နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်သွားသည့်ကိစ္စ တရုတ်အစိုးရ ဖုံးကွယ်

 5619

Pika (NP News) - စက်တင်ဘာ ၂၉

တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် နျူကလီးယား စွမ်းအင်သုံး တိုက် ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း သည် ယခုနှစ်အစောပိုင်းတွင် အကြောင်း တစ်စုံတစ်ရာကြောင့် နစ်မြုပ်သွားခဲ့ကြောင်း အမေရိကန်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက စက်တင်ဘာ လ(၂၆)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါဖြစ်ရပ်သည် စစ်ရေးစွမ်းရည်များကို ချဲ့ထွင်ရန်ကြိုးပမ်းနေသည့် တရုတ်နိုင်ငံအတွက် အရှက်ရစရာကိစ္စတစ်ခုဖြစ်ကြောင်း အဆိုပါအရာရှိကထပ်မံပြောကြားခဲ့သည်။ သင်္ဘောအစင်းရေ (၃၇၀)ကျော်နှင့်အတူ တရုတ်သည် ကမ္ဘာပေါ်တွင် အကြီး မားဆုံးရေတပ်ရှိပြီး မျိုးဆက်သစ် နျူကလီး ယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို စတင်ထုတ်လုပ် နေပြီလည်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမတန်းစားနျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောအသစ် သည် ပြီးခဲ့သည့်မေလမှဇွန်လအတွင်း အကြောင်း တစ်စုံတစ်ရာကြောင့် ဆိပ်ခံတံတားတစ်ခုအနီးတွင် နစ်မြုပ်သွားခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အကြီးတန်းကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါအစီရင်ခံစာနှင့်ပတ်သက်ပြီး ၎င်းတို့တွင်ပေးဆောင်ရန် သတင်းအချက် အလက်များမရှိကြောင်း အမေရိကန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက “ အဲဒီကိစ္စ တွေနဲ့ပတ်သက်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ မသိရှိရသေးပါဘူး။ လက်ရှိအချိန်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပေးဆောင်ဖို့ သတင်း အချက်အလက်တွေ ကျွန်တော်တို့မှာမရှိပါဘူး]ဟုပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါရေငုပ်သင်္ဘော နစ်မြုပ် ရသည့်အကြောင်းရင်းနှင့် နစ်မြုပ်ချိန်အတွင်း ရေငုပ်သင်္ဘော ပေါ်တွင် နျူကလီးယားလောင်စာများ ပါ/မပါ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်း လင်းမသိရှိရသေးကြောင်းအမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိက ပြောကြားခဲ့သည်။

အမေရိကန်အကြီးတန်း ကာကွယ်ရေးအရာရှိက “ ဒီဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံရဲ့ လေ့ကျင့်ရေး စံနှုန်းတွေနဲ့ စက်ပစ္စည်းကိရိယာအရည်အသွေး တွေအပေါ် သိသာထင်ရှားတဲ့မေးခွန်းတွေရှိလာပါပြီ။ ဒါ့ပြင် ဒီဖြစ်ရပ်ကြောင့် အကျင့်ပျက်ခြစားမှုတွေ ကာလရှည်ကြာရှိနေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကာကွယ် ရေးစက်မှုလုပ်ငန်းတွေ၊တရုတ်စစ်တပ်ရဲ့ ကြီးကြပ် ကွပ်ကဲမှုတို့နဲ့ပတ်သက်ပြီး နက်နဲတဲ့မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီနစ်မြုပ်မှုကို တရုတ်စစ်တပ်က ဖုံးကွယ်ဖို့ကြိုးစားတာ အံ့ဩစရာ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး” ဟု ပြောသည်။

zawgyi version
ေနာက္ဆုံးေပၚ န်ဴစြမ္းအင္သုံး ေရငုပ္သေဘၤာ နစ္ျမဳပ္သြားသည့္ ကိစၥ တ႐ုတ္အစိုးရ ဖုံးကြယ္
Pika (NP News) - စက္တင္ဘာ ၂၉

တ႐ုတ္ႏိုင္ငံ၏ ေနာက္ဆုံးေပၚ န်ဴကလီးယား စြမ္းအင္သုံး တိုက္ ခိုက္ေရး ေရငုပ္သေဘၤာတစ္စင္း သည္ ယခုႏွစ္အေစာပိုင္းတြင္ အေၾကာင္း တစ္စုံတစ္ရာေၾကာင့္ နစ္ျမဳပ္သြားခဲ့ေၾကာင္း အေမရိကန္အႀကီးတန္းကာကြယ္ေရးအရာရွိတစ္ဦးက စက္တင္ဘာ လ(၂၆)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အဆိုပါျဖစ္ရပ္သည္ စစ္ေရးစြမ္းရည္မ်ားကို ခ်ဲ႕ထြင္ရန္ႀကိဳးပမ္းေနသည့္ တ႐ုတ္ႏိုင္ငံအတြက္ အရွက္ရစရာကိစၥတစ္ခုျဖစ္ေၾကာင္း အဆိုပါအရာရွိကထပ္မံေျပာၾကားခဲ့သည္။ သေဘၤာအစင္းေရ (၃၇၀)ေက်ာ္ႏွင့္အတူ တ႐ုတ္သည္ ကမာၻေပၚတြင္ အႀကီး မားဆုံးေရတပ္ရွိၿပီး မ်ိဳးဆက္သစ္ န်ဴကလီး ယား စြမ္းအင္သုံး ေရငုပ္သေဘၤာမ်ားကို စတင္ထုတ္လုပ္ ေနၿပီလည္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၏ ပထမတန္းစားန်ဴကလီးယား စြမ္းအင္သုံး တိုက္ခိုက္ေရးေရငုပ္သေဘၤာအသစ္ သည္ ၿပီးခဲ့သည့္ေမလမွဇြန္လအတြင္း အေၾကာင္း တစ္စုံတစ္ရာေၾကာင့္ ဆိပ္ခံတံတားတစ္ခုအနီးတြင္ နစ္ျမဳပ္သြားခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ အေမရိကန္အႀကီးတန္းကာကြယ္ေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ အဆိုပါအစီရင္ခံစာႏွင့္ပတ္သက္ၿပီး ၎တို႔တြင္ေပးေဆာင္ရန္ သတင္းအခ်က္ အလက္မ်ားမရွိေၾကာင္း အေမရိကန္ရွိ တ႐ုတ္သံ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။

တ႐ုတ္သံ႐ုံး ေျပာေရးဆိုခြင့္ရွိသူက “ အဲဒီကိစၥ ေတြနဲ႔ပတ္သက္တဲ့ အေျခအေနေတြကို ကြၽန္ေတာ္တို႔ မသိရွိရေသးပါဘူး။ လက္ရွိအခ်ိန္မွာ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ေပးေဆာင္ဖို႔ သတင္း အခ်က္အလက္ေတြ ကြၽန္ေတာ္တို႔မွာမရွိပါဘူး]ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ အဆိုပါေရငုပ္သေဘၤာ နစ္ျမဳပ္ ရသည့္အေၾကာင္းရင္းႏွင့္ နစ္ျမဳပ္ခ်ိန္အတြင္း ေရငုပ္သေဘၤာ ေပၚတြင္ န်ဴကလီးယားေလာင္စာမ်ား ပါ/မပါ ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္း လင္းမသိရွိရေသးေၾကာင္းအေမရိကန္ အႀကီးတန္း ကာကြယ္ေရးအရာရွိက ေျပာၾကားခဲ့သည္။

အေမရိကန္အႀကီးတန္း ကာကြယ္ေရးအရာရွိက “ ဒီျဖစ္ရပ္ေၾကာင့္ တ႐ုတ္ႏိုင္ငံရဲ႕ ေလ့က်င့္ေရး စံႏႈန္းေတြနဲ႔ စက္ပစၥည္းကိရိယာအရည္အေသြး ေတြအေပၚ သိသာထင္ရွားတဲ့ေမးခြန္းေတြရွိလာပါၿပီ။ ဒါ့ျပင္ ဒီျဖစ္ရပ္ေၾကာင့္ အက်င့္ပ်က္ျခစားမႈေတြ ကာလရွည္ၾကာရွိေနခဲ့တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ကာကြယ္ ေရးစက္မႈလုပ္ငန္းေတြ၊တ႐ုတ္စစ္တပ္ရဲ႕ ႀကီးၾကပ္ ကြပ္ကဲမႈတို႔နဲ႔ပတ္သက္ၿပီး နက္နဲတဲ့ေမးခြန္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္ ဒီနစ္ျမဳပ္မႈကို တ႐ုတ္စစ္တပ္က ဖုံးကြယ္ဖို႔ႀကိဳးစားတာ အံ့ဩစရာ ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး” ဟု ေျပာသည္။

Related news

© 2021. All rights reserved.