အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ကျင်းပဖြစ်၊မဖြစ်က ရေကြီးမှု အခြေအနေပေါ်မူတည်နေ

 367

စော (NP News) - စက်တင်ဘာ ၂၈

မြန်မာနိုင်ငံ၏ ထင်ရှားသော ဘုရားပွဲတော်တစ်ခုဖြစ်သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပဖြစ်၊မဖြစ်မှာ လက်ရှိ ရေကြီးနေသောအခြေအနေအပေါ်တွင် မူတည်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မူလက အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို လာမည့် အောက်တိုဘာလ ၃ ရက်မှစတင်ကာ အောက်တိုဘာ ၂ဝ ရက်အထိ ၁၈ ရက်ကြာ ကျင်းပရန် ကနဦး လျာထားခြင်းဖြစ်သည်။

ယခုအချိန်တွင် အင်းလေးဒေသ၌ ရေကြီးမှုကြောင့် အိမ်ခြေ (၂၀,ဝဝဝ)ကျော် ရေဝင်ရောက်မှုများရှိခဲ့ပြီး ဒေသတွင်း ပရဟိတအဖွဲ့များ၊ နယ်ခံပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာ ပရဟိတအဖွဲ့များစုပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
“ရေကျသွားရင်တော့ ကျွန်တော်တို့ ဆောင်ရွက်မည်။ ရေ မကျဘူးဆိုရင်တော့ ဆောင်ရွက်လို့မရမယ့် အနေအထား လေးဖြစ်ပါတယ်။ လောလောဆယ်ကတော့ ဒီကျောင်းတော်ကြီးက ရေနည်းနည်းဝင်နေသေးတဲ့ အနေအထားရှိနေ သေးတယ်။ ကျွန်တော်တို့က ၃ ရက်နေ့မှ ဆိုတော့ ဒီကြားထဲမှာလည်း ကျရင်လည်းကျမှာပေါ့။ အကယ်၍ ဆောင်ရွက်လို့ရရင် ဆောင်ရွက်မယ်။ ဆောင်ရွက်လို့မရဘူးဆိုလဲ ကျင်းပဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီလိုမျိုးကတော့ ကျွန်တော်တို့ တစ်ရက်၊ နှစ်ရက်လောက် ထပ်စောင့်ကြည့်ရမယ့်သဘောရှိတော့လေ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်က NP News သို့ ပြောသည်။

ဘုရားပွဲတော် ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ဖွယ်ရှိသည်များကို လုပ်ဆောင်ထားကြောင်းလည်း သိရသည်။
ရေနစ်မြှုပ်မှုမှာ အင်းလေးညောင်ရွှေဒေသ၊ ညောင်ရွှေမြို့၏ ကြိုဆိုပါ၏ မုခ်ဦးမှ စတင်ကာရေနစ်မြှုပ်ခြင်းဖြစ်ကာ တစ်မြို့လုံးရေနစ်မြှုပ်ပြီး ဆယ်ရက်ကျော်ကြာသည်အထိ ရေကျဆင်းမှုမှာ ၃ ပေပင် မရှိကြောင်း သိရသည်။
လက်ရှိတွင် ရွှေညောင်နှင့်ညောင်ရွှေသို့ ကားများဖြတ်သန်းသွားလာနိုင်သော်လည်း ညောင်ရွှေမြို့အတွင်းသို့ ကား များ ဝင်ရောက်ရန် အခက်အခဲများရှိနေပြီး ဘုရားပွဲတော်ကျင်းပခြင်းများနှင့်ရိုးရာမပျက်ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် အခက်အခဲများရှိနေကြောင်း သိရသည်။

Zawgyi Version;
အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ က်င္းပျဖစ္၊မျဖစ္က ေရႀကီးမႈ အေျခအေနေပၚမူတည္ေန
ေစာ (NP News) - စက္တင္ဘာ ၂၈

ျမန္မာႏိုင္ငံ၏ ထင္ရွားေသာ ဘုရားပြဲေတာ္တစ္ခုျဖစ္သည့္ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲ က်င္းပျဖစ္၊မျဖစ္မွာ လက္ရွိ ေရႀကီးေနေသာအေျခအေနအေပၚတြင္ မူတည္ေနေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။
မူလက အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ ၃ ရက္မွစတင္ကာ ေအာက္တိုဘာ ၂ဝ ရက္အထိ ၁၈ ရက္ၾကာ က်င္းပရန္ ကနဦး လ်ာထားျခင္းျဖစ္သည္။

ယခုအခ်ိန္တြင္ အင္းေလးေဒသ၌ ေရႀကီးမႈေၾကာင့္ အိမ္ေျခ (၂၀,ဝဝဝ)ေက်ာ္ ေရဝင္ေရာက္မႈမ်ားရွိခဲ့ၿပီး ေဒသတြင္း ပရဟိတအဖြဲ႕မ်ား၊ နယ္ခံပရဟိတအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာ ပရဟိတအဖြဲ႕မ်ားစုေပါင္း၍ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“ေရက်သြားရင္ေတာ့ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္မည္။ ေရ မက်ဘူးဆိုရင္ေတာ့ ေဆာင္႐ြက္လို႔မရမယ့္ အေနအထား ေလးျဖစ္ပါတယ္။ ေလာေလာဆယ္ကေတာ့ ဒီေက်ာင္းေတာ္ႀကီးက ေရနည္းနည္းဝင္ေနေသးတဲ့ အေနအထားရွိေန ေသးတယ္။ ကြၽန္ေတာ္တို႔က ၃ ရက္ေန႔မွ ဆိုေတာ့ ဒီၾကားထဲမွာလည္း က်ရင္လည္းက်မွာေပါ့။ အကယ္၍ ေဆာင္႐ြက္လို႔ရရင္ ေဆာင္႐ြက္မယ္။ ေဆာင္႐ြက္လို႔မရဘူးဆိုလဲ က်င္းပျဖစ္မွာ မဟုတ္ပါဘူး။ အဲဒီလိုမ်ိဳးကေတာ့ ကြၽန္ေတာ္တို႔ တစ္ရက္၊ ႏွစ္ရက္ေလာက္ ထပ္ေစာင့္ၾကည့္ရမယ့္သေဘာရွိေတာ့ေလ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ မွ ေျပာေရးဆိုခြင့္ရွိသူ ဦးခြန္သိန္းေမာင္က NP News သို႔ ေျပာသည္။

ဘုရားပြဲေတာ္ က်င္းပႏိုင္ေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္ဖြယ္ရွိသည္မ်ားကို လုပ္ေဆာင္ထားေၾကာင္းလည္း သိရသည္။
ေရနစ္ျမႇဳပ္မႈမွာ အင္းေလးေညာင္ေ႐ႊေဒသ၊ ေညာင္ေ႐ႊၿမိဳ႕၏ ႀကိဳဆိုပါ၏ မုခ္ဦးမွ စတင္ကာေရနစ္ျမႇဳပ္ျခင္းျဖစ္ကာ တစ္ၿမိဳ႕လုံးေရနစ္ျမႇဳပ္ၿပီး ဆယ္ရက္ေက်ာ္ၾကာသည္အထိ ေရက်ဆင္းမႈမွာ ၃ ေပပင္ မရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ေ႐ႊေညာင္ႏွင့္ေညာင္ေ႐ႊသို႔ ကားမ်ားျဖတ္သန္းသြားလာႏိုင္ေသာ္လည္း ေညာင္ေ႐ႊၿမိဳ႕အတြင္းသို႔ ကား မ်ား ဝင္ေရာက္ရန္ အခက္အခဲမ်ားရွိေနၿပီး ဘုရားပြဲေတာ္က်င္းပျခင္းမ်ားႏွင့္႐ိုးရာမပ်က္ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား က်င္းပရန္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.