနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ဂျပန်နိုင်ငံမှ စကိတ်စီးသမား အီမာကာဝါကာမီသည် အချိန်(၁)မိနစ် အတွင်း ပြကွက်(၁၃)ကွက်အထိ ပြသနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကထုတ်ပြန်ခဲ့သော ဂင်းနစ် စံချိန်မှတ်တမ်းစာအုပ်၏ စံချိန်သစ်များတွင် အီလီနွိုက်ပြည်နယ် တွင်နေထိုင်သူ အသက်(၂၇)နှစ်အရွယ် Sabrina Dausmanu က Squishmallows အရုပ်(၁၅၂၈) ရုပ်ပိုင်ဆိုင်သည့် စံချိန်အပြင် အခြားစံချိန်ပေါင်းများစွာပါဝင်ကြောင်းသိရသည်။

zawgyi version
ကမာၻ႔ဂင္းနစ္စံခ်ိန္အဖြဲ႕က (၂၀၂၅) ခုႏွစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းစာအုပ္ကို ထုတ္ျပန္
Pika (NP News) - စက္တင္ဘာ ၂၅

ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သည္ ဂင္းနစ္စံခ်ိန္မွတ္တမ္းမ်ားပါဝင္ေသာ ၎၏ႏွစ္ပတ္ လည္စာအုပ္ကို ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ခဲ့ေၾကာင္းသိရသည္။ (၂၀၂၅) ခုႏွစ္ ဂင္းနစ္စံခ်ိန္ မွတ္တမ္းမ်ားဆိုသည့္စာအုပ္တြင္ ေခြးတစ္ေကာင္က ၎၏ကြၽမ္းက်င္မႈမ်ားကိုျပသျခင္း၊ မ်က္လွည့္ျပျခင္း၊ စကိတ္စီးျခင္းႏွင့္ ကမာၻ႔အႀကီးဆုံး လွ်ပ္စစ္သြားတိုက္တံအပါအဝင္ စံခ်ိန္သစ္မ်ားစြာပါဝင္ေၾကာင္း သိရသည္။

အဆိုပါစာအုပ္တြင္ စံခ်ိန္အသစ္ခ်ိဳးဖ်က္ထားသူ အမ်ားအျပား၏ ဂင္းနစ္စံခ်ိန္မ်ားအပါအဝင္ ဂင္းနစ္စံခ်ိန္စု စုေပါင္း(၂၁၁၅)ခုပါဝင္ေၾကာင္း လည္းသိရသည္။ ဘြန္နီႏွင့္ဆင္ဘာဟု အမည္ေပးထားေသာ ၿဗိတိန္ေခြးေလးႏွစ္ေကာင္ သည္ 10 side leapfrog jumps ကို အခ်ိန္(၁၆ ဒသမ ၇၈)စကၠန႔္အတြင္း ခုန္ျပခဲ့ၿပီးေနာက္ 10 side leap frog jumps ကို အျမန္ဆုံးခုန္ျပႏိုင္ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။
ၿဗိတိန္ႏိုင္ငံသားမ်ားျဖစ္သည့္ Ruth Amos ႏွင့္ Shawn Brown တို႔သည္ အျမင့္(၆)ေပႏွင့္ (၇)လက္မရွိေသာ ကမာၻ႔အႀကီးဆုံးလွ်ပ္စစ္သြား တိုက္တံကို ဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တင္ႏိုင္ခဲ့သည္။ အေမရိကန္ cosplay ဝါသနာရွင္ ေသာမတ္စ္ဒီပီထရီလီယိုသည္ အရပ္(၁၀)ေပ ႏွင့္ (၃)လက္မရွိေသာ အျမင့္ဆုံး cosplay Gundam စက္႐ုပ္အပါအဝင္ ဂင္းနစ္စံခ်ိန္မ်ားစြာကို တင္ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ မီခ်ီဂန္ျပည္နယ္တြင္ ေနထိုင္ေသာ အသက္ (၁၆)ႏွစ္အ႐ြယ္ အဲရစ္ေကးလ္ဘမ္းသည္ ဆယ္ေက်ာ္သက္အမ်ိဳးသားမ်ားထဲတြင္ လက္အႀကီးဆုံး(၉ဒသမ ၁၃)လက္မ ႏွင့္ ဆယ္ေက်ာ္သက္အမ်ိဳးသားမ်ားထဲတြင္ ေျခဖဝါးအႀကီးဆုံး(၁၃ ဒသမ ၅)လက္မတို႔ျဖင့္ ဂင္းနစ္စံခ်ိန္ သစ္ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။

အျခားဆယ္ေက်ာ္သက္တစ္ဦးျဖစ္ေသာ အသက္(၁၅)ႏွစ္အ႐ြယ္ စီလီယန္အိုေကာ္နာသည္ အသက္(၁၆)ႏွစ္ ေအာက္ လူငယ္မ်ားၾကားတြင္ အခ်ိန္(၁)မိနစ္အတြင္း မ်က္လွည့္ျပကြက္အမ်ားဆုံး (၂၈)ကြက္အထိ ျပသႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဂ်ပန္ႏိုင္ငံမွ စကိတ္စီးသမား အီမာကာဝါကာမီသည္ အခ်ိန္(၁)မိနစ္ အတြင္း ျပကြက္(၁၃)ကြက္အထိ ျပသႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းကထုတ္ျပန္ခဲ့ေသာ ဂင္းနစ္ စံခ်ိန္မွတ္တမ္းစာအုပ္၏ စံခ်ိန္သစ္မ်ားတြင္ အီလီႏြိဳက္ျပည္နယ္ တြင္ေနထိုင္သူ အသက္(၂၇)ႏွစ္အ႐ြယ္ Sabrina Dausmanu က Squishmallows အ႐ုပ္(၁၅၂၈) ႐ုပ္ပိုင္ဆိုင္သည့္ စံခ်ိန္အျပင္ အျခားစံခ်ိန္ေပါင္းမ်ားစြာပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.