ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ

 326

Htay Oung (NP News) - စက်တင်ဘာ ၂၇

ကမ္ဘောဒီးယားရှိ တရုတ်က ငွေကြေးထောက်ပံ့တည်ဆောက်ပေးနေတဲ့ ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်ရေး အစီအစဉ် ပြီးစီးမယ့်ရက်ဟာ တဖြည်းဖြည်း ရက်နီးကပ်လာပါတယ်။ အဲဒီလိုအချိန်မှာ ဖနွမ်းပင်သို့ စစ်သင်္ဘော (၂)စင်း လက်ဆောင်ပေးမယ်လို့ ယခုရက်ပိုင်း ပေကျင်းက အတည်ပြုလိုက်ခြင်းဟာ တရုတ်ရဲ့ ရည်ရွယ်ချက်နဲ့ ဒေသတွင်းအရေးကိစ္စများမှာ ပါဝင်လိုတဲ့ သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတယ်လို့ စင်္ကာပူအခြေစိုက် “ချန်နယ်နယူးစ်အေးရှား”က စက်တင်ဘာလ ၂၅ ရက်မှာ ရေးသားပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ အဲ့ဒီ အခြေခံအဆောက်အတွေကို အပြည့်အဝအသုံးချနိုင်လောက်တဲ့ စစ်အင်အား မရှိ ပါဘူး။ ဒါဆို “ရီးမ်” လို့ အမည်ရှိတဲ့ ရေတပ်အခြေစိုက်စခန်းကို ပိုက်ဆံအကုန်အကျခံပြီး အဆင့်မြှင့်တင်ပေး ခြင်းဟာ ကမ္ဘောဒီးယားထက် တရုတ်က ပိုပြီး အကျိုးရှိလို့သာဖြစ်တယ်လိ့ု လေ့လာသူ အချို့က ယုံကြည်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးအကူအညီဟာ ပေကျင်းရဲ့ ရေရှည်အကျိုးစီးပွားအတွက် အထူးသဖြင့် အမေရိကန်နဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ကမ္ဘောဒီးယားကို သြဇာလွှမ်းမိုးရန် ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ အခြားလေ့လာသူအချို့ကလည်း ဒီကိစ္စဟာ ရေရှည်မှာ ဒေသတွင်းသြဇာလွှမ်းမိုးရေး တိုးမြှင့်ဖို့ တရုတ်ရဲ့ ဧရာမ မဟာဗျူဟာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ရှု့မြင်ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီ လုပ်ဆောင် ချက်ဟာ ဒေသဆိုင်ရာ “အရွေ့များ” အပေါ် ဘယ်ပုံဘယ်နည်း အကျိုးသက်ရောက်နိုင်တယ်ဆိုတဲ့ ကောက်ချက်မှာတော့ သဘောထားကွဲလွဲကြပါတယ်။

တရုတ်ဝင်လာတဲ့အတွက် ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်းများအကြားမှာ တင်းမာမှုများ မြင့်တက်လာနိုင်တယ်လို့ အချို့က သတိပေးကြပါတယ်။ “ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ အတိုင်းအတာတစ်ခုအထိ တရုတ်ကို သတိထားနေ ကြပြီး ဖိလစ်ပိုင်ကတော့ ထိုင်းပင်လယ်ကွေ့မှာ တရုတ်စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာတဲ့ သဘောသက်ရောက် နေတဲ့အတွက် စိုးရိမ်စရာသင့်ပါတယ်၊ ကမ္ဘောဒီးယားခေါင်းဆောင်ပိုင်းတွေ သတိထားဖို့ လိုကြောင်း မှတ်ချက် ပေးပါတယ်။ နိုင်ငံတကာစစ်ရေး နိုင်ငံရေးလေ့လာသူ အချို့ကတော့ ကမ္ဘောဒီးယားတို့လို နိုင်ငံငယ်လေးအတွက် စစ်ရေး အ ကူအညီရယူတဲ့ကိစ္စဟာ ပုံမှန်သာဖြစ်တယ်လို့ စောဒကတက်ပါတယ်။ ကမ္ဘောဒီး ယားစစ်တပ်ဟာ လုံး၀အင်အားချိနဲ့နေခြင်းမရှိပဲ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်ရင် ပိုမိုအဆင့်မြင့်ပြီး ကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေ ပိုင်ထားကြောင်း၊ ဥပမာအားဖြင့် ထိုင်းမှာ ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောရှိနေကြောင်း၊ ကမ္ဘောဒီးယားက သူ့ရဲ့စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့ လိုအပ်နေပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း အဲ့ဒီလောက်တော့ သဘောပေါက်မိပါတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ကမ္ဘောဒီးယားသို့ စစ်သင်္ဘောနှစ်စင်း လက်ဆောင်ပေးမယ့်အကြောင်း ဩဂုတ်လနှောင်းပိုင်းမှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီရေယာဉ်တွေဟာ 056 အတန်းအစား ကော်ဗတ်ရေယာဉ်များလို့ သတ် မှတ်လေ့ရှိကြောင်း တစ်ပတ်အကြာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားချက်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ရေတပ်မတော်က တီထွင်ထုတ်လုပ်လိုက်တဲ့ အဲ့ဒီရေယာဉ်အတန်းအစားဟာ ကမ်းနီးတိုက်ပွဲများအတွက် ဒီဇိုင်းထုတ်ထားတယ်လို့ သိရှိရပါတယ်။ လက်ရှိတရုတ်ရေတပ်မတော်၊ တရုတ်ကမ်းခြေစောင့်တပ်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ဂျီးရီးယားရေတပ်တို့မှာ တပ်တော်ဝင် တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီရေယာဉ်တွေဟာ ကင်းလှည့်ခြင်း၊ လိုက်ပါစောင့်ကြပ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ထောက်လှမ်းခြင်း အပါအဝင် မစ်ရှင်အများအပြားကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း တရုတ်ကာကွယ်ရေးသတင်းပေါ်တယ်များမှာ ဖော်ပြပါတယ်။ အီလက်ထရွန်းနစ်နဲ့ ရေပြင်စစ်ဆင်ရေးအတွက် ကိရိယာများတပ်ဆင်ထားပြီး လေကြောင်းရန် နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် စွမ်းရည်များ ပါရှိကြောင်း ရေးသားကြပါတယ်။ အဆိုပါ ရေယာဉ်များဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ် ဆင်ရေးများအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းဆောင်ရည်ကို အားကောင်းစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ကမ်းရိုးတန်းအရှည် ၂၇၅-မိုင်သာ ပိုင်ဆိုင်ပြီး ဘုရင့်ရေတပ်မတော်မှာ အင်အား ၄၀၀၀ သာ ရှိပါတယ်။ ယခုကော်ဗတ်စစ်သင်္ဘောတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ စစ်ဆင်ရေးများအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေပါလိမ့်မယ်။ အလား တူ တရုတ်စစ်ရေယာဉ်တွေဟာ ရီးမ်ရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားနှင့်ပြီး ဖြစ်ကြောင်း အကဲခတ် များက သတိပြုမိကြပါတယ်။

ရီးမ်ရေတပ်အခြေစိုက်စခန်းဟာ တရုတ်နဲ့ ကမ္ဘောဒီးယားတို့အကြား ဆက်နွယ်မှုကို နောက်ထပ်တဖန် မီး မောင်း ထိုးပြနေပါတယ်။ အဲ့ဒီနေရာမှာ တည်ဆောက်နေတဲ့ကြောင်း စစ်ရေးအရ လျှို့ဝှက်ထားရန် တရုတ်နဲ့ သဘောတူညီမှု ထားရှိခဲ့တယ်လို့ ယခင် သတင်းအတော်များများ ထွက်ပေါ်ခဲ့ပေမယ့် မဟုတ်မှန်ကြောင်း နှစ်နိုင်ငံစလုံး က ငြင်းဆိုထားပါတယ်။ “တရုတ်သတ္ထုဗေဒအုပ်စုကော်ပိုရေးရှင်း” အတည်ပြုချက်အရ တရုတ် နိုင်ငံဟာ ကမ္ဘောဒီးယား ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်မှုကို ရန်ပုံငွေထောက်ပံ့လျက်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်စစ်သင်္ဘောများအတွက် အမြဲတမ်းစစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် မဟုတ်ပဲ တရုတ်ရေတပ်မ တော် စစ်သင်္ဘောများ ရှိနေခြင်းကလည်း ကမ္ဘောဒီးယားရေတပ်နဲ့အတူ လေ့ကျင့်မှုများပြုလုပ်ရန် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပညာကျွမ်းကျင်မှုနဲ့ နည်းပညာအသစ်များကို အဓိကထားလုပ်ဆောင်ရန်ဖြစ် တယ်လို့ ပြောပါတယ်။

ဒီအတိုင်းဆိုလျှင် အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့ တရုတ်စစ်သင်္ဘောများနဲ့အလားတူ နောက်ထပ်စစ်သ င်္ဘောများကို ကမ္ဘောဒီးယားက ဝယ်ယူနိုင်ခြေရှိပါတယ်။ လတ်တလောရိုက်ကူးခဲ့တဲ့ ကောင်းကင်ဂြိုလ်တု ဓာတ် ပုံများအရ ရီးမ်ရေတပ်အခြေစိုက်စခန်းရဲ့ ဆိပ်ခံတံတားဟာ ၂၀၁၇ ခုနှစ် အာဖရိက ဒီဂျာဘူတီနိုင်ငံမှာ ပေကျင်း တည်ဆောက်ခဲ့တဲ့ တရုတ်ရေတပ်အခြေစိုက်စခန်းနဲ့ ဆင်တူကြောင်း တွေ့မြင်ရပါတယ်။ ဒီဂျာဘူတီနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဧရိယာအငယ်ဆုံးဖြစ်တဲ့ ကယားပြည်နယ်ရဲ့ (၂)ဆနီးပါး ကျယ်ဝန်းပြီး အစ္စလာမ်ဘာသာဝင်အများစု လူဦးရေ (၁)သန်းခန့်သာ နေထိုင်တဲ့ အာဖရိကအရှေ့ပိုင်း တိုင်းပြည်ငယ်လေး ဖြစ်ပါတယ်။ ဒါပေမဲ့အာရေဗျကျွန်းဆွယ် ယီမင်နိုင်ငံနဲ့ အေဒင်ပင်လယ်ကွေ့ခြားပြီး မျက်နှာချင်းဆိုင်တည်ရှိ နေပါတယ်။

တောင်ဖက်နဲ့ အနောက်တောင်ဘက်မှာ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဆိုမာလီယာနဲ့ အီသီယိုပီးယားနိုင်ငံတို့ တည်ရှိနေပါတယ်။ မြောက်ဖက်မှာရှိတဲ့ အီရစ်ထရီးယားနိုင်ငံနည်းတူ ဒီဂျာဘူတီဟာ ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီဟောင်းဖြစ်ခဲ့ဖူးတဲ့နိုင်ငံဟာ ၂၀၀၀ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပါတယ်။ အလုပ်လက်မဲ့နဲ့ စာမတတ်သူအများစုဖြစ်နေုပြီး ကလေး သူ ငယ်အဟာရချို့တဲ့ရာမှာ လူသိမျာပါတယ်။ လူစည်ကားရာနေရာများနဲ့ နိုင်ငံခြားခရီးသွားများကို ပစ်မှတ်ထား တဲ့ လုယက်မှု အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် စူးအက်တူးမြောင်း ဝင်ထွက်ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်ဖြစ်နေတဲ့ တိုင်းပြည်ဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိပါတယ်။ ၁၉၇၉-ခုနှစ်မှာ တရုတ်ဟာ ဒီဂျာဘူတီနဲ့ သံတမန်ဆက်သွယ်ခဲ့ပြီး အားကစားကွင်း၊ ပြည်သူ့ရင်ပြင်အပါအဝင် အများပြည်သူဆိုင်ရာ ပရောဂျက်များ အတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ပေကျင်းနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ်ကြေညာထားတဲ့ ဒီဂျာဘူတီမှာ အာဖရိက ဦးချိူ ဒေသရေပြင်တဝှိုက် လူသားချင်းစာနာမှုအကူအညီနဲ့ ပင်လယ်ဓါးပြနှိမ်နင်းရေးအတွက်အကြောင်းပြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တည်ဆောက်ထားတဲ့ ရေတပ် အခြေစိုက်စခန်း တည်ရှိနေပါတယ်။
တကယ်တော့ အရေးပါတဲ့ အနေအထားကြောင့် တရုတ်ရေတပ်အခြေစိုက်စခန်းသာမက ပြင် သစ်လေတပ်စ ခန်း၊ အီတလီအခြေစိုက်စခန်းနဲ့ ဂျပန်အခြေစိုက်စခန်းများအပါအဝင် နိုင်ငံအတော်များများရဲ့ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းများစွာကို ဒီဂျာဘူတီက လက်ခံထားပါတယ်။ ဒီဂျာဘူတီရဲ့ တရုတ်ရေတပ်အခြေစိုက်စ ခန်းမှာ အဆောက်အအုံအတော်များများ ရှိနေပြီး အဲ့ဒါတွေကို ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်းရန် တရုတ်က စီစဉ်လျက်ရှိပါတယ်။ လက်ရှိ ကမ္ဘောဒီးယား ရေတပ်ဟာ အဲဒါတွေကို ကိုင်တွယ်နိုင်လောက်အောင် အလွန် အဆင့်မြင့်တယ်လို့ မရှိသေးပါဘူး၊ ဒါကြောင့် ရီးမ်ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်ခြင်းဟာ တရုတ် အတွက် ကမ္ဘောဒီးယားထက် ပိုမိုအသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ နှစ်နိုင်ငံစလုံးက ငြင်းဆိုနေပေမယ့် တရုတ်ဟာ အခြေစိုက်စခန်းအတွင်း အထူးဝင်ရောက်ခွင့်ရှိပါတယ်။ ကမ္ဘောဒီးယား အနေနဲ့ ခေတ်မီစက်ကိရိယာများကို သူတို့ဖာသာ ကိုင်တွယ်လုပ်ဆောင်နိုင်တဲ့အထိ ကျွမ်း ကျင် မှု မရှိနိုင်တဲ့အတွက် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကို ကူညီလေ့ကျင့်ပေးရန် တရုတ်နိုင်ငံမှ သင်္ဘောများနဲ့ စစ်ဘက်အရာရှိများကို စေလွှတ်နိုင်ပါလိမ့်မယ်။

(Channel News Asia., 25 September 2024,” China’s warships gift and funding naval base in Cambodia: Could it put regional dynamics in choppy waters?” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

zawgyi version
ကေမာၻဒီးယား၌ တည္ေဆာက္ေပးလ်က္ရွိသည့္ ေရတပ္အေျခစိုက္စခန္းကို တ႐ုတ္တို႔ အသုံးျပဳဖြယ္ရွိ
Htay Oung (NP News) - စက္တင္ဘာ ၂၇

ကေမာၻဒီးယားရွိ တ႐ုတ္က ေငြေၾကးေထာက္ပံ့တည္ေဆာက္ေပးေနတဲ့ ေရတပ္အေျခစိုက္စခန္း အဆင့္ျမႇင့္တင္ေရး အစီအစဥ္ ၿပီးစီးမယ့္ရက္ဟာ တျဖည္းျဖည္း ရက္နီးကပ္လာပါတယ္။ အဲဒီလိုအခ်ိန္မွာ ဖႏြမ္းပင္သို႔ စစ္သေဘၤာ (၂)စင္း လက္ေဆာင္ေပးမယ္လို႔ ယခုရက္ပိုင္း ေပက်င္းက အတည္ျပဳလိုက္ျခင္းဟာ တ႐ုတ္ရဲ႕ ရည္႐ြယ္ခ်က္နဲ႔ ေဒသတြင္းအေရးကိစၥမ်ားမွာ ပါဝင္လိုတဲ့ သူ႔ရဲ႕အခန္းက႑နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ရတယ္လို႔ စကၤာပူအေျခစိုက္ “ခ်န္နယ္နယူးစ္ေအးရွား”က စက္တင္ဘာလ ၂၅ ရက္မွာ ေရးသားပါတယ္။

ကေမာၻဒီးယားအေနနဲ႔ အဲ့ဒီ အေျခခံအေဆာက္အေတြကို အျပည့္အဝအသုံးခ်ႏိုင္ေလာက္တဲ့ စစ္အင္အား မရွိ ပါဘူး။ ဒါဆို “ရီးမ္” လို႔ အမည္ရွိတဲ့ ေရတပ္အေျခစိုက္စခန္းကို ပိုက္ဆံအကုန္အက်ခံၿပီး အဆင့္ျမႇင့္တင္ေပး ျခင္းဟာ ကေမာၻဒီးယားထက္ တ႐ုတ္က ပိုၿပီး အက်ိဳးရွိလို႔သာျဖစ္တယ္လိ့ု ေလ့လာသူ အခ်ိဳ႕က ယုံၾကည္ၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စစ္ေရးအကူအညီဟာ ေပက်င္းရဲ႕ ေရရွည္အက်ိဳးစီးပြားအတြက္ အထူးသျဖင့္ အေမရိကန္နဲ႔ ယွဥ္ၿပိဳင္ရတဲ့အတြက္ ကေမာၻဒီးယားကို ၾသဇာလႊမ္းမိုးရန္ ရည္႐ြယ္ျခင္းသာျဖစ္တယ္လို႔ ကြၽမ္းက်င္သူမ်ားက သုံးသပ္ပါတယ္။ အျခားေလ့လာသူအခ်ိဳ႕ကလည္း ဒီကိစၥဟာ ေရရွည္မွာ ေဒသတြင္းၾသဇာလႊမ္းမိုးေရး တိုးျမႇင့္ဖို႔ တ႐ုတ္ရဲ႕ ဧရာမ မဟာဗ်ဴဟာမွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ရႈ႕ျမင္ၾကပါတယ္။ ဒါေပမဲ့လည္း အဲဒီ လုပ္ေဆာင္ ခ်က္ဟာ ေဒသဆိုင္ရာ “အေ႐ြ႕မ်ား” အေပၚ ဘယ္ပုံဘယ္နည္း အက်ိဳးသက္ေရာက္ႏိုင္တယ္ဆိုတဲ့ ေကာက္ခ်က္မွာေတာ့ သေဘာထားကြဲလြဲၾကပါတယ္။

တ႐ုတ္ဝင္လာတဲ့အတြက္ ကေမာၻဒီးယားရဲ႕ အိမ္နီးခ်င္းမ်ားအၾကားမွာ တင္းမာမႈမ်ား ျမင့္တက္လာႏိုင္တယ္လို႔ အခ်ိဳ႕က သတိေပးၾကပါတယ္။ “ထိုင္းနဲ႔ ဗီယက္နမ္တို႔ဟာ အတိုင္းအတာတစ္ခုအထိ တ႐ုတ္ကို သတိထားေန ၾကၿပီး ဖိလစ္ပိုင္ကေတာ့ ထိုင္းပင္လယ္ေကြ႕မွာ တ႐ုတ္စစ္ေရးလႈပ္ရွားမႈ တိုးျမင့္လာတဲ့ သေဘာသက္ေရာက္ ေနတဲ့အတြက္ စိုးရိမ္စရာသင့္ပါတယ္၊ ကေမာၻဒီးယားေခါင္းေဆာင္ပိုင္းေတြ သတိထားဖို႔ လိုေၾကာင္း မွတ္ခ်က္ ေပးပါတယ္။ ႏိုင္ငံတကာစစ္ေရး ႏိုင္ငံေရးေလ့လာသူ အခ်ိဳ႕ကေတာ့ ကေမာၻဒီးယားတို႔လို ႏိုင္ငံငယ္ေလးအတြက္ စစ္ေရး အ ကူအညီရယူတဲ့ကိစၥဟာ ပုံမွန္သာျဖစ္တယ္လို႔ ေစာဒကတက္ပါတယ္။ ကေမာၻဒီး ယားစစ္တပ္ဟာ လုံး၀အင္အားခ်ိနဲ႔ေနျခင္းမရွိပဲ ထိုင္း၊ ဗီယက္နမ္တို႔နဲ႔ ယွဥ္ရင္ ပိုမိုအဆင့္ျမင့္ၿပီး ေကာင္းမြန္တဲ့ စစ္ေရးစြမ္းရည္ေတြ ပိုင္ထားေၾကာင္း၊ ဥပမာအားျဖင့္ ထိုင္းမွာ ကိုယ္ပိုင္ေလယာဥ္တင္သေဘၤာရွိေနေၾကာင္း၊ ကေမာၻဒီးယားက သူ႔ရဲ႕စစ္တပ္ကို ေခတ္မီေအာင္လုပ္ဖို႔ လိုအပ္ေနၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကလည္း အဲ့ဒီေလာက္ေတာ့ သေဘာေပါက္မိပါတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံက ကေမာၻဒီးယားသို႔ စစ္သေဘၤာႏွစ္စင္း လက္ေဆာင္ေပးမယ့္အေၾကာင္း ဩဂုတ္လေႏွာင္းပိုင္းမွာ သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။ အဲ့ဒီေရယာဥ္ေတြဟာ 056 အတန္းအစား ေကာ္ဗတ္ေရယာဥ္မ်ားလို႔ သတ္ မွတ္ေလ့ရွိေၾကာင္း တစ္ပတ္အၾကာ ကေမာၻဒီးယားကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ပါတယ္။ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ဝဘ္ဆိုက္မွာ ေဖာ္ျပထားခ်က္အရ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ ေရတပ္မေတာ္က တီထြင္ထုတ္လုပ္လိုက္တဲ့ အဲ့ဒီေရယာဥ္အတန္းအစားဟာ ကမ္းနီးတိုက္ပြဲမ်ားအတြက္ ဒီဇိုင္းထုတ္ထားတယ္လို႔ သိရွိရပါတယ္။ လက္ရွိတ႐ုတ္ေရတပ္မေတာ္၊ တ႐ုတ္ကမ္းေျခေစာင့္တပ္အျပင္ ဘဂၤလားေဒ့ရွ္နဲ႔ ႏိုင္ဂ်ီးရီးယားေရတပ္တို႔မွာ တပ္ေတာ္ဝင္ တာဝန္ထမ္းေဆာင္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

အဲ့ဒီေရယာဥ္ေတြဟာ ကင္းလွည့္ျခင္း၊ လိုက္ပါေစာင့္ၾကပ္ျခင္း၊ ရွာေဖြကယ္ဆယ္ေရးနဲ႔ ေထာက္လွမ္းျခင္း အပါအဝင္ မစ္ရွင္အမ်ားအျပားကို လုပ္ေဆာင္ႏိုင္စြမ္းရွိေၾကာင္း တ႐ုတ္ကာကြယ္ေရးသတင္းေပၚတယ္မ်ားမွာ ေဖာ္ျပပါတယ္။ အီလက္ထ႐ြန္းနစ္နဲ႔ ေရျပင္စစ္ဆင္ေရးအတြက္ ကိရိယာမ်ားတပ္ဆင္ထားၿပီး ေလေၾကာင္းရန္ နဲ႔ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးအတြက္ စြမ္းရည္မ်ား ပါရွိေၾကာင္း ေရးသားၾကပါတယ္။ အဆိုပါ ေရယာဥ္မ်ားဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စစ္ ဆင္ေရးမ်ားအတြက္ ကေမာၻဒီးယားႏိုင္ငံ၏ စြမ္းေဆာင္ရည္ကို အားေကာင္းေစလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ကမ္း႐ိုးတန္းအရွည္ ၂၇၅-မိုင္သာ ပိုင္ဆိုင္ၿပီး ဘုရင့္ေရတပ္မေတာ္မွာ အင္အား ၄၀၀၀ သာ ရွိပါတယ္။ ယခုေကာ္ဗတ္စစ္သေဘၤာေတြဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ လူသားခ်င္းစာနာမႈ ဆိုင္ရာ စစ္ဆင္ေရးမ်ားအတြက္ ကေမာၻဒီးယားႏိုင္ငံရဲ႕ စြမ္းေဆာင္ရည္ကို အားေကာင္းေစပါလိမ့္မယ္။ အလား တူ တ႐ုတ္စစ္ေရယာဥ္ေတြဟာ ရီးမ္ေရတပ္အေျခစိုက္စခန္းမွာ ဆိုက္ကပ္ထားႏွင့္ၿပီး ျဖစ္ေၾကာင္း အကဲခတ္ မ်ားက သတိျပဳမိၾကပါတယ္။

ရီးမ္ေရတပ္အေျခစိုက္စခန္းဟာ တ႐ုတ္နဲ႔ ကေမာၻဒီးယားတို႔အၾကား ဆက္ႏြယ္မႈကို ေနာက္ထပ္တဖန္ မီး ေမာင္း ထိုးျပေနပါတယ္။ အဲ့ဒီေနရာမွာ တည္ေဆာက္ေနတဲ့ေၾကာင္း စစ္ေရးအရ လွ်ိဳ႕ဝွက္ထားရန္ တ႐ုတ္နဲ႔ သေဘာတူညီမႈ ထားရွိခဲ့တယ္လို႔ ယခင္ သတင္းအေတာ္မ်ားမ်ား ထြက္ေပၚခဲ့ေပမယ့္ မဟုတ္မွန္ေၾကာင္း ႏွစ္ႏိုင္ငံစလုံး က ျငင္းဆိုထားပါတယ္။ “တ႐ုတ္သတၳဳေဗဒအုပ္စုေကာ္ပိုေရးရွင္း” အတည္ျပဳခ်က္အရ တ႐ုတ္ ႏိုင္ငံဟာ ကေမာၻဒီးယား ေရတပ္အေျခစိုက္စခန္း အဆင့္ျမႇင့္တင္မႈကို ရန္ပုံေငြေထာက္ပံ့လ်က္ရွိတယ္လို႔ ဆိုပါတယ္။ တ႐ုတ္စစ္သေဘၤာမ်ားအတြက္ အၿမဲတမ္းစစ္အေျခစိုက္စခန္းအျဖစ္ အသုံးျပဳရန္ မဟုတ္ပဲ တ႐ုတ္ေရတပ္မ ေတာ္ စစ္သေဘၤာမ်ား ရွိေနျခင္းကလည္း ကေမာၻဒီးယားေရတပ္နဲ႔အတူ ေလ့က်င့္မႈမ်ားျပဳလုပ္ရန္ ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးအစီအစဥ္မွာ နည္းပညာကြၽမ္းက်င္မႈနဲ႔ နည္းပညာအသစ္မ်ားကို အဓိကထားလုပ္ေဆာင္ရန္ျဖစ္ တယ္လို႔ ေျပာပါတယ္။

ဒီအတိုင္းဆိုလွ်င္ အေျခစိုက္စခန္းမွာ ဆိုက္ကပ္ထားတဲ့ တ႐ုတ္စစ္သေဘၤာမ်ားနဲ႔အလားတူ ေနာက္ထပ္စစ္သ ေဘၤာမ်ားကို ကေမာၻဒီးယားက ဝယ္ယူႏိုင္ေျခရွိပါတယ္။ လတ္တေလာ႐ိုက္ကူးခဲ့တဲ့ ေကာင္းကင္ၿဂိဳလ္တု ဓာတ္ ပုံမ်ားအရ ရီးမ္ေရတပ္အေျခစိုက္စခန္းရဲ႕ ဆိပ္ခံတံတားဟာ ၂၀၁၇ ခုႏွစ္ အာဖရိက ဒီဂ်ာဘူတီႏိုင္ငံမွာ ေပက်င္း တည္ေဆာက္ခဲ့တဲ့ တ႐ုတ္ေရတပ္အေျခစိုက္စခန္းနဲ႔ ဆင္တူေၾကာင္း ေတြ႕ျမင္ရပါတယ္။ ဒီဂ်ာဘူတီႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ ဧရိယာအငယ္ဆုံးျဖစ္တဲ့ ကယားျပည္နယ္ရဲ႕ (၂)ဆနီးပါး က်ယ္ဝန္းၿပီး အစၥလာမ္ဘာသာဝင္အမ်ားစု လူဦးေရ (၁)သန္းခန႔္သာ ေနထိုင္တဲ့ အာဖရိကအေရွ႕ပိုင္း တိုင္းျပည္ငယ္ေလး ျဖစ္ပါတယ္။ ဒါေပမဲ့အာေရဗ်ကြၽန္းဆြယ္ ယီမင္ႏိုင္ငံနဲ႔ ေအဒင္ပင္လယ္ေကြ႕ျခားၿပီး မ်က္ႏွာခ်င္းဆိုင္တည္ရွိ ေနပါတယ္။

ေတာင္ဖက္နဲ႔ အေနာက္ေတာင္ဘက္မွာ ျပည္တြင္းစစ္နဲ႔ အၾကမ္းဖက္မႈမ်ားေၾကာင့္ မၿငိမ္မသက္ျဖစ္ေနတဲ့ ဆိုမာလီယာနဲ႔ အီသီယိုပီးယားႏိုင္ငံတို႔ တည္ရွိေနပါတယ္။ ေျမာက္ဖက္မွာရွိတဲ့ အီရစ္ထရီးယားႏိုင္ငံနည္းတူ ဒီဂ်ာဘူတီဟာ ဆင္းရဲတဲ့ တိုင္းျပည္ျဖစ္ပါတယ္။ ျပင္သစ္ကိုလိုနီေဟာင္းျဖစ္ခဲ့ဖူးတဲ့ႏိုင္ငံဟာ ၂၀၀၀ ခုႏွစ္အထိ လက္နက္ကိုင္ပဋိပကၡမ်ား ျဖစ္ပြားခဲ့ဖူးပါတယ္။ အလုပ္လက္မဲ့နဲ႔ စာမတတ္သူအမ်ားစုျဖစ္ေနုၿပီး ကေလး သူ ငယ္အဟာရခ်ိဳ႕တဲ့ရာမွာ လူသိမ်ာပါတယ္။ လူစည္ကားရာေနရာမ်ားနဲ႔ ႏိုင္ငံျခားခရီးသြားမ်ားကို ပစ္မွတ္ထား တဲ့ လုယက္မႈ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားေလ့ရွိပါတယ္။ ဒါေပမယ့္ စူးအက္တူးေျမာင္း ဝင္ထြက္ပင္လယ္နီနဲ႔ အိႏၵိယသမုဒၵရာသို႔ ဝင္ေပါက္ျဖစ္ေနတဲ့ တိုင္းျပည္ဟာ ပထဝီႏိုင္ငံေရးအရ မဟာဗ်ဴဟာေျမာက္ေနရာမွာ တည္ရွိပါတယ္။ ၁၉၇၉-ခုႏွစ္မွာ တ႐ုတ္ဟာ ဒီဂ်ာဘူတီနဲ႔ သံတမန္ဆက္သြယ္ခဲ့ၿပီး အားကစားကြင္း၊ ျပည္သူ႔ရင္ျပင္အပါအဝင္ အမ်ားျပည္သူဆိုင္ရာ ပေရာဂ်က္မ်ား အတြက္ ေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။ ေပက်င္းနဲ႔ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ႏိုင္ငံအျဖစ္ေၾကညာထားတဲ့ ဒီဂ်ာဘူတီမွာ အာဖရိက ဦးခ်ိဴ ေဒသေရျပင္တဝႈိက္ လူသားခ်င္းစာနာမႈအကူအညီနဲ႔ ပင္လယ္ဓါးျပႏွိမ္နင္းေရးအတြက္အေၾကာင္းျပၿပီး တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္က တည္ေဆာက္ထားတဲ့ ေရတပ္ အေျခစိုက္စခန္း တည္ရွိေနပါတယ္။
တကယ္ေတာ့ အေရးပါတဲ့ အေနအထားေၾကာင့္ တ႐ုတ္ေရတပ္အေျခစိုက္စခန္းသာမက ျပင္ သစ္ေလတပ္စ ခန္း၊ အီတလီအေျခစိုက္စခန္းနဲ႔ ဂ်ပန္အေျခစိုက္စခန္းမ်ားအပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ပင္လယ္ရပ္ျခား စစ္အေျခစိုက္စခန္းမ်ားစြာကို ဒီဂ်ာဘူတီက လက္ခံထားပါတယ္။ ဒီဂ်ာဘူတီရဲ႕ တ႐ုတ္ေရတပ္အေျခစိုက္စ ခန္းမွာ အေဆာက္အအုံအေတာ္မ်ားမ်ား ရွိေနၿပီး အဲ့ဒါေတြကို ကေမာၻဒီးယားသို႔ ေ႐ႊ႕ေျပာင္းရန္ တ႐ုတ္က စီစဥ္လ်က္ရွိပါတယ္။ လက္ရွိ ကေမာၻဒီးယား ေရတပ္ဟာ အဲဒါေတြကို ကိုင္တြယ္ႏိုင္ေလာက္ေအာင္ အလြန္ အဆင့္ျမင့္တယ္လို႔ မရွိေသးပါဘူး၊ ဒါေၾကာင့္ ရီးမ္ေရတပ္အေျခစိုက္စခန္း အဆင့္ျမႇင့္တင္ျခင္းဟာ တ႐ုတ္ အတြက္ ကေမာၻဒီးယားထက္ ပိုမိုအသုံးဝင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူမ်ားက ယုံၾကည္ၾကပါတယ္။ ႏွစ္ႏိုင္ငံစလုံးက ျငင္းဆိုေနေပမယ့္ တ႐ုတ္ဟာ အေျခစိုက္စခန္းအတြင္း အထူးဝင္ေရာက္ခြင့္ရွိပါတယ္။ ကေမာၻဒီးယား အေနနဲ႔ ေခတ္မီစက္ကိရိယာမ်ားကို သူတို႔ဖာသာ ကိုင္တြယ္လုပ္ေဆာင္ႏိုင္တဲ့အထိ ကြၽမ္း က်င္ မႈ မရွိႏိုင္တဲ့အတြက္ ကေမာၻဒီးယားတပ္ဖြဲ႕ဝင္ေတြကို ကူညီေလ့က်င့္ေပးရန္ တ႐ုတ္ႏိုင္ငံမွ သေဘၤာမ်ားနဲ႔ စစ္ဘက္အရာရွိမ်ားကို ေစလႊတ္ႏိုင္ပါလိမ့္မယ္။

(Channel News Asia., 25 September 2024,” China’s warships gift and funding naval base in Cambodia: Could it put regional dynamics in choppy waters?” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္)

Related news

© 2021. All rights reserved.