ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
385
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၅
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ပြင်သစ်အစိုးရဟာ ယူကရိန်းကို ပြင်သစ်နိုင်ငံထုတ် တာဝေးပစ်လက်နက်တွေအသုံးပြုပြီး ရုရှားနိုင်ငံပိုင်နက်အတွင်းပိုင်းကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ခွင့်ပြုချက်ကို ရရှိခဲ့ပြီးနောက် ရုရှားပိုင်နက်အဖြစ် နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ ပိုင်နက်တွေကို အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်၊ ဗြိတိန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပစ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံကလည်း ယူကရိန်းကို ထပ်မံခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘာရော့ကပြင်သစ်အစိုးရဟာ ယူကရိန်းကို ရုရှားပိုင်နက်အဖြစ် နိုင်ငံတကာက အသိမှတ်ပြုထားတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တယ်လို့ပြောပါတယ်။
ပြင်သစ်အစိုးရဟာ ယူကရိန်းကို SCALP-EG အမျိုးအစားခရုဇ် ဒုံးကျည်တွေ ထောက်ပံ့ပေးထားပြီး အဲဒီဒုံးကျည်တွေဟာ အကွာအဝေး မိုင်ပေါင်း(၃၉၀)ကို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိကာ စစ်လေယာဉ်တွေအပေါ်ကနေ ပစ်ခတ်လို့ရတဲ့ ဒုံးကျည်ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းတို့ဟာ ယူကရိန်းကို SCALP-EG အသုံးပြုဖို့ခွင့်ပြုပေးဖို့ စဉ်းစားမယ်လို့ ပြီးခဲ့တဲ့မေလအတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြားထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပြီး ရုရှားပိုင်နက်တွေကို ပြင်သစ်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံက ဗြိတိန် နဲ့ အမေရိကန်ထုတ် ဒုံးကျည်တွေ နဲ့ ပစ်ခတ်မှုကို လက်တုံ့ပြန်မှုအဖြစ် အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်လက်တုံ့ပြန်ခဲ့ဖူးပါတယ်။ရုရှားသမ္မတပူတင်က အမေရိကန် နဲ့ နေတိုးမဟာမိတ်အဖွဲ့ဟာ စစ်ပွဲကို အရှိန်ပိုမိုမြင့်လာလာအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ယူကရိန်းက အနောက် အုပ်စုနိုင်ငံတွေရဲ့ လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခြင်းကို ရုရှားက လက်တုံ့ပြန်သွားမှာဖြစ်ပြီး တုံ့ပြန်ဖို့လည်း အမြဲတမ်းအဆင့်သင့်ရှိတယ်လို့ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၃)နှစ်နီးပါးရှိလာခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဖြစ်ပွားနေရာ ထိခိုက်ပျက်စီးမှုတွေများပြားနေကြောင်း သိရပါတယ်။
zawgyi version
႐ုရွားႏိုင္ငံကိုတိုက္ခိုက္ဖို႔ တာေဝးပစ္ဒုံးက်ည္ေတြ အသုံးျပဳဖို႔ခြင့္ျပဳတဲ့ ႏိုင္ငံေတြထဲ ျပင္သစ္ႏိုင္ငံ ပူးေပါင္းပါဝင္လာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၅
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး စစ္ေရးတင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ျပင္သစ္အစိုးရဟာ ယူကရိန္းကို ျပင္သစ္ႏိုင္ငံထုတ္ တာေဝးပစ္လက္နက္ေတြအသုံးျပဳၿပီး ႐ုရွားႏိုင္ငံပိုင္နက္အတြင္းပိုင္းကို တိုက္ခိုက္ဖို႔ ခြင့္ျပဳေပးလိုက္ေၾကာင္း သိရပါတယ္။
ယူကရိန္းဟာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕ခြင့္ျပဳခ်က္ကို ရရွိခဲ့ၿပီးေနာက္ ႐ုရွားပိုင္နက္အျဖစ္ ႏိုင္ငံတကာက အသိမွတ္ျပဳထားတဲ့ ပိုင္နက္ေတြကို အေမရိကန္ထုတ္ တာေဝးပစ္ဒုံးက်ည္၊ ၿဗိတိန္ႏိုင္ငံထုတ္ တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပစ္ခတ္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ျပင္သစ္ႏိုင္ငံကလည္း ယူကရိန္းကို ထပ္မံခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး ဘာေရာ့ကျပင္သစ္အစိုးရဟာ ယူကရိန္းကို ႐ုရွားပိုင္နက္အျဖစ္ ႏိုင္ငံတကာက အသိမွတ္ျပဳထားတဲ့ေနရာေတြကို ပစ္ခတ္တိုက္ခိုက္ဖို႔ ခြင့္ျပဳလိုက္တယ္လို႔ေျပာပါတယ္။
ျပင္သစ္အစိုးရဟာ ယူကရိန္းကို SCALP-EG အမ်ိဳးအစားခ႐ုဇ္ ဒုံးက်ည္ေတြ ေထာက္ပံ့ေပးထားၿပီး အဲဒီဒုံးက်ည္ေတြဟာ အကြာအေဝး မိုင္ေပါင္း(၃၉၀)ကို ေရာက္ရွိပစ္ခတ္ႏိုင္စြမ္းရွိကာ စစ္ေလယာဥ္ေတြအေပၚကေန ပစ္ခတ္လို႔ရတဲ့ ဒုံးက်ည္ျဖစ္ပါတယ္။ ျပင္သစ္သမၼတ မက္ခ႐ြန္က ၎တို႔ဟာ ယူကရိန္းကို SCALP-EG အသုံးျပဳဖို႔ခြင့္ျပဳေပးဖို႔ စဥ္းစားမယ္လို႔ ၿပီးခဲ့တဲ့ေမလအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုလာခဲ့တာျဖစ္ၿပီး ႐ုရွားပိုင္နက္ေတြကို ျပင္သစ္ႏိုင္ငံထုတ္ တာေဝးပစ္ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ဖို႔ ခြင့္ျပဳေပးလိုက္တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။
႐ုရွားဟာ ယူကရိန္းႏိုင္ငံက ၿဗိတိန္ နဲ႔ အေမရိကန္ထုတ္ ဒုံးက်ည္ေတြ နဲ႔ ပစ္ခတ္မႈကို လက္တုံ႔ျပန္မႈအျဖစ္ အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္လက္တုံ႔ျပန္ခဲ့ဖူးပါတယ္။႐ုရွားသမၼတပူတင္က အေမရိကန္ နဲ႔ ေနတိုးမဟာမိတ္အဖြဲ႕ဟာ စစ္ပြဲကို အရွိန္ပိုမိုျမင့္လာလာေအာင္ လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ဖူးပါတယ္။ ယူကရိန္းက အေနာက္ အုပ္စုႏိုင္ငံေတြရဲ႕ လက္နက္ေတြအသုံးျပဳၿပီး တိုက္ခိုက္ျခင္းကို ႐ုရွားက လက္တုံ႔ျပန္သြားမွာျဖစ္ၿပီး တုံ႔ျပန္ဖို႔လည္း အၿမဲတမ္းအဆင့္သင့္ရွိတယ္လို႔ေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံတို႔ၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၃)ႏွစ္နီးပါးရွိလာခဲ့ေပမယ့္ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိဘဲ တိုက္ပြဲေတြျဖစ္ပြားေနရာ ထိခိုက္ပ်က္စီးမႈေတြမ်ားျပားေနေၾကာင္း သိရပါတယ္။